Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဇာတ်ကားအသစ်
မထွက်ခင်ကတည်းကနာမည်ကြီးနေတဲ့ကား
ဒီတစ်ခါတော့ သရဲကားမျှော်နေကြတဲ့ B-Town ပရိသတ်တွေအတွက် မင်းသမီးချော နှစ်လက်ဖြစ်တဲ့ ရာရှီးခန်နာ နှင့် တမန်နားတို ပါဝင်သရုပ်ဆောင်ထားတဲ့ 2024ခုနစ်ထွက် Horror Comedy ဇာတ်လမ်းကောင်းလေး Aran/man/ai 4 နဲ့မိတ်ဆက်ပေးပါရစေ။
တစ်ခါတုန်းက ဘာ့ဂ်ဆိုတဲ့ အသွင်ပြောင်းမိစ္ဆာကိုနှိမ်နင်းနိုင်ခဲ့တဲ့အထိမ်းအမှတ်အဖြစ်နဲ့ ရွာငယ်လေးတစ်ရွာမှာ နှစ်တိုင်း ပွဲတော်တစ်ခုကျင်းပလေ့ရှိတယ်။ ဒီပွဲတော်က ရွာထဲမှာရှိတဲ့လူတွေတင်မဟုတ်ဘဲ အဝေးကလာတဲ့ဧည့်သည်တွေနဲ့ပါ စည်ကားတဲ့ပွဲတော်တစ်ခုဆိုလည်း မမှားဘူးပေါ့။
"အသွင်ပြောင်းမိစ္ဆာက ရေထဲကဖြတ်လာတဲ့လူတွေကိုတိုက်ခိုက်ပြီး သူတိုအသွင်ပြောင်းပြီး သူတိုမိသားစုကိုပါဒုက္ခပေးတတ်တယ်။ ဒါပေမဲ့ အဲ့ဒီကောင်ကြီး အားနည်းနေချိန်မှာ သူတိုဝိညာဉ်ကိုချုပ်ထားလိုက်မယ်ဆိုရင် သူတိုက ငါတိုရဲ့အစေခံဖြစ်လာလိမ့်မယ်"
တစ်နေ့မှာ ပွဲတော်ကိုလည်ပတ်ကြည့်ရှုဖို တစ်ဖက်ရွာကနေ လှေနဲ့ရောက်လာတဲ့သားအဖနှစ်ယောက်မှာ သမီးဖြစ်သူကို ဘာ့ဂ်ကသ//တ်ပ/စ်လိုက်တော့ အဖေဖြစ်သူကလည်း အဲ့ဒီဘာ့ဂ်ရဲ့ဝိညာဉ်ကိုချုပ်နှောင်ပြီး သူ့သမီးနေရာကိုဝင်ယူပြီး ဟန်ဆောင်ခိုင်းခဲ့တယ်။
နောက်တော့ ပွဲတောင်ကျင်းပတဲ့ရွာမှာနေထိုင်တဲ့ မိသားစုတစ်စုဟာ ထူးခြားဆန်းကြယ်တဲ့အဖြစ်ဆိုးတစ်ခုနဲ့ကြုံလိုက်ရတယ်။ အဖေနဲ့အမေဖြစ်သူက မူမမှန်စွာသေဆုံးသွားပြီး သားဖြစ်သူကထူးထူးဆန်းဆန်းပြုမူနေတဲ့အပြင် သမီးဖြစ်သူကလည်း ကိုမာဝင်သွားတဲ့အခြေအနေဖြစ်သွားတဲ့အတွက် အမေဖြစ်သူရဲ့အစ်ကိုက ဒီသတင်းကိုကြားပြီးရောက်ချလာတယ်။
ညီမကိုသိပ်ချစ်တဲ့အစ်ကိုဖြစ်သူဆယ်ရာဗာနာကလည်း သူ့ညီမအကြောင်း အသေးစိတ်ကအစနားလည်ထားသူဖြစ်တဲ့အတွက် သူ့ညီမကသ//တ်သေသွားတာမဟုတ်ဘဲ အသ//တ်ခံရတာဖြစ်ကြောင်းသိသွားပြီး အမှန်တရားကို လိုက်လံရှာဖွေပါတော့တယ်။
ဆယ်ရာဗာနာတစ်ယောက် သူ့ညီမရဲ့သေဆုံးမှုနောက်ကွယ်က ဆန်းကြယ်တဲ့ဖြစ်ရပ်ကို ဘယ်လိုရှာဖွေမလဲ။ ထူးဆန်းတဲ့ပွဲတော်နဲ့ အသွင်ပြောင်းမိစ္ဆာကရော ဒီကိစ္စတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ။ ချောက်ချားစရာဖြစ်ရပ်တွေရဲ့ဇစ်မြစ်ကိုရော ရှာဖွေနိုင်မှာလားဆိုတာကို ဟာသလေးနှောပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
#crd
#storymode
ငြိမ်းချမ်းရေးရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် သက်ဆိုင်ရာအဖွဲ့များအား RCSS တိုက်တွန်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် သက်ဆိုင်ရာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RRCS) က တိုက်တွန်းလိုက်သည်။
#centralnewsnaypyitaw
ချင်းတွင်းမြစ် မြစ်ကြောင်းမှာ ပို့ကုန်တွေ ဖြတ်တောက်ခံရလို့ မော်တော်ပိုင်ရှင်တွေနဲ့ ကုန်သည်တွေ အခက်တွေ့
ဖေဖော်၀ါရီ ၂၅
စစ်ကိုင်းတိုင်း ၊ မုံရွာဆိပ်ကမ်းကနေအထက်ချင်းတွင်း ဒေသဖြစ်တွေတဲ့ ၊ ကလေး၀ ၊ မင်းကင်း၊မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ခန္တီး စတဲ့ မြို့နယ်တွေဘက်ကို ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့အခါ မြစ်ကြောင်းတလျောက်မှာရှိတဲ့ စစ်ဆေးရေးအဖွဲ့တွေက ပိတ်ဆို့ တားဆီးတာတွေရှိနေတယ်လို့ ရေယာဥ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
" နှစ်ဘက် စစ်ဆေးရေး အဖွဲ့တွေက ပို့ကုန် တချို့ကို တားဆီးပိတ်ပင်ထားတယ် ၊ အဲ့ဒီလို့ တားဆီး ပိတ်ပင်တွေအဖွဲ့ က မြစ်ကြောင်း တလျောက် အနည်းဆုံး အဖွဲ့၂၀ ကျော်အထက်မှာရှိတယ် " လို့ ရေယာဥ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒါ့အပြင် အခုလို တားဆီးပိတ်ပင်ထားတဲ့ ကုန်စည်အမျိုးအစားတွေကတော့ အိမ်သုံးဆေး၀ါး အမျိုးမျိုး ၊စက်သုံးဆီ ၊ စက်ပစ္စည်းတွေအပြင် ရွေမျောလုပ်ငန်းသုံး ပစ္စည်းတွေ ပါ၀င်နေတယ်လို့ ရေယာဥ် ပို့ဆောင်ရေး ကုန်စည် ကိုယ်စားလှယ် တယောက်က ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းမှာ ရှိတဲ့ ကျေးရွာ အများစုဟာ လူသုံးကုန် ပစ္စည်းအမျိုးမျိုး ၊ ဆေး၀ါး အမျိုးမျိုး အပြင် အဲ့ဒီ ဒေသတွေရဲ့ ကုန်စည် လိုအပ်ချက်တွေကို အများစုက ရေလမ်းကြောင်းကပဲ ပို့ဆောင် သယ်ယူရတာဖြစ်တယ် လို့ ဒေသခံ ကုန်စုံဆိုင်တွေဆီက သိရပါတယ်။
အဲ့ဒါကြောင့် အထွေထွေ ကုန်စည်ပို့ဆောင်ရေး စားရိတ်တွေ မြင့်တက်လာပြီး ဒေသတွင်း ကုန်စည်ပြတ်လပ်မှုတွေနဲ့ နေ့စဥ် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
"အရင်က ကုန်စည် တပိဿာကို တထောင်၀န်းကျင်ကနေ အခုဆို ကုန်စည် တပိသာကို အနည်းဆုံး သုံးထောင်အထက်မှာ ရှိတယ် " လို့ ကုန်စုံဆိုင် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
မုံရွာဆိပ်ကမ်းကနေ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး ကိုပြေးဆွဲနေတဲ့ ကုန်တင်အမြန်ရေယာဉ်အသင်း (၁၈)သင်း၊ ရေယာဉ်အစီးရေ (၄၇၀)စီး နဲ့ ခရီးသည်တင်အမြန်ရေယာဉ် အသင်း(၈)သင်း၊ ရေယာဉ်အစီးရေး(၁၂၉)စီးရှိတယ်လို့ သိရပါတယ်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...
တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...
တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...
တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...
အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...
အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...
ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...
အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... ..
#စာပေ
အိမ်မှာကိုယ်တိုင်လုပ်စားလို့ရမယ့်
မုန့်လင်မယား လုပ်နည်းလေး တင်ပေးလိုက်ပါတယ်..
ဆီများများသုံးရတဲ့ မုန့် ဖြစ်နေလို့ အပြင်မှာ ဝယ်မစားဘဲ ကိုယ်တိုင်လုပ်စားတာ အကောင်းဆုံးပါနော်...
လုပ်နည်းလေးကလဲ ရယ်ဒီမိတ် အမှုန့်ထုပ်လေးတွေနဲ့တင် အဆင်ပြေလို့မို့ မပင်ပန်းဘဲ အချိန်တိုအတွင်း အလွယ်တကူ လုပ်စားလို့ ရပါတယ်
မုန့်လင်မယား လုပ်နည်း..
မုန့်ရည်အတွက်..
ဆန်မှုန့်.. ၁၅၀ ဂရမ် (၁၀ကျပ်သား)
Tempura flour...၇၅ ဂရမ် ( ၅ ကျပ်သား )
ပဲစိမ်းမှုန့်.............. ၁ စားပွဲတင်ဇွန်း
ဆား ဆော်ဒါ........ ၂ ငြုပ်ကောင်းစေ့ခန့်
ကြက်ဥ ...... တစ်လုံး
ဆား ....... အနည်းငယ်
အချိုမှုန့်(စားတတ်ရင်) ...အနဲငယ် တို့ကို ရောပြီး ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ...
ပြီးရင် ..ပဲပြုတ်..ငုံးဥ....ကြက်သွန်မြိတ်/နံနံပင်ပါးပါးလှီး
မုန့်ရည်ထဲ တစ်ခါတည်းရောထားလိုက်ပါ ) တို့နဲ့ စားချင်တဲ့အချိန် စိတ်တိုင်းကျ လုပ်စားလို့ ရပါပြီ...
မုန့်ရည်ကျဲကျဲ ကို ဆီများများလေးနဲ့ လုပ်မှ ပိုစားကောင်းတာမို့ ပဲပိစပ်ဆီ နေကြာဆီလေးတွေ သုံးရင် ကျန်းမာရေးတွက် ပိုကောင်းပါတယ်
#crd