ဆင်တောင်

image

ဆင်တောင်

image

ဆင်တောင်

image

ဆင်တောင်

imageimage
+6
47 w - Translate

ကမ္ဘာ့အတိုဆုံး နိုင်ငံကူးတံတား
စပိန်နိုင်ငံ အယ်လ်မာကိုရွာနဲ့ ပေါ်တူဂီနိုင်ငံ ဗာဇီယာဂရန်ဒီရွာကို ချိတ်ဆက်ထားတဲ့ အယ်လ်မာကိုတံတားကတော့ ကမ္ဘာ့အတိုဆုံး နိုင်ငံကူးတံတားပါပဲ။ ၁၉ ပေပဲ ရှည်လျားပြီး ၄.၇ ပေပဲ ကျယ်တဲ့ အယ်လ်မာကို သစ်သားတံတားလေးဟာ ချောင်းငယ်တစ်ခုပေါ်ကို ဖြတ်သန်းတည်ဆောက်ထားတာပါ။
ဒါပေမဲ့ အဲဒီတံတားလေးကို ဖြတ်လိုက်ရုံနဲ့ နိုင်ငံတစ်နိုင်ငံကနေ အခြားနိုင်ငံတစ်နိုင်ငံဆီ ရောက်သွားရုံတင်မကဘဲ အချိန်ဇုန်ပါ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ စပိန်နိုင်ငံဟာ ဥရောပအလယ်ပိုင်းစံတော်ချိန် (CET/CEST) ကို အသုံးပြုတာဖြစ်ပြီး ပေါ်တူဂီနိုင်ငံကတော့ ဂရင်းနစ်စံတော်ချိန် (GMT/BST) ကို အသုံးပြုတာဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်မာကို တံတားကို ဖြတ်သန်းတာဟာ အချိန်ခရီးသွားခြင်းလည်း ဖြစ်နေပါတယ်။
အရင်ကတော့ မှောင်ခိုကူးသူတွေက ဒီတံတားကနေ ဖြတ်သန်းပြီး ကုန်စည်တွေကို မှောင်ခိုသွင်းခဲ့ကြတာပါ။ ဒါပေမဲ့ ရှန်ဂန်သဘောတူစာချုပ်အရ စပိန်နဲ့ ပေါ်တူဂီနိုင်ငံကို လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ရှိတာကြောင့် နောက်ပိုင်းမှာတော့ ဒီတံတားကို အသုံးပြုစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ အယ်လ်မာကိုတံတားဟာ ခရီးသွားတွေ လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုတော့ ဖြစ်နေဆဲပါပဲ။
Ref: World’s Smallest International Bridge Is Only 19 Feet Long
Team ( ရိုးရာလေး)

image

Crush လေးမှ ရည်းစားစကားလာပြောသောအခါ <br>မိမိ: ?

https://www.facebook.com/reel/676073171421730

လောကဓံ ရဲ့ ရိုက်ခက်မှုတွေကြောင့်
နင် လဲကျသွားတဲ့ အခါမျိုးမှာ
တော်ပါပြီ
စောက်ကြီးစောက်ကျယ်တွေ
မပြောချင်တော့ဘူး
အဲ့တာ နင်တို့ကိစ္စ
ငါကတော့ အားလုံး အဆင်ပြေတယ် :3

image

''ငါသာသူ့နေရာမှဆိုရင်'' ဆိုတဲ့
ကိုယ်ချင်းစာစိတ်ဟာ
ဘယ်လိုဆက်ဆံရေးတွေမှာ ဖြစ်ဖြစ်
လိုကို လိုအပ်ပါတယ်။

ကိုယ်မကြိုက်တာကို မလုပ်စေချင်ရင်
သူမကြိုက်တာလည်း ကိုယ်မလုပ်ဖိုလိုပါတယ်။
တန်းတူညီမျှခြင်းဟာ ဆက်ဆံရေးတိုင်းအတွက်
အရေးကြီးဆုံး အရာပါပဲ။

47 w - Translate

မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်ကျရောက်မှု လိမ္မော်ရောင်အဆင့်အထိရှိနေ
********************
(မိုး/ဇလ) မတ်လ ၁၈
မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုက လိမ္မော်ရောင်အဆင့်အထိရှိနေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ အပူဒဏ်အန္တရာယ်သတိပေးချက်အရ သိရပါတယ်။

ယခုနှစ်မတ်လက ယခင်နှစ်မတ်လထက်ပိုပူသည်ဟု ခံစားရခြင်းမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု မြင့်မားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မတ်လ ဒုတိယပတ် အတွင်းမှာ ခရမ်းလွန်ရောင်ခြည်ပါဝင်မှု အညွှန်းကိန်းသည် အမြင့်ဆုံးအနီရောင် အဆင့်သို့ရောက်လုနီးဖြစ်နေပြီး လက်ရှိတွင် ဒုတိယအမြင့်ဆုံး ခရမ်းလွန်ရောင်ခြည် ပါဝင်မှုအညွှန်းကိန်း ၆ မှ ၇ ပြည့်သွားတာကြောင့် လိမ္မော်ရောင်အဆင့်ကို ရောက်နေတယ်လို့ သိရပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသောအချိန်များမှာ နေရောင်ခြည်နှင့် ထိတွေ့ပါက အရေပြား လောင်ခြင်း၊ အသားအရောင်များ ညိုမည်းလာခြင်းများဖြစ်လာနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကနေ သတိပေး ထားပါတယ်။

နေရောင်ခြည်နှင့် ထိတွေ့မှုများလာသောအခါ အရေပြားများ အရွယ်မတိုင်မီပျက်စီးပြီး အိုမင်း ရင့်ရော်မှုမြန်ဆန်ခြင်း၊ ခုခံအားများ ကျဆင်းလာခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြားကင်ဆာ ရောဂါများ ဖြစ်ပွားခြင်း စတဲ့ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် နေ့အပူချိန်မြင့်မားတဲ့ နေ့လယ်ခင်းအချိန်များမှာ နေရောင် တိုက်ရိုက်ကျရောက်တဲ့နေရာများကို မထွက်ကြရန်၊ နေရောင်ထဲမှာ အလုပ်မလုပ်ကြရန် လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ထားတဲ့ အပူဒဏ်ကာကွယ်ရေးကို အထူးလိုက်နာဆောင်ရွက် ကြရန် လိုအပ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

image