1 y - Translate

Visa is hoping to hand your credit card to an artificial intelligence “agent” that can find and buy clothes, groceries, airplane tickets and other items on your behalf.

https://abcnews.go.com/US/wire....Story/visa-give-arti

image

အရပ်ရှည်ချင်ရင်ဘယ်လိုလုပ်ရမလဲ ဒီလိုလုပ်ကြည့်ပါ

Soul mate တဲ့
တော်တော်လေး သဘောကျမိတယ် ။

ချစ်တာ၊ ကြိုက်တာ၊ သဘောကျတာက
အချိန်မရွေး ပြောင်းလဲ တတ်ပေမယ့်
Soul mate ဆိုတာလေးက ပိုပြီးလေးနက်တယ် ။

သူ့ရဲ့ အဓိပ္ပာယ်လေးက
"အပြစ်အနာအဆာလေးတွေက အစ
ခွင့်လွှတ်နားလည်ပေးပြီး အဲ့ဒီလူရဲ့
ဖြစ်တည်မှုလေးကအစ ချစ်နေပေးခြင်း"တဲ့လေ ။

image
1 y - Translate

ဘယ်သူ့ကိုမှစိတ်မနာရက်ဘူး🖊
အဆင်ပြေလားလို့တောင်
တစ်ခါမှမေးဖော်မရတဲ့သူတွေအတွက်
ကိုယ့်ဘက်က
အမြဲအသင့်ရှိနေပေးခဲ့တာကို
နောင်တ,လို့တော့
ခေါင်းစဥ်မတတ်တော့ဘူး
ပေးဆပ်မှုတိုင်းအတွက်
ဘာတစ်ခုမှ ပြန်မရရင်တောင်မှ
သင်ခန်းစာတော့ အလိုလိုရပြီးသားပါ
ကိုယ်အဆင်မပြေတာကလွဲလို့
အားလုံးကို အဆင်ပြေစေချင်ခဲ့တာ
ကိုယ်မပျော်တာကလွဲလို့
အားလုံးကို ပျော်ရွှင်စေချင်ခဲ့တာပါ
အရာရာ
အလျှော့ပေးလွန်းလို့ ထင်ပါရဲ့
လူတကာက အမြဲ အနိုင်လိုချင်နေကြတာ
အမုန်းမပေးချင်ဘူး
ဒါ့ကြောင့်
ပေးလက်စနဲ့....အရှုံးပေးထားတာ
ထီးလေးတစ်ချောင်းဟာ
လူတစ်ယောက်ကို အရိပ်ပေးဖို့အတွက်
သူကိုယ်တိုင် နေပူဒဏ်ကို အရင်ခံရတယ်
ဖိနပ်လေးတစ်ရံဟာ
လူတစ်ယောက်ကို သန့်ရှင်းစေဖို့အတွက်
သူကိုယ်တိုင် အညစ်အကျေး အပေခံရတယ်
ရွှေငါးလေးတွေဟာ
လူတွေ အလှကြည့်ဖို့အတွက်
မှန်လှောင်အိမ်ထဲမှာ မွန်းကျပ်စွာ နေပေးရတယ်
ကိုယ့်အဖြစ်က
ထီးလေးတစ်ချောင်းလို
ဖိနပ်လေးတစ်ရံလို
မှန်လှောင်အိမ်ထဲက ရွှေငါးလေးလို
ကိုယ့်အဖြစ်က... အဲ့လိုမျိုး..
တတ်နိုင်သလောက် ပေးဆပ်လိုက်မယ်
အမြဲတမ်းတော့
တာဝန်မယူနိုင်တော့ဘူး
တဖက်လူကိုကြည့်ပြီး
တန်ရာတန်ရာပဲ ဆက်ဆံတော့မယ်
ဟန်ဆောင်ပြီးတော့ မပြုံးပြတော့ဘူး
အဝေးကြီးကို လှမ်းမငေးတော့ဘူး
ကိုယ့်ဘဝနဲ့ မအပ်စပ်တဲ့
မျှော်လင့်ချက်တွေက
ကလေးတစ်ယောက်ရဲ့ စုဗူးလိုပဲ
အချိန်မတန်ခင် ခွဲရတာ များတယ်
ကိုယ်သိလိုက်ပါပြီ
နောက်ဆိုရင် ကိုယ့်နေ့ရက်တွေက
ဖတ်လက်စ စာအုပ်တွေနဲ့ပဲ နေပျော်ပါတယ်
ဝေဒနာ ရှိတိုင်းလည်း မကုစားချင်တော့ပါဘူး
တစ်ချို့ဒဏ်ရာတွေက
ရင့်ကျက်ဖို့အတွက် လိုအပ်တယ်လေ
အမှန်ပြောရရင်
ဘယ်သူ့ကိုမှ စိတ်မနာရက်ဘူး
စေတနာတွေ ရေစီးကမ်းပြိုခဲ့ဘူးတဲ့
ကိုယ့် မေတ္တာတွေကိုပဲ ပြန်အားနာတယ်။
#စာပေ

image

ညီကိုတွေအတွက် အထောက်အကူဖြစ်မယ်လို့ယူဆပါတယ်

ပျော်လို့ ရပ်လိုက်လည်း ကမ္ဘာက လည်နေမှာပဲ။

မပျော်လို့ ရပ်လိုက်လည်း ကမ္ဘာက လည်နေမှာပဲ။

ငါတို့တွေက အမှုန်အမွှားပါပဲ
ဒဏ်ရာတွေကို ပုံကြီးမချဲ့မိစေနဲ့။

မြကျေး

image
1 y - Translate

လူအုပ်ကြားမှာ နေပြီး
တစ်ယောက်တည်း အထီးကျန်နေတာမျိုးက
ရှက်စရာ မဟုတ်ဘူး။
အပြောကျယ်တဲ့ စကြဝဠာမှာ
တစ်ပွင့်တည်း လွတ်လွတ်လပ်လပ်လှည့်နေတဲ့
ဂြိုလ်ပြာကြီးလိုပေါ့...
ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ မှော်ဆန်တဲ့
အပြာရောင်အလင်းတန်းတွေ
ထုတ်လွှတ်နေလိုက်မယ်။
လူဟာ တစ်ခါတလေ
လိုင်းချင်းမတူတဲ့အခါ ပြောစရာစကားတွေက မည်မည်ရရ မရှိဘူး။
နေကောင်းလား
စားပြီးပြီလား မေးပြီး
ဘာဆက်ပြောရမှန်းမသိ ဖြစ်တယ်။
ချန်နယ်မတူရင်
အတင်း ဝင်ရောစရာ မလိုပါဘူး
ဘေးမှာ ငြိမ်ငြိမ်လေး နေနေတာက
စကားမရှိ စကားရှာပြီး
အမှားတွေ, အတင်းတွေ
ပြောမိတာထက် ပိုကောင်းပါတယ်။
လူအုပ်ကြားမှာ နေပြီး
အထီးကျန်တာမျိုးမရှိပါဘူး
ပြောစရာမရှိလို့
မပြောချင်လို့ ငြိမ်နေတာပဲ ရှိတာပါ။

image

ကိုယ်လိုချင်တာတွေရဖို့ဆိုရင်

1 y - Translate

လမ်းဖြတ်ကူးလာသည့်အမျိုးသားနှစ်ဦး ခရီးသည်ယာဥ်မှ ဝင်တိုက်မိသဖြင့် သေဆုံး
*****************
(မှုခင်း)
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဗောဓိမြိုင်ကျေးရွာ၊ ခုတင်(၅၀)ပြည်သူ့ဆေးရုံအနီး၊ မိုင်တိုင်အမှတ်(၂၃၁/၇)နှင့် (၂၃၂)အကြား၊ ရန်ကုန်-မန္တလေးကားလမ်းမပေါ်၌ လမ်းဖြတ်ကူးလာသည့် အမျိုးသားနှစ်ဦး ခရီးသည်ယာဥ်မှ ဝင်တိုက်မိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီကျော်အချိန်က ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ပျဉ်းမနားမြို့ဘက်မှ တပ်ကုန်းမြို့ဘက်သို့ ယာဉ်မောင်း ထွန်းထွန်းနိုင်(ခ)အာကာ၊ ၄၀ နှစ်၊ (ဘ)ဦးခင်ဝင်း၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့နေသူ တစ်ဦးတည်း မောင်းနှင်သည့် MDY-21-3Q/3259 HYUNDAI STAREခဲရောင်) “ရွှေပျားမင်း”ခရီးသည်တင်ယာဉ် သည် ဗောဓိမြိုင်ကျေးရွာ၊ ခုတင်(၅၀)ပြည့်သူ့ ဆေးရုံအနီး၊ မိုင်တိုင်အမှတ်(၂၃၁/၇)နှင့် (၂၃၂)အကြားအရောက်၌ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း လမ်း၏အနောက် ဘက်မှ အရှေ့ဘက်သို့ ဖြတ်ကူးလာသည့် ဦးပြုံးချို၊ ၅၄ နှစ်၊ (ဘ)ဦးဖိုးအေး နှင့် ဦးဝင်းအောင်(ခ)ဇော်ဖိုး၊ ၄၆ နှစ်၊ (ဘ)ဦးစိုးသန်း ယုန်ကုန်းကျေးရွာ၊ ပျော်ဘွယ်မြို့နယ် နေသူတို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဦးပြုံးချိုတွင် မျက်နှာညိုမည်းဒဏ်ရာ၊ နား/နှာခေါင်းသွေးထွက် ဒဏ်ရာ၊ ယာတံတောင်ပွန်းဒဏ်ရာ၊ ဝဲ/ယာခါးပွန်းခြစ်ဒဏ်ရာ၊ ယာခြေသလုံးဖုယောင် ပေါက်ပြဲဒဏ်ရာနှင့် ဦးဝင်းအောင်တွင် မျက်နှာကြေမွဒဏ်ရာ၊ ဝဲ/ယာခါးပွန်းခြစ်ဒဏ်ရာ၊ ယာခြေသလုံး ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့သဖြင့် “ကရုဏာရှင်”လူမှုရေးအသင်းမော်တော်ယာဥ်ဖြင် နေပြည်တော်၊ ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။

ယာဉ်အား ပေါ့ဆစွာဖြင့် မဆင်မခြင်မောင်းနှင်ပြီး လမ်းဖြတ်ကူးသူ ၂ ဦးအား ဝင်ရောက်တိုက်မိခဲ့သူ ယာဉ်မောင်း ထွန်းထွန်းနိုင်(ခ)အာကာ အား ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

image

ဗယ်လိဘာကြောင့်မပေါ်ရလဲ