တစ်တားလစ်ခ် တို့အဘိုးဟုတ်သေးလား (အပိုင်း၁)
~ Kyaw Zwar Lynn | 12 Jul 2022
-----
တစ်တားလစ်ခ် (Tiktaalik) ဟာ သိပ်ထူးခြားတဲ့ ရေချိုငါးရုပ်ကြွင်းပါ။ ခေါင်းက ဖားနဲ့တူတယ်။ ရေယက်တွေမှာ ဆူးတောင်တိုတိုတွေ ပါပေမယ့် ခွဲစိတ်ကြည့်လိုက်ရင် လက်မောင်းရိုး (humerus) နဲ့ လက်ဖျံရိုး (radius & ulna) တွေ ရှိနေပါတယ်။ ဒီ့အပြင် ခေါင်းနဲ့ ပခုံး (shoulder girdle) က တစ်ခုစီ လှုပ်လို့ရတာမို့၊ ကနဦးလည်ပင်းလည်း ရှိနေပြီ။ တစ်တားလစ်ခ်ကို ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် နီးလ်ရှူဘင် (Neil Shubin) က ကနေဒါမြောက်ပိုင်း အာတိတ်စက်ဝန်းမှာ ၂၀၀၄ ခုနှစ်မှာ တွေ့ခဲ့ပါတယ်။ သူက ဒီဗိုနီယန်ယုဂ်နှောင်းပိုင်း ဖြစ်ပြီး၊ ငါးကနေ ကုန်းနေရေနေ သတ္တဝါ (ကနဦး ခြေလေးချောင်း တိရစ္ဆာန် - တက်ထြာပေါ့ / tetrapod) ဖြစ်လာတဲ့ ဆင့်ကဲဖြစ်စဉ်မှာ အရေးပါတဲ့ ကြားဆက်ရုပ်ကြွင်းမျိုးစိတ် (transitional fossil species) ရယ်လို့ လူသိများ ထင်ရှားခဲ့တယ်။ အခုထိလည်း ဒီအယူအဆ ရှိနေတုန်းပါ။ ရှူဘင်က မှတ်တမ်းရုပ်ရှင်တွေကော၊ စာအုပ် (Your Inner Fish) ရော ထုတ်ဝေခဲ့ပြီး၊ ဒီတွေ့ရှိချက်ကို လူသိများအောင် လုပ်ခဲ့တယ်။
-----
ယခု ဆောင်းပါးရှည်ကို Wordpress မှာလည်း ဖတ်ရှုနိုင်ပါတယ်။
https://kyawzwarlynnpublicatio....ns.wordpress.com/...
----
ဆင့်ကဲဖြစ်စဉ်ဝါဒီတွေကလည်း ငါးကနေ ကုန်းတိရစ္ဆာန် ဖြစ်ပေါ်ပုံကို တဆင့်ချင်း ရှင်းပြနိုင်ပြီလို့ ကြွေးကြော်ကုန်ကြတယ်။ သို့သော် ၂၀၁၀ခုနှစ်က တွေ့ရှိချက်အသစ်တွေက ဒီအယူအဆကို ခြိမ်းခြောက်လာပါပြီ။ အခုစာက အဲဒီ့တွေ့ရှိချက်အသစ် အကြောင်းပါ။
“ကုန်းတိရစ္ဆာန်အစ တစ်တားလစ်ခ်က” အယူအဆက ဒီလိုပါ။ တစ်တားလစ်ခ်နဲ့ အပေါင်းပါတွေဟာ ရေချိုမြစ်ချောင်း တွေမှာ နေထိုင်တဲ့ အသားစိုင်ရေယက်ရှိငါး (lobe-finned fish) တွေ ဖြစ်တယ်။ အသားစိုင်ရေယက်ရှိငါး ဆိုတာ ငါးဆူးတောင်ကို ဟင်းချက်စားလို့ရအောင် ဆူဖြိုးတဲ့ ငါးတွေပေါ့။ ခုနက ပြောတဲ့အတိုင်း ရေယက်အရင်းပိုင်းမှာ လက်ရိုးတွေနဲ့အတူ ကြွက်သားတွေပါ ရှိတာကိုး။ ကံဆိုးတာက ဒီနေ့ခေတ်မှာ သူတို့က သိပ်ရှားသွားပြီ။ ရေချို အဆုတ်ငါး (lungfish) နဲ့ ရေငန် စီလာကန့် (coelacanth) တွေပဲ ရှိတော့တယ်။ တွေ့တယ်မလား။ အဆုတ်ရှိတဲ့ ငါးတဲ့။ အဲဒီ့မှာကို သဲလွန်စ ရှိနေပြီ။ အဆုတ် ရှိတတ်တဲ့ အသားစိုင်ရေယက်ရှိငါး ကနေ ကုန်းတိရစ္ဆာန် ဖြစ်လာတယ် ဆိုတာ မယုံနိုင်စရာကို မရှိပါဘူး။ ငါးကနေ ကုန်းတိရစ္ဆာန် ဖြစ်လာမယ့် အဆင့်ဆင့်ကို ရုပ်ကြွင်းတစ်ခုစီနဲ့ ချိတ်ဆက်ပြဖို့ကသာ ပိုခက်နေပါတယ်။
သူတို့ရဲ့ ဆင့်ကဲဖြစ်စဉ်မှာ ရေညှိထူတဲ့ စမ်းချောင်းတွေက အောက်ဆီဂျင် ပြတ်လတ်တတ်တော့ လေရှူဖို့ အဆုတ် ဖွံ့ဖြိုးလာတယ်။ ကူးခတ်လို့ မရတဲ့ ရေတိမ်တိမ်မှာ ရေအောက်ကြမ်းပြင်ကို ရေယက်နဲ့ ထောက်ပြီး သွားဖို့ အသားစိုင်တွေ ဖွံ့ဖြိုးလာတယ်။ တစ်တားလစ်ခ်တို့ဟာ တခြား အသားစိုင် ရေယက်ရှိငါးတွေနဲ့ မတူဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ရှေ့ရေယက်တွေက စမ်းချောင်း ရေတိမ်တိမ်မှာ ထောက်ဖို့တင်မဟုတ်၊ ကမ်းစပ်မှာပါ တရွတ်ဆွဲပြီး သွားနိုင်လို့ပါ။ အဲဒီ့ကနေ ရေယက်တွေက ပိုမိုသန်မာလာပြီး၊ လက်မောင်းရိုး နဲ့ လက်ဖျံရိုး တွေ ပီပီပြင်ပြင် ဖြစ်လာ၊ ဆူးတောင်တွေပျောက်၊ အဲဒီ့နေရာမှာ လက်ဖဝါးနဲ့ လက်ချောင်းတွေက အစားထိုးလာကာ၊ ခြေလေးချောင်းသတ္တဝါ ဖြစ်လာမယ်လို့ ရှူဘင်အပါအဝင် သုတေသီ တွေက ယူဆခဲ့ကြပါတယ်။
တစ်တားလစ်ခ်နဲ့ သူ့အမျိုးတွေဟာ ငါးတွေ ဖြစ်ပေမယ့် သုတေသီတွေက ခြေလေးချောင်းအမျိုးနီး ငါး (တက်ထြာပေါ်ဒိုမော့ဖ် – tetrapodomorph) လို့ ခေါ်ပါတယ်။ ခြေလေးချောင်းအမျိုးနီးငါး တို့ရဲ့ ပထဝီဝင်၊ အချိန်ကာလ နဲ့ အချင်းချင်း ဆက်နွယ်ပုံတွေကို တချက် ကြည့်ရအောင်။
ကန်အစ်ချ်သီးစ် (Kenichthyes) ဟာ ရှေးအကျဆုံး ခြေလေးချောင်းအမျိုးနီးငါး ဖြစ်ပြီး၊ ယူနန်ကမို့ တောင်တရုတ် တိုက်ကနေ ရတာပါ။ အသက်က ဒီဗိုနီယန်ယုဂ်ဦးပိုင်း (အမ်စီယန်ခေတ် – Emsian age) က ဖြစ်တယ်။ ကမ်းရိုးတန်းပင်လယ်ထဲမှာ နေပါတယ်။
ဂိုဂိုနေးဆတ် (Gogonasus) က ကန်အစ်ချ်သီးစ်လို ပင်လယ်ငါးဖြစ်ပြီး ဂွန်ဒွါးနား (ဩစတြေးလျ) က ဖြစ်တယ်။ ဒါပေမယ့် သူက ပိုအဆင့်မြင့်တယ်။ အဆင့်မြင့်တယ် ဆိုတာ ကုန်းတိရစ္ဆာန်နဲ့ ပိုတူတာ (ငါးနဲ့ မတူတာ) ကိုသာ ရည်ညွှန်းတာပါ။ ဆင့်ကဲဖြစ်စဉ်အရ ပိုသာလွန်တယ်လို့ မရည်ရွယ်ပါ။ သူ့ထက် အဆင့်မြင့် (ခြေလေးချောင်းဘက် ပိုရောက်) တဲ့ တခြားရုပ်ကြွင်းမျိုးနွယ် အများကြီး ရှိသေးပေမယ့် သူက ကာလအားဖြင့် ဒီဗိုနီယန်နှောင်းပိုင်းက ဖြစ်ပါတယ်။
ပန်ဒါရစ်ချ်သီးစ် (Panderichthys) က ဘောလတစ်ပင်လယ်ရဲ့ အရှေ့ဘက် လက်ဗီးယား နိုင်ငံ (Latvia) မှာ တွေ့ရတဲ့ ဒီဗိုနီယန်အလယ်ပိုင်း (ဂစ်ဗက်ရှန်းခေတ် – Givetian Age)က ခြေလေးချောင်းအမျိုးနီးငါး တစ်မျိုး ဖြစ်တယ်။ သူက ဂိုဂိုနေးဆတ် ထက် ပိုအဆင့်မြင့်တယ်။ သူက အဆင့်မြင့်ရက်နဲ့ ဘာလို့ ဂိုဂိုနေးဆတ် ထက် စောနေတာလဲ ဆိုတော့၊ ရုပ်ကြွင်းမှတ်တမ်းက မပြည့်စုံလို့ပေါ့။ ဂိုဂိုနေးဆတ် ရဲ့ အမျိုးတွေက ပန်ဒါရစ်ချ်သီးစ်ထက်တောင် ရှေးကျဦးမယ်။ ဒါပေမယ့် သူကိုယ်တိုင်က ရုပ်ကြွင်းအနေနဲ့ကျတော့ ပန်ဒါရစ်ချ်သီးစ် ထက် အများကြီး နောက်ကျပြီးမှ ပေါ်လာတာကိုး။ အဲဒီလို မပြည့်စုံမှုတွေကို ရုပ်ကြွင်းပျောက် မျိုးနွယ် (ghost lineage) တွေလို့ ခေါ်တယ်။
တစ်တားလစ်ခ်က ကနေဒါရဲ့ မြောက်ဖျားပိုင်းက ဂရင်းလန်းနဲ့ ကပ်နေတဲ့ အဲလ်စ်မီယာ (Ellesmere) ကျွန်းပေါ်ကပါ။ အဲဒီ့တုန်းက မြောက်အမေရိကနဲ့ ဥရောပမြောက်ပိုင်း က ယူရာမေရိကား (Euramerica) လို့ခေါ်တဲ့ တိုက်ကြီးအဖြစ် တစ်ဆက်တည်း ဖြစ်နေတယ်။ ဒီတော့ တစ်တားလစ်ခ်ကိုယ်တိုင်က ယူရာမေရိကား မြောက်ပိုင်းက ဖြစ်မှာပါ။ သူက စမ်းချောင်းတွေမှာနေတယ်။ တစ်တားလစ်ခ်ကနေ စလို့ အောက်မှာ ဆက်ပြောမယ့် အကောင်တွေအားလုံးက ဒီဗိုနီယန်နှောင်းပိုင်းရဲ့ ပထမပိုင်း (ဖရက်စ်နီးယန်းခေတ် – Frasnian Age) ကဖြစ်တယ်။

#ဆက်ရန်

imageimage
+14

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရင်ပြင်နီ စစ်ရေးပြချီတက်ပွဲ တက်ရောက်ရေးအတွက် ရုရှားနိုင်ငံသို့ လေးရက်ကြာ တရုတ်သမ္မတသွားမည်
တရုတ်သမ္မတ ရှီကျင်ပင်းသည် ရုရှားနိုင်ငံသို့ မေ ၇ ရက်မှ ၁ဝ ရ ရက်အထိ တရားဝင်ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က မေ ၄ ရက်တွင် အတည်ပြု သတင်းထုတ်ပြန်ထားသည်။
တရုတ်သမ္မတ ရှီကျင်ပင်းသည် မော်စကိုမြို့တော် ရင်ပြင်နီ၌ မေ ၉ ရက်တွင်ကျင်းပမည့် ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲနေ့ စစ်ရေးပြချီတက်ပွဲသို့ အခြားနိုင်ငံတကာခေါင်းဆောင်များနှင့်အတူ တက်ရောက်ကြည့်ရှုမည်ဖြစ်သည်။
ယင်းအပြင် သမ္မတရှီကျင်ပင်း၏ လေးရက်ကြာခရီးစဉ်အတွင်း ရုရှားနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံသဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း သိရသည်။
အထက်ပါ ရုရှားခရီးစဉ်သည် ယူကရိန်းကျူးကျော်စစ်ကို ရုရှားနိုင်ငံက ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီးနောက်ပိုင်း တရုတ်သမ္မတရှီကျင်ပင်း၏ တတိယမြောက် ရုရှားခရီးစဉ် ဖြစ်လာလိမ့်မည်ဖြစ်သည်။
ရုရှားနိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုနှင့် မဟာမိတ်တို့က နာဇီဂျာမနီတပ်များအပေါ် အောင်ပွဲခံမှု နှစ်(၈ဝ)ပြည့် အထိမ်းအမှတ်အဖြစ်လာမည့် မေ ၉ ရက်တွင် ရင်ပြင်နီစစ်ရေးပြပွဲကို ကျင်းပရန်စီစဉ်ထားခြင်းဖြစ်သည်။
ရင်ပြင်နီစစ်ရေးပြပွဲအတွက် ရုရှားအစိုးရ၏ ၇၂ နာရီအကြာ အပစ် အခတ်ရပ်စဲရေးအဆိုပြုချက်ကိုယူကရိန်းသမ္မတ ဇီလန်စကီးက ငြင်းပယ်ထားပြီး အထက်ပါစစ်ရေးပြပွဲသို့တက်ရောက်ကြမည့်ပြည်ပဧည့်သည်များ၏ လုံခြုံရေးကိုယူကရိန်းနိုင်ငံအနေဖြင့် အာမခံချက်ပေးလိမ့်မည်မဟုတ်ကြောင်း မေ ၃ ရက်တွင် သတိပေးထားသည်။
ယူကရိန်းသမ္မတ၏ အထက်ပါပြောကြားချက်ကို ခြိမ်းခြောက်မှုအဖြစ် ရုရှားအစိုးရကဝေဖန်ထားပြီး ရင်ပြင်နီစစ်ရေးပြပွဲကို တိုက်ခိုက်ခဲ့ပါက ကိယက်ဗ်မြို့တော်ကို မေ ၁ဝ ရက်တွင် ဆက်လက်တွေ့ မြင်ရလိမ့်မည်ဟု မည်သူကမျှ အာမခံချက်ပေးနိုင်မည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်။
ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံသည် အနောက်အုပ်စုဒီမိုကရေစီနိုင်ငံများ၏ စီးပွားရေးအရေးယူပိတ်ဆို့မှုများကြောင့် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ ပိုမိုမှီခိုလာခဲ့ရသည်။
တရုတ်သမ္မတရှီကျင်ပင်းနှင့် ရုရှားသမ္မတပူတင်တို့သည် ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးကောင်းမွန်သူများဖြစ်ရာ ထိုဆက်ဆံရေးပုံစံသည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရာတွင် အထောက်အကူပြုနိုင်ခဲ့သည်။
ရိုက်တာ

image
1 y - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၆ ရက်၊)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၆၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၆၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၂၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၄၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၄၀၀၀၀ ကျပ်
ဝယ်ဈေး ၆၉၀၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၁၀ ကျပ်
ဝယ်ဈေး - ၄၃၆၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၃၀ ကျပ်
ဝယ်ဈေး - ၃၃၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၉၅ ကျပ်
ဝယ်ဈေး - ၄၈၉၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၁.၅၈ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၅၅ ကျပ်
ဝယ်ဈေး - ၁၀၄၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၁ ကျပ်
ဝယ်ဈေး - ၅၉၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၇၁ ကျပ်
ဝယ်ဈေး - ၃၀.၁၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၃၆ ကျပ်
ဝယ်ဈေး - ၅၁.၃၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၉ ကျပ်
ဝယ်ဈေး - ၃.၁၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၆၀ ကျပ်
ဝယ်ဈေး - ၅၇၅၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၅ ကျပ်
ဝယ်ဈေး - ၂၇၉၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၉၀ ကျပ်
ဝယ်ဈေး - ၃၁၃၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၃ ကျပ်
ဝယ်ဈေး - ၅၆၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၂ ကျပ်
ဝယ်ဈေး - ၁၁၇၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
1 y - Translate

The Haunting of Hell Hole Mine(2023)

Genre- Horror , Mystery , Thriller

ဇာတ်လမ်းလေးကတော့ လုခ်တောင်ဆန်ဟာ သူ့တူမလေး ပိုနီရဲ့မိဘတွေ
ကျိန်စာဆိုးတစ်ခုကြောင့် သေဆုံးသွားတဲ့အတွက် မိသာစုဝင်အနေနဲ့တူမလေးတစ်ယောက်သာကျန်တဲ့အတွက် အစစအရာရာတာဝန်ယူပြီးစောင့်ရှောက်ပေးထားတယ်။ တောင်ဆန်တိုမျိုးရိုစဉ်ဆက်တစ်ခုလုံးက
စိတ်ကျန်းမာရေးကြောင့် သေဆုံးသွားကြတယ်။ လုခ်ဟာ ဒီကိစ္စကိုမယုံပေမယ့် ‌ဦးလေးဖြစ်သူသေဆုံးသွားပြီးနောက်မှာ သူတိုအတွက် ရွှေမိုင်းတွင်း‌ဟောင်းတစ်ခုကိုအမွေပေးခဲ့တယ်။အဲ့နောက်ပိုင်းမှာ ပိုနီဟာစိတ်ကယောင်ခြောက်ခြားတွေစဖြစ်လာပြီး ကိုယ့်ကိုယ်သတ်သေဖိုအဆင့်အထိဖြစ်လာတယ်။ လုခ်ဟာသူ့တူမကိုတားဆီးလိုက်နိုင်ပြီးတော့ ဆေးရုံပိုလိုက်တယ်။ တူမလေးကိုအရမ်းစိတ်ပူတဲ့အတွက်သီးသန့်နေရာကိုပြောင်းပေးချင် ပိုက်ဆံကလည်းမရှိဘူး။ သူနဲ့အတူတူနေတဲ့ရော့စကိုနဲ့ဒွန်ဟာ အမွေရထားတဲ့‌ရွှေမိုင်းတွင်းကို သွားကြည့်သင့်ကြောင်းပြောလာတဲ့အခါမှာတော့……

image
1 y - Translate

Mister & Miss Supranational 2024 ✨💫

image
1 y - Translate

Mister & Miss Supranational 2024 ✨💫

image
1 y - Translate

Mister & Miss Supranational 2024 ✨💫

imageimage
1 y - Translate

Mischief Night (2013)

Mischief Night ဆိုတာ ကတော့ နိုင်ငံခြားမှာဆိုရင်
ညဘက်မှာ ကလေးတွေ ဆယ်ကျော်သက်တွေ
အဓိက ပါဝင်ကစားပြီး သူများအိမ်ကပစ္စည်းများကို
မသိအောင် ဟာသလုပ် ဖျက်စီးကြတာကို ပြောတာဖြစ်ပါတယ်။
မြန်မာအနေနဲ့ဆိုရင်တော့ သူခိုးကြီးည နဲ့အတူတူနီးပါးပါပဲ။*ဇာတ်လမ်းအညွှန်း*အမ်မလီဝေါ်တန် ဆိုသော ကောင်မလေးမှာ ငယ်ငယ်က
သူ့အမေနှင့်အတူ ကားမတော်တဆမှုဖြစ်တာကြောင့်
သူ့အမေသေပြီး သူကတော့ မျက်စိကွယ်ခဲ့ရပါတယ်။
သူ့မအဖေဖြစ်သူကတော့ သူမကို အရမ်းဂရုစိုက်ပေမယ့်
မထင်မှတ်ထားတဲ့ Mischief Night (ခ)သခိုးကြီးညမှာ
သူမရဲ့ အဖေက အပြင်သွားစရာရှိလိုသွားတဲ့အခါမှာ
ထိုအိမ်ကြီးတွင် သူမတစ်ယောက်တည်းသာကျန်ခဲ့ပါတော့တယ်။
မျက်မမြင်ဖြစ်သောကောင်မလေးတစ်ယောက်တည်း
အိမ်မှာကျန်ခဲ့တဲ့အချိန် လေပြေညင်းတွေတိုက်ခတ်ပေမယ့်
အမည်မသိ လူတစ်ယောက်က ကြောက်မက်ဖွယ်တွေ
ယူဆောင်လာတဲ့အခါမှာတော့…..
မျက်မမြင်ကောင်မလေး ဘာတွေလုပ်မလဲ…
ဘယ်လိုပြေးမလဲ…
အမည်မသိလူတစ်ယောက်ကရော
ဘာလိုချင်တာလဲဆိုတာကတော့
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါတော့…။

image
1 y - Translate

India ?? မြေမှာ တောက်ပအုံးမယ့် Opal ထိုင်းမြေတွက် Miss World Crown ကြီး ပထမဆုံး သယ်ဆောင်ပေးနိုင်မယ့် အလှမယ်ဖြစ်သွားမလား ?? #OpalSuchata #RoadtoMissWorld2025
India 🇮🇳 မြေမှာ တောက်ပအုံးမယ့် Opal 👑 ထိုင်းမြေတွက် Miss World Crown ကြီး ပထမဆုံး သယ်ဆောင်ပေးနိုင်မယ့် အလှမယ်ဖြစ်သွားမလား 🇹🇭 #opalsuchata #roadtomissworld2025

1 y - Translate

Creation of the Gods I: Kingdom of Storms ( 2023 )

2023 ခုနှစ်မှာ တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားဖြစ်တဲ့
Creation of the Gods I: Kingdom of Storms ( 2023 ) ကို
CM ကနေတင်ဆက်ပေးလိုက်ပါတယ် ဒါရိုက်တာ Wuershan ရိုက်ကူး
တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားကြီးဟာဆိုရင် တရုတ်ပြည်ရဲ့ ဂန္ဒဝင်မြောက်
ဝတ္ထုထဲကတခုဖြစ်တဲ့ 封神演義 (ဖုန်းရှန်းရန်ရိ) ကို ပြန်လည်ရိုက်ကူး
တင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဝတ္ထုဟာဆိုရင်ဖြင့် တရုတ်ပြည်ရဲ့
နာမည်ကြီးဇာတ်ကောင်ဖြစ်တဲ့ စွန်းဝူခုန်း ဝတ္ထုနဲ့လည်းခေတ်ပြိုင်ဖြစ်လို
ဘယ်လောက်နာမည်ကြီးလဲဆိုတာကို မှန်းဆလိုရပါတယ်

Weibo Awards Ceremony မှာလဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု
အပြင် ဒါရိုက်တာကလဲ အကောင်းဆုံဒါရိုက်တာဆုကိုဆွတ်ခူးရရှိထားပါတယ်
ဒီရုပ်ရှင်ကို Chinese God Of War ဆိုပြီးတော့လည်းတင်စားခေါ်ဝေါကြပါသေးတယ်
တရုတ်ဒဏ္ဍာရီတွေထဲက သတ္တဝါဆန်းတွေ၊နတ်ဒေဝတာအစုံအလင် ပါရှိပါတယ်....

Channel အရင်joinရန်link ⤵️⤵️
https://t.me/wukongmmsubseries

Movie link ⤵️⤵️
https://t.me/wukongmmsubseries/110

image