ကယားပြည်နယ်ပြည်သူ့ပါတီ(KySPP) ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို UEC ခွင့်ပြု

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

ကယားပြည်နယ်ပြည်သူ့ပါတီ(KySPP) ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ဒီဇင်ဘာလ ၂၆ရက်နေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၈ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယမန်နေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ပါတီတည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့အထိ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၅ ပါတီ ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
29 w - Translate

27 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,380
USD Sell - MMK 4,450
EUR Buy - MMK 4,560
EUR Sell - MMK 4,650
SGD Buy - MMK 3,255
SGD Sell - MMK 3,315
THB Buy - MMK 128.21
THB Sell - MMK 130.72
JPY Buy - MMK 27.77
JPY Sell - MMK 28.31
MYR Buy - MMK 981
MYR Sell - MMK 1,000
CNY Buy - MMK 600
CNY Sell - MMK 612

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,760,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,120,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image

ငါ့အစ်မ၃ယောက်ကဆရာကြီး အပိုင်း-၅

အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း အသက် ၉၂ နှစ်အရွယ်၌ ကွယ်လွန်

ဒီဇင်ဘာ ၂၇

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ကျယ်ပြန့်စွာဆောင်ရွက်ခဲ့သူနဲ့ အမေရိကန်နဲ့ နျူကလီးယား သဘောတူညီချက်တစ်ရပ် ရယူနိုင်ခဲ့သူအဖြစ် အသိအမှတ်ပြုကြရတဲ့ အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဟာ ဒီဇင်ဘာလ ၂၆ ရက်၊ ည ၉ နာရီ ၅၁ မိနစ်အချိန် အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ဆင်းဟာ နေအိမ်မှာ ရုတ်တရက်သတိလစ်ပြီးနောက် နယူးဒေလီမြို့ရှိ All India Institute of Medical Sciences ဆေးရုံကို ည ၈ နာရီ ၆ မိနစ်မှာ တင်ပို့ခဲ့တာပါ။ ဆရာဝန်များက အစွမ်းကုန်ကြိုးစားကြပေမယ့် ည ၉ နာရီ ၅၁ မိနစ်မှာတော့ ဝန်ကြီး ချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆင်းဟာ ပါလီမန်ရဲ့ အထက်လွှတ်တော်မှာ ကွန်ဂရက်ပါတီခေါင်းဆောင်ဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ နှစ်အကြာဆုံးတာဝန်ထမ်းခဲ့တဲ့ ဝန်ကြီးချုပ်တွေထဲက တစ်ဦးလည်းဖြစ်ကာ ဝန်ကြီးချုပ်တာဝန်ကို ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၁၄ ခုနှစ်မှာ ဆင်းဆီက ဝန်ကြီးချုပ်တာဝန်လွှဲပြောင်းရယူခဲ့တဲ့ မိုဒီက ဆင်းကို အိန္ဒိယနိုင်ငံရဲ့အောင်မြင်ကျော်ကြားမှု အရှိဆုံး ဝန်ကြီးချုပ်အဖြစ် ချီးကျူးခဲ့ပါတယ်။

ဆင်းက တရုတ်နိုင်ငံနဲ့လည်း နယ်စပ်အငြင်းပွားမှု ရပ်ဆိုင်းဖို့ ကြိုးစားခဲ့ပြီး နှစ် ၄၀ ကျော်ပိတ်ထားခဲ့ ရတဲ့ တရုတ်နဲ့အိန္ဒိယ နိုင်ငံတို့အကြားက နာတူလာ တောင်ကြားပြန်လည်ဖွင့်လှစ်နိုင်ရေး သဘောတူညီချက်အတွက် စေ့စပ်ပြောဆိုခဲ့ပါတယ်။

ဆင်း မှာ ဇနီးဖြစ်သူ ဂါရှရန် ကောနဲ့ သမီးသုံးဦး ကျန်ရစ်ခဲ့ပါတယ်။

Ref- AP

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
29 w - Translate

Merry X\mas
It's crime scene

29 w - Translate

အငယ်ဆုံးမို့ အိမ်က အလိုလိုက်ထားသောအခါ
တော်သေးတယ်...ငါ အဲ့လောက်မဆိုးသေးဘူး 🤣

29 w - Translate

အမေရိကန်တွင် အကြီးမားဆုံး နျူကလီယာစွမ်းအင်ထုတ်လုပ်သူဖြစ်တဲ့ Constellation Energy Corporation က အမေရိကန်နိုင်ငံ Washington, D.C. မှာရှိတဲ့ အိမ်များအတွက် ၁၀၀% သန့်ရှင်းသော နျူကလီယာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားပေးမယ့် စမ်းသပ်မှုအစီအစဉ်တစ်ခု ကိုမိတ်ဆက်ခဲ့သည်။ ယခုပရိုဂရမ်က လျှပ်စစ်ဓာတ်အား (kilowatt-hour) တစ်ယူနှစ်ကို ၁၁.၉၉ စင့် စျေးနှုန်းဖြင့် ကမ်းလှမ်းထားပြီး၊ ဒေသတွင်းရှိ လျှပ်စစ်ဈေးနှုန်းထက် ပိုနဲတယ်လို့ဆိုပါတယ်။

ယခုအစီအစဉ်တွင် Constellation ၏ နျူကလီယာစွမ်းအင်စက်ရုံများမှ ထုတ်လုပ်သော Emission Free Energy Certificates (EFECs) ကိုအသုံးပြုထားပါတယ်။ သို့မှသာ မိမိတို့၏ လက်ရှိ utility ဝန်ဆောင်မှုများကို မပြောင်းလဲဘဲ carbon-free စွမ်းအင်ကို ပံ့ပိုးနိုင်မယ်လို့ဆိုပါတယ်။

Constellation Energy Corporation က လက်ရှိ သူတို့၏ စက်ရုံများက ၉၀% carbon-free စွမ်းအင်ကို ထုတ်လုပ်ပြီး ၁၆ သန်းခန့်သော အိမ်ထောင်စုများကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးနိုင်သလို၊ နိုင်ငံတစ်ခုလုံး၏ သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှု၏ ၁၀% ကိုလည်း ထောက်ပံ့ပေးနိုင်သည်ဟု ဆိုသည်။

#crd

image
29 w - Youtube

29 w - Translate

ရန်ကုန်မန်းလေး ခရီးလောက်ကို လမ်းမှာအားသွင်းဖို့မလို၊ ဒရိုင်ဘာမလိုတဲ့ လျှပ်စစ်ကားတွေစီးရဖို့ နီးလာပါပြီ။
တရုတ်လုပ် လျှပ်စစ်ကားတွေနဲ့ အမေရိကန်လုပ် တက်စလာ Tesla ကားကို ယှဉ်ပြိုင်ဖို့ ဂျပန်ရဲ့ ဟွန်ဒါ နဲ့ နစ်ဆန်း ကားကုမ္ပဏီ တို့ တရားဝင် ပူးပေါင်းကြပါတယ်။ မစ်ဆူဘိရှိကုမ္ပဏီလည်းပါဝင်မယ်လို့ဆိုတယ်။
ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ နာမည်ကျော်ကားကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ ဟွန်ဒါ Honda နဲ့ နစ်ဆန်း Nissan ကားကုမ္ပဏီနှစ်ခုပူးပေါင်းမယ်လို့ သတင်းထွက်နေတာ တစ်လနီးပါးရှိပါပြီ။ အခုမှ တရားဝင် သတင်းထုတ်ပြန်ကြတာဖြစ်တယ်။ လျှပ်စစ်ကားဈေးကွက်အတွက် ပိုမိုကောင်းမွန်ပြီး ခရီးရှည်မောင်းနိုင်၊ ဈေးလည်းသက်သာတဲ့ ဘက်ထရီအမျိုးအစားအသစ်ထုတ်နိုင်ရေးကို ဦးစားပေးလုပ်ကိုင်ကြမယ်။ သမရိုးကျဓာတ်ဆီအင်ဂျင်ကားတွေထုတ်လုပ်မှုလျှော့ချမယ်လို့ သိရတယ်။ နစ်ဆန်းကုမ္ပဏီ နဲ့အတူ ပူးပေါင်းထားပြီးဖြစ်တဲ့ မစ်ဆူဘီရှီ Mitsubishi ကုမ္ပဏီကလည်း ပါဝင်ပူးပေါင်းမှာဖြစ်လို့ လို့ ပူးပေါင်းမှုပြီးဆုံးတဲ့အခါ ကမ္ဘာ့တတိယမြောက်အများဆုံး ကားရောင်းချတဲ့ ကုမ္ပဏီအသစ်ဖြစ်လာမယ်။
ကမ္ဘာမှာ ကားအများဆုံး ရောင်းချနိုင်တဲ့ကုမ္ပဏီက ဂျပန်ရဲ့ နာမည်ကျော်တိုယိုတာ Toyota ကုမ္ပဏီဖြစ်ပြီး ဒုတိယ ကားကုမ္ပဏီကတော့ ဂျာမဏီက ဘောဗ်ဝက်ဂွန် Volkswagen ကုမ္ပဏီဖြစ်တယ်။
ကားထုတ်လုပ်ကြတဲ့ကုမ္ပဏီတွေ ပူးပေါင်းကြတာ အထူးအဆန်းတော့မဟုတ်ပါဘူး။ မာဆေးဒိ (မာစီဒီး) Mercedes ကားတွေထုတ်လုပ်တဲ့ ဂျာမန်က ဒိုင်မာ ဘန့်စ် Diamler-Benz နဲ့ ဂျိ (ဂျစ်) ကားထုတ်တဲ့ အမေရိကားက ခရိုင်စလာ Chrysler တို့ ပူးပေါင်းဖူးကြတယ်။ ဂျပန်တိုယိုတာ နဲ့ အမေရိကန် ဂျနယ်ရယ်မော်တာ General Motors ပူးပေါင်းဖူးကြတယ်။ နစ်ဆန်း ဆိုရင်လည်း ပြင်သစ်က ရနော့ (ရေနိုး) Renault ကားကုမ္ပဏီကြီးနဲ့ ပူးပေါင်းဖူးတယ်။ အဆင်မပြေကြတဲ့အခါ ကွဲကြတာပဲ။ ဒါကြောင့် ကားကုမ္ပဏီနာမည်တွေကတော့ အရင်အတိုင်းဆက်တည်ရှိနေမှာဖြစ်တယ်။
ဒါပေမဲ့ ဒီတစ်ခါပူးပေါင်းမှုက ထူးပါတယ်။ ခေတ်စားလာတဲ့ လျှပ်စစ်ကားဈေးကွက်ကို တရုတ်လွှမ်းမိုးမှုလျှော့ချရေး၊ အမေရိကားရဲ့ တက်စလာနဲ့ ယှဉ်ပြိုင်ရေးဖြစ်တယ်။ ဒါကြောင့်
ဈေးသက်သာပြီး ခရီးရှည်မောင်းနိုင်တဲ့ ဘက်ထရီအသစ်ထုတ်လုပ်နိုင်ဖို့ ပူးပေါင်းတီထွင်ကြံဆကြမှာဖြစ်တယ်။ တိုယိုတာကလည်း မာဇဒါ Mazda ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဘက်ထရီအသစ်ထုတ်လုပ်ဖို့ ရှိနေတယ်လို့ဆိုကြတယ်။
အမေရိကားရဲ့ နာမည်ကျော်လျှပ်စစ်ကားကုမ္ပဏီဖြစ်တဲ့ တက်စလာကုမ္ပဏီကလည်း ခရီးရှည်မောင်းနိုင်မဲ့ ဘက်ထရီအသစ်ကို မကြာခင် မိတ်ဆက်မယ်လို့ ဆိုထားသလို ဈေးသက်သာမဲ့အပြင် အလိုအလျောက်မောင်းနှင်ပေးမဲ့ တက္ကစီလျှပ်စစ်ကားသစ်တွေ မကြာမီထုတ်လုပ်မယ်လို့ ကြော်ငြာထားတယ်။
ဆန်ဖရန်စစ္စကိုမြို့လို့ လမ်းကျဉ်းပြီး အတက်အဆင်းများ၊ ကားတွေလူတွေရှုပ်ထွေးတဲ့လမ်းတွေပေါ်မှာ လူမပါပဲ အလိုအလျောက်မောင်းနှင်နေတဲ့ ဂူဂဲလ် Google ပိုင် ဝေမို Waymo တက္ကစီကားတွေအများကြီးတွေ့နေရပါပြီ။ ခရီးသည်တွေကိုလည်း လက်ခံပို့ဆောင်ပေးနေပြီ။ ဒါကြောင့် မောင်းသူမဲ့ driverless နည်းပညာဆော့ဝဲလ် software က အဆင်သင့်ရှိနေပြီ။ ဘက်ထရီအားအပြည့်နဲ့ မိုင်သုံးရာလောက်ပဲ အခုအခါမှာ သွားနိုင်သေးပေမဲ့ မကြာခင်မှာ ခရီးမိုင်ရှည်မောင်းနိုင်မဲ့ ဘက်ထရီတွေပေါ်လာတော့မယ်။
အမေရိကား နဲ့ ဂျပန်ကားကုမ္ပဏီကြီးတွေရဲ့ အပြိုင်အဆိုင်ကြိုးစားမှုကြောင့် မကြာမီမှာ စျေးသက်သာပြီး ခရီးဝေးသုံးနိုင်တဲ့လျှပ်စစ်ကားတွေကို တွေ့လာရဖွယ်ရှိလာပါပြီ။ ပစ္စည်းအရည်အသွေးအာမခံချက်မသေချာလှသလို မိမိအတွက်လုံခြုံစိတ်ချရမှု privacy လည်း မသေချာတဲ့ တရုတ်လျှပ်စစ်ကားဈေးကွက်ကို ကျော်တက်သွားမှာ သေချာပါတယ်။
လျှပ်စစ်ကားအသစ်တွေ စီးပြီး ရန်ကုန်ကနေ မန်းလေးလောက်ခရီးကို ဇိမ်နဲ့သွားကြဖို့သာ ပြင်ထားကြပေတော့ မိတ်ဆွေတို့ရေ။ မောင်းသူမဲ့ ကားလေးစီးရင်း ဖုန်းလေးပွတ်ကြတာပေါ့။ မကြာတော့မဲ့ အနာဂတ်မှာ။
ချစ်တဲ့
မောင်လူပေ

image

image