ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သွားစရာရှိတာသွား
လုပ်စရာရှိတာလုပ်
ချစ်စရာရှိတာချစ်
နောက်မှ ဆိုပြီး အချိန်ဆွဲမနေနဲ့ ။
ချစ်တဲ့သူတွေကို ပိုပိုသာသာလေး ဂရုစိုက်
ပူလောင်စေတဲ့လူတွေကို စွန့်လွှတ်လိုက်
မနက်ဖြန်တွေကို ငါတိုမပိုင်တာထက်
ငါတိုကိုယ်တိုင်တောင် ငါတိုမပိုင်တာမို
ချစ်ရတဲ့လူတွေကို ချစ်ကြောင်းပြောဖို နောက်မကျစေနဲ့ ။
နေ့ရက်တိုင်းကို ပျော်ပျော်နေပါ
တိတ်ဆိတ်ဖို လိုအပ်လာတဲ့အခါ တိတ်ဆိတ်လိုက်ပါ ။
စိတ်သန့်သန့်နဲ့ ရှင်သန်မယ်💚
သူတပါးဘ၀ပျက်မှ
ကိုယ်စားရမယ့်အလုပ် ဘယ်တော့မှ
မလုပ်ဘူး
သူတပါးစိတ်ဆင်းရဲမှ
ကိုယ်ပျော်ရွှင်ရမယ့်အလုပ် ဘယ်တော့မှ
မလုပ်ဘူး
သူတပါးငိုကြွေးပြီးမှ
ကိုယ်အနိုင်ရမယ့်အလုပ် ဘယ်တော့မှ
မလုပ်ဘူး
သူတပါးဆုံးရှုံးပြီးမှ
ကိုယ်ပိုင်ဆိုင်ရမယ့်အလုပ် ဘယ်တော့မှ
မလုပ်ဘူး
ဆင်းရဲရဲ ချမ်းသာသာ
ရောက်တဲ့နေရာ ဖြစ်တဲ့ဘ၀မှာတော့
လိပ်ပြာသန့်သန့် စိတ်သန့်သန့်နဲ့ ပျော်ချင်တယ် ။