အဂ်လန်ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနွေရာသီကာလကစားသမားအပြောင်းအရွှေ့စျေးကွက်မှာကနေဒါလက်ရွေးစင်တိုက်စစ်မှူး ဂျော်နသန် ဒေးဗစ်ကိုအသင်းဆီအမှန်တကယ်ခေါ်ယူချင်နေတယ်လို့ စပိန်အားကစားသတင်းဆိုင်ရာFichajes သတင်းကဖော်ပြခဲ့ပါတယ်။

ရာမို့စ်ဟော်ဂျ်လန်း(၂ဂိုး)နဲ့ဂျိုချူဝါဇာလ်ချီ(၃ဂိုး) တို့ဟာပရီးမီးယားလိဂ်မှာစုစုပေါင်း ၅ ဂိုးသာသွင်းယူနိုင်ခဲ့ပြီးနောက်မှာတော့ ဂိုးသွင်းအဆုံးသတ်ပိုင်းဖြေရှင်းဖို့အတွက်တိုက်စစ်မှူးခေါ်ယူချင်နေပါတယ်။အသင်းတသင်းလုံးအနေနဲ့လည်း ပွဲပေါင်း ၂၆ ပွဲပါဝင်ကစားထားရာမှာ ဂိုး ၃၀ သာသွင်းယူထားနိုင်ခဲ့ကာသရဲနီအသင်းအနေနဲ့ လက်ရှိမှာရမှတ် ၃၀ တည်းနဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်အနေနဲ့နောက်ဆုံးမှာတော့ ဂျိုနသန်ဒေးဗစ်ကိုအသင်းဆီခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့နောက်ဆုံးရသတင်းအရင်းအမြစ်တွေကဖော်ပြလာခဲ့ပါတယ်။အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဗဟိုတိုက်စစ်နေရာမှာရော နောက်ချန်တိုက်စစ်နေရာမှာပါကစားနိုင်ပြီး ဒီရာသီကုန်ပြီးနောက်မှာတော့လက်ရှိကလပ်လိုင်လီအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

ဒါကြောင့်မန်ယူအသင်းအနေနဲ့ ဂျိုနသန်ဒေးဗစ်ကို ကျေနပ်စရာလုပ်ခလစာနဲ့ကမ်းလှမ်းခဲ့မယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့အသင်းဆီခေါ်ယူဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ဒီရာသီကာလမှာတော့ကာယကံရှင်အနေနဲ့ ကစားပုံအားကောင်းနေတဲ့ကာလမှာရှိနေပြီး ပြိုင်ပွဲစုံ ၃၆ ပွဲပါဝင်ကစားထားရာမှာ ဂိုး ၂၀ သွင်းယူထားကာ ၉ ဂိုးဖန်တီးနိုင်ခဲ့ပြီး လိုင်လီအသင်းကိုဥရောပချန်ပီယံ ၁၆ သင်းရှုံးထွက်အဆင့်ရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ ဂျိုနသန်ဒေးဗစ်ကိုခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေပေမဲ့လည်းမန်ယူအသင်းက အသင်းဆီခေါ်ယူဖို့အခွင့်အရေးပိုများနေတယ်လို့ယူဆရတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image

အမေရိကန်နိုင်ငံသား ဖြစ်ခွင့်အတွက် ဒေါ်လာငါးသန်းတန် Gold Card တွေရောင်းချတော့မယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆

အမေရိကန်နိုင်ငံသား ဖြစ်ခွင့်လမ်းကြောင်းရှိတဲ့ ဒေါ်လာ ငါးသန်းတန် Gold Card တွေရောင်းချဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အဓိကဆွဲဆောင်တဲ့ ဗီဇာအစီအစဉ်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင် ရင်းနှီးမြုပ်နှံသူတွေအတွက် ထုတ်ပေးတဲ့ EB-5 ဗီဇာအစီအစဉ်နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။

EB-5 ဗီဇာအစီအစဉ်ဟာ အမေရိကန်မှာ ရင်းနှီးမြုပ်နှံဖို့ ကတိပြုထားတဲ့ နိုင်ငံခြားသားတွေကို Green Card ထုတ်ပေးတာဖြစ်ပါတယ်။ Gold Card ကိုဒေါ်လာ ငါးသန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး Green Card အခွင့်အရေးတွေအပြင် အမေရိကန်နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းလည်းဖြစ်တယ်လို့ ထရန့်ကပြောပါတယ်။

ချမ်းသာတဲ့သူတွေ ဒီကတ်ကိုဝယ်ပြီး အမေရိကန်ကို လာနိုင်ကြတယ်လို့ ဆိုပါတယ်။ ရုရှားစီးပွားရေးသမား အိုလီဂါ့တွေတောင် ဒီကဒ်ကိုဝယ်နိုင်တယ်လို့ ထရန့်က ပြောပါတယ်။ EB-5 ဗီဇာအစီအစဉ်ဟာ ၁၉၉၀ ခုနှစ်မှာ ကွန်ဂရက်က ပြဌာန်းခဲ့တာဖြစ်ပါတယ်။

အဲဒီ Gold Card တွေကို ရောင်းချမယ့် အသေးစိတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီး လာမယ်နှစ်ပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

EB-5 အစီအစဉ်ဟာ လိမ်လည်မှုတွေရှိနေပြီး စျေးသက်သာတဲ့ Green Card ရတဲ့နည်းလမ်းတခုဖြစ်နေပြီး ဒါကို သမ္မတထရန့်က အဆုံးသတ်ပြီး Gold Card အစီအစဉ်နဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က သတင်းထောက်တွေကို ပြောပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
36 w - Translate

hello everyone, very nice to meet you all here,
I would like to make friends and partners here, because I can access alot manufacturer resource in my country, would be great for Myanmar market, looking for someone can speak english and discuss further cooperation, thanks. 🙂

36 w - Translate

အဒေါ်ဖြစ်သူ တေးကို ထိပ်ဆုံးကနေ အားပေးတဲ့ ထရက်ရှာ 🥰🥰🥰Sandi Myint Lwin ရဲ့သမီးလေး
ထရက်ရှာလေးက ကြင်ဖော်ဇာတ်လမ်းတွဲကို ထိုင်စောင့်ကြည့်ပြီးအဒေါ်ဖြစ်သူ စိုးပြည့်သဇင်လေးကို အားပေးတဲ့ အဖွဲ့ကပါတဲ့။ ကြင်ဖော်ဇာတ်လမ်းတွဲမှာ စိုးပြည့်သဇင်ဟာ တေးနုယဉ်နေရာကနေပြီး သရုပ်ဆောင်ထားကာ ယခုလက်တလော ပရိသတ်တွေကြား လူကြိုက်များနေတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ထရက်ရှာလေးက အပြင်ရောက်နေတဲ့ မေမေနဲ့ဖေဖေကို ဖုန်းဆက်ပြီး ကြင်ဖော်မလာသေးဖူးလားလို့ တကူးတက မေးကာ တေးကိုတွေ့တော့ ထိပ်ဆုံးကနေ အားပေးပုံလေးကို အဖွားဖြစ်သူက အမှတ်တရရိုက်ကူးပြထားတာပါ။
#soepyaethazin
#sandi Myint Lwin
#ကြင်ဖော်
#celenews

image

image
36 w - Translate

Part_3
* အောင်မြင်မှုအတွက် အခြားဖော်မြူလာများ

ထိုစာ ကျွန်တော်၏ အောင်မြင်ရေးဖော်မြူလာထဲမှ ကျန်တစ်ခုမှာ မိမိ အကြောင်းနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းရှိရန်ဖြစ်သည်။ အခြားသူများ နှင့် စကားပြောသည့်အခါ မိမိနှင့်ပတ်သက်၍ ပွင့်လင်းမှုရှိရမည်။ ကျွန်တော် ပထမဆုံး အသံလွှင့်သည့်နေ့က ကျွန်တော် ကြောက်လန့်နေကြောင်း ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြသကဲ့သို့ ဖြစ်သည်။ ဤကိစ္စနှင့် ပတ် သက်၍ လိုက်နာရမည့် “ကိုယ်မကြိုက်သည့်အရာကို အခြားသူများကို မလုပ်ပါနှင့်” ဟူသည့် ရွှေစည်းမျဉ်းသည် စကားပြောသည့် ကိစ္စနှင့်လည်း ပတ်သက်သည်။ မိမိ၏ စကားပြောဖက်များက မိမိအပေါ် ရိုးသားမှု ပွင့်လင်း မှုရှိစေချင်သကဲ့သို့ မိမိကလည်း သူတို့အပေါ် ရိုးသားမှု၊ ပွင့်လင်းမှုရှိရန် လိုအပ်သည်။
ထိုသို့ဆိုသဖြင့် မိမိအကြောင်း အစစအရာရာ ပြောပြရန်၊ ကိုယ်ရေး ကိုယ်တာ လျှို့ဝှက်ချက်များ ထုတ်ဖော်ရန် မဆိုလိုပေ။ သင့်အိမ်နီးချင်း၏ အသည်းထဲက ကျောက်အကြောင်း သင်ကြားချင်ပါသလား။ သင့်လုပ်ဖော် ကိုင်ဖက်၏ သူ့ယောက္ခမနှင့် ရုံးပိတ်ရက်တွေ့ ဆုံမှုကို သင်စိတ်ဝင်စားပါ သလား။ စိတ်ဝင်စားမည် မဟုတ်ပေ။ သူတို့စိတ်ဝင်စားစရာ မဟုတ်သည့် သင်၏ ကိစ္စမျိုးကို စကားပြောရာ၌ အသုံးမပြုပါနှင့်။
တစ်ချိန်တည်း၌ပင် အခြားသူတစ်ယောက်ထံမှ သင်သိချင်သည့် ကိစ္စ မျိုးကို ထုတ်ဖော်ပြောလိုစိတ် ရှိရမည်။ သင်၏ နောက်ခံသမိုင်း၊ သင်၏ ကြိုက်နှစ်သက်မှု၊ သင်၏ဝါသနာ၊ သင်မကြိုက်သောအရာများတို့ကို ပြော ခြင်းဖြင့် စကားပြောဆိုရာတွင် အပေးအယူသဘောမျိုး ဆောင်သွားသည်။ ဤနည်းအားဖြင့် လူတွေအကြောင်းကို ကျွန်တော်တို့သိနိုင်သည်။
ဖီလ်ဘင်နှင့် ဂစ်ဖို့တို့သည် သူတို့၏ ဧည့်သည်များကို ဧည့်ခံစကား ပြောရာ၌ ပွင့်လင်းမှုရှိသည့် စံပြများဖြစ်ကြသည်။ အခန်းထဲသို့ သက်သောင့် သက်သာ သဘာဝကျကျ ဝင်လာသည်။ သူတို့အကြောင်းနှင့် ပတ်သက်၍ ဇာတ်လမ်းများထုတ်ဖော်ရန် ဝန်မလေးပေ။ ပြောဆိုမည့် အကြောင်းအရာကို အာရုံစိုက်မနေဘဲ သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ် နေကြသည်။ တစ်စုံတစ်ခုကို ဖုံးကွယ်ရန်ကြိုးစားခြင်း မပြုကြပေ။ သူတို့၏ ဇာတ်လမ်း ကသော်လည်းကောင်း၊ ဧည့်သည်တို့ကသော်လည်းကောင်း စိတ်လှုပ်ရှား စရာ တစ်ခုခုဖြစ်အောင်လုပ်လျှင် စိတ်လှုပ်ရှားကြောင်းကိုလည်း ထုတ်ဖော် ပြသရန် မရှက်မကြောက်ကြပေ။ စိတ်လှုပ်ရှားစရာ ကိစ္စတစ်ခုနှင့် ပတ်သက် ၍ စိတ်လှုပ်ရှားခြင်းသည် မှားယွင်းမှုမရှိဟု လက်ခံထားသည်။ ဝမ်းနည်း စရာကိစ္စ၊ ကြောက်စရာကိစ္စ၊ ဧည့်သည်တို့ပြောသည့် မည်သည့်ကိစ္စမဆို စိတ်ရောကိုယ်ပါ ခံစားကြရသည်။ စတူဒီယိုထဲ၌ ရှိနေသည့် ပရိသတ်များ၊ အိမ်၌ရှိနေသည့် ပရိသတ်များကလည်း ထိုကိစ္စကိုမြင်ပြီး ပွင့်လင်းမှု၊ မလိမ် မညာမှုတို့ကို နားလည်လက်ခံကြသည်။

#ဆက်ရန်ရှိ

image

hair style

36 w - Translate

စိတ်ကိုကြည်လင်စေသော ညမွှေးပန်းလေး 🫶💐💜

#flowers

image
36 w - Translate

စိတ်ကိုကြည်လင်စေသော ညမွှေးပန်းလေး 🫶💐💜

#flowers

image
36 w - Translate

စိတ်ကိုကြည်လင်စေသော ညမွှေးပန်းလေး 🫶💐💜

#flowers

image