ပုဂံမှာ ဆာကူရာတွေမဝေနိုင်သလို
မဖြစ်နိုင်တဲ့ ဆုံတွေ့မှုတွေလည်းရှိပါတယ် နန်းစံ
- လွန်းရာကျော်
ယောင်္ကျားလေးဆိုတာ လူတိုင်းကို
သနပ်ခါးသွေးမပေးဘူး နန်းစံ ၊
ယောင်္ကျားလေးတစ်ယောက်က
သနပ်ခါးသွေးပေးတဲ့ လူသုံးမျိုးရှိတယ် ၊
အဲ့ဒါက.. ကလေးရယ် .. အမေရယ်...မိန်းမရယ်..
- လွန်းရာကျော်
နောက်ဆုံးမှာ အရိုးပြိုင်းပြိုင်း ကျန်ခဲ့ရင်တောင်မှ
ပွင့်နိုင်တဲ့အချိန်တိုလေးအတွင်းမှာ
အစွမ်းကုန် အလှဆုံးဖြစ်အောင် ပွင့်ပေးခဲ့တဲ့
ဆာကူရာလိုစိတ်မျိုးနဲ့ လူတစ်ယောက်ကို ချစ်ဖူးချင်တယ်
- ဟာနကို (ခင်နန်းစံ)
ခရီးတွေလည်း မသွားဖြစ်တော့တဲ့ ခုလိုနေ့ရက်တွေမှာ ဒီစာအုပ်လေးဖတ်ပြီး အချိန်တိုင်းမှာ လှနေတတ်တဲ့ ပုဂံမြို့ကြီးကို လွမ်းမိတယ်။ပြီးတော့ လွန်းရာကျော် နဲ့ ဟာနကို သူတို့နှစ်ယောက်ကိုလည်း သတိရမိတယ်။
တကယ်လို့သာ ဒီဇာတ်လမ်းက တကယ့်အဖြစ်အပျက်သာဆို သူတို့နှစ်ယောက် ဘယ်အချိန်ထိ သတိရနေကြမလဲ ။ ပြ‌န်ရောဆုံဖြစ်ကြပါတော့မလား ။
မင်မင်ကတော့ Movie ကို အရင်ကြည့်ဖြစ်ခဲ့တာပါ။ Movie မှာတည်းက သိပ်ကိုသဘောကျနေမိခဲ့တာ။ဒါနဲ့ပဲ စာအုပ်လေးမြင်တော့ ထပ်ဖတ်ဖြစ်ခဲ့ပါတယ်။
စာအုပ် နဲ့ Movie ဘာကွာလဲဆိုတော့ စာအုပ်လေးကသေချာပိုပြီးအသေးစိတ်ပါတယ် ။ နောက်ပိုင်းထွက်သွားပုံလေးကလည်း နည်းနည်းလေး ပိုပြီး အသေးစိတ်တာပေါ့နော် ။ Movieကြည့်ပြီးမှဖတ်တော့ အားလုံးကို ပုံဖော်ပြီးဖတ်သွားလို့ရပါတယ်။
ပုဂံကိုလည်း ချစ်တယ် ဆာကူရာကိုလည်း ချစ်တဲ့ ကိုယ့်အတွက်တော့ ဒီစာအုပ်လေးက အရမ်းကိုစွဲလန်းစေပါတယ်။
ပုဂံမြို့ကြီး နဲ့ ဆာကူရာပန်းလေး ဟာ ဘယ်လိုမှမဆုံစည်းနိုင်မှန်းသိပေမယ့် ဒီစာအုပ်လေးဖတ်ပြီးတဲ့အခါမှာတော့
ပုဂံမြို့ကြီးမှာ ဆာကူရာ‌တွေဝေနေအောင် ပွင့်နေစေချင်တော့တာပါပဲ။
#မကြွေပါနဲ့ဆာကူရာ #ပုညခင် #ကဗျာ_poem

image
47 ပတ် - ဘာသာပြန်ပါ။

ညအတွက်သရဲကား


မတ် အဖြစ် Winai Kraibutr
နတ် အဖြစ် Intira Jaroenpura

ဇာတ်လမ်းအကျဥ်း..

မတ်နဲ့နတ်ဆိုတဲ့ အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက်ဟာ တစ်ရက်မှာတော့ စစ်မှုမထမ်းမနေရစနစ်ကြောင့် မခွဲခွာချင်ဘဲ ခွဲခွာခဲ့ရပါတယ်။ မတ်ဟာ ကိုယ်ဝန်ရှိနေတဲ့ဇနီးသည်ကြောင့် ထွက်မသွားချင်ခဲ့ပေမဲ့ ဘုရင့်အာဏာကိုမဖီဆန်နိုင်ခဲ့ပါဘူး။ စစ်မြေပြင်မှာ ခက်ခက်ခဲခဲရုန်းကန်ရင်း သူငယ်ချင်းဖြစ်သူ မျက်စိရှေ့မှာတင် သေသွားတာကိုပါ မြင်ခဲ့ရပါတယ်။ သူလည်းပဲ ရင်ဘတ်ပေါ်ကဓားဒဏ်ရာကြောင့် သေတော့မလိုဖြစ်သွားခဲ့ပေမဲ့ ဘုန်းကြီးတစ်ပါးရဲ့ကယ်တင်ပေးမှုကြောင့် အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။

နဂိုအတိုင်းပြန်သက်သာလာတဲ့အချိန် ကယ်တင်ပေးတဲ့ဘုန်းတော်ကြီးက ပြုခဲ့တဲ့အကုသိုလ်ဝဋ်ကြေးတွေ လျော့နည်းသွားအောင် ပဥ္ဇင်းဝတ်ဖို့အကြံပေးခဲ့ပေမဲ့ တစ်နယ်တကျေးမှာကျန်နေခဲ့တဲ့ ဇနီးနဲ့ကလေးကို ပြုစုစောင့်ရှောက်ပေးရဦးမှာမို့ နောက်မှသာ ပြန်လာခဲ့မဲ့အကြောင်း လျှောက်တင်ကာ ဇနီးနဲ့ကလေးဆီ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဇနီးနဲ့ကလေးကို တစ်ရွာလုံးက မီးတွင်းထဲမှာသေသွားတာကြာလှပြီဆိုတဲ့အကြောင်း ပြောလာတဲ့အခါမှာတော့..

image
47 ပတ် - ဘာသာပြန်ပါ။

NEW: Ukrainian Pres. Volodymyr Zelenskyy said overnight missile and drone attacks launched by Russia showed that Moscow's claimed support for a ceasefire in Ukraine is not "real."

https://abcnews.go.com/Interna....tional/russian-drone

image
47 ပတ် - ဘာသာပြန်ပါ။

လူသိနည်းတဲ့ ကမ္ဘာ့အဖိုးတန်ဆုံး တွင်းထွက်ကျောက်မျက် - Alexandrite
ကမ္ဘာပေါ်မှာ အရှားပါးဆုံး တွင်းထွက်ကျောက်မျက်ရတနာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရတာကတော့ Alexandrite (အလက်ဇန်းဒရိုက်) ဖြစ်ပါတယ်။
ဒီကျောက်ကို ၁၈၃၀ ခုနှစ်ဝန်းကျင်မှာ ရုရှားနိုင်ငံ၊ ယူရယ်တောင်တန်းဒေသရှိ Emerald တွင်းများမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရုရှားဘုရင် ဒုတိယ အလက်ဇန္ဒား (Alexander II) ရဲ့ မွေးနေ့မှာ တွေ့ရှိခဲ့တာဖြစ်လို့ သူ့နာမည်နဲ့ Alexandrite လို့ အမည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
Alexandrite ဟာ Chrysoberyl ကျောက်မျက်အမျိုးအစားတစ်ခုဖြစ်ပြီး၊ ဓာတုဖွဲ့စည်းပုံအရ BeAl₂O₄ ဖြစ်ပါတယ်။ ဘယ်ရီလီယမ်နဲ့ အလူမီနီယမ်ဓာတ်တွေ အဓိကပါဝင်ပြီး၊ ခရိုမီယမ်ဓာတ်လည်း အနည်းငယ်ပါဝင်ပါတယ်။
Alexandrite ရဲ့ အထူးခြားဆုံး လက္ခဏာကတော့ အလင်းရောင်ပေါ်မူတည်ပြီး အရောင်ပြောင်းလဲနိုင်တဲ့ "color-change effect" ဖြစ်ပါတယ်။ နေ့အလင်းရောင် သို့မဟုတ် ဖလူရိုဆန့်မီးအောက်မှာ အစိမ်းရောင် သို့မဟုတ် အပြာစိမ်းရောင်ဖြစ်နေပြီး၊ မီးအိမ်အလင်းရောင် သို့မဟုတ် ဖယောင်းတိုင်မီးအောက်မှာ ခရမ်းနီရောင် သို့မဟုတ် ရှေးရိုးနီရောင်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် "နေ့အချိန်မှာ စိမ်း၊ ညအချိန်မှာ နီ" လို့ လူသိများပါတယ်။
Alexandrite ရဲ့ မာကြောမှုညွှန်းကိန်းက ၈.၅ ရှိလို့ စိန်ပြီးရင် ဒုတိယမာကျောဆုံး ကျောက်မျက်တစ်မျိုးလည်း ဖြစ်ပါတယ်။
Alexandrite ဟာ ကမ္ဘာပေါ်မှာ ရုရှား၊ ဘရာဇီး၊ သီရိလင်္ကာ၊ တန်ဇေးနီးယား၊ မဒဂတ်စကာနဲ့ အိန္ဒိယနိုင်ငံတို့မှာ တွေ့ရှိရပါတယ်။ ဒါပေမယ့် အရည်အသွေးအကောင်းဆုံး Alexandrite ကို ရုရှားနိုင်ငံမှာ တွေ့ရှိခဲ့ပြီး၊ ယခုအခါ ရုရှားမှ Alexandrite တွင်းများ ပိတ်သိမ်းသွားပြီဖြစ်လို့ ပိုမိုရှားပါးလာပါတယ်။
Alexandrite ဖြစ်ထွန်းဖို့ အထူးအခြေအနေတွေ လိုအပ်ပါတယ်။ ဘယ်ရီလီယမ်နဲ့ ခရိုမီယမ်ဓာတ်တွေ တစ်ပြိုင်နက် ပါဝင်ဖို့ လိုအပ်ပြီး၊ သဘာဝမှာ ဒီဓာတ်နှစ်မျိုး အတူတကွတွေ့ရတာ အလွန်ရှားပါးပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ အလွန်ရှားပါးတဲ့ ကျောက်မျက်တစ်မျိုး ဖြစ်ပါတယ်။
အကောင်းဆုံးအရည်အသွေးရှိတဲ့ Alexandrite ရဲ့ တန်ဖိုးဟာ ၁ ကာရက်ကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိနိုင်ပါတယ်။
စိန်၊ ပတ္တမြားတို့လောက် လူသိများမှု မရှိသော်လည်း၊ Alexandrite ဟာ သူ့ရဲ့ ထူးခြားတဲ့ အရောင်ပြောင်းလဲမှုနဲ့ ရှားပါးမှုကြောင့် ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး ကျောက်မျက်ရတနာများထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

image
47 ပတ် - ဘာသာပြန်ပါ။

မိန်းကလေးတွေကိုလိုက်သ၊တ်တဲ့စိတ္တဇလူသ၊တ်သမားကိုပြန်လက်စားချေမဲ့အက်ရှင်ဇာတ်ကား

ဒီကားအနေနဲ့ကတော့ ဆိုးဟွန်းဆိုတဲ့ အဓိကဇာတ်ကောင်က သူ့ကောင်မလေး ဂျူယွန် မတရားအသ၊တ်ခံရမှုနဲ့လက်စားချေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

သူ့အနေနဲ့က အရမ်းချစ်ခဲ့ရတဲ့ မိန်းမတစ်ယောက်ဖြစ်လို့လက်စားချေတာလဲဖြစ်တယ်။

လူသ၊တ်သမားဖြစ်တဲ့  ကျောင်ချဲ အနေနဲ့ကလဲ စိတ္တဇပုံစံနဲ့ကောင်မလေးတွေကို လိုက်ဖမ်းပြီး ဖျက်စီးသ၊တ်ဖြတ်တဲ့ပုံကို ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။

အရမ်းကြီးကြောက်ဖို့ မကောင်းပေမယ့် နည်းနည်းလန့်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

image
47 ပတ် - ဘာသာပြန်ပါ။

ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် နီးစပ်လာပြီဟု အမေရိကန်ပြော
********************
(နိုင်ငံတကာ) မတ်လ ၁၉
ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရေးသည် နီးသထက် နီးစပ်လာပြီဖြစ်ကြောင်း အမေရိကန်အိမ်ဖြူတော်မှ ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်းလေဗစ် က ပြောကြား လိုက်ကြောင်းသိရသည်။

အိမ်ဖြူတော်၏အဆိုပါထုတ်ပြန်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့်ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရန် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုမစတင်မီ မတ်လ ၁၇ ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရေးအတွက် လုပ်ဆောင် ရန် ဆုံးဖြတ်ထားကြောင်း ကာရိုလိုင်းလေဗစ်က ဆက်လက်ပြောကြားထားကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ပြုလုပ်မည့် ဆွေးနွေးပွဲတွင် နယ်နိမိတ်ထိန်းချုပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှု အချို့အားခွဲခြမ်းရေးတို့ကို အဓိကထားဆွေးနွေးမည်ဖြစ်ပြီး ကနဦးအနေဖြင့် ယူကရိန်းတွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ချမှတ်နိုင်မည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက မျှော်လင့်ထားသည်။

ယူကရိန်းအစိုးရသည် အမေရိကန်က အဆိုပြုသည့် ယာယီအပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို သဘောတူလက်ခံ ထားသော်လည်း ခရိုင်းမီးယားဒေသနှင့် ရုရှားက ၎င်းတို့ပိုင်အဖြစ်ကြေညာ ထားသည့် နယ်နိမိတ်များကို စွန့်လွှတ်ရန် တွန့်ဆုတ်လျက်ရှိကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

image
47 ပတ် - ဘာသာပြန်ပါ။

လာမယ့် July လထဲမှာထွက်ရှိမယ့် Call of the Night Season 2

image
47 ပတ် - ဘာသာပြန်ပါ။

ခမ်းတီးလုံ(ပူတာအို)ဒေသမှ တိုင်းခမ်းတီးစစ်သည်များ
👉"ခမ်းတီးလုံ"သည် "ရွှေမြေကြီး"ဟုအဓိပ္ပာယ်သော ခမ်းတီးရှမ်းတို့၏ဒေသ "ပူတာအို" ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာရှမ်းများဖြစ်ပြီး စော်ဘွားများအုပ်ချုပ်ကြသည်။ ခမ်းတီးလုံနယ်မှ 'မန့်ပူတိုက်'ရွာကို အင်္ဂလိပ်တို့က ပူတောင်း(Putao)ဟုခေါ်ခဲ့ကြရာမှ ပူတာအိုဖြစ်လာသည်။ ခမ်းတီးရှမ်းဘာသာတွင် 'မန့်'သည် ရွာ၊ 'ပူ'သည် အဖိုးဖြစ်ပြီး 'တိုက်'သည် စောင့်မျှော်ခြင်းဖြစ်သည်။ အပေးအကမ်းရက်ရောသောအဖိုးအိုတစ်ဦးကိုထိုရွာသားတို့ကမျှော်ကြရာမှတွင်သောအမည်ဟုဆိုသည်။ အာသံရှိ အဟုန်ရှမ်းတို့သည် ခမ်းတီးရှမ်းတို့၏အဆက်အနွယ်များဖြစ်သည်။ Photo crd -Tailand(fb).
👉Fun Fact : ရှမ်းနီနှင့် ခမ်းတီးရှမ်း(ခန္တီးရှမ်း)တို့ကို "ပုဆိုးဝတ်သောရှမ်းများ"ဟုသိကြပြီး ရှေးအခါကခန္တီးရှမ်းတို့သည် ကျွဲနွားမလုံလောက်သည့်အခါ ဆင်သုံး၍လယ်ထွန်တတ်ကြသည်။
#putao #tai_khamti #shan_warriors #traditions #burma #myanmar

image
47 ပတ် - ဘာသာပြန်ပါ။

Minin Tattoo

image
47 ပတ် - ဘာသာပြန်ပါ။

Minin Tattoo

image