အောင်လမှ ကရင်မယောက်ျားကို Crown လွှဲအပ်

image
35 w - Translate

တစ်လကို YouTube ဝင်ငွေ ဒေါ်လာ ၄ သန်း ရနေတဲ့ Mr. Beast
====================================
Mr. Beast ဟာ ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး YouTuber တစ်ယောက် ဖြစ်ပါတယ်။ အခုတော့ သူဟာ ၂၈ ရက်အတွင်း YouTube ဝင်ငွေ ဒေါ်လာ ၄ သန်းရတယ်လို့ သတင်းထွက်လာပါတယ်။
Mr. Beast ဟာ YouTube ကနေ ဝင်ငွေ ရနေသလို Feastables နဲ့ Lunchly လို စီးပွားရေးလုပ်ငန်းတွေကိုလည်း တည်ထောင်ထားပါတယ်။ Celebrity Net Worth ရဲ့ စာရင်းအရ သူရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁ ဘီလီယမ် ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ Forbes က သူ့ရဲ့ နှစ်စဉ် ဝင်ငွေဟာ ဒေါ်လာ ၈၅ သန်းဝန်းကျင် ရှိတယ်လို့ တွက်ချက်ထားပါတယ်။
မကြာခင်က ထွက်ပေါ်လာတဲ့ Screenshot အရ သူ့ရဲ့ ဗီဒီယိုဟာ ၂၈ ရက်အတွင်း ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၂.၆၈၈ ဘီလီယမ်နဲ့ ကြည့်ရှုတဲ့ နာရီက ၁၆၂ သန်းကျော် ရှိပါတယ်။ တွက်ချက်ကြည့်ရင် YouTube တစ်ခုထဲကနေ သူ့ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၄.၂၃ သန်း ရှိပါတယ်။
သူဟာ YouTube ဝင်ငွေ အပြင် ကြော်ငြာတွေ၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေကနေ ဝင်ငွေများစွာ ရရှိနေပါတယ်။

image
35 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် Sang-khla Buri ခရိုင်တွင် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။
အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ နယ်စပ်ကို ခြေကျင်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင် ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။
၎င်းတို့အား ဖမ်းဆီးရမိချိန်တွင် သက်သေခံစာရွက်စာတမ်း မတွေ့ရှိခဲ့ရဘဲ စစ်ဆေးရေးဂိတ်များအား ရှောင်ရှားရန်အတွက် ပွဲစားခအနေဖြင့် တစ်ဦးလျှင် ဘတ် ၁၅ဝဝဝ ပေးဆောင်ခဲ့ကြရကြောင်း စစ်ဆေးချက်အရ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦးတွင် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်ပြီး ထိုင်းနိုင်ငံ ဘန်ဘိုရီပွန်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ပြီး စမွတ်စခွန်ဘက်သို့ ပြောင်းရွှေ့လာချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

image
35 w - Translate

Part_4
* အောင်မြင်မှုအတွက် အခြားဖော်မြူလာများ

မိနစ်အနည်းငယ်ထက်ပို၍ ကျွန်တော်တွေ့ဆုံခဲ့သည့်သူ အားလုံးက ကျွန်တော်နှင့် ပတ်သက်၍ ကိစ္စနှစ်ခုကိုသိကြသည်။ ၎င်းတို့မှာ ကျွန်တော် သည် ဘရုကလင်းမှဖြစ်ကြောင်းနှင့် ကျွန်တော်သည် ဂျူးလူမျိုးတစ်ယောက်ဖြစ်ကြောင်းတို့ဖြစ်သည်။
ထိုအကြောင်းများကို သူတို့ မည်သို့သိကြသလဲ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်နှင့် ဆက်ဆံရသည်သူများကို ကျွန်တော်၏ နောက်ခံ သမိုင်းအကြောင်း ပြောပြ၍ဖြစ်သည်။ ကျွန်တော်၏ နောက်ခံသမိုင်းသည် ကျွန်တော်၏ တစ်စိတ်တစ်ဒေသပင်ဖြစ်သည်။ ဂျူးလူမျိုးဖြစ်ရခြင်းအတွက် လည်းကောင်း၊ ဘရုကလင်းမှ တက်လာသည့်သူ ဖြစ်ခြင်းအတွက်လည်း ကောင်း ကျွန်တော်ဂုဏ်ယူသည်။ ကျွန်တော်၏ စကားပြောဆိုမှုများအတွက် ကျွန်တော်၏ နောက်ခံသမိုင်းနှင့် ပတ်သက်၍ ရည်ညွှန်းကိုးကားမှုများ ကြားညှပ်ပါဝင်နေသည်ကို တွေ့ ရမည်။
ကျွန်တော်၏ အတွေ့ အကြုံများကို အခြားသူများနှင့် ပြောဆိုရန် ဝါသနာပါသည်။ အကယ်၍ ကျွန်တော်သည် စကားထစ်သည့်သူဖြစ်လျှင် ကျွန်တော်စကားပြောဆိုနေသည့်သူကို ထိုအကြောင်း ပြောပြမည်။
“ကျ . . ကျ. . . ကျွန်တော် ခင်ဗျားကို တွေ့ ... တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်နာမည်ဟာ လယ်. . . လယ်. . . လယ်ရီကင်း ပါ။ ကျွန်တော့်မှာ စကား ထစ်. . ထစ်. . ထစ်တဲ့ ပြဿနာရှိပါတယ်။ ဒါပေမဲ့ ဒီ. . . ဒီအကြောင်းကို ခင်ဗျားကိုပြောပြရတာ ဝမ်းသာပါတယ်” ဟု ပြောမည်။
ယခုအခါ သင့်အနေဖြင့် ပွင့်ပွင့်လင်းလင်း ရှိသွားပြီ။ ထိုအခါ အခြား သူကို စကားပြောရာ၌ ကြောက်ရွံ့နေစရာမလိုတော့ပေ။ သင်၏ အခြေအနေ ကို မျှဝေပြီးဖြစ်သွားပြီ။ ယခု မမျှဝေလျှင်လည်း အနှေးနှင့် အမြန်ဆိုသလို သူတို့ သဘောပေါက်သွားကြမည်ဖြစ်သည်။ သူတို့ သဘောမပေါက်ခင် သင်က ကြိုတင်ပြီး ရှင်းခြင်းဖြစ်သည်။ ထို့ကြောင့် မည်သို့မျှ ဟန်ဆောင်နေ စရာ အကြောင်းမရှိတော့ပေ။ နှစ်ဦးနှစ်ဖက် ပျော်ပျော်ရွှင်ရွှင် ပြောဆိုကြရန် သာရှိသည်။ ထိုသို့ပြောဆိုခြင်းကြောင့် စကားထစ်သည့်ကိစ္စကို မဖြေရှင်းနိုင် သော်လည်း စကားပြောကောင်းသူတစ်ယောက် ဖြစ်နိုင်ရမည်။ မိမိနှင့် စကား ပြောဆိုနေသည့်သူ၏ လေးစားမှုကို ရရှိနိုင်သည်။

# ဆက်ရန်ရှိ

image

*ရွေးကောက်ပွဲ ဒီမိုကရေစီတွင် သတိပြုစရာအချို့

ရွေးကောက်ပွဲ ကျင်းပခြင်းကို အကြောင်းပြု၍ ဒီမိုကရေစီဟု ဆိုကြမည့်အခါ ပထမဆုံး သတိပြုရန်က အာဏာ ကိုင်တွယ် သုံးစွဲမည့် အဓိက ရာထူးကြီးများ အားလုံးအတွက် ရွေးကောက်ပွဲဖြင့် ရွေးချယ် ခန့်အပ်ခြင်း ဟုတ် မဟုတ်ဟူသော အချက်ဖြစ်သည်။
ထုံးစံအားဖြင့်တော့ တိုင်းပြည်နှင့်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒအရပ်ရပ်ကို ရွေးချယ် ချမှတ်မည့် ဥပဒေပြုလွှတ်တော်အမတ်များကို ရွေးကောက်ပွဲများမှသာ တင်မြှောက်ရသည်။
ထို့ပြင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏ အကြီးအကဲဖြစ်သည့် သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်အားလည်း ပြည်သူတို့က တိုက်ရိုက် ရွေးကောက်ခြင်း သို့မဟုတ် ပြည်သူ့ ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်ခြင်းပြုရသည်။ ထို့ကြောင့် ရွေးကောက်တင်မြှောက်ရာတွင် ဒီမိုကရေစီ စံချိန် မပြည့်သော အနေအထားများ မဖြစ်ပေါ်စေရန်နှင့်အကယ်၍ ဖြစ်ပေါ်လာပါက ယင်းတို့ကို ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ ကန့်ကွက်ခြင်း၊ ပြောင်းလဲ ပြင်ဆင်အောင် တွန်းအား ပေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် လွတ်လပ်စွာ ပြောဆိုခြင်း အပါအဝင် ပြည်သူ့ လွတ်လပ်ခွင့်များ ပြည့်ဝဖို့ လိုသည်ဟု ဆိုကြခြင်းဖြစ်သည်။

#ဆက်ရန်ရှိ

ကုသိုလ် အကုသိုလ်ကံ ဆိုသည်မှာ
အခု ငရုတ်သီးစား၊
အခုစပ်တာမျိုး မဟုတ်ဘူး။
သစ်ပင် စိုက်တာ လိုပဲ ……
ဒီကနေ့စိုက်၊ ဒီကနေ့ပွင့်၊
ဒီကနေ့သီးမှာ မဟုတ်ဘူး။
"အချိန်အခါ" ဆိုတာရှိတယ်။
ကံတရားလည်း ထို့အတူပဲ။
တစ်ခါတစ်ရံကျတော့
လူတွေက မျက်စိလည်တတ်တယ်။
"ကောင်းတာလုပ်နေလျက် နဲ့
မကောင်းတာတွေ ဖြစ်တယ်၊
မကောင်းတာတွေ လုပ်နေလျက်နဲ့
ကောင်းပြီးတော့ ကြီးပွားတိုးတက်နေကြတယ်"
ဆိုတာတွေကို ကြည့်ပြီးတော့ ……
မကောင်းတာတွေလုပ်ပြီး
ကြီးပွားတိုးတက်တယ်လို့
ထင်ချင် ထင်နေတတ်တယ်။
ကောင်းစားနေခြင်းသည် တစ်ချိန်က
ကောင်းခြင်းရဲ့အကျိုးတရားတွေကို
ခံစားနေ ရ တာ။
မကောင်းစားခြင်း သည် တစ်ချိန်က
မကောင်းခဲ့တာ တွေကြောင့်
အကျိုးခံနေရတယ်လို့ ဒီလိုနားလည်ရမယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ...🙏🙏🙏

image
Kyaw Zaw changed his profile picture
35 w

image

image
35 w - Translate

တာ့တာ

image