Clayface ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ပြန်ရေးနေတယ်လို့ သိရ
လက်ရှိမှာ Clayface ရုပ်ရှင်အတွက် The Haunting of Hill House ရဲ့ Mike Flanagan ရေးထားတဲ့ ဇာတ်ညွှန်းကို အခုတစ်ခါ အခြားစာရေးဆရာတစ်ယောက်ကို လွှဲပေးပြီး အသစ်ပြန်ရေးခိုင်းနေပြီလို့သိရပါတယ်။
TheWrap ရဲ့ ဖော်ပြချက်အရ Screenwriter တစ်ယောက်ဖြစ်တဲ့ Hossein Amini က အခု DC Studios အတွက် Clayface ဇာတ်ညွှန်းကို ပြန်ရေးမယ်လို့ သိရပါတယ်။ Amini ကတော့ 2011 မှာ Ryan Gosling သရုပ်ဆောင်တဲ့ ဂန္တဝင်ရုပ်ရှင် Drive ရဲ့ ဇာတ်ညွှန်းနဲ့ လူသိများပြီး၊ 1997 မှာ The Wings of the Dove ရုပ်ရှင်အတွက် အကောင်းဆုံး Adapted Screenplay ဆုအတွက် အော်စကာဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒီသတင်းက တော်တော်လေး အံ့အားသင့်စရာပါ။ ပြီးခဲ့တဲ့နှစ်က Horror ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Flanagan က Clayface အတွက် ဇာတ်ညွန်းရေးသားနေတယ်လို့ Twitter ကနေ ကြေညာခဲ့ပါတယ်။
ဒီ ရုပ်ရှင်က Horror၊ thriller နဲ့ Drama ဆန်ဆန် ဖြစ်လာမယ်လို့ သိထားပေမယ့်၊ အခု ဇာတ်ညွှန်းအသစ် အစက ပြန်ရေးမယ့် သတင်းအရတော့ Flanagan အတိုင်း ဆက်သွားမလား၊ သူကလည်း ဒီ ထုတ်လုပ်မှုမှာပါဝင်နေသေးလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
DC Comic ထဲမှာ Clayface ဆိုတဲ့ ဇာတ်ကောင်ကို 1940 ဇွန်လမှာ စတင်မိတ်ဆက်ခဲ့ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ရူးသွပ်ခဲ့ရာကနေ နောက်ဆုံး ရာဇဝတ်သားဘဝကိုရောက်သွားတဲ့သူတစ်ယောက်က ထူးဆန်းတဲ့ ရွှံ့စေးလိုမျိုး ပစ္စည်းနဲ့ ဖွဲ့စည်းထားတဲ့အရာနဲ့ ထိမိပြီး Batman ရဲ့ အဓိက Villain တစ်ယောက်ဘဝကိုရောက်လာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Clayfaceရုပ်ရှင်ကိုတော့ အောက်တိုဘာလမှာ ယူကေမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားကြောင်းသိရပါတယ်။
DC Studios ကတော့ Clayface ရုပ်ရှင်ကို 2026 စက်တင်ဘာ 11 မှာ DCU Chapter One: Gods and Monsters ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုံတင်ပြသမှာ ဖြစ်ပါတယ်။

image

Return to Silent Hill ဆိုတဲ့ Silent Hill 2 ဂိမ်းကို အခြေခံထားတဲ့ ရုပ်ရှင်အသစ်ကို ရုံတင်ပြသဖို့ ပြင်ဆင်နေပါပြီ။
Cineverse ကုမ္ပဏီက ဒီရုပ်ရှင်ရဲ့ ဖြန့်ချိပိုင်ခွင့်ကို ရယူထားပြီး၊ ရုံတင်မယ့်ရက်ကို မကြာခင် ကြေညာမယ်လို့ပြောထားပါတယ်။ 2006 ခုနှစ်က Silent Hill ရုပ်ရှင်ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Christophe Gans က ဒီရုပ်ရှင်ကို ပြန်လည်ရိုက်ကူးမှာဖြစ်ပြီး၊ Jeremy Irvine နဲ့ Hannah Emily Anderson တို့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ Cineverse က ဒီရုပ်ရှင်ဟာ Konami ရဲ့ဂန္တဝင်ဂိမ်း Silent Hill 2 ကို “ပြန်လည်ရိုက်ကူးထားတဲ့” လက်ရာဖြစ်မယ်လို့ ပြောပြထားပါတယ်။
ရုပ်ရှင်ရဲ့အကျဉ်းချုပ်ကတော့ - “ဂျိမ်းစ်ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ ချစ်သူ မေရီနဲ့ အဆက်အသွယ် ပြတ်သွားလို့ စိတ်ဓာတ်ကျနေသူပါ။ ဒါပေမယ့် တစ်ရက်မှာ မေရီ ဆီက ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာခဲ့ပြီး သူ့ကို Silent Hill ဆီ ပြန်လာဖို့ခေါ်တဲ့အခါ အရင်က သူသိခဲ့တဲ့ မြို့လေးဟာ မကောင်းဆိုးဝါးတစ်ကောင်ကြောင့် ပြောင်းလဲနေတာကို တွေ့ရပါတယ်။ ဂျိမ်းစ်ဟာ မေရီကို အသည်းအသန် ရှာရင်း ကြောက်စရာ သတ္တဝါတွေနဲ့ ရင်ဆိုင်ရပြီး၊ မြို့မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတဲ့ အရာတွေကို ဖော်ထုတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် သူရှာဖို့ကြိုးစားလေလေ ဆိုးရွားတဲ့ အမှန်တရားတွေကို သိလာရပြီး၊ သူ့ရဲ့ တစ်ဦးတည်းသော ချစ်သူကို ကယ်ဖို့ ကြိုးစားရပါတော့တယ်။
Cineverse ရဲ့ အကြီးတန်း အရာရှိ Yolanda Macias က “ဒီရုပ်ရှင်ဟာ ဒေါ်လာ ဘီလီယံတန်ဖိုးရှိတဲ့ franchises တစ်ခုဖြစ်ပြီး၊ ပထမရုပ်ရှင် နှစ်ကားကလည်း ကမ္ဘာတစ်ဝှမ်း ရုံတင်ဝင်ငွေ ဒေါ်လာ ၁၅၆ သန်းရရှိခဲ့ကြပါတယ်။
ဒါရိုက်တာ Gans ကလည်း “Cineverse နဲ့ ပူးပေါင်းရတာ ဝမ်းသာပါတယ်။ သူတို့က ပရိသတ်တွေရဲ့ ခံစားချက်ကို တကယ်နားလည်တယ်။ Return to Silent Hill ဟာ Konami ရဲ့ ဂန္တဝင်လက်ရာ Silent Hill 2 ကို အခြေခံပြီး ရိုက်ကူးထားမှာဖြစ်ပါတယ်။ ပရိသတ်တွေ ဒီရုပ်ရှင်ကို သဘောကျပြီး ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ဒီလိုမျိုး ဂိမ်းနဲ့ နီးစပ်တဲ့ ရုပ်ရှင်ကို ရုံမှာ မြင်ရမှာမို့ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။

image

Neon က ထုတ်မယ့် Horror ရုပ်ရှင်အသစ်ကတော့လက်ရှိမှာ သုံးသပ်ချက် ၄၆ ခုနဲ့ Rotten Tomatoes မှာ ၁၀၀% ရမှတ်ရရှိထားပါတယ်။
ရုံတင်မည့်ရက် - သြဂုတ် ၁ ရက်

image
1 y - Translate

Tattoo ideas

image
1 y - Translate

Tattoo ideas

image
1 y - Translate

Tattoo ideas

image
1 y - Translate

Tattoo ideas

image
1 y - Translate

Tattoo ideas

image
image
image
image
1 y - Translate

အောင်မြင်တဲ့ အဆိုတော်၊ သရုပ်ဆောင်ဘဝကို စွန့်လွှတ်ပြီး ဘုရားရိပ်၊ တရားရိပ်မှာ ခိုလှုံနေတဲ့ ဆရာလေး ဒေါ်နန္ဒမာလာ(သရုပ်ဆောင် တင့်တင့်ထွန်း) ဟာ ကျန်းကျန်းမာမာရှိနေကြောင်း မိတ်ကပ်ကိုမာက လက်ရှိ ဓါတ်ပုံနဲ့ မျှဝေလာပါတယ်။

image
1 y - Translate

သားအကြီးလေးကြောင့် ယောက္ခမတော်ချင်သူတွေများနေတဲ့ သရုပ်ဆောင်မျိုးစန္ဒီကျော် 😍❤️
မေမေ မျိုးစန္ဒီကျော်

image