"လာမယ့်ရက်ပိုင်းအတွင်း ကမ္ဘာ့မြေပေါ်ကို ပြန်လည်ကျရောက်လာမယ့် ဆိုဗီယက်ဂြိုလ်တုတစ်လုံး"
၁၉၇၂ ခုနှစ်တုန်းက Venus ဂြိုလ်ပေါ်ကို ရောက်အောင် လွှတ်တင်ဖို့ ကြိုးစားခဲ့ပြီးမအောင်မြင်ခဲ့ပဲ ကမ္ဘာ့ပတ်လမ်းအတွင်းမှာ ကျန်ရစ်နေခဲ့တဲ့ ဆိုဗီယက် ဂြိုလ်တုတစ်လုံးဖြစ်တဲ့ Kosmos 482 ဟာ လာမယ့် မေလ ၉ရက်နဲ့ ၁၀ရက်နေ့ အတွင်းမှာ ကမ္ဘာ့မြေပြင်ပေါ်ကို ပြန်လည်ကျရောက်လာမှာ ဖြစ်ပါတယ်။
Kosmos 482 ဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲကာလ ရေချိန်အမြင့်ဆုံးအချိန် အာကာသပြိုင်ပွဲ (space race ) လို့ လူသိများတဲ့ အမေရိကန်နိုင်ငံ နဲ့ ဆိုဗီယက်နိုင်ငံတို့ နှစ်နိုင်ငံ နည်းပညာတိုးတက်မှုပေါ်ကို အခြေခံတဲ့အားစမ်းမှုပြိုင်ပွဲတွေထဲက ရလဒ် တစ်ခုဖြစ်ပါတယ်။
ကမ္ဘာနဲ့ ပျှမ်းမျှ မိုင်ပေါင်း ၄၅ သန်းကျော်ကွာဝေးတဲ့ Venus ဂြိုလ်ပေါ်ကို လွှတ်တင်ဖို့ ရည်ရွယ်ခဲ့တဲ့ ဒီဂြိုလ်တုဟာ ၁၉၇၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး သူ့ရှေ့က Venus ဂြိုလ်ပေါ်ကို ရောက်အောင်သွားနိုင်ခဲ့တဲ့ Venera 7 mission ရဲ့နောက်ဆက်တွဲ အဖြစ်လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် Kosmos 482 က လွှတ်တင်ပြီးပြီးချင်းမှာပဲ ပထမအဆင့်မှာတင် အမှားအယွင်းဖြစ်ခဲ့ပြီး ကမ္ဘာ့ရဲ့ escape velocity ကို လွတ်ထွက်ဖို့ လုံလောက်တဲ့ အလျင်ကို မရနိုင်ခဲ့တာကြောင့် အခုလို နှစ်ပေါင်း ၅၀ကျော်လောက် ကမ္ဘာ့ ပတ်လမ်းကြောင်း 10000 ကီလိုမီတာ အကွာထဲမှာရှိနေခဲ့ပါတယ်။ဒီလိုရှိနေတာက နေ ကမ္ဘာ့ဆွဲငင်အားကြောင့် တဖြေးဖြေး ကမ္ဘာနဲ့ အခုရက်ပိုင်းတွေမှာ ပြန်လည်နီးကပ်လာတာဖြစ်ပါတယ်။
ကမ္ဘာ ထက် လေထုဖိအားကော အပူချိန် ကော ပိုမိုများပြားတဲ့ Venus ဂြိုလ်ပေါ်ဆင်းသက်နိုင်ဖို့ရည်ရွယ် တည်ဆောက်ထားတာမို့ ကမ္ဘာပေါ်ကို ပြန်လည်ပြုတ်ကျ လာချိန်မှာ Kosmos 482 ဟာ အပျက်အစီးမရှိသလောက် အနေအထားနဲ့ ကမ္ဘာ့မျက်နှာပြင်ပေါ်ကို ပြန်လည်ဆင်းသက်လာမှာဖြစ်ပါတယ်။
Venus ဂြိုလ်ပေါ်မှာ ကမ္ဘာ့လေထုဖိအားထက် အဆ၉၀လောက်များပြီး မျက်နှာပြင်အပူချိန်က ၄၈၀°C လောက်ရှိတာမို့ နေအဖွဲ့အစည်းအတွင်းမှာ အပူဆုံးဂြိုလ်တစ်လုံးဖြစ်ပါတယ်။Kosmos 482 ကို Venus ဂြိုလ်မျက်နှာပြင်ပေါ်ရောက်ရှိနိုင်အောင်တည်ဆောက်ထားတာပါ။
ပြန်လည်ကျရောက်လာမယ့် Kosmos 482 ဂြိုလ်တုအပိုင်းအစက ပေါင် ၁၀၀၀ နီးပါးလေးပြီးအရွယ်အစားက ကားငယ်တစ်စီးစာလောက်ရှိပါတယ်။
ဒါပေမယ့် အခုလို ဂြိုလ်တုတစ်လုံးကမ္ဘာ့အတွင်းဘက်ကို ပြန်လည်ချဉ်းကပ်လာမှုဟာ အောက်မှာရှိတဲ့ လူတွေနဲ့ မြို့ပြအဆောက်အအုံတွေပေါ်ကျရောက်မယ့် အနေအထား စိုးရိမ်စရာအခြေအနေတော့ မဟုတ်ပါဘူး။
ကမ္ဘာ့မျက်နှာပြင် ဟာ ၇၀% ခန့်ကို ရေထု ကဖုံးလွမ်းထားတာရယ်ကျန်ရှိတဲ့ ကုန်းမြေမှာလည်း မြို့ပြအဆောက်အဦးလူနေအိမ်ခြေများ မရှိတဲ့ သဲကန္တာရများ လွင်ပြင်များစွာလည်း ရှိနေသေးတာမို့ Kosmos 482 ပြန်လည်ဝင်ရောက်လာရင်လည်း မြိို့ပြအဆောက်အဦးများနဲ့ တိုက်မိဖို့ရာခိုင်နှုန်းဟာ ၁ : ၁၀၀၀၀ လောက်ပဲရှိပါတယ်။
Kosmos 482 ရဲ့ အပိုင်းအစတွေ ကမ္ဘာပေါ်ကို ပြန်လည်ကျရောက်လာတာလည်း အခုမှ မဟုတ်ပါဘူး။
သူ့ကို လွှတ်တင်ပြီး နှစ်ရက်အကြာမှာ နယူးဇီလန်နိုင်ငံ ရဲ့ မြို့ပြင်တစ်နေရာ ကလယ်ကွက်တစ်ခုထဲကို Kosmos 482 ရဲ့ အပိုင်းအစတစ်ချို့ဟာ ပြန်လည်ကျရောက်ခဲ့ဖူးပါတယ်။ဒါကို space law အရ ဆိုဗီယက်နိုင်ငံက ပြန်လည်ရယူရမှာဖြစ်ပေမယ့် နယူးဇီလန်နိုင်ငံမှာပဲ ချန်ရစ်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း Space X ကုမ္ပဏီ ရဲ့ falcon X rocket ဟာ လေထုအတွင်းပေါက်ကွဲပျက်ဆီးပြီး ဘာဟားမားကမ်းခြေတစ်နေရာထဲကိုသူရဲ့ အပျက်အဆီးစတွေပြုတ်ကျ ခဲ့ဖူးပါသေးတယ်။
အာကာသ သိပ္ပံတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ ကမ္ဘာ့မြေပေါ်မှာတည်ရှိတဲ့ လူသားတွေ အကျိူးစီးပွားမထိခိုက်ရအောင် လာမယ့်နှစ်ပိုင်းများအတွင်းမှာ လေ့လာရေးဂြိုလ်တုများအသစ် ထပ်မံလွတ်တင်တဲ့ အခါ ဂြိုလ်တုများ mission သက်တမ်းကုန်သွားချိန် မှာ ကမ္ဘာ့မြေပြင်ပေါ်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်လည်ဆင်းသက်နိုင်အောင် ဆောင်ရွက်ဖို့ ကမ္ဘာမြေရဲ့ သဘာဝပတ်ဝန်းကျင်လေ့လာထိန်းသိမ်းသူများကလည်း တောင်းဆိုလျက်ရှိကြပါတယ်။
လောလောဆယ် ကမ္ဘာပတ်လမ်းထဲမှာ လူသားအကျိုးပြုလုပ်ငန်းများရာသီဥတုလေ့လာရေး mission များကိုဆောင်ရွက်နေကြတဲ့ satellite ဂြိုလ်တုများ ၁၀၀၀၀ ခန့်ရှိပါတယ်။
ဒီဂြိုလ်တုတွေ ကြောင့်လူသားတွေ လက်ငင်း အကျိူးကျေးဇူးရရှိတာမှန်ပေမယ့် မြေပြင်အခြေစိုက်အာကာသလေ့လာရေးစခန်းတွေကတစ်ဆင့် ကြယ်တွေနဲ့ Galaxies များကိုလေ့လာတဲ့ အာကာသလေ့လာရေး စီမံကိန်းများအတွက်တော့ light pollution အနှောက်အယှက်တစ်ခုဖြစ်နေခဲ့တာ နှစ်ချီကြာမြင့်နေခဲ့ပါပြီ။
ဒါကြောင့်မို့ ဒီပြဿနာတွေက ကင်းလွတ်အောင် Hubble နဲ့ JWST လို တယ်လီစကုတ်များကို ကမ္ဘာ့မြေပြင်နဲ့အဝေးမှာထားရှိတည်ဆောက်ထားကြရပါတယ်။
အာကာသထဲမှာ တစ်စထက်တစ်စတိုးပွားလာနေတဲ့ လူသားတွေရဲ့စူးစမ်းလေ့လာရေးစီမံကိန်းတွေဆီက အာကာသအမှိုက်များဟာလည်း နောက်ထပ် ဖြေရှင်းစရာ စိန်ခေါ်ချက်တစ်ခုအဖြစ်တည်ရှိနေပါသေးတယ်။
Kosmos 482 ကပြန်လည်ချဉ်းကပ်လာမယ့် ကိစ္စက လောလောဆယ်စိုးရိမ်စရာမဟုတ်ပေမယ့် တစ်စထက်တစ်စ တိုးပွားလာနေမယ့် အာကာသအမှိုက်ပြဿနာတွေကိုကော ပြေလည်အောင်လာမယ့်အနာဂတ်ကာလမှာ လူသားတွေအနေနဲ့ ဖြေရှင်းနိုင်မလားဆိုတာကတော့.....။

imageimage
1 y - Translate

ဒီဇာတ်လမ်းကလည်း အရုပ်လေးတစ်ရုပ်ကနေ စတင်လာခဲ့တဲ့ ကြောက်မက်ဖွယ် ကျိန်စာသင့် ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။

ဆာရာ ဆိုတဲ့ ကောင်မလေးတို့ မိသားစုက မြို့လေးတစ်မြို့ဆီကို ပြောင်းရွှေ့လာကြတဲ့ လူသစ်တွေပါ။ နေရာအသစ် ကျောင်းအသစ်မှာ ဆာရာ့
အတွက် တစ်ဦးတည်းသောအဖော်က ရေဘက်ကာဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါပဲ။

တစ်ရက်မှာတော့ ဆာရာတို့ သူငယ်ချင်းနှစ်ယောက် တခြားမြို့က ကလပ်တစ်ခုဆီ သွားပျော်ခဲ့ကြတယ်။ အပြန်လမ်းမှာတော့ ကလပ်မှာတွေ့ခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ကားကို လိုက်စီးကြရင်း တောလမ်းတစ်နေရာစီ အရောက်မှာတော့ ဝတ်စုံဖြူဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိမလို ဖြစ်သွားခဲ့တယ်။

သူတို့တွေ ကားပေါ်ကနေ ဆင်းပြီး ရှာကြတဲ့အချိန်မှာတော့ ကောင်မလေးအစား အရုပ်လေးတစ်ရုပ်ကိုပဲ တွေ့ခဲ့ကြရတယ်။ မြို့ခံကောင်လေးတွေက
တော့ ဒီအရုပ်ရဲ့ ရာဇဝင်ကို သိထားကြပေမဲ့ ဆာရာကတော့ မသိခဲ့ပါဘူး။

ဒီလိုနဲ့ ဆာရာတစ်ယောက် အဲဒီအရုပ်လေးကို အိမ်ကိုသယ်လာခဲ့ပြီး နောက်
ပိုင်းမှာတော့…….။

အရုပ်ဆိုရင် မြင်တောင်မမြင်ချင်တဲ့အထိ ဖြစ်စေဦးမှာပါ။

The Communion Girl (2023)

image
1 y - Translate

" Black Full Moon " (2017)

ဇာတ်လမ်းအကျဉ်း

မင်းသမီးအဖြစ်- အိုလစ်
(Olive Thitichaya Chiwpreecha)
မင်းသားအဖြစ်- ဖလုက် / ဂျောပ်
(Fluke Pongsapat Kankam)
(Job Thuchapon Koowongbundit)

ဒီတစ်‌ခါဇာတ်လမ်းလေးကတော့ရနောင်းမြို့မှာရှိတဲ့အထင်ကရနေရာအဖြစ်မြို့ခံတွေသတ်မှတ်ထားတဲ့စွန့်ပစ်နေရာတစ်ခုမှာ တက်သစ်စလူငယ်အဖွဲ့ကလီရန်တစ္ဆေစိန်ခေါ်ခြင်းကအစီစဉ်ရိုက်ကူးဖို့အတွက် သွားရောက်ကြတာဖြစ်ပါတယ်။

ခေတ်ကာလအခြေနေမ‌ကောင်းတဲ့အပေါ်မှာသူတို့ကိုအလုပ်လာအပ်တဲ့ဒီပရောဂျက်ကြီးကိုဒီလူငယ်တစ်စုကလက်ခံခဲ့တာပါ။အင်တာနက် ပေါ်မှာလည်းနာမည်ကြီးချင်တယ်ဖော်လိုဝါလည်းလိုချင်တဲ့ဒီလူငယ်တစ်စုဟာဒီကင်းထောက်စခန်းတောထဲမှာစိန်ခေါ်လိုက်တဲ့တစ္ဆေသရဲတွေကို‌တွေ့ရမလားဒါမှမဟုတ်သူတို့အားလုံးမထင်မှတ်ထားတဲ့အရာနဲ့ကြုံပြီးတောထဲကနေထွက်လာနိုင်မလားဆိုတာ
#crd

image
1 y - Translate

Thailand & Vietnam are Roommates
Asia zone အတွက် အလားအလာ ကောင်းတဲ့ ၂ ယောက်က အခန်းဖော်တွေ ဖြစ်ကုန်ကြပြီ
၂ ယောက်ထဲက ဘယ်သူက ရလဒ်ပိုကောင်းသွားမလဲ ?

image

BACK WORKOU

How tk get big boulder shoulders 101

1 y - Translate

ဟင်းနုနွယ် စိုက်ပျိုးနည်း
🌿🌿🌿🌿🌿🌿🌿🌿🌿
၁။ မူရင်းဒေသ
အာရှနှင့် အာဖရိကအပူပိုင်းဒေသများတွင် စတင်ပေါက်ရောက်ခဲ့သည်ဟု ယူဆရပါသည်။
မြန်မာအမည်မှာ ဟင်းနုနယ် (Amaranth) ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amarantus gargeticus ဖြစ်သည်။ Amaranthaceae မျိုးရင်းတွင် ပါဝင်သည်။
၂။ အမျိုးအစား
ဟင်းနုနယ်အမျိုး (၂) မျိုးရှိပြီး ၊ တစ်မျိုးမှာ အနီရောင်ဖြစ်ပြီး ကျန်တစ်မျိုးမှာ အစိမ်းရောင်ဖြစ်သည်။ အစေ့အရောင်- အနီရောင်မျိုးသည် အစေ့ အရောင်ဖြူပြီး၊ အစိမ်းရောင်မျိုးသည် အစေ့အရောင်နက်သည်။
၃။ စိုက်ပျိုးသည့်ဒေသ
ဟင်းနုနယ်သည် ပူနွေးသောရာသီကို ကြိုက်နှစ်သက်သဖြင့် မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် အောက်မြန်မာပြည်အနှံ့အပြား စိုက်ပျိုးသည်။
၄။ ရေမြေရာသီဥတု
ဟင်းနုနယ်သည် ရေစီးရေလာကောင်းပြီး၊ မြေဩဇာဓာတ် အသင့်အတင့်ရှိသောမြေတွင် စိုက်ပျိုးဖြစ်ထွန်းပါ သည်။ ဆားပေါက်သော မြေမှလွဲပြီး၊ သဲနှုန်းမြေ ၊ နှုန်းစနယ်နှင့် မြေနက်များတွင် စိုက်ပျိုးလို့ရသည်။
၅။ မြေပြုပြင်နည်း
ထွန်ရေးကောင်းစွာရစေဖို့ မြေပြင်ပြီးနောက်မှာ အလျားပေ (၂၀) ၊ အနံ (၃၀) ၊ အမြင့်(၁)ပေ ရှိ စိုက်ဘောင်များ ပြုလုပ်ပေးရမည်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
၆။ မြေဩဇာကျွေးနည်း
ဟင်းနုနယ်စိုက်ပျိုးဖို့အတွက် နွားချေးလှည်း (၁၀-၁၅) စီး နှင့် ယူရီးယားဓာတ်မြေဩဇာတစ်ဧက (၂၂၄) ပေါင် နှုန်းနှင့် တီစူပါ (၁၁၂) ပေါင်နှုန်း၊ ပိုတက်ရှ်မြေဩဇာ (၂၈) ပေါင်နှုန်း ထည့်ပေးသင့်သည်။ ဓာတ်မြေဩဇာကို ထည့်ပေးရာတွင် စိုက်ဘောင်ရှိမြေနှင့် သမအောင်ရောပြီးမှ စိုက်ပျိုးသင့်သည်။
၇။ စိုက်ပျိုးနည်း
ဟင်းနုနယ်ကို မျိုးစေ့မှ တိုက်ရိုက်စိုက်ပျိုးရသည်။ မိုးတွင်းဆို မေ၊ ဇွန်လ များမှာ စိုက်ပျိုးနိုင်ပြီး ဆောင်းတွင်းဆို အောက်တိုဘာလ နှင့် နိုဝင်ဘာလ များမှာ စိုက်ပျိုးနိုင်သည်။ စိုက်ဘောင်များတွင် စိုက်တန်း တစ်တန်းနှင့် တစ် တန်း(၉) လက်မ ခြားပြီး၊ တန်းများကို ဆွဲပေးပါ။ စိုက်ကြောင်းဆွဲပေးပြီးနောက်၊ မြေသားတိမ်တိမ် ဖုံးပေးပါ ။ အပင်ငယ်များ ပေါက်လာပြီးနောက် တစ်ပင်နှင့် တစ်ပင် (၆)လက်မ ခြားရှိနေရန် လက်ဖြင့် ကြားခွဲ ပေး ပါ။
၈။ ရေသွင်းနည်း
မိုးတွင်းစိုက်သော အခင်းများတွင် မိုးမပြတ်ပါက ရေသွန်းပေးရန်မလိုပဲ ဆောင်းတွင်းအတွက်မှာ လိုအပ်သည့် အချိန်တွင် ပန်းကရားဖြင့် (သို့မဟုတ်) စိုက်ဘောင်ကြားအတွင်း ရေလွှတ်ပေးခြင်းဖြင့် ရေပေးနိုင်သည်။ ရေသွင်းပါက စိုက်ဘောင်၏ (၀.၇၅) သာရေလွှတ်ပေးရန်လိုပါသည်။
၉။ အပင်ပြုစုနည်း
အပင်များကြပ်လွန်းပါက အပင်ငယ်စဉ် မှုန်းပေးရန် လိုပါသည်။ ပေါင်းရှိပါက ပေါင်းကို နှိမ်ပါ။ ပေါင်းလိုက်ရာတွင် အပင်များမနာရန် ဂရုစိုက်ပါ။
၁၀။ ရိတ်သိမ်းနည်းနှင့်အထွက်နှုန်း
ဟင်းနုနယ်ကို စိုက်ပြီး (၃)ပတ် (၄)ပတ် ရှိသောအခါ စတင်ဖြတ်တောက်ရိတ်သိမ်းနိုင်သည်။ အပင်ခြေရင်းမှ ဓား နှင့်ဖြတ်ယူပြီး ရိတ်သိမ်းနိုင်သည်။ တစ်ဧက ဟင်းနုနယ်(၇၀-၈၀) ကီလိုဂရမ် အထိ ထွက်နိုင်ပါသည်။
၁၁။ မျိုးစေ့ထုတ်နည်း
ဟင်းနုနယ်အပင်များကို မရိတ်ဘဲထားပါက အပင်များပန်းပွင့်လာပြီး တဖြည်းဖြည်း အစေ့တည်ကာ အပင်လဲကျလာသည်။ အဲ့အချိန်မှာ ဟင်းနုနယ်ပင်ထိပ်ပိုင်းကအနှံကို ဖြတ်ယူပြီး အနှံများကို ခါချပါက အစေ့များရမည်။ အစေ့များကို တစ်နေလှမ်းပြီး ပုလင်းတွင်ထည့်ကာ သိုလှောင်ထားနိုင်သည်။
ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန

image
1 y - Translate

ခရစ်ရှနားရယ်✨🌹
ညိုပြီးဖြာနေအောင် လှတာကွယ်
World stage ပေါ်မှာ သူမ ဘယ်လောက်တောက်ပမလဲ👑🇵🇭
#roadtomissworld2025

image
1 y - Translate

ခရစ်ရှနားရယ်✨🌹
ညိုပြီးဖြာနေအောင် လှတာကွယ်
World stage ပေါ်မှာ သူမ ဘယ်လောက်တောက်ပမလဲ👑🇵🇭
#roadtomissworld2025

image
1 y - Translate

ခရစ်ရှနားရယ်✨🌹
ညိုပြီးဖြာနေအောင် လှတာကွယ်
World stage ပေါ်မှာ သူမ ဘယ်လောက်တောက်ပမလဲ👑🇵🇭
#roadtomissworld2025

image