Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စစ်ကိုင်းတိုင်းအထက်ပိုင်း မြန်မာပြည်ထုတ် ဘိလပ်မြေနဲ့စက်သုံးဆီ အဆမတန် ဈေးမြင့်နေလို့
အိန္ဒိယဘိလပ်မြေနဲ့ စက်သုံးဆီကို သုံးစွဲနေရ
ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီးနဲ့ နာဂတောင်တွေမှာ ပြည်မကလာတဲ့ ဘိလပ်မြေနဲ့ စားသောက်ကုန်စျေးတွေ အဆမတန်မြင့်တက်လာမှု့ကြောင့် အိန္ဒိယ နိုင်ငံနယ်စပ် နှောက်လှခရိုင်ကနေ တဆင့် နာဂတောင်တန် ခန္တီး ၊လဟယ် နဲ့ ဟုမ္မလင်း ကိုသယ်ယူရောင်းချနေတယ်လို့ ဒေသခံတွေက ေပြာပါတယ်။
စစ်ကိုင်းအထက်ပိုင်းကို စက်သုံးဆီသယ်ခွင့်ပိတ်ပင်တာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဂိတ်ကြေးတွေများတာကြောင့် အဆမတန်စျေးမြင့်တဲ့ အကြောင်း မော်တော်ပိုင်ရှင်တယောက်ပြောတာက
"ဘိလပ်မြေတွေဆို ဟုမ္မလင်း အထက်ဘက် ဒေသကာကွယ်ရေးအဖွဲ့ေတွက နစက အဖွဲ့ဆီမရောက်အောင် ရွှေပြည်အေးဂိတ်ကနေပိတ်တာ စစ်တပ်ဂိတ်တွေက အပြန်လှန်ပိတ်တာတွေရှိတယ်။ လက်တွေ့မှာ ဘိလပ်မြေဟာ ပြတ်တောက်မှုမရှိပေမယ် စီးပွားရေးသမားတွေရဲ့ လက်ဝါးကြီးအုပ်စျေးတင်ရောင်းလို့ မတရားတက်နေတာ" လို့ ပြောပါတယ်။
မန္တလေးမှာ ဘိလပ်မြေတအိတ် တသောင်းခုနှစ်ထောင်က နာဂဒေသမှာ တသိန်းစျေးပေးနေရပြီးဝယ်ရခက် ေတာ့ အိန္ဒိယဘိလပ်မြေက ရှစ်သောင်း လိုသလောက်လွယ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် စျေးချိုတဲ့ အိန္ဒိယ ဘိလပ်မြေကို ဝယ်သုံးနေကြတာပါ။
ဒေသခံ ကုန်သည်က မုံရွာ ကနေ ခန္တီးထိ ကုန်မော်တော်တွေ သွားလာဖြတ်သန်းတဲ့အခါ ကြုံရတာတွေကို ပြောပြတာက
"NUG အဖွဲ့လက်အောက်ခံ ဒေသကာကွယ်ရေးအဖွဲ့ေတွရဲ့ နည်းလမ်းမျိုးစုံနဲ့ ငွေကြေးတောင်းဆိုတာတွေ ရွှေပြည်အေးမြို့ဂိတ်ရောက်ရင် စစ်ဒေသ(၁) ရဲ့ တားမြစ်ပစ္စည်းဆိုပြီး တားမြစ်တာ စစ်တပ်ဂိတ်တွေကိုလည်း ပေးရတာမို့ ကျန်ကုန်ပစ္စည်းတွေပါ စျေးနှုန်းမြင့်တက်လာတာ ဘိလပ်မြေတအိတ်အတွက် ဂိတ်တဂိတ်ကို ၅၀၀ ကနေ တထောင်ထိ ပေးရတယ်"
လက်တွေမှာ စက်သုံးဆီစျေးနှုန်းက မြန်မာစက်သုံးဆီဆို တပေပါ သိန်း၂၀ အထက် ဝယ်ယူချင်သလောက်ဝယ်မရဖြစ်နေပြီး အိန္ဒိယ စက်သုံးဆီဆိုရင် တပေပါ ကျပ်၁၀သိန်းကျော်ပဲ စျေးပေါက်နေတာကြောင့် အိန္ဒိယ စက်သုံးဆီကို အဓိကထား သုံးနေကြရကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒီလို စက်သုံးဆီအဆမတန်တက်တဲ့အတွက် အခြေခံစားကုန်တွေလည်း မြင့်လာတာမို့ ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းလာတယ်လို့ စစ်ကိုင်းအထက်ပိုင်းနေသူတွေက ပြောပါတယ်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ဖိလစ်ပိုင်ဒုသမ္မတ ငွေကြေးအရှုပ်တော်ပုံနှင့် ရင်ဆိုင်ရ
မနီလာ၊ ဒီဇင်ဘာ ၂၇
ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေး (Sara Duterte) သည် စွပ်စွဲပြစ်တင်သည့် တိုင်ကြားချက် ၃ ခုနှင့် ရင်ဆိုင်နေ ရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဆာရာဒူတာတေး၏ ရုံးဌာနများသည် လျှို့ဝှက်ရန်ပုံငွေများထဲမှ ဒေါ်လာ ၁၀ သန်းကျော်ကို လူသိများထင်ရှား သည့် မုန့်ဆိုင်များနှင့် စားသောက်ဆိုင် နာမည်များကို အသုံးပြုပြီး အမည်လွှဲများဖြင့် ငွေလွှဲခဲ့သည်ဆိုသည့် စွပ်စွဲမှုများကို တာဝန်ခံရန် ဆာရာဒူတာတေးက ငြင်းဆိုခဲ့သည်။
ထိုအရှုပ်တော်ပုံသည် အစိုးရ၏ အသုံးစရိတ်များနှင့် ပတ်သက်ပြီး ကြီးကြပ်မှု အားနည်းခြင်းနှင့် စိုးရိမ်စရာ ကောင်းသည့် အခြေအနေကို ပြသရာရောက်ခဲ့သည်။
ယခုလအတွင်း အရပ်ဖက် အဖွဲ့အစည်းများ၊ လက်ဝဲယိမ်း တက်ကြွလှုပ်ရှားသူများ၊ ခရစ်ယန်ဘုန်းတော်ကြီးများနှင့် ရှေ့နေများက တင်သွင်းသည့် စွပ်စွဲပြစ်တင်မှု တိုင်ကြားစာများတွင် ဆာရာဒူတာတေးသည် အမည်လွှဲများ အသုံးပြုပြီး ငွေလွှဲခဲ့သည့် ဖြစ်စဉ်များအတွက် တာဝန်ယူရန် ငြင်းပယ်နေကြောင်း စွပ်စွဲခဲ့သည်။
ပြီးခဲ့သည့်လက နိုင်ငံတော် စာရင်းစစ်များ၏ ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကြား ဒုတိယသမ္မတရုံး (OVP) နှင့် ပညာရေးဝန်ကြီးဌာနတို့သည် လျှို့ဝှက်ရန်ပုံငွေ ဖိလစ်ပိုင် ပီဆို ၆၁၂ ဒသမ ၅ သန်း (ဒေါ်လာ ၁၀ ဒသမ ၅ သန်း) ကို သုံးစွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဆာရာဒူတာတေးသည် ယခုနှစ် ဇွန်လက ပညာရေးဝန်ကြီးဌာန၏ ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။
ထိုရုံး ၂ ရုံးစလုံးက ရာနှင့်ချီသည့် လူများကို များပြားသည့် ချက်လက်မှတ်များ ထုတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် လူတစ်ဦးချင်းစီ၏ အမည်များကို အသုံးပြုပြီး လက်မှတ် ရေးထိုးထားသည့် ငွေရရှိကြောင်း ပြေစာ အထောက်အထားများကို ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုပြေစာများထဲတွင် ပါဝင်သည့် လူနာမည်များမှာ မုန့်ဆိုင်များနှင့် စားသောက်ဆိုင် နာမည်များဖြင့် ဆင်တူနေသဖြင့် လွှတ်တော်စုံစမ်းစစ်ဆေးသူများက မေးခွန်းထုတ်နေကြသည်။
ဥပမာအားဖြင့် ဆာရာဒူတာတေး၏ ရုံးများက ထုတ်ပြန်ခဲ့သည့် ပြေစာများတွင် ငွေလက်ခံရရှိသူ တစ်ဦးဖြစ်သည့် မေရီဂရေ့စ် (Mary Grace) ဆိုသည့် အမည်သည် ဖိလစ်ပိုင်တွင် နာမည်ကြီးသည့် ကော်ဖီဆိုင် အမည်ဖြစ်သည်။
ထို့ပြင် Piattos ဆိုသည့် လူအမည်သည် ဖိလစ်ပိုင်၏ အာလူးကြော် အမှတ်တံဆိပ်ဖြစ်ကာ ထိုအမည်ဖြင့် ဆေးဝါးများ ဝယ်ယူမှုအတွက် ပီဆို ၇၀,၀၀၀ လွှဲပေးထားသည်ကို တွေ့ရသည်။
ထို့ပြင် ချစ်ပီ မက်ဒေါ်နယ် (Chippy McDonald) ၊ ကားလို့စ် မီဂူရယ် အိုအိရှီ (Carlos Miguel Oishi ) ဆိုသည့် အမည်များသည် လူအမည်များထက် နာမည်ကြီး မုန့်များ၏ အမည်များနှင့် ပိုမိုဆင်တူနေသည်ဟုဆိုကာ ဝေဖန် သူများက ထောက်ပြခဲ့ကြသည်။
Source: South China Morning Post
ပုံ - ဆာရာဒူတာတေးကို တွေ့ရစဉ်
#centralnewsnaypyitaw
ဒီနေ့တော့ အတော်လေး သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ လူသ*-တ်ကား တစ်ကားကို ညွှန်းပေးချင်ပါတယ်။
ထမင်းစားရင်တော့ မကြည့်ပါနဲ့ သွေ*ထွ/က်သံယို
ရွံ/စရာတွေ ပါ၀င်ထားလို့ပါ ဒီရုပ်ရှင်က ဇာတ်လမ်း
ဆင်ထားတာ တော်တော်လေး Idea ကောင်းပြီး
ကြမ်းတယ်လို့ ပြောလို့ရပါတယ်။
ပုံမှန် လူသ*-တ်ကားတွေလို ဘယ်အချိန်မှာ
ဘယ်သူက *Thayတော့မယ်ဆိုတာ ခန့်မှန်းလို့
မရပဲ ဝုန်းဒိုင်းဆိုပြီး မထင်မှတ်ထားတဲ့
အချိန်မှာ ဘယ်သူမဆို *Thayသွားနိုင်တာကို
ပြထားတာ အတော်မိုက်ပါတယ်။
Horror Thriller ကောင်းကောင်း ရှာနေရင်
ကြည့်ရှုဖို့ Recommend ပေးပါတယ်။
***
ကားတစ်စီးနဲ့ ခရီးထွက်လာကြတဲ့ လူငယ်
တစ်အုပ်ဟာ ဟိုင်းဝေးလမ်းမကြီးပေါ်ကို
မောင်းနှင်လာရင်း ကားဘီး ပေါက်သွားခဲ့ပါတယ်။
အစပိုင်းမှာတော့ သာမန် ကားဘီးပေါက်တယ်ပဲ
ထင်ပြီး ဘီးအသစ်လဲဖို့ ပြင်ဆင်နေခဲ့ကြရင်း
မထင်မှတ်ထားစရာ တစ်ခုကိုတွေ့ခဲ့ကြပါတယ်။
ထိုအရာကတော့ ဘီးထဲကို ဖောက်၀င်နေတဲ့
ကျ/ည်-ဆံ ခွံ တစ်တောင့်ပါ။
နောက်တော့ သေ/ န-တ် သံ တစ်ချက် ထပ်ပြီး
ကြားလိုက်ရကာ ဘီးလဲဖို့ပြင်နေတဲ့
ကောင်လေးရဲ့ ခေါ/င်းကို မှန်သွားတဲ့ အခါမှာ
သူတို့အားလုံး သဘောပေါက်သွားကြပါပြီ။
လူ*Tတ် သမားဟာ အဝေးကနေ သူတို့ကို
စ-နိုင်-ဘာ-နဲ့ ချိန် ပြီး ဖြုတ်နေတာဖြစ်ကာ သူတို့
မှာကလည်း ပုန်းစရာနေရာဆိုလို့ ကားပဲရှိတယ်
နောက်ထပ် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ
ရင်တထိတ်ထိတ် ဆက်ကြည့်ရမှာပါ။
#horrormovie