#ခြေဖနောင့်နာခြင်းအတွက်လက်တွေ့အစွမ်းထက်သဘာဝဆေးနည်းတစ်လက်
ယခုဖော်ပြပေးသွားမှာကတော့ ခြေဖနောင့်နာခြင်းအတွက်
မိမိကိုယ်တိုင် အိမ်မှာနေရင်း လုပ်လို့ရတဲ့ အစွမ်းထက်ဆေးနည်း တလက်ဖြစ်ပါတယ်။
အဆင့်(၁)
°°°°°°°°°
ညအိပ်ရာဝင်ချိန်တွင် အရင်ဆုံး ဇလုံထဲကို ရေနွေး ခြေချင်းဝတ်မြှုပ်တဲ့အထိထည့်ပါ။ပြီးလျှင် ဆားကြမ်း(၂၅ကျပ်သား)ကိုထည့်ပြီး ရေနွေးအပူခံနိုင်တဲ့ အချိန်မှစ၍ ၁၅မိနစ်ခန့်စိမ်ပေးပါ။
အဆင့်(၂)
°°°°°°°°°
ခြေထောက်ကိုသန့်စင်အောင်ဆေးပြီး
မန်ကျည်းမှည့်အနှစ်၊ဆားအနည်းငယ်နှင့် ကွမ်းရွက်အနည်းငယ်ကို ကြိတ်ပြီး ခြေဖနောင့်ကို လိမ်းပေးပါ။
အဆင့်(၃)
°°°°°°°°°
နာရီဝက်ခန့်အကြာတွင် ရှားစောင်းလက်ပပ် ဂျယ်လီအသားကို ဇွန်းဖြင့်ခြစ်ထုတ်ပြီး ဖနောင့်ကို အုံပြီး အပေါ်မှ ပတ္တီးဖြင့်စည်းပေးပြီး မနက်အိပ်ယာထမှ ခွာပေးပါ။
ခြေဖနောင့်နာခြင်း သက်သာလာပါလိမ့်မည်။
Crd

image