Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
◾️Sales & Marketing - Yangon
Company: Trust Force Myanmar
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23722
◾️Marketing Manager - Yangon
Company: Food Network Myanmar
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/23721
◾️Delivery Man (Biker) - Yangon
Company: VTP Myanmar Co.,Ltd.
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23720
◾️Warehouse Staff - Yangon
Company: I Jin Inter Myanmar
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23719
◾️NOC Engineer - Yangon
Company: Viettel Construction Myanmar
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23718
◾️Preschool Class teacher - Yangon
Company: Australian Center for Academic Enrichment
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23716
◾️Sales Supervisor - Yangon
Company: creation(myanmar)co.,ltd
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/23715
◾️အရောင်းဝန်ထမ်း(Taunggyi Branch) - Yangon
Company: Lotte MGS Beverage Pepsi
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23717
ငွေထမင်း
ပါဝင်ပစ္စည်း
ကောက်ညှင်း ၄ ခွက် (ပလတ်စတစ် ဆန်ချိန်ခွက်)
အုန်းနို့ ၂ ခွက်
သကြား ၁၅ ကျပ်သား
ဘိန်းစေ့ စားပွဲဇွန်း ၂ ဇွန်း
ဆီ အနည်းငယ်
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ကောက်ညှင်းကို ရေ ၂ ခါလောက်ဆေးပြီး ၆နာရီခန့်ရေစိမ်ပါ။ ရရင်ရေ ၂ ခါလောက် ခပ်ဖွဖွပြန်ဆေးပြီး ရေစစ်ထားပါ။
၂။ ကောက်ညှင်းချက်ဖို့အတွက် အကျက်မြန်တဲ့ ထမင်းပေါင်းအိုးကို သုံးပါတယ်။ အိုးထဲကို ရေစစ်ထားတဲ့ ကောက်ညှင်း၊ ဆား၊ သကြား၊ အုန်းနို့ ၂ ခွက်၊ ရေ ၁ ခွက်တို့ကိုထည့်ပြီး ချက်ပါ။ အရသာနှံ့ဖို့အတွက် ပွက်ပွက်ဆူတဲ့အခါ ၁ ချက် ၂ ချက်လောက်တော့မွှေပေးပါ။
၃။ ကောက်ညှင်းကျက်ရင် အအေးခံပါ။ မုန့်ဖုတ်မည့်ဘန်းကို မုန့်မကပ်ဖို့အတွက် ဆီအနည်းငယ်သုတ်ပါ။ oven ကိုလည်း ၂၀၀ ဒီဂရီမှာထားပြီး ၁၀မိနစ်လောက်ကြိုပြီး အပူပေးပါ။
၄။ ကောက်ညှင်းများကို မုန့်ဘန်းထ ဲအထူအပါးညီအောင်ဖြန့်ထည့်ပါ။ ဘိန်းစေ့များကို မုန့်မျက်နှာပြင်မှာ ဖြူးပါ။
၅။ အပေါ်မီး၊ အောက်မီးနဲ့ ဘန်းကို oven ရဲ့ အလယ်အဆင့်မှာ ထားပြီး ၁၀ မိနစ်ဖုတ်ပါ။ အပေါ်မီးသီးသန့်နဲ့ ဖုတ်ဖို့အတွက် ဘန်းကို အပေါ်မီးအနီးရွှေ့ထားပြီး နောက်ထပ် ၁၀ မိနစ်ထပ်ဖုတ်ပါ။ အချိန်လည်းစေ့လို့ မုန့်သား အပေါ်ယံမျက်နှာပြင်လေး ရွှေရောင်သန်းလာရင် အအေးခံပြီး ဓားကို ဆီသုတ်ကာ မိမိနှစ်သက်သလို အရွယ်လေးများလှီးပါ။
ကောက်ညှင်းအနေအထားပေါ် မူတည်ပြီး ရေကို လိုတိုး၊ ပိုလျော့ပြုလုပ်ပေးနိုင်ပါတယ်။ အချိုမကြိုက်ပါက သကြားကိုလည်း လျော့ထည့်ပေးပါနော်။
Credit
🍚 ကောက်ညှင်း ငချိပ်ပေါင်း 🍚
********************************
ကောက်ညှင်း ငချိပ်ပေါင်းဆိုတာ
မြန်မာလူမျိုးများရဲ့ အကြိုက်ဆုံး အစားအစာတစ်ခုပါ။
ချက်စားလို့ ရပေမယ့်လည်း မြေပေါင်းအိုးလေးနဲ့ပေါင်းမှ
ကောက်ညှင်းပေါင်း၏ အနှစ်သာရ ပိုပြည့်ဝ၏။
တောင်ရိုးငချိပ်လေးကို မြေအိုးနဲ့ပေါင်းစားရင်
တဖောက်ဖောက်နဲ့ ဝါးစားလို့ အလွန်ကောင်း၏။
ပေါင်းနည်းလေးက ဒီလို။
ကောက်ညှင်း ငချိပ် ( ခေါ် ) ကောက်ညှင်းမဲမကို
တစ်ည ရေစိမ်ထား။
မိုးလင်းရင် မြေအိုးလေးထဲထည့် ရေစစ်ထား။
အောက်ခံအိုးလေးထဲ ရေထည့်ပြီး ရေဆူအောင်တည်။
ရေဆူလာရင် မီးအားသင့်ရုံလေးလျှော့။
ရေတွေ တအားကြီးပွက်နေရင်
အပေါ်ပေါင်းအိုးထဲ ရေတွေ ဝင်ကုန်မယ်။
အပေါ်က ကောက်ညှင်းအိုးလေးကို မြေအိုးဖုံးလေးဖုံး။
ရေငွေ့လုံအောင် အိုးနှစ်ခုကြား အဝတ်လေးနဲ့ပတ်။
တအေးတဆေးပေါင်းထား။
၁ နာရီလောက်ပေါင်းပြီးရင် ရပြီပေါ့။
ကောက်ညှင်းသား အနည်းငယ်မာတယ်ထင်ရင်
အဖုံးလေးဖွင့်ကြည့်ပြီး
ရေလေးတော့ တောက်တောက်ပေးပေါ့။
ကောက်ညှင်းငချိပ်ရရင်တော့ မိမိနှစ်သက်တဲ့
ပုံစံနဲ့ စားလို့ရပြီပေါ့။
ကျမကတော့ ကောက်ညှင်းငချိပ်ကို
နှမ်းတောင်း, အုန်းသီးနဲ့လည်းစားတယ်။
ကောက်ညှင်းငချိပ်ကို အရသာမှုန့် အနည်းငယ် ,
မြေပဲဆီ, ပဲပြုတ်, နှမ်းတောင်း,
ဒါတွေနဲ့ ရောနယ်ပြီး
ငခြောက်ဖုတ်, အုန်းသီးနဲ့လည်း တွဲဖက်စားတယ်။
နှမ်းထောင်းလေး ထောင်းတာကတော့ ဒီလို။
ဒယ်အိုးကို မီးဖိုပေါ်တင် အပူပေး။
ဒယ်အိုးကြီး ပူလာရင် မီးပိတ်။
နှမ်းတွေထည့် မွှေ။
နှမ်းလှော်နံ့လေး သင်းလာရင်
ကျောက်ငရုတ်ဆုံကြီးထဲထည့်
ဆားလေး သင့်ရုံထည့်
မငံစေနဲ့
မညက် တညက်လေးထောင်း
ညက်သွားရင် သိပ်မလှ
ကဲ တော်ပြီနော်။
အားလုံးပဲ အဆင်ပြေကြပါစေ။