တယောက်ယောက်က ကိုယ့်လက်ဖဝါးကိုဆုပ်ကိုင်ထားတာကိုကြိုက်လား။
ကျတော်ကတော့ကြိုက်တယ်။

ကိုယ့်ကိုတယောက်ယောက်ကဘဲဖြစ်ဖြစ်၊ ကိုယ်ကဘဲတယောက်ယောက်ကိုဖြစ်ဖြစ်ပေါ့
လက်ဖဝါးတွေချင်း ဆုပ်ကိုင်ထားတာကို ကျတော်ကြိုက်လိုက်တာ။

ကျတော်တို့ တွယ်ဖက်ထားတဲ့အခါ ဖြုတ်ချမခံရဖို့ လိုတယ်လေ။
ပြီးတော့ အဲ့တာကနွေးထွေးတယ်မဟုတ်လား။
#စာရယ်ကဗျာရယ်

cute

ပုဂံ-ချောက် ကားလမ်းဘေး လယ်ယာသုံးနဲ့အိမ်ဆောက်ပစ္စည်းဆိုင် ဓါးပြတိုက်ခံရလို့ လူနှစ်ယောက်သေ

ဒီဇင်ဘာ ၂၇

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ချောက် ကားလမ်းဘေးက ကြအိုကျွန်းရွာမှာရှိတဲ့ အောင်သိုက်ဦး တောင်သူလယ်ယာသုံး စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ညပိုင်းက ဓားပြတိုက်ပြီးလူသတ်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အမည်မသိအမျိုးသားအဖွဲ့က လက်နက်တွေနဲ့အတူ ဓားပြတိုက်ပြီးနောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်သိုက်ဦးနဲ့ ယောက္ခမဖြစ်သူ ဦးနေလင်းတို့ကိုသေနတ်နဲ့ပစ်သတ်သွားတာဖြစ်တယ်လို့သိရပါတယ်။

" ယောက္ခမရော၊သားမက်ရော ပွဲချင်းပြီးဆုံးသွားတယ်။ ဓားပြတိုက်ခံရတာကတော့ ည ၈ နာရီလောက်လို့ပြောတယ်။ပစ္စည်းတွေတော့ဘာတွေယူသွားလည်း သေချာတိကျတော့မသိရသေးဘူး။မနက်ပိုင်း ရဲတွေစစ်ဆေးတာလုပ်ကြတယ်။ဘယ်သူတွေလုပ်တယ်တော့မသိပါဘူး။ကျွန်တေည်တို့ ပုဂံနဲ့ချောက်ကြားမှာ ဒီလထဲတင်ခပ်စိပ်စိပ်ဖြစ်နေတယ်။" လို့ ဒေသခံက ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်ကလည်း ညောင်ဦးမြို့နယ် ၊ ပုဂံ-ချောက် ကားလမ်းဘေးရှိ ပျော်ဘွယ်ကျေးရွာမှ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ဝင်းနေအိမ် ဓားပြတိုက်ခံရပြီး အဲဒီရွာမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူဦးရွှေတင့်အိမ်လည်းဓားပြတိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့ လည်း ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်) ရွာအနီးမှာဖွင့်ထားတဲ့ စက်သုံးဆီဆိုင်မှာ ဓားပြတိုက်ပြီးဆိုင် ပိုင်ရှင်အမျိုးသမီးနဲ့ နောက်ထပ်အမျိုးသမီးတို့ ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
29 w - Translate

ပထမတော့ မျက်ရည်ကျမိသေးတယ်။
ပြန်တွေးကြည့်တော့လည်း....
ဝေးသွားတာဘဲကောင်းပါတယ်လေ။
#စာတို

၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ (၁၀ ဒသမ ၈) သန်းခန့်သည် တီဘီရောဂါဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁ ဒသမ ၂၅)သန်း ရှိခဲ့

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ ၁၀ ဒသမ ၈ သန်းခန့်သည် တီဘီရောဂါဖြစ်ပွားခဲ့ပြီး တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၂၅ သန်းခန့်ရှိခဲ့ကြောင်း ယမန်နေ့က ကျင်းပသည့် National Annual TB Evaluation Meeting (2023) တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ ၁၀ ဒသမ ၈ သန်းခန့်သည် တီဘီရောဂါ ဖြစ်ပွားခဲ့ပြီး တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၂၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းသိရှိရကြောင်း၊ WHO End TB Strategy အရ ၂၀၂၅ ခုနှစ်တွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းကို ၂၀၁၅ ခုနှစ် ဖြစ်ပွားမှုနှုန်း၏ ၅၀ ရာခိုင်နှုန်းနှင့် တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချကြရမည်ဖြစ်ကြောင်း ပြောသည်။

တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ပြည်တွင်း / ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တီဘီရောဂါမဖြစ်အောင်ကာကွယ်ကုသခြင်း (TB preventive Therapy, TPT) ကို လက်ရှိ အခြေအနေထက် ပိုမိုထိရောက်အောင်ဆောင်ရွက်သွားကြရန်အရေးကြီးကြောင်း၊ ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းများကိုလည်း တီဘီရောဂါကာကွယ်ကုသမှုများတွင် ယခုထက်ပိုမို ပူးပေါင်းပါဝင်လာအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လူတိုင်းလက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရန်နှင့် တီဘီရောဂါ တိုက်ဖျက်ရေးရည်မှန်းချက်များ ပြည့်မီစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

#centralnewsnaypyitaw

image

new year ညကို hdတွေကြည့်ပြီးဖြတ်သန်းဖို့ရှိပါတယ်။
Channel 7HD MRTV 4HD တို့ပြောပါတယ်...
new year show live လွှင့်တာလေးကြည့်ဖို့ပါ😆

Fashion

29 w - Translate

ရင်ထဲနစ်အောင်ငိုရပြီးတကယ်ကိုမှကောင်းတဲ့ဇာတ်ကားလေးပါ
Grave of the fireflies
ဆဲတိုနဲ့ဆဲဆုတို့မောင်နှမနဲ့ သူတို့အမေဟာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေကြချိန် ဗုံးခိုကျဥ်းတွေတူးကြရင်း သူတို့အမေဟာ ဗုံးခိုရင်းဆုံးပါးသွားခဲ့ပါတယ်
တိုက်ပွဲမှာတိုက်နေရတဲ့သူတို့အဖေဟာလဲ ဘာအဆက်အသွယ်မှမရတော့ ခိုကိုးရာမဲ့နေတဲ့မောင်နှမနှစ်ယောက်ဟာ သူ့တို့အမေ့ညီမဝမ်းကွဲဖြစ်တဲ့ အဒေါ်အိမ်မှာ မှီခိုဖို့ရာ ရောက်လာခဲ့ကြပါတယ်..။
မောင်နှမနှစ်ယောက်ဆီက ပါလာတဲ့စားစရာတွေကုန်သွားတော့ အဒေါ်ဖြစ်သူက ငြိုငြင် ညူစူလာပါတော့တယ်.
အကိုဖြစ်သူက အပြောဆိုမခံချင်တာနဲ့လက်ထဲရှိတဲ့ပိုက်ဆံလေးနဲ့ လမ်းဘေးတစ်နေရာမှာ စားသောက်ရင်း အရင်က မိသားစုစုံစုံလင်လင်ရှိချိန်တွေပြန်စဥ်းစားကြရင်း ညမှောင်လာတဲ့အခါ ပိုးစုန်းကြူးလေးတွေဖမ်းပြီးကစားကြတယ်
ဒီလိုနဲ့နေလာကြရင်းစားစရာတွေမရှိကြတော့ချိန်သူတို့ ဘာဆက်ဖြစ်မလဲ..သူတို့အဖေနဲ့ရောပြန်ဆုံမှာလားဆိုတာ ဒီကားလေးမှာပဲ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါနော်...
#storymode
#crd

image

ခရီးရှည်တွေ ထွက်ချင်တယ် အစ်ကို...
ဘယ်အရပ်ဒေသကိုပဲ ဖြစ်ဖြစ်ပေါ့။
အကိုက Cameraတခုကို ကိုင်ရင်း၊
ညီမက အစ်ကို့လက်ကို ဆွဲရင်း၊
အင်း.....ဒီခါလည်း အစ်ကို့စိတ်နဲ့ ရူးရပြန်ပြီ။
#စာရယ်ကဗျာရယ်

29 w - Translate

အမှတ်တမဲ့ ဖုန်းနာရီကိုကြည့်တဲ့အခါ ဒီဂဏန်းလေးတွေ ခဏ ခဏ တွေ့ရင် သင့်ကို Angelတွေက တခုခုပြောချင်တာပါတဲ့။ (တမင်သက်သက်ထိုင်စောင့်ကြည့်လို့မရပါဘူးနော်)
ကဲ ဘာတွေပြောချင်နေတာလဲဆိုတာကို ကြည့်လိုက်ရအောင်
11:11
ဒါလေးကို မြင်လိုက်ရင်တော့ ဆုတစ်ခုချက်ချင်းတောင်းပါနော်၊ ဆုတောင်းနေစဉ် စိတ်ကြည်ကြည်လင်လင်ဖြစ်နေရင်ပိုကောင်းပါတယ်။ သင့်ဆုတောင်းတွေဖြစ်လာဖို့ Universeကသင်နဲ့တူတူ ကူညီလုပ်ကိုင်ပေးလိမ့်မယ်လို့ ပြောချင်တာပါ။ အဲ့ဒါကြောင့်မို့ ဖြစ်နိုင်တဲ့ ဆုကိုတောင်းလေ မြန်မြန်ရလေပါပဲ။ လီမင်ဟိုနဲ့ချစ်သူဖြစ်ပါရစေဆိုတာမျိုးတော့ မတောင်းနဲ့ပေါ့၊ (မင်မင်တောင်းဖူးတယ် မရပါဘူး😪)
12:12
ဒါ‌လေးကိုမြင်ရင်တော့ သင့်မှာရှိနေတဲ့ negativityတွေအားလုံး ဖယ်ရှားသင့်နေပြီလို့ ပြောချင်နေတာပါနော်၊ သင့်ရဲ့ကံမကောင်းမှုတွေ၊ အတွေးဆိုးတွေကို ဖယ်ရှားတဲ့နေရာမှာ Universeကလည်း ပူးပေါင်း ပါဝင်ပေးမှာမို့ သင့်ဘက်က လွှတ်ချချင်စိတ်၊ releaseလုပ်ချင်စိတ်ရှိဖို့ပဲ လိုပါတယ်။
12:21
ဒါလေးကိုမြင်ရရင်တော့ သင့်ဆီကို အခွင့်အရေးအသစ်တွေ ဝင်ရောက်လာမယ့် တံခါးပွင့်သွားပြီလို့ ပြောချင်တာပါ။ မင်းအနေနဲ့ အခွင့်အရေးတွေကိုရောက်လာရင် အဆင်သင့်ဖြစ်အောင်သာ ပြင်ဆင်ထားပါနော်။
12:34
ဒါလေးကိုမြင်လိုက်ပြီဆိုရင်တော့ သင်လုပ်နေတဲ့အရာတွေအားလုံး တည်ငြိမ်မှုရှိလာတော့မယ်၊ မအောင်မြင်မှာ၊ကျရှုံးမှာတွေ မစိုးရိမ်ပါနဲ့တော့၊ လုပ်စရာရှိတာ ဆက်လုပ်၊ ရဲရဲသာလုပ်၊ ဒါလေးကပြောချင်တဲ့ Messageက အရှုံးမပေးနဲ့ ကြိုးစားးးးး (bananaအသံနဲ့ဖတ်)
1:11
ဒါလေးကိုမြင်ပြီဆိုရင်တော့ သင့်အနေနဲ့ တခုခုကို အသစ်ထပ်မံသိရှိတာ၊ သိမြင်တာ၊ တတ်မြောက်တာမျိုး ဖြစ်လာနိုင်တယ်။ ပိုကောင်းတဲ့ လမ်းကြောင်းတစ်ခုအပေါ်ရောက်အောင် Angelsတွေက လမ်းပြပါလိမ့်မယ်။ မင်းအနားမှာ Angelတွေရဲ့ အားအင်တွေအပြည့်ရှိတယ်လို့ ယုံကြည်ပေးနော်။
2:22/22:22
ဒါလေးကိုမြင်ပြီဆိုရင်တော့ သင့်အနေနဲ့ သင့်ရဲ့ relationshipအခြေအနေနဲ့ပတ်သက်ပြီး အာရုံပိုစိုက်သင့်နေပါပြီ၊ အရင်က ဂရုမစိုက်ခဲ့တာ၊ လျစ်လျူရှုခဲ့တာတွေ ရှိတယ်ဆိုရင် အဲ့လိုမလုပ်သင့်တော့ဘူးလို့ ပြောချင်တာပါ။ Relationshipဆိုတိုင်း ချစ်သူရည်းစားတွေပဲ ဂရုစိုက်ရမှာလို့ မဆိုလိုဘူးနော်၊ ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် အကုန်ပါ‌ပါတယ်နော်။
3:33
ဒါလေးကို မြင်ရင်တော့ သင့်ကို Angelတွေက လုံခြုံနေပြီ၊ သူတို့စောင့်ရှောက်ထားတယ်လို့ ပြောချင်တာပါနော်။ အဲ့ဒါကြောင့် စိတ်ထဲမှာ ကြောက်ရွံမှုတွေရှိရင် ဖယ်ရှားလိုက်ပါ။ ကိုယ်စတင်လုပ်ကိုင်ဖို့ ကြောက်နေတာ၊ မအောင်မြင်မှာစိုးထိတ်တာတွေရှိရင်လည်း မစိုးရိမ်ပါနဲ့တော့။
4:44
ဒါလေးကို မြင်ရင်တော့ သင့်အနားမှာ Angelsတွေရောက်နေပြီ၊ မင်းဖြစ်ချင်တာတွေ ဖြစ်လာတော့မယ်၊ အိပ်မက်တွေဖြစ်လာတော့မယ်လို့ ပြောချင်တာပါ။ မင်းအနေနဲ့ မင်းဖြစ်ချင်တာတွေကို သေချာလေး Focusလုပ်ပါ။ တကယ်ကို ဖြစ်လာပါလိမ့်မယ်။
5:55
ဒါလေးကို မြင်လိုက်ရင်တော့ ပြောင်းလဲမှုတွေ သင့်ဆီရောက်လာပြီလို့ ပြောချင်တာပါ။ မင်းဘဝကြီးမှာ major shiftဖြစ်နိုင်ချေရှိတယ်။ ဘယ်လိုပြောင်းလဲမှုပဲဖြစ်ဖြစ် လက်ခံနိုင်အောင် ကြိုးစားပါ။ ပစ္စုပ္ပန်မှာ တည့်တည့်နေပြီး အပြောင်းအလဲကို လက်ခံပါ။
10:10
ဒါလေးကိုမြင်လိုက်ရင်တော့ မင်းဆီကို အချစ်စစ်၊ ငွေကြေး၊ ပျော်ရွှင်မှုစတဲ့ မင်းဖြစ်ချင်တဲ့အရာတွေ ဦးတည်လာနေပြီလို့ ပြောချင်တာပါ။ မင်းအတွက် ပျော်စရာကောင်းတဲ့နေ့ရက်တွေ ရောက်လာတော့မယ်ဆိုတာကို အသိပေးနေတာပါကွယ်။
000
ဒါလေးကိုမြင်ရရင်တော့ မင်းရဲ့ရည်မှန်းချက်တွေ မကြာခင်ဖြစ်မြောက်တော့မယ်၊ မင်းလိုချင်တဲ့အရာ၊ ဖြစ်ချင်တဲ့အရာတွေကို သေချာအာရုံစိုက်ပါ။ မလိုအပ်တဲ့အရာ၊ မလိုချင်တဲ့အရာတွေကို ခေါင်းထဲ‌ကနေထုတ်ပလိုက်ပါလို့ ပြောချင်တာပါတဲ့ကွယ်။
ဘယ်ဂဏန်းလေးတွေအတွေ့များလဲ ကောမန့်ပေးသွားကြနော်🙆🏼‍♀️🙆🏼‍♀️
#crd

image