ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုရှား၏ တားဆီးမရနိုင်သည့်ဒရုန်း ကြောင့် စစ်ရေး ကမောက်ကမ ဖြစ်စေလျက်ရှိသည်။ ယင်းကိုတွန်းလှန်ရာမှာ ယူကရိန်းကိုကူညီဖို့ နည်းလမ်းရှိသည်ဟု နည်းပညာကုမ္ပဏီတစ်ခုမှ ပြောကြား။
ယူကရိန်းစစ်ပွဲတွင်ဖိုက်ဘာအော်ပတစ်ကေဘယ်လ်များဖြင့် ပြုပြင်ထားသော ဖောက်ခွဲရေးပစ္စည်းများ ထုပ်ပိုးထားသော ဒရုန်းများကို စတင်အသုံးပြုလာခဲ့ကြသည်။
ဤဒရုန်းများသည် အီလက်ထရွန်းနစ်စစ်ပွဲတွင်ဟန့်တားမရနိုင်သည့်အပြင် ရှာဖွေရခက်သောကြောင့် အန္တရာယ်အထူးများလျက်ရှိသည်။
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများအား ပပြတ်သားတိကျသောတိုက်ခိုက်မှုများကို ပေးပို့ရန်အတွက် ၎င်းတို့၏အော်ပရေတာများနှင့် ချိတ်ဆက်ထားသော ဖောက်ခွဲရေးပစ္စည်းများထုပ်ပိုးထားသော မောင်းသူမဲ့လေယာဉ်များကို အသုံးပြုနေပြီး ယူကရိန်း သည် ပြန်လည်တိုက်ခိုက်ရန် ပြနည်းလမ်းများကို ရှာဖွေနေပါသည်။
Fiber-optic မောင်းသူမဲ့လေယာဉ်များသည် လွန်ခဲ့သည့်နှစ်များအတွင်း တိုက်ပွဲများတွင် ပိုများလာခဲ့ပြီး ၎င်းတို့သည် ယူကရိန်း တို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ဤဒရုန်းများသည် ရိုးရာအီလက်ထရွန်နစ်စစ်ပွဲနည်းလမ်းများနှင့် ခုခံရန်ခက်ခဲသည့်အတွက် ဖြေရှင်းချက်လိုအပ်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။
နိုင်ငံတကာသတင်းတိုများ
၁။ယူကရိန်းသည်အသေခံဒရုန်းကိုးစင်းဖြင့်ရုရှားကတူရကီသိုဓါတ်ငွေ့ပိုနေသည့်စက်ရုံကိုစနေနေ့ကတိုက်ခိုက်ခဲ့သော်လည်းဒရုန်းအားလုံးကိုပစ်ချခဲ့သည်ဟုရုရှားကကြေညာသည်။
၂။ဆက်လက်လောင်ကျွမ်းနေသောလော့စ်အိန်ဂျယ်လိစ်မီးကြောင့်သေဆုံးသူ၂၄ဦးအထိမြင့်ဆက်လာပြီးလုယက်သူများသည်မီးသတ်ဝတ်စုံများဝတ်ဆင်လုယက်လျက်ရှိသည်။
၃။ရွေးကောက်ခံသမ္မတထရမ့်၏အမျိုးသားလုံခြုံရေးအကြံပေးဝေါ့ဇ်ကထရမ့်သည်ဂရင်းလန်းကျွန်းကိုရယူရန်စစ်ရေးအပါအဝင်နည်းလမ်းပေါင်းစုံပြင်ဆင်ထားကြောင်းပြောလိုက်သည်။
၄။ပါလက်စတိုင်းဂါဇာဒေသကိုမီးလောင်တိုက်သွင်းရန်ပြောခဲ့သောဟောလီးဝုဒ်သရုပ်ဆောင်ဂျိမ်းစ်ဝုဒ်စ်၏နေအိမ်သည်လော့စ်အိန်ဂျယ်လိစ်တွင်မီးလောင်ခံခဲ့ရသည်။
၅။ဗြိတိန်ဝန်ကြီးချုပ်စတာမာသည်အမေရိကန်ရွေးကောက်ပွဲကိုချယ်လှယ်ရန်အေးဂျင့်များလွှတ်ပြီးဆောင်ရွက်ခဲ့သဖြင့်ထရမ့်၏သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ရန်မဖိတ်ကြားပဲချန်ထားခဲ့ခြင်းဖြစ်ကြောင်းဘီလီယံနာသူဌေးကြီးအီလွန်မတ်စ်ခ်ကသူ၏လူမှုကွန်ရက်Xတွင်ရေးသားလိုက်သည်။
NOM