1 y - Translate

မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ကိုင်သူ နိုင်ငံခြားသား ၇၀၀၀ ကျော် နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်သော်လည်း ကျားဖြန့်လုပ်ငန်းများ ဆက်လက် လည်ပတ် လုပ်ကိုင်နေဆဲ၊ လောင်စာဆီများလည်း နည်းလမ်းမျိုးစုံဖြင့် ဝင်နေဆဲ
ရန်ကုန်၊ ဧပြီ ၉
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ်အတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဖိအားပေးမှုဖြင့် စစ်ကောင်စီ လက် အောက် ခံ BGF က ငွေလိမ်ဂိုဏ်း နှိမ်နင်းရေး လုပ်ငန်းများ လုပ်ကိုင်နေသော်လည်း လက်ရှိ မြဝတီမြို့နယ် အတွင်း ငွေလိမ်ဂိုဏ်းလုပ်ငန်း နေရာများတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်မှုများ ရှိနေဆဲဖြစ် ကြောင်း ဆက်စပ်လုပ်ကိုင်သူများထံမှ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
တချို့ ငွေလိမ်ဂိုဏ်းများသည် လုပ်ငန်းနေရာတချို့ ပြောင်းလဲလုပ်ကိုင်နေပြီး တချို့ငွေလိမ်လုပ်ငန်းများသည် နေ ရာ ပြောင်းခြင်းမရှိဘဲ မူလနေရာမှာပင် အလုပ်သမားအသစ်များ ခေါ်ယူကာ ဆက်လက် လုပ်ကိုင်နေမှုများရှိနေကြောင်း ငွေလိမ်ဂိုဏ်းလုပ်ငန်းများနှင့် ဆက်စပ် လုပ်ကိုင်နေသူများက ပြောသည်။
"တရုတ်တွေ ဆက်ရှိနေတုန်းပဲ။ ကျားဖျန့်လည်းဆက်လုပ်နေတာပဲ။ မြဝတီမှာ ပုံမှန်ပဲ သွားလာ နေကြတယ်။ ကျား ဖြန့်ရုံတွေလည်း ဆက်လုပ်နေတာပဲ။ အလုပ်ပိတ် သွားတာမျိုး မရှိသေးဘူး။ BGF နဲ့ဆက်သွယ်ပြီး နေရပ်ပြန်တဲ့တရုတ်တွေ နိုင်ငံခြားသား ကပ္ပလီတွေ၊ ပါကစ္စတန်တွေက တစ်ပိုင်း၊ ကျားဖြန့် ဆက်လုပ်နေကြတဲ့ တရုတ်တွေ နိုင်ငံခြားသားတွေက တစ်ပိုင်း အဲလိုဖြစ်နေတာတွေ့ရတယ်" ဟု ကျားဖြန့် လုပ်ငန်းနှင့်ဆက်စပ်နေသူတစ်ဦးက ဆိုသည်။
လက်ရှိ မြဝတီမြို့နယ်ထဲတွင် ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ မယ်ထော်သလေး AA Park၊ KK Park နေရာ များတွင် တရုတ် ငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများ အများဆုံးရှိနေပြီး ယင်းနေရာများမှ တရုတ်၊ အန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ လာအို၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ အီသီယိုးပီးယား အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ငွေလိမ် အလုပ်သမားအဖြစ် လူမှောင်ခိုကူး ရောင်းစား ခံထားရသူနှင့် ငွေလိမ်လုပ်ငန်းတွင် အလုပ်လုပ် နေသူ နိုင်ငံခြားသားများကို ရှာဖွေ ဖမ်းဆီး နှိမ်နှင်းခြင်းများ လုပ်ဆောင် နေ သည်ဟု BGF တပ်ဖွဲ့ က သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။
မြဝတီမြို့ရှိ တရုတ် ငွေလိမ်ဂိုဏ်း (ကျားဖြန့်) နေရာများမှ လူမှောင်ခို ကူးခံရသူနှင့် ငွေလိမ် လုပ်သားများကို ကရင်နယ်ခြား စောင့်တပ် BGF က ရှာဖွေဖမ်းဆီးပြီး မူလ နိုင်ငံများ ထံ ထိုင်းအာဏာပိုင်များမှ တစ်ဆင့် ပြန်လွှဲပို့ရာ ယခု ဧပြီလ ၈ရက်အထိ လူပေါင်း ၇၁၀၄ ဦးကို ပြန်လည်ပေးပို့ပြီး ဖြစ်ကြောင်း မြဝတီ BGF တပ်ဖွဲ့က ပြောဆိုထားသည်။
ထိုင်းအစိုးရက ကျားဖြန့် လုပ်ငန်းများ နှိမ်နင်းရေးအတွက် မြန်မာဘက်သို့ လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ လောင် စာဆီဖြတ်တောက်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်းများ လုပ်ဆောင်လျက်ရှိသော်လည်း စက်သုံးဆီ ပီပါများမှာ အလုံးအရင်းဖြင့် နည်းလမ်းမျိုးစုံသုံး၍ မြ၀တီမြို့နယ်အတွင်းသို့ ဝင်ရောက်နေကြောင်း၊ ယင်းစက်သုံးဆီများဖြင့် မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့် လုပ်ငန်းများ ဆက်လက် လည်ပတ်လုပ်ကိုင်နေကြောင်း သိရှိရသည်။
"ထိုင်းဘက်က ပိတ်တယ်ပြောပေမယ့်လည်း နည်းပေါင်းစုံနဲ့ စက်သုံးဆီပီပါလိုက် ဝင်နေတာပါပဲ။ အရင်ထက်စျေးကြီး သွားတာကလွဲရင် ပြတ်လပ်မှုကတော့ မဖြစ်ဘူး။ ပိတ်တယ်ဆိုပေမယ့် ကမ်းကူးပြီးရောက်လာတာပါပဲ" ဟု မြ၀တီအခြေစိုက် နယ်စပ်ကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။
ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ BGF က ပြန်လည်ပို့ဆောင်နေသော ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသားများ။

image
1 y - Translate

ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ်
*****************
(ပြည်တွင်း) ဧပြီ ၉
၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။

နိုင်ငံရေးပါတီတစ်ရပ် ထူထောင်လိုသူအနည်းဆုံး ၁၅ ဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(က)နဲ့အညီ ပါတီတည်ထောင်ခွင့်များလျှောက်ထားလာမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥကဒေနှင့်အညီ စိစစ်၍ မှတ်ပုံတင်ခွင့်ပြုလျက်ရှိနေတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေကို ဒီဇင်ဘာလအတွင်းမှာ ကျင်းပဖို့ရှိတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်း၊ ပါတီတွေပူးပေါင်းပြီး ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းလုပ်ငန်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း/မဲဆွယ်စည်းရုံး ခြင်းဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် အချိန်လုံလောက်စွာရရှိစေနိုင်ဖို့အလို့ငှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားလိုသူတွေဟာ ၂၀၂၅ ခုနှစ် မေလ ၉ ရက်နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လျှောက်ထားကြဖို့ အသိပေးကြေညာထားပါတယ်။

image
1 y - Translate

◾️Preschool Class Teacher - Yangon
Company: Nurture Preschool
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/23475

◾️အချိန်ပိုင်း Data စုဆောင်းရေး - Yangon
Company: Elevate Education Global
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23474

◾️Driver (ယာဉ်မောင်း) - Yangon
Company: Myanmar Broadband Telecom
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23473

◾️Engineering Maintenance Staff (ရန်ကုန်) - Yangon
Company: Myanmar Broadband Telecom
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23472

image

ပါတိတ် ဝတ်ထားတာမမြင်ဘူးလား မမလို့ခေါ်
အန်တီခေါ်တွေ့ပြီသာမှတ်

image
1 y - Translate

◾️Inventory Assistant - Yangon
Company: Myanmar Broadband Telecom
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23470

◾️မီးဆရာ (Electrician) - Yangon
Company: Myanmar Broadband Telecom
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23469

◾️HR Executive - Yangon
Company: Myanmar Broadband Telecom
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23468

◾️Government Head Teacher - Shan
Company: AEC International & Private School
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/23467

image

ဝု ကို ပစ်ထားရင်တော့ လိုက်နှောင့်ယှက်မှာပဲ

ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား
ပုစွန်ခြောက်လေးနဲ့ပဲ နှပ်နှပ်၊ အသားသွပ်ပြီးပဲချက်ချက် စားလိုက်ရင် ချိုချိုလေးလေးအရသာလေးကြောင့် ထမင်းပူပူလေးနဲ့ တွဲစားရင် အရသာအရမ်းရှိတဲ့ ဗုံလုံသီးလေးကို ကြိုက်ကြတဲ့သူတွေများရှိလား။ ဒီစားကောင်းတဲ့ ဗုံလုံသီးလေးက အရသာတင်ကောင်းတာမဟုတ်ဘဲ စားသုံးလိုက်တဲ့အခါ ခန္ဓါကိုယ်အတွက် အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပေါ့။
ဗုံလုံသီး (ပဲလင်းမြွေသီး) ဆိုတာက
{သခွား၊ ဗူး၊ ဖရုံအနွယ်ဝင်အပင်တစ်မျိုးပေါ့။ ကျန်းမာရေးအာဟာရများသလို စားရတာလည်းအရသာရှိပါတယ်။ အဖြူရောင်ခပ်ရှည်ရှည် အသီးတစ်မျိုးပေါ့။ ဈေးဝယ်တိုင်း နှစ်ပိုင်းချိုးပြီး သယ်လာရတဲ့အသီးလေးပါ။ အပေါ်ယံအလွှာလေးကို ဓါးနဲ့ခြစ်လို့ အရွယ်တော်လေးတွေတုံးပြီးရင် အလယ်အူတိုင်ကို ဇွန်းအမြီးနဲ့ ရစ်ထုတ်ပြီး အလယ်မှာအဆာသွတ်လို့ မေမေချက်ကျွေးလေ့ရှိတဲ့ ဟင်းတစ်မျိုးပေါ့။}
ဗုံလုံသီးက ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တရုတ်နဲ့ မလေးရှားအပါအဝင် တောင်အာရှ နဲ့ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်လေ့ရှိပြီး အာရှဒေသတွင်းနိုင်ငံအများစုမှာ ဟင်းလျာတစ်ခွက်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်စားသုံးလေ့ရှိကြပါတယ်။
သွင်ပြင်ထူးခြားတဲ့ ဗုံလုံသီးလေးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ -
၁ ။ ဆီးချိုကာကွယ်နိုင်တယ်
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးချိုရှိသူတွေစားသုံးပေးလို့ရသလို ဆီးချိုကာကွယ်လိုသူတွေလည်း စားသုံးပေးလို့ရပါတယ်။
၂ ။ အသားဝါ သက်သာစေနိုင်တယ်
ဗုံလုံသီးပင်ရဲ့ အရွက်ကို ဒန့်သလွန်ရွက်နဲ့တွဲစားပေးမယ်ဆိုရင် bilirubin လို့ခေါ်တဲ့ (သွေးတွင်းအဝါဓါတ်) ကိုကျဆင်းစေနိုင်ပြီး အသားဝါတာကို သက်သာစေနိုင်ပါတယ်။
၃ ။ ကိုယ်အလေးချိန်ကျစေတယ်
ကယ်လ်လိုရီ နဲ့ အဆီပါဝင်မှုနည်းပြီး ရေဓါတ်နဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်မှာပါ။ ဝိတ်ချချင်သူတွေစားပေးသင့်တဲ့ အရသာရှိတဲ့ ဟင်းလျာတစ်မျိုးပါ။
၄ ။ ကိုယ်တွင်းက အဆိပ်အတောက်တွေဖယ်ရှားပေးတယ်
ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာရှိနေတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ အသီးအနှံတစ်မျိုးပါ။ ဆီးရွှင်စေနိုင်ပြီး ဆီးကနေတဆင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ အသည်းရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းစေနိုင်ပါတယ်။
၅ ။ နှလုံးကျန်းမာစေနိုင်တယ်
နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကင်းစေဖို့အတွက်လည်း ဗုံလုံသီးကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးမှုနဲ့ ခန္ဓါကိုယ်က နာကျင်မှုတွေကြောင့် နှလုံးမှာ သက်ရောက်မှုရှိစေတာမျိုးကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။
၆ ။ ဝမ်းမှန်စေနိုင်တယ်
အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာသန့်စင်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ နေ့စဉ်ဝမ်းမှန်စေဖို့ဆိုရင် မနက်ခင်းတိုင်းမျာဗုံလုံသီးကြိတ်ရည်ကို ၁ ဇွန်း ကနေ ၂ ဇွန်းထိသောက်ပေးလို့ရပါတယ်။
၇ ။ အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေတယ်
ကယ်လ်ဆီယမ်ပါဝင်မှုကြောင့် အရိုးနဲ့သွားတွေကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။
၈ ။ ဗောက်ပျောက်စေတယ်
ဗုံလုံသီးကို အရည်ညှစ်ပြီး ဦးရေပြားမှာ လိမ်းပေးလို့ နာရီဝက်၊ တစ်နာရီလောက်ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ဦးရေပြားကို အစိုဓါတ်ထိန်းပေးပြီး ဗောက်ပြဿနာကင်းစေမှာပါ။ ခေါင်းလျှော်တိုင်း လုပ်ပေးလို့ရပါတယ်။
ဗုံလုံသီးက အရသာရှိရင်ရုံတင်မဟုတ်ဘဲ အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ပေးနိုင်ပါသေးတယ်နော်။

image

မုလအိတောင်တက်လမ်းမှာ မြင်တွေ့ရတဲ့
မရိုးနိုင်သော သဘာဝအလှတရားများ☘️

image

မုလအိတောင်တက်လမ်းမှာ မြင်တွေ့ရတဲ့
မရိုးနိုင်သော သဘာဝအလှတရားများ☘️

image

မုလအိတောင်တက်လမ်းမှာ မြင်တွေ့ရတဲ့
မရိုးနိုင်သော သဘာဝအလှတရားများ☘️

image