Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြန်မာငွေ သိန်း၁၀၀ ကျော်မယ့် Apple ရဲ့ ခေါက်ဖုန်း
စာအုပ်တစ်အုပ်လို ခေါက်ထားလို့ရမယ့် Foldable iPhone က နောက်နှစ်ကုန်လောက် ဈေးကွက်ဝင်ဖို့ များပါတယ်။
Apple ကနေ Foldable iPhone ထုတ်မယ်ဆိုတဲ့ သတင်းတွေ ကြားရတာတော့ ကြာပါပြီ။ ၂၀၂၆ မှာ ဒီဖုန်း ဈေးကွက်ထဲ ရောက်ဖို့ တော်တော်လေး နီးစပ်လာပါတယ်။ ဈေးကလည်း နည်းမှာ မဟုတ်ပါဘူး။
နာမည်ကြီး Apple analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအို ပြောပုံအရဆို Foldable iPhone က တန်ဖိုးမြင့် AI စမတ်ဖုန်းတစ်လုံးအဖြစ် မြင်ရမှာ ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၂၀၀၀ နဲ့ ၂၅၀၀ အကြား ရှိနိုင်တယ်လို့ ဆိုပါတယ်။ သူခန့်မှန်းထားတာထက်လည်း ဈေးပိုမြောက်နိုင်တာပါပဲ။
ဖုန်းဒီဇိုင်းက စာအုပ်တစ်အုပ်လို ခေါက်ထားလို့ ရမယ့် Foldable ဒီဇိုင်း ဖြစ်ပြီး အတွင်းဘက် ၇.၈ လက်မ နဲ့ အပြင်ကာဗာ ၅.၅ လက်မ display သုံးလာနိုင်ပါတယ်။ ပတ္တာကို စတိန်းလတ်စတီး-တိုက်တေနီယမ် hinge သုံးပြီး တိုက်တေနီယမ် အလွိုင်းဘော်ဒီနဲ့ တည်ဆောက်ဖို့ ရှိပါတယ်။
မင်ချိကုအိုကတော့ ဖုန်းဘေးဘောင်မှာ Touch ID ခလုတ် ထည့်လာနိုင်တယ်လို့ ပြောပါတယ်။ FaceID တော့ သုံးမှာမဟုတ်ဘူးလို့ ကြားပါတယ်။ product တစ်ခုကို အကောင်းဆုံး Quality ဖြစ်အောင် သေချာအချိန်ယူဖန်တီးတဲ့ Apple ရဲ့ မူအတိုင်း ဒီ Foldable iPhone ကလည်း အတွင်း display တွန့်ခေါက်ရာမဖြစ်အောင် နဲ့ multimodal လုပ်ဆောင်ချက်တွေပါတဲ့ ထိပ်တန်း AI device တစ်ခုဖြစ်အောင် ဒီဇိုင်းထုတ်လာနိုင်ပါတယ်။
Foldable iPhone အတွက် final specs တွေ ဒီနှစ်ဒုတိယသုံးလပတ် Q2 မှာ လက်စသတ်ဖို့ ရှိပြီး နောက်နှစ် စတုတ္ထသုံးလပတ်မှာ ထုတ်လုပ်မှုလုပ်ဖို့ ရှိပါတယ်။ ၂၀၂၆ အတွင်းမှာကိုပဲ Foldable iPhone အလုံးရေ ၃ သန်းကနေ ၅ သန်း တင်ပို့နိုင်ဖို့လည်း မင်ချိကုအိုက တွက်ထားတာပါ။
ဒီဖုန်းက Foldable ဖုန်းဈေးကွက်ကို ကြီးစိုးနေတဲ့ Samsung နဲ့ Huawei ကို ယှဉ်ဖိုက်သွားမှာ ဖြစ်ပြီး Apple အတွက်လည်း ခမ်းနားတဲ့ထုတ်ကုန် ဖြစ်လာနိုင်ပါတယ်။