29 w - Translate

အာဆီယံ မစ်ဆူဘီရှီဖလား ဆီမီးဖိုင်နယ်အဆင့် အိမ်ရှင်စင်ကာပူအသင်းကို ဗီယက်နမ်အသင်း ဂိုးပြတ်ဖြင့် အနိုင်ရ

၂၀၂၄ အာဆီယံချန်ပီယံရှစ်မစ်ဆူဘီရှီဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမအကျော့ကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်ကစင်ကာပူ- ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဗီယက်နမ်အသင်းက ဂိုးပြတ်သွင်းယူ၍ အနိုင်ရရှိခဲ့သည်။

အဆိုပါ ပွဲစဉ်ကို စင်ကာပူက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ၊ ပွဲပြီးဆုံချိန်တွင် ဗီယက်နမ်အသင်းက (၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယင်း အသင်းနီစ်သင်းအနေဖြင့်လာမည့် ဒီဇင်ဘာ (၂၉) ရက်၌ ဒုတိအကျော့ကို ဆက်လက် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

image
29 w - Translate

အာဆီယံ မစ်ဆူဘီရှီဖလား ဆီမီးဖိုင်နယ်အဆင့် အိမ်ရှင်စင်ကာပူအသင်းကို ဗီယက်နမ်အသင်း ဂိုးပြတ်ဖြင့် အနိုင်ရ

၂၀၂၄ အာဆီယံချန်ပီယံရှစ်မစ်ဆူဘီရှီဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမအကျော့ကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်ကစင်ကာပူ- ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဗီယက်နမ်အသင်းက ဂိုးပြတ်သွင်းယူ၍ အနိုင်ရရှိခဲ့သည်။

အဆိုပါ ပွဲစဉ်ကို စင်ကာပူက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ၊ ပွဲပြီးဆုံချိန်တွင် ဗီယက်နမ်အသင်းက (၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယင်း အသင်းနီစ်သင်းအနေဖြင့်လာမည့် ဒီဇင်ဘာ (၂၉) ရက်၌ ဒုတိအကျော့ကို ဆက်လက် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

image
29 w - Translate

အာဆီယံ မစ်ဆူဘီရှီဖလား ဆီမီးဖိုင်နယ်အဆင့် အိမ်ရှင်စင်ကာပူအသင်းကို ဗီယက်နမ်အသင်း ဂိုးပြတ်ဖြင့် အနိုင်ရ

၂၀၂၄ အာဆီယံချန်ပီယံရှစ်မစ်ဆူဘီရှီဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမအကျော့ကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်ကစင်ကာပူ- ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဗီယက်နမ်အသင်းက ဂိုးပြတ်သွင်းယူ၍ အနိုင်ရရှိခဲ့သည်။

အဆိုပါ ပွဲစဉ်ကို စင်ကာပူက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ၊ ပွဲပြီးဆုံချိန်တွင် ဗီယက်နမ်အသင်းက (၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယင်း အသင်းနီစ်သင်းအနေဖြင့်လာမည့် ဒီဇင်ဘာ (၂၉) ရက်၌ ဒုတိအကျော့ကို ဆက်လက် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

image
image
image
29 w - Translate

ယခုနှစ် ဆောင်းရာသီ အခြေခံလက်ဝှေ့သင်တန်း ပို့ချမည်

ယခု၂၀၂၄ ခုနှစ် ဆောင်းရာသီ အခြေခံလက်ဝှေ့သင်တန်းကို ဒီဇင်ဘာ(၂၈)ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက် အထိ (၂)လနီးပါး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်ထံက သိရသည်။

သင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ နံနက်(၇)နာရီမှ (၉)နာရီအထိ လက်ဝှေ့အဖွဲ့ချုပ်လေ့ကျင့်ရေးရုံ (သုဝဏ္ဏအားကစားကွင်း)၌ အဖွဲ့ချုပ်သင်တန်းနည်းပြများက ဦးဆောင်သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းဝင်ကြေးအဖြစ် ကျပ်(၂၀,၀၀၀)သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့သင်တန်းအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဆရာကျော်စွာအောင် ၀၉၄၅၀၀၂၈၀၄၂ ၊ ဆရာရန်ဝင်းကြည် ၀၉ ၄၄၅၆ ၅၇၅၀၉ ၊ ဆရာရှိုင်းလင်းအောင် ၀၉ ၆၉၆၅၇၅၂၁၄ ၊ ဆရာလင်းထွဋ်ပိုင် ၀၉ ၄၂၇၅၂၇၉၉၅ နှင့် ဆရာစိုးသူလွင် ၀၉ ၄၂၄၉၉၅၃၇၈၅ တို့ထံသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

image
29 w - Translate

ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌ အဖြူရောင်ကတ် ပြုလုပ်သူ များပြား

ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် - မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ် ပြုလုပ်သူများပြားနေကြောင်း သိရသည်။

အဆိုပါ အဖြူရောင်ကတ် ရရှိပါက ထိုင်းနိုင်ငံတွင်း (၁၄)ရက်သွားလာခွင့်ရရှိမည်ဖြစ်ကာ အဖြူရောင်ကတ်အသစ် ပြုလုပ်သူ အလွန်များပြားနေသော ကတ်ထုတ်ပေးသူများ မနိုင်မနင်းဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

အဖြူရောင်ကတ်တွင် ကိုယ်ရေးအချက်အလက်ဖြည့်ခြင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေယူ၊ ကတ်အသစ်ထုတ်ပေးခြင်းများကို တခါတည်းအပြီး ပြုလုပ်ပေးနေပြီး ကတ်အတွက်ဘတ် (၂၀) ပေးသွင်းရကြောင်း သိရသည်။

ထို့ပြင် ကားနှင့် ဆိုင်ကယ်များအတွက်ကိုလည်း ကူးသန်းလျက်ရှိသည့် ဆိုင်ကယ်စာရွက် မူရင်း၊ ကမ်းကူးစာအုပ်နှင့်ကတ်ထုတ်ပေးခြင်းကို ပြုလုပ်ပေးနေပြီး ဘတ် (၂၀) ပေးသွင်းရသည်ဟု သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား တာချီလိတ်မှ မယ်ဆိုင်မြို့သို့ သွားရောက်သူတိုင်း ထိုင်းအဝင်တွင် မဖြစ်မနေ လုပ်ဆောင်ရသည့် အဖြူရောင်ကတ်များကို ယခုအခါ စနစ်သစ် ပြောင်းလဲလိုက်သည့်အတွက် ကတ်ဟောင်းပြုလုပ်သူများ အနေဖြင့် ကတ်အသစ်များကိုလည်း မဖြစ်မနေ အသစ်ပြန်လည် လုပ်ဆောင်နေရခြင်း ဖြစ်သည်။

အဖြူရောင် ကတ်များကို မြန်မာနိုင်ငံသားများသာ ပြုလုပ်ရခြင်း မဟုတ်ဘဲ ထိုင်းနိုင်ငံသားများလည်း တာချီလိတ်ဘက်သို့ သွားမည်ဆိုပါ မြန်မာနိုင်ငံသားများ နည်းတူ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

image

ပူတယ် ဟ

ရှမ်းပြည်မြောက်ပိုင်းဒေသ နယ်စပ်ကုန်သွယ်ရေးအတွက် နှစ်ဖက်ဆွေးနွေးညှိနှိုင်းနေ

ဒီဇင်ဘာ ၂၇

၁၀၂၇ စစ်ဆင်‌ရေး စတင်ချိန်မှ တစ်နှစ်ကျော်ကြာရပ်တန့်နေသည့် ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ကုန်သွယ်မှုပြုလုပ်နိုင်ရန် နှစ်ဖက်ဆွေးနွေးမှုများရှိနေဆဲဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

“ဆွေးနွေးနေတယ်လို့ကြားတယ်။ ‌လမ်းကြောင်းကတော့ ပြန်ပွင့်စေချင်တယ်။ အခုက ဟိုဘက်ရော ဒီဘက်ရောက အဝင်မရှိတော့ ကုန်ဈေးနှုန်းက မတရားကြီးနေတာပေါ့။ ပြည်မကြီးဘက်ကလည်း ဒီဘက်လာလို့မရဘူး။ ပြည်မကြီးဆိုတာ မန္တလေးကိုပြောတာပါ။ တရုတ်ဘက်ကလည်း အကန့်အသတ်နဲ့ တင်သွင်းခိုင်းတာ။ ဒီလိုဆိုတော့ အဆင်မပြေဘူး”ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ် နှင့် ပန်ဆိုင်းဂိတ်တို့အနက် ဆင်ဖြူဂိတ်တစ်ခုတည်းကိုသာ ကုန်ပစ္စည်းသယ်ယူခွင့်ပေးထားခြင်းဖြစ်သည်။

ထို့ပြင် စက်သုံးဆီများကို မူဆယ်မြို့ ကညနတွင် ယာဉ်မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီး၊ ကုန်တင်(ဝန်ပေါ့)ယာဉ်များနှင့် ဌာနဆိုင်ရာမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို သတ်မှတ်ဂါလန်အတိုင်း ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


#centralnewsnaypyitaw

image

တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒတ်ခ်ဆိုးကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်

ဆိုးလ်၊ ဒီဇင်ဘာ ၂၇

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ ယာယီသမ္မတ ဟန်ဒတ်ခ်ဆိုးကိုလည်း လွှတ်တော်အမတ်တွေက ဒီကနေ့မှာ စွပ်စွဲပြစ်တင်လိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၉ ၂ ယောက်က ယာယီသမ္မတကို စွပ်စွဲပြစ်တင်ဖို့ မဲမေးခဲ့ကြပြီး အဆိုအောင်မြင်ဖို့လိုအပ်တဲ့ ထောက်ခံမဲ ၁၅၁ မဲထက် များစွာကျော်လွန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် ရာထူးတာဝန်တွေကို ဝန်ကြီးချုပ်ဟန်ဒတ်ခ်ဆိုးကို လွှဲပြောင်းပေးခဲ့ရပါတယ်။

သူဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားကနေ နိုင်ငံကိုဦးဆောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း ယွန်းဆွတ်ခ်ယိုးအပေါ် စွပ်စွဲပြစ်တင်မှုလုပ်ငန်းစဉ်ကို အပြီးသတ်အောင်မလုပ်ဘူးလို့ အတိုက်အခံအမတ်တွေက စောဒက တက်ထားကြပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ဆိုးလ်ရဲ့အမှုကို ကြီးကြပ်ဖို့ လွှတ်တော်ကရွေးချယ်ထားတဲ့ တရားသူကြီးသုံးယောက်ကို ယာသီသမ္မတ ဟန်ဒတ်ခ်ဆိုးက ပယ်ချပြီးနောက် အတိုက်အခံတွေဟာ သူ့ကို ကြာသပတေးနေ့က စွပ်စွဲပြစ်တင်ဖို့ အဆိုတင်သွင်းခဲ့တာပါ။

စွပ်စွဲပြစ်တင်မှု ဥပဒေကြမ်းကို အတည်ပြုဖို့ ၁၅၁ မဲသာလိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌက ကြေညာပြီးနောက် ယွန်းဆွတ်ခ်ဆိုးလ်နဲ့ ဟန်ဒတ်ခ်ဆိုးတို့ရဲ့ အာဏာရ ပီပီပီပါတီ လွှတ်တော်အမတ်တွေက ဆန္ဒပြခဲ့ကြပါတယ်။

အာဏာရပါတီအမတ်တွေဟာ မဲပေးတဲ့နေရာအလယ်မှာ စုဝေးခဲ့ကြပြီး ဒါဟာတရားမဝင်ကြောင်း၊ အာဏာအလွဲသုံးစားမှုလို့ဆိုကာ လွှတ်တော်ဥက္ကဌကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ယာယီသမ္မတကို စွပ်စွဲပြစ်တင်မှုကြောင့် တောင်ကိုရီးယားငွေကြေး ဝမ်စျေးနှုန်းဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က ကမ္ဘာစီးပွားရေးအကျပ်အတည်းနောက်ပိုင်း ဒေါ်လာစျေးနဲ့ယှဉ်ရင် အနိမ့်ဆုံး ကျဆင်းသွားပြီး နိုင်ငံရေးအကျပ်ရိုက်မှုတွေအတွက် နှစ်ဖက်စလုံးက အပြန်အလှန်အပြစ်တင်နေကြပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image
image
image

ကျပ် ၁၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်နှင့် မူးယစ်ဆေးများ ပဲခူးမြို့တွင် ဖမ်းမိ

ဒီဇင်ဘာ ၂၇

ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆ ကီလို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်တွင် ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်း လိုက်ပါလာသည့် Toyota Dyna မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၁၅၄ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ညနေ ၆ နာရီတွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူများဖြစ်သည့် နိုင်နိုင်ဝင်း(ခ)ရှက်ဖီးနှင့် တင်ထွန်းနိုင်တို့အား ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်းရှိ ဟိုတယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းမိတရားခံများကို စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှ ပဲခူးမြို့သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

မင်္ဂလာတောင်ညွှန့်မှာ (၅)ဦးနှင့်အထက် လူစုလူဝေးမပြုလုပ်ဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်

ဒီဇင်ဘာ ၂၇

ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ (၅)ဦးနှင့် (၅)ဦးအထက် ပိုပြီး လူစုလူဝေးမပြုလုပ်ဖို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန် အသိပေးလာတာကိုတွေ့ရပါတယ်။

မြို့နယ်အတွင်းမှာ အများပြည်သူရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ ပျက်ပြားအောင် လုပ်ဆောင်နေတာတွေ တွေ့ရှိနေ ရတဲ့အတွက် အခုလို အမိန့်ထုတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို လူစုလူဝေး ကန့်သတ်မှုကို မြို့နယ်ထဲက လမ်းမကြီးတွေ၊ လမ်းသွယ်၊ လမ်းကြားတွေ၊ ဥယျာဥ် (သို့) အပန်းဖြေနေရာတွေမှာ မပြုလုပ်ကြဖို့ အမိန့်စာမှာပါရှိပါတယ်။

နံနက် (၁)နာရီကနေ နံနက် (၃) နာရီ အထိကို ညမထွက်အရအမိန့်ကို ထုတ်ဆင့်လိုက်ပြီး နောက်ထပ် အမိန့် ထုတ်ပြန်မှု မရှိမချင်း ယခုထုတ်ပြန်တဲ့ အမိန့် အတည်ဖြစ်နေမှာလို့ ဆိုပါတယ်။

#centralnewsnaypyitaw

image