ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျိုင်းတုံ - တာချီလိတ် သွားလမ်း ပန်ကွဲတောင် အဆင်းတွင် (၁၀)ဘီးကား တိမ်းမှောက်မှုကြောင့် (၁)ဦး သေဆုံး
* * * * *
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ - တာချီလိတ် သွားလမ်း ကျိုင်းတုံမြို့နယ်အတွင်း ပန်ကွဲတောင် အဆင်းတွင် (၁၀)ဘီးကား တိမ်းမှောက်မှုကြောင့် (၁)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ ပန်ကွဲတောင်အဆင်း ပန်လော့(အထက်)ရွာ နတ်စင်ကွေ့၊ မိုင်တိုင်အမှတ်(၄၀၃/၇)နှင့်(၄၀၄/၀)ကြားတွင် ၂၀၂၅ခုနှစ် မတ်လ (၂၀)ရက်နေ့ ည(၆)နာရီခွဲ ဝန်းကျင်အချိန်က ဖြစ်ပွါးခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၄)ဦးအနက် ယာဉ်မောင်းမှာ နေရာတွင် သေဆုံးသွားပြီး ကျန်သူများမှာ ကားအတွင်း ညပ်မိနေ၍ ခက်ခက်ခဲခဲ ရှာဖွေကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
ကျိုင်းတုံခရိုင်/မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရာတွင် ကျိုင်းတုံကြက်ခြေနီအသင်း အပါအဝင် နှလုံးလှ လူမှုကူညီရေးအသင်း၊ တိုင်းနေ နာရေးကူညီရေးအသင်း၊ နှင့် လူမှုရေး အသင်းအဖွဲ့များက ပါဝင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
ကားနှင့်ညပ်မိထား၍ စိုးရိမ်ရသည့် ဒဏ်ရာရရှိသူများကို ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Photo: တိုင်းနေ နာရေးကူညီရေးအသင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြဝတီဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ လူပေါင်း တစ်သိန်းကျော် အလုပ်လုပ်နေကြဆဲဖြစ်
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လုပ်ငန်းလည်ပတ်နေဆဲဖြစ်သော အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ လူပေါင်းတစ်သိန်းကျော် အလုပ်လုပ်နေကြဆဲဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့က မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပြန်လည်လွတ်မြောက်လာသူများထံမှ ရရှိသည့်သတင်းအချက် အလက်များအရ မြန်မာနိုင်ငံ မြဝတီဘက်ရှိအွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၌ လူပေါင်းတစ်သိန်းကျော်အထိအလုပ်လုပ်နေကြဆဲ ဖြစ်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်သက်ချိုင်က မီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။
ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အနေဖြင့် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းနေသည့်တိုင် မြန်မာဘက်ခြမ်း မြဝတီမြို့ရှိအွန်လိုင်းလိမ်လည်ရေး လုပ်ငန်းများအပေါ်အကျိုးသက်ရောက်မှု နည်းပါးနေဆဲဖြစ်ကြောင်း ထိုင်းရဲချုပ် သက်ချိုင်က ပြောကြားထားသည်။
ထိုင်းရဲတပ်ဖွဲ့ နှင့် တရုတ်တာဝန်ရှိသူများရရှိထားသော သတင်းအချက်အလက်များအရမြဝတီဘက်ခြမ်း၌ အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ အနည်းဆုံး ၃၇ဝဝ ခန့်တို့ကလုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။
ယင်းအပြင်မြဝတီဘက်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌လူပေါင်း ငါးသောင်းမှတစ်သိန်းအထိကျန်ရှိနေဆဲဖြစ်ကြောင်း ထိုင်းရဲချုပ်သက်ချိုင်က ပြောကြားထားသည်။
ယခုနှစ် ဖေဖော်ဝါရီလမှစ၍ ထိုင်း၊ မြန်မာနှင့် တရုတ်တာဝန်ရှိသူ များသည် မြဝတီနှင့်မြဝတီဝန်းကျင်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ လူပေါင်း ၅၂ဝဝ ကျော်ကို ခေါ်ထုတ်နိုင်ခဲ့ပြီး ၃၅ဝဝ ကျော်ကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထိုင်းရဲချုပ် သက်ချိုင်ကပြောကြားထားသည်။
ဗန်ကောက်ပို့စ်