ရောဂါအလိုက်အသုံးပြုနည်းများ…..
ဝက်ရူးနာရောဂါ….
ပေါက်ပန်းဖြူ ရွက်ကို ငြုပ်ကောင်းနှင့်အတူ နွားကျင်ငယ်နှင့် ကြိတ်၍ ရှုသော် ဝက်ရူးနာ ပျောက်၏။
မျက်စေ့အားနည်း…..
ပေါက်ပန်းဖြူ အပွင့်၏ သတ္တု ရည်ကို မျက်စေ့၌ ခပ်ပါက မျက်စေ့မှုန်ခြင်း၊ မျက်စေ့ဝေခြင်းတို့ကို ပျောက်ကင်းစေ၏။
မီးယပ်ဖြူ ရောဂါ…..
ပေါက်ပန်းဖြူ အစိုအခေါက်ကို ထောင်း၍ အရည်ညှစ်ယူပါ။ ၎င်းသတ္တုရည်ကို စင်ကြယ်သော အဝတ် (သို့မဟုတ်) ဂွမ်းတွင် စိုအောင် ဆွတ်၍ ယောနိတွင်ထည့်၍ ပေးပါက မီးယပ်ဖြူ ရောဂါ ပျောက်ကင်း၏။
အဆစ်အဆက်ရောင်ရောဂါ…..
ပေါက်ပန်းဖြူ (အနီပွင့်)၏ အမြစ်ကို ရေနှင့်ရောကြိတ်၍ မီးဖြင့် နွေးအောင်ပြုပြီးလျှင် ရောင်သောအဆစ်အဆက်များကို လိမ်းပေးမူ အဆစ်ရောင်ရောဂါ ပျောက်၏။
ခေါင်းတခြမ်းကိုက်ခြင်း….
အပွင့်'(သို့)အရွက်ကို အရည်ညှစ်ယူ၍ ၎င်းအရည်ကို ခေါင်းမကိုက်သော တဘက်ရှိ နှာခေါင်းမှ ရှုပါက ပျောက်ကင်း၏။
ရောင်ရမ်းခြင်း…..
ပေါက်ပန်းဖြူ မြစ်နှင့် ပန်းတိုင်းမြစ်ကို ရေနွေးနှင့်သွေး၍ ရောင်ရမ်းသောနေရာသို့လိမ်းမူ ပျောက်ကင်း၏။
ကြက်မျက်သင့်ရောဂါ…..
ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်စားပါက ကြက်မျက်သင့်ရောဂါ ပျောက်ကင်း၏။
စိတ်ဖောက်ပြန်သောရောဂါ……
၎င်းအရွက်၏ သတ္တုရည်တွင် ချင်းခြောက်, ပိတ်ချင်း, ကြံသကာတို့ကို ဆတူရော၍ ရှု၍ ရှု၍ ပေးပါက စိတ်ပျံ့လွင့်ခြင်း ပျောက်ကင်း၏။
(အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်မှပေါက်ပန်းဖြူ ပင်အား ရောဂါအလိုက်အသုံးပြုနည်းမှ ကူးယူဖော်ပြပါသည်။ Thura Htay Aung)
ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို မျက်စဉ်း ခတ်ပေးပါက မျက်စိမှုန်ခြင်း၊ ဝေခြင်းတို့ ကို သက်သာစေသည်။
အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေသည်။
အတက်ရောဂါ၊ ဝက်ရူးရောဂါ ခံစားနေရသူ များ ပေါက်ပန်းဖြူရွက်ကို ငရုတ်ကောင်းနှင့် ရောစပ်ကာ ကြိတ်ပြီး ရှူပေးခြင်းဖြင့် သက်သာစေသည်။
ခေါင်းတစ်ခြမ်းကိုက်ပါက အပွင့်နှင့်အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါက သက်သာစေသည်။ အရိုးကျီးပေါင်း ရောဂါ၊ ကြက်မျက်သင့်ရောဂါဖြစ်ပါ က ပေါက်ပန်းဖြူပွင့်ကို ပြုတ်၍ စားပေးနိုင်သည်။
တုပ်ကွေးဖျား(သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်သည်။
ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေသည်။
အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သာစေသည်။ ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်းဝင်ခြင်း ကို ကင်းဝေးစေသည်။
ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏပြုတ်တို့စားပေးရသည်။
မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါဖြစ်လျှင် ပေါက်ပန်းဖြူပွင့်ကို သုပ်စားရသည်။
(မှတ်ချက်။ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ဝေသော အသုံးဝင်ဆေးပင် များနှင့် မြန်မာ့တိုင်းရင်းဆေးနည်း လက်စွဲ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)
ပေါက်ပန်းဖြူ ၊ ပေါက်ပန်းနီ ဆိုပြီး နှစ်မျိုးရှိသည် (အပွင့်ရဲ့ အရောင်ကို လိုက်ပြီး) ပေါက်ပန်းနီသည် ပိုပြီး ဆေးဖက်ဝင်သည်။
အသီး ၊ အစေ့ ၊ အမြစ်တို့ ဆေးဘက်ဝင်၏။အရွက်ကို ဟင်းခါးအဖြစ် ချက်သောက်ကြသည်။သွေးကို သန့်စေတယ်။
ကြက်မျက်သင့် ရောဂါအတွက် ပေါက်ပန်းဖြူ ပွင့်ရဲ့ သတ္ထုရည်ကို မျက်စဉ်းခပ်လျှင် ကောင်း၏။
တက်တတ်သော ကလေးငယ်များအား အရွက်ကို ထောင်းသတ္ထုရည်နှင့် ဂျင်း (သို့မဟုတ်) ကြက်သွန်ဖြူနှင့် ရောရရှိသော အရည်ကို ရှုပေးရမည်။Original Uploader

image
1 နှစ် - ဘာသာပြန်ပါ။

အားသာချက် - ဟင်းချက်ရတာကြိုက်
အားနည်းချက် - ချက်ရမှာပျင်း

image
1 နှစ် - ဘာသာပြန်ပါ။

ဖုန်းလာအားပေးတာကို မပျော်တဲ့ဆိုင်ကရှိသေး

image
1 နှစ် - ဘာသာပြန်ပါ။

မေတ္တာတရားမှာ ဘဘ်သူကမှ
အတင်းချစ်ခိုင်းလို့လဲမရပါဘူး။
မချစ်နဲ့လို့လဲ တားလို့မရပြန်ဘူးလေ။

#စာတို

1 နှစ် - ဘာသာပြန်ပါ။

တိတ်ဆိတ်ခြင်းမှာ တရားရှိတယ်။
ဘာတရားလဲဆိုရင် မေတ္တာတရားပေါ့..

တစ်ဖက်က လိုလိုလားလားမရှိတော့ရင်
တစ်ဖက်က တိတ်ဆိတ်ပေးရတာမျိုးပေါ့။

#စာတို

1 နှစ် - ဘာသာပြန်ပါ။

ပျက်နေတဲ့နာရီတေင် တစ်နေ့ကို
နှစ်ချိန်မှန်တယ်တဲ့
ရှိမှာပါ သတိရတာခြင်း တိုက်ဆိုင်တာမျိုး

#စာတို

1 နှစ် - ဘာသာပြန်ပါ။

ဆရာမ ဂျူး ပြောခဲ့သလိုပဲ
တစ်စုံတခုနဲ့ ပတ်သက်ပြီး ရွေးချယ်ပြီးတဲ့အခါ
ကိုယ်ရွေးချယ်ပြီးသွားတဲ့ အရာအပေါ်က်ို
သစ္စာရှိရတယ် တဲ့ ။

အဲ့ဒါကြောင့်ပဲ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ်
ရွေးချယ်ပြီးသွားတိုင်း နောက်ပြန်လှည့်ဖို့ မရှိခဲ့ဘူး
ဘယ်တော့မှ ရှိလာမှာလည်း မဟုတ်ဘူး ။ 🤍

🤍

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်မြတ်နိုးမှုကို
သိသာအောင်ရော ၊ မသိသာအောင်ရော
ဖော်ထုတ်ပြခဲ့ပါတယ် ။

အဲ့ဒါဟာ ချည်နှောင်ခြင်း မဟုတ် ။

“ အမြဲ အသင့်ရှိနေတယ် ” ဆိုတဲ့အကြောင်းကို
သီတင်းစကား ပို့ချင်ရုံလေးပါ ။

#မြကျေး

image
1 နှစ် - ဘာသာပြန်ပါ။

အနာဂါတ်တွေကိုမတွေးဘူး
ဝေးလွန်းလို့။

ဒီနေ့ကိုပဲတွေးတယ်။

ဒီနေ့မှာသာ မင်းပျော်နေမယ်ဆိုရင်
အနာဂါတ်တွေဟာလဲလှပနေမှာ။

ဘာကြောင့်လဲသိလား
အနာဂါတ်ဆိုတာ...
ဒီလိုနေ့တွေကနေစတင်ရတာဖြစ်လို့ပဲ။

#depayy

image
1 နှစ် - ဘာသာပြန်ပါ။

တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...
တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...
တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...
တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...
အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...
အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...
ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...
အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... ..

image