Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“ချစ် .. နင် ဟန်ဆောင်ကောင်းလှချည်လား ဟင်”
ကျွန်မ မောင့်ကို အထိန်းအချုပ်မရှိ တင်းကျပ်စွာ ပွေ့ဖက်၍ မျက်လုံးများကိုသာ ပိတ်ထားပစ်လိုက်ရလေသည်။
မောင့် ကိုယ်ခန္ဓာမှာ အနည်းငယ် တုန်ယင်နေသည်။
“မထင်ခဲ့ပါဘူး ချစ်ရယ် ၊ နင့်ကို ဒီလို …. ”
မောင့်အသံမှာ အနည်းငယ်အက်နေသည်။ မောင့်စကားသည် အဖျားဆွတ်၍ တိမ်၀င်သွား၏။
“နင် .. နင် ငါ့ကို ဘာဖြစ်လို့ ဒီလောက် ချစ်ရတာလဲဟင် ၊ နင်ဘာဖြစ်လို့ ဒီလောက် ချစ်ရတာလဲ”
ကျွန်မ ရှက်ရွံ့၀မ်းနည်းစွာ အသံထွက်၍ ရှိုက်ငို ပစ်လိုက်မိပါသည်။ မောင်က ကျွန်မ ကိုယ်ခန္ဓာကို တအားလှုပ်ယမ်း၍ မေးနေပြန်သည်။
“နင် ဘာဖြစ်လို့ ဒီလောက် ချစ်ရတာလဲ”
“မသိဘူး .. မသိဘူး မမေးစမ်းပါနဲ့ကွယ်”
ကျွန်မ ခြေဖျားထောက်၍ မောင့်ကို ဖက်ထားရင်း မောင့်မေးစေ့ကို လှမ်းနမ်းမိသည်။ ပူနွေးယိမ်းယိုင်နေသော ကိုယ်ခန္ဓာကို မောင်ကသာ ထိန်းပွေ့ဖက် မထားမိလျှင် နေရာတွင်ပင် ပုံလျက် လဲကျသွားတော့မှာပါ။
“ဟိုတုန်းကဘာဖြစ်လို့ တစ်ခွန်းမှ မတားခဲ့သလဲ မောင်နဲ့ လမ်းခွဲခါနီး ဘာဖြစ်လို့ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်နိုင်သေးလဲ နင် သိပ်ဟန်ဆောင်ကောင်းတယ်နော်”
ဘာတွေပဲ ဖြစ်နေ ဖြစ်နေ ကျွန်မ မောင့်ကို အသည်းနှလုံးနှင့်ပုံ၍ ချစ်ခဲ့ကြောင်း ကျွန်မသာလျှင် အသိဆုံးဖြစ်သည်။ မောင် သိစေဖို့လည်း ဘယ်တော့မှ ကြိုးစားမည် မဟုတ်ပါ။
“ကျွန်မကို ဘယ်လိုမှ မထင်ပါနဲ့နော် ၊ တစ်နေ့နေ့မှာ မောင် တစ်ခုလပ် ဖြစ်လာမလား မုဆိုးဖို ဖြစ်လာမလားဆိုတဲ့ ယုတ်ညံ့တဲ့ မျှော်လင့်ချက်နဲ့ မောင့်ကို စောင့်ခဲ့တာ မဟုတ်ပါဘူးမောင် ၊ အမျှင်တန်းပြီး ကျန်ရစ်မယ့် သံယောဇဉ်အားကိုးနဲ့မောင့်ကို မယားငယ်အဖြစ် အရှက်မရှိ အသနားခံဖို့ စောင့်နေခဲ့တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မောင့်ကို ကျွန်မ ဘယ်လိုမှ မေ့လို့မရဘူး။ ကျွန်မလေ မောင်နဲ့ ခွဲရရင် ရူးသွားမှာလို့ ထင်ခဲ့တယ် ။ အခုတော့ ရူးလဲ မရူးပါဘူး ။ မောင့်ကိုလည်း မမေ့ဘူး ။ မောင့်ကို မေ့အောင် ဘာလုပ်ရမလဲ ။ အကြံပေးခဲ့စမ်းပါဦး မောင်ရယ် ၊ အခုမှတော့ ကျွန်မ ဘ၀မှာနေလို့လည်း မပျော်တော့ပါဘူး”
တစ်သက်လုံး မျိုသိပ်လာခဲ့တာ စကားများကို အဆက်မပြတ် ပြောမိသွားမှန်း သတိရလာသောအခါ တစ်ချက် ရှိုက်ငင်၍ ချက်ချင်း ရပ်တန့်ပစ်လိုက်ပြီး မောင့်ရင်ခွင်မှ ရုန်းထွက်လိုက်၏ ။ မောင်က အလိုက်သိစွာ ဖြေလျော့ပေးပါသည်။
“ဆော့ရီး … ကျွန်မ ဘာဖြစ်သွားမှန်း မသိဘူး ။ မောင် စိတ်ညစ်အောင်များ”
အို .. မောင့်မျက်၀န်းမှာ မျက်ရည်တို့ဖြင့် စိုလက်နေပါလား ။ အနည်းငယ် တုန်ယင်သော မောင့်နှုတ်ခမ်းသည် ပြုံးဖို့ အားယူလျက် မပြုံးဖြစ်ပါ။ ကျွန်မ ဖျတ်ခနဲ မျက်နှာလွဲလျှက် မျက်ရည်တို့ကို လက်ခုံဖြင့် ပွတ်တိုက် သုတ်ပစ်လိုက်၏။ ရေဖန်ခွက်ထဲသို့ ဒစ်စ်ပရင် ဆေးပြားကလေး ဖောက်ထည့်လိုက်သည်။ ဖြုန်းခနဲ ဆူပွက်လာသော အမြှုပ်များ ငြိမ်ကျသွားသောအခါ မောင့်ကို ဖန်ခွက် ကမ်းပေးလိုက်သည်။
#ဆက်ရန်ရှိ
#ဝက်သားနဲ့မျှစ်ချဉ်
""""""""""""""""""""""""""""""""
👩🍳 ဝက်သားကို ဒီတိုင်းချက်စားတာထက် အအီပြေအောင် မျှစ်ချဉ်လေးနဲ့ရောကြည့်နော် ။ လူကြိုက်လည်းပိုများတဲ့ ဟင်းလေးတခွက်ပါ ။
🔸🔸ပါဝင်ပစ္စည်းများ🔸🔸
""""""""""""""""""""""""""""""""""""""""""""""
ဝက်သား ၃ထပ်သား ... ၂၀ သား
မျှစ်ချဉ် ... ၁၀ သား
နတျသုဒ်ဓါစိမျးစားငါးပိ ... ထမင်းစားဇွန်းတဝက်
ကိုင်းခရမ်းချဉ်သီး ... ၁၀ သားခန့်
ကြက်သွန်နီ ... ၁ လုံး
ကြက်သွန်ဖြူ ... အမွှာကြီး ၅ မွှာခန့်
ဂျင်း ... လက်တဆစ်ခန့်
ငရုတ်ခွဲကြမ်း ... ထမင်းစားဇွန်း ၁ ဇွန်း
ဆီ ... အနည်းငယ်
ဆား/ဆနွင်း /အရသာမှုန့် ... အနည်းငယ်
-------------------------------------------------------------------------------------
👩🍳ချက်ပြုတ်နည်း👩🍳
""""""""""""""""""""""""""""""""""
1️⃣ ဝက်သားကိုရေစင်အောင်ဆေးပြီး အတုံးလှလှလေးတုံးထားပါ။ ပြီးလျှင် ဆား ဆနွင်း အရသာမှုန့်နဲ့ နယ်ပြီး ၁၀မိနစ်လောက်နှပ်ထားပါ။
2️⃣ မျှစ်ချဉ်ကိုလည်း လိုသလို လှီးဖြတ်ပြီး ရေစင်စင်ဆေးပြီး တစ်ရေလောက်ပြုတ်ပြီး ရေစစ်ထားပါ။
3️⃣ ဂျင်း /ကြက်သွန်ဖြူ /နီကို ငရုတ်သီးခွဲကြမ်းနဲ့ထောင်းထားပါ။
4️⃣ ခရမ်းချဉ်သီးကိုခပ်ကြမ်းကြမ်းလှီးထားပါ။
5️⃣ ပါဝင်ပစ္စည်းများအားလုံးကို သမအောင်နယ်ထားပါ။ဂျင်း၊ကြက်သွန်ဖြူနီ၊ ခွဲကြမ်း ထောင်းထားတာကို တဝက်ပဲထည့်ပါ။
6️⃣ အဆင်သင့်ဖြစ်ပြီဆို ချက်လို့ရပါပြီ။ မီးအနေတော်မှာ ဒါယ်အိုးတင်ပြီး ဆီထည့်ပါ။ ဆီပူလာပြီဆို ဂျင်း ကြက်သွန်ဖြူ နီ ခွဲကြမ်းထောင်းထားတာထည့် ဆီမွှေးသတ်ပါ။
7️⃣ အနံ့မွှေးလာပြီး ကြက်သွန်လေးတွေ မွလာပြီဆို ဝက်သားမျှစ်ချဉ်နယ်ထားတာထည့်ပြီး ရေခမ်းတဲ့အထိ ချက်ပါ။
8️⃣ ရေခမ်းပြီး အနံ့မွှေးလာပြီဆိုမှ ဝက်သားမျှစ်ချဉ် ကို ရေမြုပ်ရံုလောက်အောင်ထည့်ပြီး အဖုံးအုပ် မီးအေးအေးနဲ့ နှပ်ချက်လေးချက်လိုက်ရင် ဆီကျန်ရေကျန်လေးနဲ့ နူးအိပြီး အရသာရှိတဲ့ ဝက်သားမျှစ်ချဉ်ဟင်းလေးတခွက်ရပါပြီနော် 🤤
#credit
#ဝက်သား #မျှစ်ချဉ်
#cooking #ဝက်သားမျှစ်ချဉ်
#ချက်ပြုတ်နည်း #ဟင်းချက်နည်းများ
ပြင်ဦးလွင်မြို့တွင် ပထမဆုံးအကြိမ် အသက် (၃၅) နှစ်အထက် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပမည်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ
ပထမဆုံးအကြိမ်အဖြစ် အသက် (၃၅)နှစ်အထက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ၃၀ရက်ကနေ ဇန်နဝါရီ၆ရက်အထိ ကျင်းပမှာဖြစ်တယ်လို့ ပြင်ဦးလွင်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကနေသိရပါတယ်။
ဒီပြိုင်ပွဲကို ဖူဆယ်ဘောလုံးအသင်း (၁၂) သင်းဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတယ်လို့ ဆိုပါတယ်။
“မြို့တွင်းမှာတော့ ပထမဦးဆုံးကျင်းပဖြစ်တာပါ။ သက်ကြီးဘောလုံးဝါသနာရှင် တွေအတွက်စဉ်းစားပြီး စီစဉ်ဖြစ်တာပေါ့။ နောက်ဆက်တွဲပြိုင်ပွဲတွေးကျင်းပပြုလုပ်သွားမှာပါ"လို့ ပြင်ဦးလွင်မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာဒေးဗစ်ကပြောပါတယ်။
လက်ရှိစာရင်းပေးသွင်းထားတဲ့အသင်းတွေထဲမှာ အသက်(၃၅)နှစ်အထက် ကစားသမားအယောက်၆၀၊ အသက်(၄၀) အထက် ကစားသမားအယောက်၇၀နဲ့ အသက် (၅၀)ကျော် ကစားသမား၁၄ယောက် ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
How to naturally repair a cavity. Keep these tips in mind to avoid visiting the dentist
A Balanced Diet for Strong Teeth
You can support the remineralization of your teeth by maintaining a balanced diet and practicing proper dental hygiene. Pay attention to your mineral intake and include healthy fats like coconut oil in your meals. Also, make sure to include mineral-rich foods such as shellfish, organic dairy products, and leafy greens. These nutrients can strengthen your teeth and gums, potentially preventing cavities from forming.
Reduce Phytic Acid Intake
Phytic acid is commonly found in foods like grains, beans, nuts, and seeds. Consuming large amounts of phytic acid can make it difficult for your body to absorb minerals, which can affect the health of your teeth. Try reducing your intake of these foods to promote better oral health and potentially prevent cavities.
Avoid Processed Foods
Processed foods often contain added sugars and preservatives, which can contribute to tooth decay. By avoiding these foods and focusing on whole, natural foods, you can support your dental health and reduce the risk of cavities.