35 w - Translate

Wataru Mitaniဆိုတဲ့အလယ်တန်းကျောင်းသားလေးဟာ သူ့ရဲ့ဘဝကိုစိတ်ကုန်ပြီးကံကြမ္မာကိုပြောင်းလဲဖို့အတွက် ထူးဆန်းတဲ့တံခါးပေါက်ထဲကိုဝင်သွားတဲ့အခါ

Brave Story (2006)

Visionလို့ခေါ်တဲ့ စိတ်ကူးယဉ်ကမ္ဘာထဲရောက်သွားပါတော့တယ်
စိတ်ကူးယဉ်ကမ္ဘာမှာရတနာ၅ခုကိုရှာဖွေနိုင်သူဟာကံကြမ္မာနတ်ဘုရားမနဲ့တွေ့ခွင့်ရမှာဖြစ်ပြီး ဆု၁ခုတောင်းခွင့်ရှိပါတယ်
Wataruရဲ့သူငယ်ချင်းဖြစ်သူAshikawa Mitsuruဟာလည်းသူ့ရဲ့ဆိုးဝါးတဲ့ကံကြမ္မာကိုပြောင်းလဲပစ်ချင်နေသူပါ
သူကတော့မှားယွင်းတဲ့နည်းလမ်းနဲ့
ရတနာတွေကိုရှာဖွေခဲ့ပြီး စိတ်ကူးယဉ်ကမ္ဘာကိုထိခိုက်စေခဲ့ပါတယ် အကောင်းနဲ့အဆိုး သူငယ်ချင်း၂ယောက်
တွေ့ကြတဲ့အခါဘယ်လိုဖြစ်မလဲ
Wataru၁ယောက်စိတ်ကူးယဉ်ကမ္ဘာမှာ  ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ
ဘယ်လိုစွန့်စားရမလဲ သူ့ကံကြမ္မာကိုရောပြောင်းလဲနိုင်ပါ့မလား Ashikawaကရောသူ့ကံကြမ္မာကို
ပြောင်းလဲနိုင်ပါ့မလားဆိုတာကိုတော့.....


🌼🌸 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🌸🌼 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1532

image
35 w - Translate

အမြဲဗိုက်ဆာ နှင့် အမြဲစားချင်”)
1.Gemini ♊️
2.Taurus ♉️
3.Capricorn ♑️
4.Leo ♌️
5. Aquarius ♒️
6. Cancer ♋️
ဘလောက်ပဲစားစားမဝတဲ့
အာသာမပြေမာမာဝေ🫦
မှတ်ချက် စကော်မပါတာက သူတိူ့က တခုပဲအမြဲဆာလို့ပါ”(

#lunatarot

image
35 w - Translate

MADHA (202

အသစ် ထွက်ရှိလာတဲ့ တောင်ပိုင်း တေလဂူးကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
မြင်နေကျ အိန္ဒိယကားတွေနဲ့ မတူဘူး။စကားတွေ အများကြီး မပြောဘူး။ဖိုက်တင်အက်ရှင်တွေ ပါမနေဘူး။

ဆိုက်ကို ဆန်ဆန်နဲ့ Thriller နောက်ခံတေးကိုအဆက်မပြတ် ကြားနေရပြီး စကားနည်းနည်းနဲ့ဖော်ကျူးထားပါတယ်။
ဇာတ်လမ်းစစချင်းမှာ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ယောက်စာသင်နေပုံနဲ့ စတယ်။
“လူသားတွေ အတွက် အန္တရာယ်အရှိဆုံး လက်နက်ကလူတွေရဲ့ စိတ်ပဲ”တဲ့။
ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရပါတယ်။အကြောက်တရားနဲ့ အသိစိတ်ကို အပြင်ထုတ်ပေးခံနေရတဲ့လူတွေ ခုတလော အမြင်ရဆုံးပဲမဟုတ်လား။
ကျွန်တော်တို့ စိတ်တွေဟာ ဘယ်အချိန်မှာလက်နက်ဖြစ်သွားတာလဲတဲ့။
အဲ့ဒီမှာပဲ တည်ငြိမ်ပြီး နေသားကျနေတဲ့မိန်းကလေးတစ်ယောက်နဲ့ သူ့ဘဝကိုအချက်ကျကျ လာရောက်ဖျက်ဆီးတဲ့ လူတစ်ယောက်တို့ရဲ့ဇာတ်လမ်း အစပျိုးလိုက်ပါတယ်။
မေးစရာ တစ်ခုရှိတယ်ဗျ။ကျွန်တော်တို့တွေ အရူးလို့ ဘယ်သူ့ကို ခေါ်ကြတာလဲ။ဘယ်လိုလူမျိုးကို ရူးတယ်လို့ စွပ်စွဲနိုင်မလဲ။
လမ်းပေါ် အမှိုက်တွေ့လို့ ကောက်ယူသွားတဲ့လူကိုဝတ်ကောင်းစားလှနဲ့ မြင်ရရင်တော့လူကောင်းလို့
ခေါ်ပြီးစုတ်ပြတ်နွမ်းရိတဲ့ အဝတ်အစားနဲ့မြင်ရရင်တော့အရူးလို့ပဲ သတ်မှတ်လိုက်ကြတာမလား။
လမ်းပေါ်က အရာဝတ္ထုတစ်ခုဆိုပါစို့။
ကိုယ်မြတ်နိုးတဲ့အရာကို ကိုယ်ကောက်ယူသွားတာကတပါးသူအတွက် ရူးတယ်ခေါ်နိုင်သလို ကိုယ်မလိုချင်လို့ပစ်ထားတဲ့ ပစ္စည်းအစုတ်က
တပါးသူကောက်ယူစရာဖြစ်နေလို့ ကောက်ယူသွားတဲ့အခါအဲ့ဒီလူကို ရူးတယ်လို့ ခေါ်ကြပြန်ရော။
ဇာတ်လမ်းထဲမှာတော့ မင်းသမီးကို အကွက်ကျကျ စီစဉ်ထားတဲ့လှည့်ကွက်တွေ၊ တပါးသူမသိနိုင်အောင် ကြံစည်ထားမှုတွေနဲ့သူ့ကို အရူးပါလို့ စွပ်စွဲဖို့
စောင့်နေတဲ့ အသိုင်းအဝိုင်းကြားလူအမြင်မှာ ရူးသွားရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းပဲ။
ဒါပေမဲ့ သူ့ကိုမှ ဘာလို့ ဒီလို လုပ်ရတာလဲ။
ဘာအတွက်လဲ၊ ဘယ်လိုအသုံးချမှာလဲ၊ဘယ်လိုအကျိုးရှိစေလို့လဲ ဆိုတဲ့ မေးခွန်းတွေ ကြည့်နေရင်း စဉ်းစားလာစေပါတယ်။
တစ်ဖက်မှာလည်း ရောဂါသည် ကလေးမလေးတစ်ယောက်၊သူတို့က ဘယ်လိုဆက်စပ်နေကြတာလဲ ဆိုတာကိုကိုယ်တိုင်သာ ခံစားကြည့်ကြပါဗျ။
အညွှန်းဖတ်ပြီး မူးနောက်မသွားပါနဲ့။အညွှန်းရေးသူရဲ့ အာဘော်ပါနေတာပါ။
ဇာတ်ကားထဲမှာတော့ စိတ်ဝင်စားစရာဖြစ်အောင်မြှုပ်ထားတဲ့ အကြောင်းတွေ ရှိနေပေမဲ့မရှုပ်လှပါဘူး။
ဆုတံဆိပ်တွေကိုလည်း ဝေဝေဆာဆာ မြင်နေရမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2222390798/204

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
35 w - Translate

Kingsman: The Secret Service (2014)

“Manners maketh man.”Gentleman ဆိုတာဘယ်လိုယောက်ကျားမျိုးလဲဆိုတာ ပြသဖိုဆိုရင်တော့ Kingsman ရုပ်ရှင်တွေက အတိအကျကိုညွှန်းဆိုပြသနေတာပါပဲ။

ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြောင့်မတ်တည်ကြည်တဲ့ယောက်ျား..အဝတ်အစားကစလို အပြောအဆိုအနေအထိုင် အမူအရာ အမူအကျင့် အားလုံးမှာ စမတ်ကျကျနဲ့ ယဉ်ကျေးတဲ့ယောက်ျားဒီလို Gentleman ရဲ့ဝိသေသတွေနဲ့ မင်းသားကြီး Colin Firth ကို ဟယ်ရီအဖြစ် မြင်တွေ့ရတာက Kingsman ရုပ်ရှင်တွေရဲ့ အရသာပါပဲ။Kingsman ဆိုတာကတော့ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်နေတဲ့လျှိဝှက်အေးဂျင့်အဖွဲအစည်းပါ။

ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကို အခြေပြုထားတယ်ဆိုပေမယ့် မတူကွဲပြားတဲ့ တင်ဆက်ပုံတွေ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့Kingsman ဆိုတဲ့ ရသသစ်တခုကို အပြည့်အဝပေးနိုင်ခဲ့ပါတယ်။Kingsman:The Secret Service (2014) ရုပ်ရှင်မှာတော့မင်းသားကြီး Colin Firth,Samuel L.Jackson , Mark Strong , Michael Caine တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ပြီးလူငယ်သရုပ်ဆောင် Taron Egerton က အဓိကသရုပ်ဆောင် Kingsman Agent အဖြစ်ပါဝင်ထားပါတယ်။

image

အိမ်ငှားတုန်းက နံရံဖောက်ခွင့်မပြုဘူးပြောလို့
ပူတဲ့ဒဏ်မခံရအောင်ရယ် အဲယားကွန်းကို
နံရံဖောက်ဖို့မလိုပဲ တပ်လို့ရတဲ့နည်းပါ😬😬🤭🤭😂😂

#crd_photo
#funny

image

ပြဿနာမရှာရရင်မနေတတ်တဲ့ငါ????

#glamday

Don't ever let somebody tell you, you can't do something.
You got a dream, you got to protect it.

image

ကြက်ဟင်းခါးသီးရဲ့ကျန်းမာရေးအကျိုးအာနိသင်များ
အခါးဓါတ်ရှိတာကြောင့် တော်တော်များများကတော့ ကြက်ဟင်းခါးသီးကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး ကောင်းမွန်စေဖို့ အကျိုးအာနိသင်တွေ အများကြီးရှိပါတယ်။ ကြက်ဟင်းခါးသီးကို ကြော်စားကြသလို ပြုတ်ပြီး တို့စရာအဖြစ် စားတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ဟင်းခါးသီးရဲ့ အကျိုးအာနိသင်ကတော့ ပြောင်းမသွားပါဘူး။ အခါးဓါတ်ရှိတဲ့ ကြက်ဟင်း ခါးသီးက ဘာတွေ ကောင်းသလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်း

ကမ္ဘာတဝှမ်းမှာရှိတဲ့ လူဦးရေတော်တော်များများဟာ ဆီးချိုရောဂါ ခံစားနေရပါတယ်။ ကြက် ဟင်းခါးသီးမှာ ပါဝင်တဲ့ အင်ဆူလင်လိုမျိုး Polypeptide ဟာ ဆီးချိုရောဂါကို ထိန်းချုပ်ပေးပါတယ်။ အဓိကအားဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်းပါ။ ဆီးချို ရောဂါ ခံစားနေရသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ် ပမာဏကို ထိန်းညှိပေးတဲ့အနေနဲ့ ကြက်ဟင်း ခါးသီး စားတာမျိုး လုပ်ပေးသင့်ပါတယ်။

ကိုလက်စထရော

ကြက်ဟင်းခါးသီး စားသုံးခြင်းဟာ ခန္ဓာ ကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးတဲ့အပြင် ယောင်ရမ်းတာတွေလည်း သက်သာစေပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုလည်း သက်သာစေပါတယ်။

သွေးဖိအား

ကြက်ဟင်းခါးသီးမှာ ပိုတက်စီယမ် များများပါဝင်တာဟာ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် စုပ်ယူမှုကိုပိုပြီး အားကောင်းစေပါတယ်။ ဒါဟာ သွေးဖိအားကိုပါ ထိန်းညှိပေးပါတယ်။ ဒါ့အပြင် သံဓါတ်နဲ့ ဖောလစ်အက်ဆစ် လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး လေဖြတ်ခြင်းကိုပါ သက်သာစေပါတယ်။

အသည်းကို ကာကွယ်ပေးခြင်း

အရက်သောက်တာက အသည်းကို ထိခိုက်စေတယ်ဆိုတာ တော်တော်များများ သိထားပြီးသားဖြစ်မှာပါ။ အသည်းမှာ အဆိပ်အတောက်တွေ မဖြစ်စေဖို့အတွက် ကြက်ဟင်းခါးသီးလေး စားပေးဖို့လိုပါတယ်။ ကြက်ဟင်းခါးသီးမှာ အသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်မှု တွေနဲ့ အင်ဆူလင်ဓါတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သည်း ခြေအိတ်ကိုပါ ကောင်းမွန်စေပါတယ်။

ကယ်လိုရီကို လျော့ချပေးခြင်း

ပိန်ချင်တဲ့သူတွေနဲ့ ကယ်လိုရီလျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ကြက်ဟင်းခါးသီးလေး စားသုံးပေးပါ။ ကြက်ဟင်းခါးသီးမှာ ကယ်လိုရီ၊ အဆီနဲ့ ကာဗိုလ်ဟိုက်ဒြိုက်တွေ အများကြီး မပါဝင်ပါဘူး။ Journal BMC Complementary and Alternative Medicine ရဲ့ တင်ပြချက်မှာတော့ ကြက်ဟင်းခါးသီးကို အဝလွန်ခြင်း ကုသရာမှာ အသုံးပြုနိုင်ကြောင်း ပြောထားပါတယ်။

ကိုယ်ခံအား ကောင်းစေခြင်း

လူတစ်ဦးမှာ ကိုယ်ခံအား ကောင်းနေပြီဆိုရင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဆန့်ကျင်တိုက် ခိုက် နိုင်ပါတယ်။ ဒါဆိုရင် ဖျားနာခြင်းတွေ မဖြစ်စေတော့ပါဘူး။ ကိုယ်ခံအားကောင်းစေဖို့အတွက် လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ရှိမယ်ဆိုရင် ဖျားနာတာတွေ အလွယ်တကူ မဝင်ရောက်စေနိုင်တော့ပါဘူး။ ဟင်းချက်မစားဘူးဆိုရင်တောင် ဖျော်ရည်သောက်နိုင်ပါတယ်။

မျက်စိအားကောင်းခြင်း

မျက်စိအားကောင်းချင်တယ်ဆိုရင်တော့ ကြက် ဟင်းခါးသီးစားပါ။ ကြက်ဟင်းခါးသီးမှာ ဗီတာမင် အေ ပါဝင်တာက မျက်စိရဲ့ ကျန်းမာရေးနဲ့ အမြင်အာရုံကြည်လင်ဖို့အတွက် အထောက်အကူ ပြုပါတယ်။ နောက်တစ်ခုကတော့ မျက်ကွင်းညိုတာတွေကို သက်သာစေနိုင်တာပါ။

ခုဆိုရင် ကြက်ဟင်းခါးသီးရဲ့ ကောင်းကျိုးတွေကို သိထားပြီးဖြစ်လို့ စားပေးဖို့ တိုက်တွန်းပါရစေ။

image

#funny