မြန်မာနိုင်ငံအောက်ပိုင်း ကျေးလက်တောရွာ

image

မြန်မာနိုင်ငံအောက်ပိုင်း ကျေးလက်တောရွာ

image

မြန်မာနိုင်ငံအောက်ပိုင်း ကျေးလက်တောရွာ

image

မြန်မာနိုင်ငံအောက်ပိုင်း ကျေးလက်တောရွာ

imageimage
+6
41 w - Translate

iPhone 17 Air ရဲ့ ထုထည်ဆိုဒ်အတိအကျ ထွက်ရှိလာ
အခုနှစ်ကတော့ အပါးဆုံးဖုန်းက အလှဆုံးဆိုတာမျိုး အသားယူပြောတဲ့နှစ် ဖြစ်လာနိုင်ပါတယ်။
Slim ဖုန်း trend မှာ Apple က တော်တော်ကြီးပါးလွှာတဲ့ iPhone သစ်နဲ့ ဒီနှစ်ထဲ ဝင်ရောက်ဖို့ ရှိပါတယ်။ iPhone 17 Air ဆိုတဲ့ နာမည်ပေးလာနိုင်တဲ့ ဒီဖုန်းရဲ့ ဘော်ဒီအချိုးအစား ထုထည်တွေလည်း Specs အတိအကျနဲ့ leak ဖြစ်ထားပါတယ်။
Ice Universe ဆီက လာတဲ့ အချက်အလက်တွေအရ iPhone 17 Air က iPhone 17 Pro Max နဲ့ Screen Size ၊ body length , bezel နဲ့ wide တွေ တစ်ပုံစံတည်း ဖြစ်မယ်လို့ ပြောပါတယ်။ ဖုန်းအထူ thickness တစ်ခုပဲ ကွဲမှာပါ။
leak တွေအရ iPhone 17 Pro Max က 8.725mm ထူပြီး iPhone 17 Air က 5.5mm ပဲ ထူမယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်အတိုင်းဆို Air မော်ဒယ်က တော်တော်ကြီး ပါးမှာ ဖြစ်သလို iPhone 17 Pro Max ကလည်း လက်ရှိ iPhone 16 Pro Max (8.25 mm) ထက် သိသိသာသာ ထူမယ့်ပုံပါပဲ။
အထူအပါး မတူတာကလွဲရင် Dimension အတိုင်းအတာအရ Air နဲ့ Pro Max တွေက အတူတူ ဖြစ်နိုင်ပါတယ်။ ဒီဖုန်းနှစ်မျိုးက အမြင့် 163mm ၊ အကျယ် 77.6mm ၊ display အရွယ်အစား ၆.၉ လက်မ (174mm) နဲ့ screen border ဘောင် 1.15mm စီ ရှိမယ်လို့ Ice Universe က ဆိုပါတယ်။
အခု အချက်အလက်တွေက အတည်ယူလို့ မရသေးပါဘူး။ ပုံမှန်အတိုင်းဆို iPHone 17 lineup က လာမယ့် စက်တင်ဘာလထဲမှ မိတ်ဆက်မှာ ဖြစ်လို့ပါ။

image
41 w - Translate

"အပူ"
******
ခုတ်လိုက်တာကသစ်ပင်
စုတ်ပြဲသွားတာကကောင်းကင်...
နွေနေမှာ ထင်းထင်းမြင်ရတယ်။
အသုံးဝင်လှတဲ့ထည့်စရာ...
တစ်နေ့မှာလေးငါးအိတ်မက
ကြွပ်ကြွပ်အိတ်တွေဟာ
စွန့်ပစ်တဲ့အခါ...မြေမှာ...ရေမှာ။
နှစ်တွေကြာတဲ့အခါပြန်ကြည့်
ကြောက်ခမန်းလိလိကိုများလှပေါ့
မီးရှို့တဲ့အခါမှာတော့...
အိုဇုန်းလွှာကိုဖျက်စီးကြပြန်တယ်။
ရွေးလျားမှုအတွက်စွမ်းအင်
လောင်စာဆီတွေလောင်ကျွမ်းရတယ်
ယာဥ်တွေပြေးလွှားနေကြချိန်
ထွက်လာတဲ့မီးခိုးတွေက
ကောင်းကင်ကိုရန်စကြပြန်ရော။
ကဲ...ဘယ်လိုပဲဖြစ်ဖြစ်
ဒီအပူတွေရဲ့တရားခံ
(လူဆိုတဲ့...)
ကျွန်တော်တို့တွေသာ အမှန်ဖြစ်တယ်။
ဒီတော့...
ကျွန်တော်တို့လေ
ပြင်ဆင်ဖို့လိုတယ်...
ဆင်ခြင်ဖို့လိုတယ်...
လာမယ့်မိုးရာသီမှာ
သစ်ပင်တွေပြန်စိုက်ကြရအောင်ကွယ်။
#စာအုပ်စာပေလူ့မိတ်ဆွေ

image

🚨အမျိုးသားတစ်ယောက်ရဲ့ဆံပင်က တစ်လကိုပျှမ်းမျှလက်မဝက်ရှည်တယ်လို့သိရတယ်
ကြားထဲမှာဆံပင်မညှပ်ဖြစ်ဘူးဆိုရင် Bucky ရဲ့ ဆံပင်ကို Thunderbolt* ရုပ်ရှင်မှာ Brave New World ကထက်
၃ လက်မပိုရှည်လာတယ်လို့ယူဆလို့ရတယ်
ဒါဆို Thunderbolts ဟာ Brave New World အပြီး
၆ လ မှာ ဖြစ်တယ်ဆိုတာ သေချာပါတယ်

image

ကိုယ့်ရဲ့ ဘုန်းကျက်သရေကို ကိုယ်တိုင်ဖန်တီးပါတယ် ။
အချစ်ရဆုံးသမီးလေးရေ….
ကိုယ် လေးစားအထင်ကြီးရတဲ့ လူတစ်ယောက်အကြောင်း တွေးလိုက်တဲ့အခါမှာဖြစ်စေ သူ့ရဲ့အထင်ကြီးလေးစားစရာကောင်းတဲ့ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာအကြောင်း တစ်ပါးသူကို ပြောပြနေတဲ့အချိန်မျိုးမှာ မေမေတို့ရဲ့မျက်လုံးတွေဟာ ရွှန်းလက်တောက်ပနေတတ်ပြီး နှုတ်ခမ်းလေးတွေက ပြုံးနေတတ်ပါတယ် ။
နှလုံးသားက ကြည်နူးပီတိအဟုန်နဲ့ တလှိုက်လှိုက်နွေးထွေးလှိုက်ခုန်နေတတ်ပါတယ် ။ စိတ်ကလေးက ကြည်လင်ဖြူစင်နေတတ်ပါတယ် ။ အဲ့ဒီအချိန်မှာ မေမေတို့ရဲ့စိတ်က အလင်းဓာတ်တွေ အကြည်ဓာတ်တွေ positive vibrations တွေနဲ့ ထုံမွှမ်းထားပါတယ်..။
သူတစ်ပါးရဲ့ ကောင်းကွက်သတင်းကောင်းလေးတွေ ပြောနေတဲ့အချိန် သူများရဲ့ ပျော်ရွှင်အောင်မြင်နေမှုအပေါ် မုဒိတာစိတ်ကလေးနဲ့ ချီးမွမ်းဂုဏ်ပြုနေတဲ့အချိန်မှာ ကိုယ့်စိတ်ကလေးကလည်း ပီတိနဲ့ ပျော်ရွှင်လင်းလက်နေတာမို့ ကုသိုလ်စိတ်ကလေးတွေ ဖြစ်လို့နေပါတယ် ။ ဒီအချိန်ဟာဟာ ကိုယ့်ရဲ့ဘုန်းကျက်သရေကို တိုးတက်ပွင့်လန်းစေတဲ့အချိန်ဖြစ်ပါတယ် ။
အလားတူပါပဲ ။ လူတစ်ယောက်အကြောင်းကို မကျေနပ်တဲ့စိတ် မုန်းတီးရန်လိုနေတဲ့စိတ် မနာလိုဝန်တိုနေတဲ့စိတ် မုဒိတာမပွါးနိုင်ဘဲ အမုန်းစကားတွေ အတင်းအဖျင်းစကားတွေ ပြောဆိုနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတိထားပြီးကြည့်ကြည့်ပါ ။
မျက်လုံးတွေမှာ အမုန်းအမျက်တွေ တောက်လောင်ပြီး စူးရှတောက်ပြောင်နေပါလိမ့်မယ် ။ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ရှာဖွေပြီး အဆိုးစကားတွေ ပြောနေချိန်မို့ နှုတ်ခမ်းတွေ မဲ့ရွဲ့နေပါလိမ့်မယ် ။
ဒေါသမာန်တွေ စောင်နေချိန်မို့ ကိုယ့်ရဲ့စိတ်ဟာ အမှောင်ထဲမှာ ရောက်နေပြီး စိတ်နှလုံးတွေ ပူလောင်နေပါလိမ့်မယ် ။ အဲ့ဒီအချိန်ဟာ အကုသိုလ်စိတ်တွေ ပွါးနေတဲ့အချိန် ဖြစ်ပါတယ် ။ ကိုယ် ပြောနေတဲ့စကားဟာ ဇောထက်သန်ရင်ထက်သန်သလောက် ကိုယ့်ဆီကို တန်ပြန်အကျိုးသက်ရောက်မှု ပြင်းထန်စေပါတယ် ။
သူတစ်ပါးရဲ့ ပျက်ဆီးရာပျက်ဆီးကြောင်းကို ကြံစည်ပြောဆိုနေချိန်မှာ အပြောခံရသူက ဘာမှဖြစ်မသွားဘဲ ပြောလိုက်တဲ့သူမှာသာ သူ့ရဲ့ အကုသိုလ်စိတ်အဟုန်ကြောင့် စိတ်ရဲ့အကြည်ဓါတ်တွေ ပျက်ပြယ်သွားသလို Negative energy တွေရဲ့ အရှိန်ကြောင့် ကိုယ့်ရဲ့ ဘုန်းကျက်သရေတွေ မှေးမှိန်ဆုတ်ယုတ်သွားစေပါတယ် ။
ဒါကြောင့် နေ့တိုင်း ကိုယ့်ရဲ့ ဘုန်းကျက်သရေကို ကိုယ်တိုင်ပဲ ဖန်တီးနေတာဖြစ်ပါတယ် ။ သူတစ်ပါးရဲ့ကောင်းကွက်ကလေးကိုရှာပြီး ချီးကျူးပေးတာ သူတစ်ပါးရဲ့အောင်မြင်ပျော်ရွှင်နေမှုအပေါ် မုဒိတာလေးပွါးပြီး စိတ်ကောင်းစေတနာလေးနဲ့ လိုက်ပြီး ပျော်ရွှင်ဝမ်းသာပေးတာတွေဟာ ကိုယ့်ရဲ့ဘုန်းကျက်သရေကို တိုးတက်ပွင့်လန်းလာအောင် ဖွင့်ပေးတာနဲ့ တူပါတယ် ။
သူများရဲ့မကောင်းကြောင်းတွေ အတင်းအဖျင်းစကားတွေ အမုန်းစကားတွေ ချိုးဖဲ့နှိမ်ချတဲ့စကားတွေ ပြောနေမိပြီဆို ကိုယ့်ရဲ့ဘုန်းကျက်သရေတွေ ကျဆင်းနေပြီဆိုတာကို သတိလေးထားစေချင်ပါတယ် ။
ချစ်တဲ့မေမေ…
#လွန်းထားထား

image
41 w - Translate

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး OSH သင်တန်းဖွင့်လှစ်မည်
********************
(ပြည်တွင်း) မတ်လ ၁၁
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးဆောင်၍ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး (OSH) သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ SAFETY SUPERVISOR COURSE သင်တန်းကို မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ Safety Course စိတ်ဝင်စားသူ များ၊Site Engineer များ၊ Safety officer များ၊ Supervisor များတက်ရောက်နိုင်ကြောင်း သိရပါတယ်။

ထိုသင်တန်းတွင် သင်တန်းသားဦးရေ (၂၀) ဦးသာလက်ခံသင်ကြားသွားမည်ဖြစ်ပြီး၊ သင်တန်းပြီးမြောက် လျှင် MCEF မှ Certificate ပေးအပ်သွားမည်ဖြစ်ကြောင်း၊သင်တန်းတက်‌ရောက်ခြင်းဖြင့် MCEF အသင်းဝင် ကုမ္ပဏီကြီးများနှင့် ထိတွေ့ဆက်ဆံနိုင်မည်ဖြစ်ကာ မျိုးဆက်သစ်လုပ်ငန်းခွင် (Internship) ဆင်းနိုင်ပြီး Engineer များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

image
41 w - Translate

ကမ္ဘာ့အကြီးဆုံး နှင့် အလေးဆုံး ဗုံးကြဲလေယာဉ် - Tupolev Tu-160 (Blackjack)
ကမ္ဘာ့လေကြောင်းသမိုင်းမှာ အင်အားကြီးမားမှု၊ စွမ်းဆောင်ရည်မြင့်မားမှုတို့နဲ့ ထင်ရှားတဲ့ ဗုံးကြဲလေယာဉ်တွေ အများအပြားရှိခဲ့ပါတယ်။ ဒီအထဲမှာမှ ဆိုဗီယက်ပြည် ထောင်စုရဲ့ နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ ဗျူဟာမြောက်ဗုံးကြဲလေယာဉ် Tupolev Tu-160 (နေတိုးအခေါ် Blackjack) ဟာ ထူးခြားတဲ့စံချိန်တွေနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
Tu-160 ဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အလေးဆုံး တိုက်ခိုက်ရေးလေယာဉ်ဖြစ်ရုံသာမက အသံထက်မြန်တဲ့ အမြန်ဆုံးဗုံးကြဲလေယာဉ်တွေထဲက တစ်စင်းလည်း ဖြစ်တယ်ပါတယ်။ Tu-160 ကို ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စတင်ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။
အဓိကရည်ရွယ်ချက်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ B-1 Lancer ဗုံးကြဲလေယာဉ်ကို ယှဉ်ပြိုင်ဖို့ပါ။ ဒါပေမယ့် Tu-160 ဟာ B-1 ထက် ပိုမိုကြီးမားပြီး စွမ်းဆောင်ရည်လည်း ပိုမိုမြင့်မားတယ်ဆိုတာ ငြင်းလို့မရပါဘူး။
သူ့ရဲ့ အရွယ်အစားဟာ အလျား ၅၄.၁ မီတာ၊ အတောင်ပံအကျယ် (အပြန့်အနေအထား) ၅၅.၇ မီတာ နဲ့ အမြင့် ၁၃.၁ မီတာ ရှိပါတယ်။ ဒီအရွယ်အစားဟာ တိုက်ခိုက်ရေးလေယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်စေတဲ့ အချက်ပါ။
လေယာဉ်ရဲ့ အမြင့်ဆုံးတက်နိုင်တဲ့အလေးချိန် (Maximum Takeoff Weight) ကလည်း ၂၇၅ တန် ရှိတာကြောင့် တိုက်ခိုက်ရေးလေယာဉ်တွေထဲမှာ အလေးဆုံးစံချိန်ကို ပိုင်ဆိုင်ထားပါတယ်။
အမြန်နှုန်းပိုင်းမှာလည်း Tu-160 က ထိပ်တန်းပါပဲ။ အသံထက် နှစ်ဆကျော်မြန်တဲ့ Mach 2.05 (တစ်နာရီကို ၂,၂၂၀ ကီလိုမီတာနှုန်း) အထိ ပျံသန်းနိုင်စွမ်းရှိပါတယ်။
လက်နက်တပ်ဆင်မှုအပိုင်းမှာလည်း အတွင်းပိုင်း ဗုံးဂိုဒေါင်နှစ်ခုမှာ စုစုပေါင်း တန် ၄၀ အထိ သယ်ဆောင်နိုင်ပြီး နျူကလီးယားလက်နက်တွေ၊ သမားရိုးကျဗုံးတွေနဲ့
ခရုဇ်ဒုံးကျည်တွေကို တပ်ဆင်နိုင်ပါတယ်။ အဓိကအား ဖြင့် Kh-55 နဲ့ Kh-101/102 ခရုဇ်ဒုံးကျည်တွေကို သယ် ဆောင်အသုံးပြုတာ တွေ့ရပါတယ်။
ထူးခြားတာကတော့ သူ့ရဲ့အတောင်ပံတွေပါ။ အတောင်ပံများကို လိုအပ်သလို အဖွင့်အပိတ်ပြုလုပ်နိုင်တဲ့ (Variable-sweep wing) နည်းပညာကို အသုံးပြုထားတာကြောင့် အမြန်နှုန်းမြင့်စွာ ပျံသန်းသည့်အခါမှာ လေခွင်းအားကို လျှော့ချနိုင်ပြီး၊ အနိမ့်ပျံသန်းရာတွင် ပိုမိုတည်ငြိမ်စေဖို့ အထောက်အကူပြုပါတယ်။
Tu-160 ကို ရုရှားလေယာဉ်မှူးတွေက သူ့ရဲ့လှပတဲ့ အဖြူရောင်အသွင်အပြင်နဲ့ ကျော့ရှင်းတဲ့ ပုံသဏ္ဍာန်ကြောင့် (Belyy Lebed) လို့ခေါ်ကြပြီး အဓိပ္ပာယ်ကတော့ "White Swan" (ငန်းဖြူ) ဖြစ်ပါတယ်။ ဒါပေမယ့် နေတိုးတပ်ဖွဲ့တွေကတော့ သူ့ကို Blackjack လို့ သတ်မှတ်ခေါ် ဝေါ်ကြပါတယ်။
Tu-160 ကို အဓိကအားဖြင့် ရုရှားလေတပ်က အသုံးပြုပြီး အကွာအဝေးဝေးလံတဲ့နေရာတွေကို ဗျူဟာမြောက်တိုက်ခိုက်ဖို့ ရည်ရွယ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဆီးရီးယားစစ်ပွဲမှာ ပထမဆုံးအကြိမ် စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ သမိုင်းမှတ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။
လက်ရှိမှာတော့ Tu-160M လို့ခေါ်တဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတွေကို ထုတ်လုပ်နေပြီး အင်ဂျင်အသစ်များ၊ အီလက်ထရောနစ်စနစ်များနဲ့ ပိုမိုကောင်းမွန်တဲ့ လက်နက်စနစ်တွေ ပါဝင်လာတာကြောင့် ပိုမိုကြောက်မက်ဖွယ်ကောင်းတဲ့ စစ်လက်နက်ဖြစ်လာပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် Tupolev Tu-160 (Blackjack) ဟာ စွမ်းအားကြီးမားတဲ့ ဗျူဟာမြောက်ဗုံးကြဲလေယာဉ်ဖြစ်ပြီး သူ့ရဲ့ထူးခြားတဲ့ အရွယ်အစား၊ အလေးချိန်၊ အမြန်နှုန်းတို့ကြောင့် ကမ္ဘာ့စစ်ရေးသမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေဆဲဖြစ်ပါတယ်။
ရုရှားရဲ့ စစ်အင်အားကို ပြသနေတဲ့ သင်္ကေတတစ်ခုဖြစ်သလို၊ စစ်ဘက်နည်းပညာရဲ့ အထွတ်အထိပ်ရောက်ရှိမှုကိုလည်း သက်သေပြနေတဲ့ လေယာဉ်တစ်စင်းအဖြစ် သတ်မှတ်နိုင်မှာ အသေအချာပါပဲ။
#knowledge

image