40 w - Translate

A doctor who was arriving in the United States to teach medicine was detained at Boston's Logan International Airport on March 13, according to legal documents.
Dr. Rasha Alawieh had a valid H1B visa, or work visa, that had been issued on March 11. A Lebanese citizen, she was employed by Brown University as an assistant professor of medicine.
Also according to the legal documents, DHS officials gave no reason for her detention.

https://abcnews.go.com/US/dhs-....detains-lebanese-doc

image

လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထများ
အသက်ကြီးလာတာနဲ့အမျှ လည်ပင်းကျီးပေါင်းရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ နေထိုင်မှုပုံစံပြောင်းလဲလာတာကြောင့် လူငယ်တွေမှာပါ ဖြစ်လာပါပြီ။ ဒါကြောင့် လူငယ်တွေမှာ လည် ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ ဆိုတာကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

လည်ပင်းကျီးပေါင်း ဆိုတာ

လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာက အသက် အရွယ်ရလာတာကြောင့် ဇက်ကြော တလျှောက်မှာရှိတဲ့ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေ စုတ်ပြဲလာတာကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။

တစ်ခါတလေမှာ ကျီးပေါင်းတက်တာက ကျောရိုးဆစ်ကြားထဲက အဆစ်ပြားလေးတွေမှာ ရေဓာတ်နည်းတာကြောင့် ဖြစ်နိုင်သလို အဆစ်ပြားကျွံတာ၊ အရိုးအတက်ထွက်တာ၊ ဘေးနားက အရွတ်တွေ တောင့် တင်းလာတာကြောင့်လည်း ဖြစ်လာပါတယ်။

အရိုးကျီးပေါင်းဖြစ်တာဟာ အရိုးအဆစ်ရောင်တာရဲ့ အစပျိုးလက္ခဏာ ဖြစ်နိုင်သလို အရိုးအစွန်းတွေကြားမှာ အုပ်ထားတဲ့ အရိုးနု အစွပ်လေးတွေ ပျက်စီးလာတာကြောင့်လည်း ဖြစ်ပါတယ်။

လည်ပင်းကျီးပေါင်း ဖြစ်တာက တော်တော်လေး အဖြစ်များပြီး အသက် ၄၀ နောက်ပိုင်းအရွယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက် ကြီးလာလေလေ ပိုဆိုးလာလေလေ ဖြစ်နိုင်ပါတယ်။ အသက် ၆၀ အထက် ဘိုးဘိုးဘွားဘွား အယောက် ၁၀၀ မှာ ၈၅ ဦးလောက်က လည်ပင်းကျီးပေါင်းကို ခံစားကြရပါတယ်။ နောက်ပိုင်းမှာတော့ လူငယ်တွေမှာလည်း တွေ့လာရပါပြီ။

လည်ပင်းကျီးပေါင်းက တော်တော်များများမှာ လက္ခဏာ မပြဘဲ ရှိနေတတ်ပါတယ်။ ဒီတော့ ဖြစ်နိုင် ခြေကို လျှော့ချဖို့အတွက် လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေကို သိထားဖို့လိုအပ်ပါတယ်။

လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထများ

တစ်နေ့တာမှာ ကိုယ်တိုင်တောင် မသိဘဲ လုပ်လိုက်မိတဲ့ ဒီအလေ့အထတွေက လည်ပင်းကျီး ပေါင်း တက်တာကို ဖြစ်စေနိုင်တာမို့ သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်နေဟန်ထား မမှန်တာ ။ အထူးသဖြင့် ဦးခေါင်းနဲ့ လည်ပင်းက အနေအထား မမှန်တာ၊ ဇက်ကို အသုံးပြုပြီး အလေးအပင်မတာ၊ လှုပ် ရှားမှု တစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာ လုပ်တာ (ဥပမာ ခေါင်းမော့တာ၊ ခေါင်းငုံ့တာ) စတာတွေကြောင့် လည်ပင်းကျီးပေါင်း ဖြစ်တတ်ပါတယ်။

၂။ ဗီတာမင် လုံလောက်အောင် မရတာ ။ တစ်နေ့တာမှာ အစားတွေတော့ စားနေပါရဲ့။ စားတဲ့ အစား အစာတွေထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကတော့ လုံလောက်အောင် မပါဘူးဆိုရင်လည်း ကျီးပေါင်း ဖြစ်စေနိုင်ပါသတဲ့။ အထူးသဖြင့် ဗီတာမင် D နဲ့ ဗီတာမင် B12 လုံလောက်စွာ မရရှိခြင်းက အရိုးတွေကို ပျက်စီးစေပြီး ပြန်လည်ပြုပြင်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

၃။ သတ္တုဓာတ်တွေ လုံလုံလောက်လောက် မရတာ ။ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ သတ္တု ဓာတ်တွေ ဖြစ်ကြတဲ့ ကယ်လ်ဆီယမ် နဲ့ ပရိုတင်းတွေ ပြည့်ဝအောင် မစားဘဲ အသင့်စား အစား အစာတွေ၊ အမြန်စား အစား အစာတွေကို စားတာက ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို ကျဆင်းစေနိုင်သလို ပရိုတင်း လုံ လောက်အောင် ရရှိမှုကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၄။ ကိုယ်လက်လှုပ်ရှားမှု နည်းတာ ။ အလုပ်ထဲမှာလည်း တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတယ်။ အိမ်ရောက်တော့လည်း ပင်ပန်းလို့ဆိုပြီး လှုပ်ရှားမှု မလုပ်ဘဲ ထိုင်နားရင်းနဲ့ အိပ်ရာဝင်တယ်ဆိုရင်တော့ ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်သလို အရိုးတွေလည်း ပျက်စီးလာမှာပါ။ ဒါ့ပြင် အဝပါ လွန်လာတဲ့အတွက် ကျီးပေါင်းဖြစ်ဖို့ အခွင့်အလမ်းပိုများလာနိုင်ပါတယ်။

၅။ ဆေးလိပ်သောက်တာ ။ ဆေးလိပ်သောက်တာက အရိုးတွေကို အားနည်းစေပြီး အရိုးထဲက ကယ်လ်ဆီယမ်ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို အဟန့် အတားဖြစ်စေပြီး အရိုးကျီးပေါင်း ခံစားရနိုင်ခြေကို များစေပါတယ်။ အရိုးကျီးပေါင်းကြောင့် နာကျင်မှုကိုလည်း ပိုဆိုးစေပါတယ်။

၆။ ရေသောက်နည်းတာ ။ အပေါ်မှာ ပြောခဲ့သလိုပဲ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေက အရိုးတစ်ခုနဲ့တစ်ခု ပွတ်တိုက်မိတာမျိုးမဖြစ်စေဖို့ ဖော့ချပ်လေးတွေလို လုပ်ဆောင်ပေးတာပါ။ ဒီအဆစ်ပြားလေးတွေက ရေဓာတ်ပြည့်ဝနေမှသာ သူတို့ရဲ့ တာဝန်ကို ကောင်း ကောင်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်လာတဲ့အခါ အရိုးတွေ ထိခိုက်ပြီး ရေရှည်မှာ ကျီးပေါင်းဖြစ်လာစေဖို့ တွန်းအားပေးလာနိုင်ပါတယ်။

၇။ ကိုယ်အလေးချိန် များနေတာ ။ ကိုယ်အလေးချိန် များနေတာက ကျောရိုးအဆစ်တွေမှာ ဝန်ပိုထမ်းထားရသလို ဖြစ်နေပြီး အရိုးတွေ ဝန်ပိတာ၊ ပျက်စီးတာတွေ ဖြစ်စေပါတယ်။ ပျက်စီးတဲ့ အရိုးကို ပြန်အစားထိုးဖို့ လုပ်ရင်း အရိုးအတက်လေးတွေ ထွက်လာတာကြောင့် ကျီးပေါင်း ဖြစ်လာပါတယ်။ အထူးသဖြင့် ခါးကျီး ပေါင်း ပိုဖြစ်တတ်ပါတယ်။

ဘယ်လို ကာကွယ်မလဲ

လည်ပင်းကျီးပေါင်း ဖြစ်တာကို ကာကွယ်ဖို့ဆိုရင် –

၁။ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တာ့အခါ ၂ နာရီလောက် ကြာသွားတိုင်း ၁၀ မိနစ် – ၁၅ မိနစ်လောက် မတ်မတ်ကလေးထိုင်ရင်း ခါးကြောတွေ၊ ခြေထောက်က အကြောတွေကို ပြေလျော့အောင် လုပ်ဆောင်ပါ။ အထူးသဖြင့် ဇက်ကြောတွေကို လျှော့ပေးပါ။

၂။ အခါအားလျော်စွာ မတ်တတ်ရပ်ပေးပါ။ လမ်းလေးပတ်လျှောက်တာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကျောရိုးနဲ့ ခါးကြောပေါ်က သက်ရောက်မှုတွေကို ပြေလျော့စေနိုင်ပါတယ်။

၃။ ကိုယ်နေဟန်ထား မှန်မှန်လေး ထိုင်ပြီး ကွန်ပျူ တာ စခရင်မ်ကို မျက်လုံးနဲ့ တစ်တန်းတည်း ထားပေးပါ။

၄။ အိပ်တဲ့အခါ ခါးကို မတ်မတ် ဆန့်တန့်လေး ထိုင်ပေးပါ။ ပခုံးတွေကိုလည်း အနေအထား မှန်မှန်လေး ထားပေးပါ။

သင်ကိုယ်တိုင် ဘယ်အပြုအမူတွေကို လုပ်မိနေလဲဆိုတာ ကိုယ်တိုင် သုံးသပ်ပြင်ဆင်ပြီး ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

image
40 w - Translate

သက္ကရာဇ်ရထားနဲ့နာမည်ရခဲ့တဲ့ အဆိုတော် ဘီလီထွန်း ကွယ်လွန်
*******************

image
40 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်ရေတပ် အမောင်းသင်တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ခုန်ထွက်လွတ်မြောက်
တရုတ်ရေတပ်မှ အမောင်းသင်တိုက်လေယာဉ်တစ်စင်း မတ် ၁၅ ရက် မွန်းလွဲပိုင်းက ဟိုင်နန်ပြည်နယ်၌ ပျက်ကျခဲ့ရာ လေယာဉ်မှူးအနေဖြင့် လေထီးအကူအညီသုံး၍ အသက်ဘေးလွတ်မြောက်ခဲ့ကြောင်း တရုတ်စစ်ဘက်က သတင်းထုတ်ပြန်ထားသည်။
အမောင်းသင်တိုက်လေယာဉ် ပျက်ကျမှုကြောင့်ပျက်ကျရာနေရာတွင်လည်း အထိအခိုက်အပျက်အစီးမရှိခဲ့ကြောင်း တရုတ်ရေတပ်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ အမောင်းသင်တိုက်လေယာဉ်သည် တရုတ်စစ်ဘက်၏ တောင်ပိုင်းဒေသစစ်ဌာနချုပ်မှ အမောင်းသင်တိုက်လေယာဉ်ဖြစ်ပြီး လေ့ကျင့်ပျံသန်းမှုပြုလုပ်နေစဉ် ဟိုင်နန်ကျွန်းပေါ်ရှိ ကွင်းပြင်တစ်ခုအပေါ်ပျက်ကျခဲ့ရသည်။
အမောင်းသင်တိုက်လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာများ၏ အဆိုအရသိရသည်။
တောင်ပိုင်းဒေသစစ်ဌာနချုပ်သည် တောင်တရုတ်ပင်လယ်ဒေသအပါအဝင် တရုတ်နိုင်ငံ၏ အရေးအကြီးဆုံးနယ်မြေအချို့အတွက် စစ်ရေးအရတာဝန်ယူထားရသောစစ်ဌာနချုပ် ဖြစ်သည်။
တောင်တရုတ်ပင်လယ်ဒေသ ပိုင်ဆိုင်ခွင့်အငြင်းပွားရေပြင်များသည် တရုတ်နှင့်ဖိလစ်ပိုင်တို့အကြား ပင်လယ်ရေကြောင်းထိပ်တိုက်ရင်ဆိုင်မှုများ မကြာခဏဖြစ်ပွားနေသည့်နေရာများ ဖြစ်သည်။
ရိုက်တာ

image

နမော တဿ ဘဂဝတော အရဟတော သမ္မာ သံဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာသံဗုဒ္ဓဿ
နမောတဿ ဘဂဝတော အရဟတော သမ္မာ သံဗုဒ္ဓဿ🙏🙏🙏
ဗုဒ်ဓံသရဏံ ဂစ်ဆာမိ
ဓမ်မံသရဏံ ဂစ်ဆမိ
သံဃံသရဏံ ဂစ်ဆှာမိ🙏🙏🙏
ဒုတိယံမိ ဗုဒ်ဓံသရဏံ ဂစ်ဆာမိ
ဒုတိယံမိ ဓမ်မံသရဏံ ဂစ်ဆာမိ
ဒုတိယံမိ သံဃံသရဏံ ဂစ်ဆာမိ🙏🙏🙏
တတိယံမိ ဗုဒ်ဓံသရဏံ ဂစ်ဆာမိ
တတိယံမိ ဓမ်မံသရဏံ ဂစ်ဆာမိ
တတိယံမိ သံဃံသရဏံ ဂစ်ဆာမိ🙏🙏🙏
လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ

image

🙏🙏🙏
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
မင်္ဂလာနံနက်ခင်ပါ
သာသနာနှစ် ၂၅၆၈ ခု
မြန်မာ သက္ကရဇ် ၁၃၈၆ ခု
တပေါင်း လပြည့်ကျော် * ၄ * ရက်နေ့
* 17 * 3 * 2025 ခု
တနင်္လာ နေ့ မင်္ဂလာနံနက်ခင်
🙏 🙏🏼🙏🏼
🙏🙏🙏အနုမတဂ္ဂ သံသရာမှ စ၍ ယခုဘဝဤအချိန်ကျအောင် ကျွန်ပ်ပြုလုပ်သော ဒါန ကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်။ ကုသိုလ် အစုစု၏ အဖို့ ဘာဂတို့ကို မေတ္တာပို၍ အမျှပေး
ဝေပါ၏။ ကျွန်ပ်နှင့်ထပ်တူထပ်မျှ အမျှရ၍လှိုက်လှဲစွာ သာဓုအနု မောဒနခေါ်ဆိုတော်မူကြပါကုန်လော့။ ( ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု )၃🙏🙏🙏
အမျှရ ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ စိတ်ဓတ်အစဉ်ကြည်လင်သန်းရှင်ကိုယ်တရားတွေရကြပါစေ မြင့်မြတ်သောဆန္ဒ‌ေတွပြီးစီအောင်မြင့်ကြပါစေ။ သူတော်ကောင်းတို့ပို့သသော မေတ္တာနင့်‌‌ေဝ‌ေသာ‌ေကာင်းမူကုသုိလ်တို့လည်ကျွန်ပ်ဝမ်း‌ေမြာက်နု‌ေမာ် သာဓု‌ေခါ်ဆိုပါ၏ ပို့သမေတ္တာများကိုခံယူပါ၏။🙏🙏🙏

image
40 w - Translate

ခိုင်နှင်းဝေရဲ့ အလျှူမှာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ အနုပညာရှင်များ

image
40 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရွှေ့ပြောင်းအလုပ်သမားများအတွက်အလုပ်ပါမစ်အား မတ် ၃ဝ နောက်ဆုံးထားရယူရန် အလုပ်ရှင်များသို့ထိုင်းအစိုးရသတိပေး
ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ပါမစ်အား မတ် ၃ဝ ရက်နောက်ဆုံးထားရယူရန် အလုပ်ရှင်များသို့ ထိုင်းအစိုးရက သတိပေးထားကြောင်းထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းအစိုးရက မှတ်ပုံတင်ထားသော်လည်းလိုအပ်သည့် စာရွက်စာတမ်းများမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ရှင်များအနေဖြင့် မတ် ၃ဝ ရက် နောက်ဆုံးထားကာ အလုပ်ပါမစ်ရယူရန် သတိပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်သမားစာရင်းတင်ထားသည့် အလုပ်ရှင်များအနေဖြင့်မတ် ၃ဝ ရက်အမီ အလုပ်ပါမစ်လျှောက်ထားရမည်ဖြစ်ပြီး ထိုင်းအလုပ်ရှင်များအနေဖြင့် ကျန်းမာရေးကောင်းကြောင်းအထောက်အထား၊ ကျန်းမာရေးအာမခံနှင့် လူမှုဖူလုံရေးစာရွက်စာတမ်းအပြင် ဘတ် ၁ဝဝဝ ကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာလ ကျော်လွန်သွားပါက အလုပ်သမားများအား တရားမဝင်အလုပ်သမားများအဖြစ် သတ်မှတ်ပြီးဘတ် ၅ဝဝဝ မှ ဘတ် ၅ဝဝဝဝ အထိ ဒဏ်ငွေရိုက်ခံရနိုင်ကာ မိခင်နိုင်ငံသို့ ပြန်ပို့ခံရနိုင်သည့်အပြင် ထိုင်းတွင် အလုပ်လုပ်ခွင့်နှစ်နှစ်ပိတ်ခံရနိုင်ကြောင်း သိရသည်။

image
40 w - Translate

AirPods တွေက ပိုအသုံးဝင်လာဦးမှာပဲ 👀
.
Apple ကနေ လာမယ့် iOS 19 Software Update နဲ့အတူ လက်ရှိထွက်ပြီးသား AirPods တွေအတွက် Feature Update တစ်ခုကို ထည့်ပေးမယ်ဆိုပြီး Bloomberg Media က Mark Gurman က ပြောလိုက်တယ်၊ ဒါက ဘာ Feature လဲဆိုတော့ Live Translation ဆိုတဲ့ Feature ပါ။​
ဒီ Live Translation Feature က ပြောရရင် Earbuds တွေမှာ အသစ်အဆန်းတော့မဟုတ်နေဘူး၊ ဟိုးအရင် Pixels Buds တွေထဲဲက Google Translate App ကို သုံးပြီး Earbuds ကနေ Live Translation Feature ကို သုံးနိုင်တာ တော်တော်ကြာပြီ။ ရတဲ့ ဘာသာစကား Limit ရှိပေမယ့် တစ်ဖက်လူက တခြားဘာသာစကားတွေနဲ့ပြောတာကို Earbuds ကနေ ချက်ချင်း ဘာသာပြန်ပေးနိုင်တာဆိုတော့ ခရီးသွားနေတဲ့အချိန်မှာ အသုံးဝင်တဲ့ Feature လို့ ပြောလို့ရတယ်။
ဒါကို Apple ကနေ လက်ရှိ AirPods တွေအတွက် Update ထုတ်ပေးမယ်ဆိုတော့ ဖြစ်နိုင်တာက Hearing Aids လိုမျိုးပဲ​ AirPods Pro 2 ကတော့ ရမှာသေချာလောက်တယ်၊ ကျန်တဲ့ AirPods 4 လည်း ရနိုင်လောက်မယ်။ အရှေ့က Generation တွေ ရမရကတော့ မသေချာလောက်ဘူး။
ဒါပေမယ့် Google တုန်းက Pixel Buds မှာ Live Translation ကို သုံးနိုင်ဖို့အတွက် ကိုယ်ပိုင် Google Translate App ကို မှီခိုပြီး အသုံးချသွားပေမယ့် Apple ကြတော့ ဒီ Live Translation Feature အတွက် Translate App ကိုပဲ သုံးမလား၊ Apple Intelligence တို့၊ Siri တို့ကိုပဲ သုံးမလားတော့ မသိရသေးပါဘူး... Apple Services တွေအစား ChatGPT တို့၊ သတင်းထွက်နေသလို Google Gemini နဲ့ ပေါင်းလိုက်ပြီး Gemini Live လိုမျိုးကို မှီခိုလို့ရရင် တော်တော်မိုက်မယ်။​
ဘာပဲဖြစ်ဖြစ် AirPods တွေက Sound Quality ထက် တခြား Feature တွေက ပိုမက်စရာကောင်းနေပြီ

image

အကယ်၍ လက်ထပ်ပီးကြတဲ့အခါ
ကိုယ်ရယ် မင်းရယ် ခေါက်ဆွဲခြောက်ရယ်

#crd
#funny

image