1 နှစ် - ဘာသာပြန်ပါ။

vivo ရဲ့ BlueVolt Battery နည်းပညာဆိုတာ...?
.
စမတ်ဖုန်းတစ်လုံးသုံးနေပြီဆိုရင် မကြာခဏ ဖုန်းအားကုန်ခြင်းက အမှန်တကယ်စိတ်ညစ်စရာကောင်းတဲ့အရာတစ်ခုပါ။ အထူးသဖြင့် အရေးကြီးဖုန်းပြောနေသောအချိန်၊ အလုပ်ကိစ္စအသုံးပြုနေချိန်နဲ့ Social Media အသုံးပြုနေချိန်တွေမှာ ဖုန်းအားကုန်ပြီးဖုန်းပိတ်ကျသွားတာမျိုး၊ နေ့စဉ်ဖုန်းအားကုန်သွားမှာ ကို စိုးရိမ်ကြောင့်ကြမှုတွေ ကြုံလာရသောအခါ သုံးစွဲသူများအနေဖြင့် စိတ်မသက်မသာ ဖြစ်ရပါသေးတယ်။
ယခုလိုဘက်ထရီအတွက်စိုးရိမ်ကြောင့်ကြမှုတွေနည်းပါးအောင် vivo ကနေ BlueVolt Battery System ကိုအများ ပြည်သူထံမိတ်ဆက်ပြီး vivo Smartphone များထဲတွင်ထည့်သွင်းအသုံးပြုလျက်ရှိပါတယ်။
အသစ်မိတ်ဆက်ထားသည့် vivo V50 Lite တွင်လည်း BlueVolt Battery System ပါဝင်လာပြီ ဖြစ်ပြီး သိုလှောင်အားကြီးမားသော်လည်း ထူထဲလေးလံမနေပဲ ပါးလွှာ၍ အားသွင်းလျင်မြန်ခြင်း၊ ဘက်ထရီသက်တမ်း ကြာရှည်စွာအသုံးပြုနိုင်သော နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်ပါတယ်။
BlueVolt Battery System တွင် Carbon Recomposition Technology, Laser Etching Technology, နှင့် Electrode Reshaping Technology တို့အတူပေါင်းစပ်၍ အံ့ဩထူးခြားစရာကောင်းသည့် စွမ်းအင်သိမ်းဆည်းမှုနှင့်အသုံးပြုခြင်းကို လုပ်ဆောင်နိုင် သည်ဖြစ်ရာ ဘက်ထရီသက်တမ်းနှင့်စွမ်းရည်တို့မှာ အများနှင့်မတူ ထူးထူးခြားခြားပို၍ကောင်းမွန် လာပါတယ်။
Carbon Recomposition Technology ဆိုသည်မှာ ဘက်ထရီအတွင်းရှိ ကာဗွန်၏ သိပ်ဆည်းဆကို တိုးမြှင့်ပေးပြီး စွမ်းအင်ပို၍သိုလှောင်နိုင်စေရန် ပြုလုပ်ပေးခြင်းဖြစ်ရာ တစ်နေ့တာတွင် လုံလောက်စွာ အသုံးခံသော ဘက်ထရီတစ်ခုအနေဖြင့် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
Laser Etching Technology နည်းပညာ သည် သေးငယ်သော လျှပ်စစ်စီးကြောင်းများကို လျှပ်ကူးမျက်နှာပြင်ပေါ်သို့ တိကျစွာဖြတ်သန်းစေပြီး စွမ်းအင်ထုတ်လွှတ်မှုကို အကောင်းဆုံးဖြစ်အောင် ထောက်ပံ့ညှိနှိုင်းပေးသည်ဖြစ်ရာ စွမ်းအင်ကူးပြောင်းရာတွင် ဟန့်တားခြင်းကို လျှော့ချပြီး ချောမွေ့လျင်မြန်၍စိတ်ချသော စွမ်းအင်ကူးပြောင်းမှုကို ဖန်တီးပေးနိုင်သော နည်းပညာတစ်ခုဖြစ်ပါတယ်။
Electrode Reshaping Technologyကြောင့်လျှပ်ကူးခေါင်းများ ပိုမိုပါးလွှာ၍ဘက်ထရီထဲတွင် လျှပ်ကူးခေါင်းများ ပို၍များစွာထည့်နိုင်လာသည်ဖြစ်ရာ စွမ်းအင်ထုတ်လွှတ် ရာတွင် ပို၍ထိရောက်ခြင်း၊ ဖုန်းတွင်းအပူကြောင့် စွမ်းအင်ဆုံးရှုံးမှုလျှော့ချနိုင်ခြင်း၊ ဘက်ထရီ၏သိပ်သည်းဆနှင့် စွမ်းဆောင်ရည်တိုးမြှင့်ခြင်းတို့အပြင် ဘက်ထရီ သက်တမ်းကြာရှည်ခံနိုင်ရန် ကူညီထောက်ပံ့ပေးနိုင်စေမှာပါ။
ဤနောက်ဆုံးပေါ်နည်းပညာသုံးခုကို ပေါင်းစပ်၍ သုံးစွဲသူများ၏တစ်နေ့တာတွင် ဘက်ထရီကြောင့် စိတ်ပူပန်ရခြင်းများ လျှော့ချပေးနိုင်ရန် ကြီးမား၍ကြာရှည်ခံသောဘက်ထရီကို လျင်မြန်စိတ်ချလုံခြုံစွာ အားသွင်းနိုင်သော နည်းပညာများဖြင့်ပေါင်းစပ်၍ BlueVolt Battery System အနေဖြင့် vivo Smartphone များတွင်ထည့်သွင်းအသုံးပြုပေးလျက်ရှိနေပြီဖြစ်ပါတယ်။
ဒါကြောင့်အသစ်မိတ်ဆက်ထားသော vivo V50 Lite တွင် 6500 mAh Battery ပါဝင်သည့်အပြင် BlueVolt Battery System ကြောင့်ပါးလွှာ၍ ကြာရှည်အသုံးခံသော ဘက်ထရီတစ်လုံး အနေဖြင့်သုံးစွဲသူများစိတ်ကျေနပ်‌စေရပြီး ဘက်ထရီကြောင့်ဖြစ်သော စိတ်မချမ်းမြေ့စရာများ မှ ကင်းဝေးနိုင်မှာသေချာပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ကမ္ဘာထက် အရွယ်အစား ၅ ဆ ပိုကြီးပြီး စိန်သားနဲ့ ဖွဲ့စည်းထားပုံရတဲ့ ဂြိုဟ်တစ်လုံး ရှာဖွေတွေ့ရှိ
NASA သိပ္ပံပညာရှင်တွေဟာ ကမ္ဘာထက် အရွယ်အစား ၅ ဆ ပိုကြီးပြီး စိန်သားနဲ့ ဖွဲ့စည်းထားပုံရတဲ့ ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 55 Cancrie လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကရကဋ် ကြယ်စုတန်း (Cancer)ထဲမှာ ပါဝင်ပြီး အလင်းနှစ် ၄၀ အကွာအဝေးမှာရှိတဲ့ ကြယ်တစ်လုံးကို ဗဟိုပြု လှည့်ပတ်နေတာပါ။
အဲဒီဂြိုဟ်ရဲ့ ထူးခြားချက်ကတော့ ဒြပ်ထု၊ အရွယ်အစား၊ သိပ်သည်းဆအရ ကာဗွန်တွေနဲ့ ဖွဲ့စည်းထားတာလို့ ယူဆရပြီး ဂြိုဟ်အတွင်းမှာရှိတဲ့ ဖိအားကြောင့် စိန်သားဖြစ်နေနိုင်တာပါပဲ။ 55 Cancrie ဂြိုဟ်ဟာ ၁၈ နာရီကို တစ်ပတ်နှုန်းနဲ့ ကြယ်ကို လှည့်ပတ်နေတာဖြစ်ပြီး အဲဒီနှုန်းဟာ သူ့ဝင်ရိုးပေါ် သူလည်ပတ်နေတဲ့နှုန်းနဲ့ တူညီနေတာကြောင့် 55 Cancrie ဂြိုဟ်ရဲ့ တစ်ခြမ်းက အမြဲလင်းနေပြီး တစ်ခြမ်းကတော့ အမြဲမှောင်မိုက်နေပါတယ်။
နေစကြဝဌာပြင်ပမှာရှိတဲ့ 55 Cancrie ဂြိုဟ်အတွင်းပိုင်းကို ဖောက်ထွင်းမြင်နိုင်ခြင်းမရှိပေမဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ အာကာသရဲ့ အမှောင်ထုနဲ့ ဆန့်ကျင်ဘက်အဖြစ် စိန်သားတွေက ပြိုးပြက်လင်းလက်နေလိမ့်မယ်လို့ ယူဆထားကြပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Pres. Donald Trump has signed an executive order instructing the Corporation for Public Broadcasting to “cease direct funding to NPR and PBS.”

https://abcnews.go.com/Politic....s/live-updates/trump

image
1 နှစ် - ဘာသာပြန်ပါ။

Actor and comedian Russell Brand arrived at a London court to face rape and sexual assault charges on Friday morning.
The charges relate to four separate women and the alleged crimes span from 1999 to 2005, authorities said.
Read more: https://abcnews.link/wivJqdu

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ၂၀၃၆ တွင် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ ​ဗီယက်နမ်ဖြစ်လာမည်
ဗီယက်နမ်နိုင်ငံသည်လာမည့် ၂ဝ၃၆ ခုနှစ်အရောက်တွင် အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်လာမည်ဟု World Economic League Table 2022 ၏ စစ်တမ်းအရသိရကြောင်း Nation Thailand သတင်းဌာနက မေ ၁ ရက်တွင် ဖော်ပြထားသည်။
လာမည့် ၂ဝ၃၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများထဲ၌ အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်လာနိုင်ကြောင်း တွက်ချက်ထားခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည်ထိုကဲ့သို့ ဖြစ်လာပါကကမ္ဘာတွင် နံပါတ် (၂ဝ) မြောက်စီးပွားရေးအကြီးမားဆုံးနိုင်ငံ ဖြစ်လာမည်ဟု စီးပွားရေးသုတေသနစင်တာ (CEBR) က ဆိုသည်။ ဒေသတွင်းနိုင်ငံများထဲတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုရှိသည့် ထိုင်းနိုင်ငံကမူ အရှေ့တောင်အာရှတွင် တတိယအကြီးမားဆုံးနှင့် ကမ္ဘာတွင်နံပါတ်(၂၂)ခုမြောက် အကြီးမားဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာဖွယ်ရှိနေသည်။
၂ဝ၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက GDP အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ ထရီလီယံဖြင့် ဦးဆောင်နေမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၇၁ ဒသမ ၁၂ ဘီလီယံဖြင့် ဒုတိယနှင့် ထိုင်းနိုင်ငံက အမေရိကန်ဒေါ်လာ ၅၃၂ ဒသမ ၄၅ ဘီလီယံနှင့် တတိယနေရာတို့တွင် ရှိနေမည်ဖြစ်သည်။
စီးပွားရေး ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ဗီယက်နမ်နိုင်ငံသည် ၂ဝ၂၅ ခုနှစ်အလွန်တွင် မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့ကို ကျော်တက်သွားမည်ဖြစ်ကြောင်း၊ ၂ဝ၂၇ ခုနှစ်အရောက်တွင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ GDP မှာ တူညီနေမည်ဖြစ်ကြောင်း၊ ၂ဝ၂၈ ခုနှစ်အရောက်တွင်မူ ဗီယက်နမ်နိုင်ငံက ထိုင်းနိုင်ငံကို ကျော်တက်သွားမည်ဖြစ်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။
Source; Nation Thailand

image

#နိုင်ငံတကာသတင်း
◼ စစ်သွေးကြွများအား နှိမ်နင်းရာတွင် ပါကစ္စတန်က အိန္ဒိယနှင့်ပူးပေါင်းသင့်ကြောင်း အမေရိကန် ဒုသမ္မတပြောကြား
ပါကစ္စတန်အခြေစိုက်စစ်သွေးကြွများအားရှာဖွေနှိမ်နင်းရာတွင်ပါကစ္စတန်ကအိန္ဒိယနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဝါရှင်တန်က မျှော်လင့်ကြောင်း နှင့် မကြာသေးမီက အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားတွင် ဖြစ်ပေါ်ခဲ့သော အစ္စလာမ်မစ် စစ်သွေးကြွတိုက်ခိုက်မှုအပေါ် အိန္ဒိယ၏ တုံ့ပြန်မှု က ကျယ်ပြန့်သော ဒေသတွင်းပဋိပက္ခ အဖြစ်သို့ ဦးတည်သွားခြင်းမရှိကြောင်း အမေရိကန်ဒုတိယသမ္မတ ‌ဂျေဒီဗန့်စ် က ပြောကြားသည်။
“ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ဒေသတွင်း ကျယ်ပြန့်တဲ့ ပဋိပက္ခဆီ ဦးတည်မသွားနိုင်တဲ့ နည်းလမ်းနဲ့ အိန္ဒိယက တုံ့ပြန်လိမ့်မယ်ဆိုတာက ကျွန်တော်တို့ မျှော်လင့်တာဖြစ်ပါတယ်။” ဟု ဖောက်စ်သတင်းဌာန၏ "Special Report with Bret Baier" ရှိုးတွင် ဂျေဒီဗန့်စ် က ပြောကြားသည်။
“တစ်ခါတစ်လေ သူတို့ရဲ့ ပိုင်နက်ထဲကနေ လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေကို ရှာဖွေ နှိမ်နင်းရေး သေချာစေဖို့ အတွက်လည်း ပါကစ္စတန်က သူတို့ တာဝန်ရှိတဲ့အတိုင်းအတာအထိ အိန္ဒိယနဲ့ ပူ‌ပေါင်းဆောင်ရွက်သွားမယ်လို့ ပွင့်လင်းစွာ ပြောရရင် ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု ဗန့်စ် က ဆက်ပြောသည်။
ဗန့်စ်၏ မှတ်ချက်များသည် လူပေါင်း ၂၆ ဦး သေဆုံးခဲ့သော ဧပြီ ၂၂ ရက် တိုက်ခိုက်မှု နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ အစွန်းရောက်ဝါဒနှင့် ပါကစ္စတန်ဆက်စပ်နိုင်ခြေကို အမေရိကန်အစိုးရက အနီးစပ်ဆုံး ပြောကြားသည့် မှတ်ချက် ဖြစ်သည်။
သမ္မတဒေါ်နယ်ထရန့် အပါအဝင် အမေရိကန်ထိပ်တန်းခေါင်းဆောင်များက ယင်းတိုက်ခိုက်မှုကို အကြမ်းဖက်မှု ၊ လွန်ကျူးသောလုပ်ရပ်အဖြစ် ရှုတ်ချခဲ့ကြကာ ပါကစ္စတန်ကိုတိုက်ရိုက်အပြစ်မတင်ဘဲ အိန္ဒိယကို ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။
တရုတ်ဩဇာကြီးထွားလာခြင်းကို တန်ပြန်ရန် ဝါရှင်တန်က ရည်မှန်းထားသဖြင့် အိန္ဒိယသည် အမေရိကန်အတွက် အရေးပါသောမိတ်ဖက်ဖြစ်ပြီး ပါကစ္စတန်က အမေရိကန်၏ မဟာမိတ်အဖြစ် ဆက်ရှိနေသော်လည်း ၂၀၂၁ခုနှစ်တွင် အိမ်နီးချင်း အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းခဲ့ပြီးနောက် အရေးပါမှု လျော့ကျသွားခဲ့သည်။
တင်းမာမှုများ အရှိန်လျော့လာပြီး တာဝန်သိသောဖြေရှင်းချက်တစ်ခုရရှိရန် အိန္ဒိယနှင့် ပါကစ္စတန် ပူးပေါင်းလုပ်ဆောင်ကြရေးကို အမေရိကန်က မကြာသေးမီရက်များအတွင်း တိုက်တွန်းပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက် တိုက်ခိုက်မှုအတွက် အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ထားသည်။
ပါကစ္စတန်ကမူ ပါဝင်ပတ်သက်မှုမရှိကြောင်း ပြောကြားပြီး အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုလုပ်ရန် တိုက်တွန်းသည်။
နျူကလီယားပိုင်ဆိုင်သော အာရှ အိမ်နီးချင်းနှစ်နိုင်ငံ၏ အဆင့်များစွာမှ အရာရှိများနှင့် အဆက်အသွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားကာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ၊ ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ် တို့နှင့် ဗုဒ္ဒဟူးနေ့တွင် စကားပြောခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
1 နှစ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼အငြိမ်းစားပါမောက္ခအမျိုးသမီးအား လုယက်သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိဟု နစက ထုတ်ပြန်
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၌ အငြိမ်းစားပါမောက္ခအမျိုးသမီးအား လုယက်သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ယနေ့ (မေ ၂ ရက်)နေ့တွင် နိုင်ငံပိုင်သတင်းစာ၌ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည် ဧပြီ ၂၇ ရက် နံနက် ၇ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ရေထွက်ကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့် တစ်ထပ်တိုက်အတွင်း အမျိုးသမီးတစ်ဦးသည် နဖူးပြတ်ရှဒဏ်ရာဖြင့် သွေးအိုင်အတွင်း ပုပ်ပွသေဆုံးနေသည်ကိုတွေ့ရကြောင်းသတင်းရရှိ၍ မြို့မရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ပြီး ပုသိမ်ကြီးမြို့မရဲစခန်း၌ (ပ)၇၈/၂၀၂၅၊ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။
အသတ်ခံရသူအမျိုးသမီးမှာ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ၊မင်္ဂလာ ရန်ကင်းအိမ်ရာ (အငြိမ်းစားအိမ်ရာ)၊တိုက်အမှတ်(C-16) ၌ တစ်ဦးတည်းနေထိုင်သူ အသက် ၆၆ နှစ်အရွယ်ရှိ အငြိမ်းစားပါမောက္ခ ဒေါ်ထွေးထွေးဆိုသူဖြစ်ပြီး အိမ်ခြံမြေအရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။
ပြီးခဲ့သည့် (ဧပြီ ၂၅ ရက်)မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ရေထွက်ကျေးရွာ နှင့် နှမ်းကြဲကျေးရွာအကြားရှိ ၎င်းပိုင်ဆိုင်သည့် မြေကွက်အား ပြစ်မှုကျုးလွန်ခဲ့သူ စိုင်းထွန်းနော် (ခ)ကိုစိုင်း(ခ)ငြိမ်းချမ်းဖြိုး(ခ)ကိုဖြိုး နှင့်အတူ အ‌ရောင်းအဝယ်ပြုလုပ်ရန်ပြသစဉ် အ‌ရောင်းအဝယ်မတည့်သဖြင့် စကားများရာမှ ဒေါ်ထွေးထွေးအား လည်ပင်းညှစ်၍ ဦးခေါင်းကို အုတ်နီခဲဖြင့် နှစ်ချက်ထုခဲ့ကြောင်း၊ထို့နောက် ‌သေဆုံးသူ၏ Belta အမျိုးအစား (ခဲရောင်)ယာဉ် နှင့် အဆိုပါ မော်တော်ယာဉ်အတွင်းမှ ရွှေထည်ပစ္စည်းများ နှင့် ငွေကျပ် သိန်း ၅၀ ကိုယူဆောင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ထပ်မံစုံစမ်းခဲ့ရာ ၎င်းမှာ မိသားစုနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့သို့ထွက်ခွာသွားကြောင်းသတင်းရရှိ၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မေ ၁ ရက် နံနက်ပိုင်းတွင် ဟဲဟိုးမြို့ရှိ တည်းခိုးခန်းတစ်ခု၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပြစ်မှုကျူးလွန်အား ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
သတင်း-အင်ကြင်း

image
1 နှစ် - ဘာသာပြန်ပါ။

မြေငလျင်သတင်းအချက်အလက်
◼မန္တလေးတိုင်း၊မတ္တရာမြို့၌ ၃ ဒသမ ၄ အဆင့် ငလျင်လှုပ်ခတ်
မန္တလေးတိုင်း၊မတ္တရာမြို့၌ ယနေ့ (မေလ ၂ ရက်)နံနက်ပိုင်းတွင် အင်အားရစ်ခ်တာစကေး ၃ ဒသမ ၄ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်မှာ ယနေ့ နံနက် ၈ နာရီ ၊၂၂ မိနစ်၊၅၆ စက္ကန့်တွင် မန္တလေးတိုင်း၊မတ္တရာမြို့၏ အရှေ့တောင်ဘက် (၁၃) မိုင်ခန့် အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်အပါအဝင် ယနေ့ နံနက်ပိုင်းအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း အကြိမ် ၁၆၀ ရှိပြီဖြစ်သည်။
နစက၏ ဧပြီ ၃၀ ရက်အထိ နောက်ဆုံးရရှိထားသည့်စာရင်းများအရ ငလျင်ဒဏ်သင့် တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် သေဆုံးသူ ၃၇၉၉ ဦး၊ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦး နှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိကြောင်းသိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD

image
1 နှစ် - ဘာသာပြန်ပါ။

Garnier cleansing water ပန်းရောင်လေးက sensitive skin အတွက်
ဒီ Garnier Micellar Cleansing Water လေးရဲ့ ကောင်းတဲ့အချက်တွေက
- အဆီလုံးဝမပါ
- အနံ့လုံးဝမပါ
- အရမ်းပွတ်တိုက်စရာမလိုဘဲ အကုန်သန့်စင်ပေးပါတယ်
- သန့်စင်ပြီးရင်လည်း မျက်နှာခြောက်ခြောက်တင်းတင်းကြီးမကျန်ခဲ့ပါဖူးနော်
အသုံးပြုပုံကလဲ လွယ်ကူပါတယ်ဂွမ်းဖက်လေးထဲထည့်ပြီး မျက်နှာ တစ်ပြင်လုံး ကို ဖြေးညင်းစွာ ပွတ်ပေးရုံနဲ့ မျက်နှာမှာရှိတဲ့ အညစ်အကြေးအားလုံးကို သန့်စင်စေပါတယ်
400ml - 22000k

image
1 နှစ် - ဘာသာပြန်ပါ။

Garnier cleansing water ပန်းရောင်လေးက sensitive skin အတွက်
ဒီ Garnier Micellar Cleansing Water လေးရဲ့ ကောင်းတဲ့အချက်တွေက
- အဆီလုံးဝမပါ
- အနံ့လုံးဝမပါ
- အရမ်းပွတ်တိုက်စရာမလိုဘဲ အကုန်သန့်စင်ပေးပါတယ်
- သန့်စင်ပြီးရင်လည်း မျက်နှာခြောက်ခြောက်တင်းတင်းကြီးမကျန်ခဲ့ပါဖူးနော်
အသုံးပြုပုံကလဲ လွယ်ကူပါတယ်ဂွမ်းဖက်လေးထဲထည့်ပြီး မျက်နှာ တစ်ပြင်လုံး ကို ဖြေးညင်းစွာ ပွတ်ပေးရုံနဲ့ မျက်နှာမှာရှိတဲ့ အညစ်အကြေးအားလုံးကို သန့်စင်စေပါတယ်
400ml - 22000k

image