“Coco 2” ဆက်ထွက်မယ်လို့သိရ !

လက်ရှိမှာတော့ Pixar ကနေ Coco 2 ကို ၂ဝ၂၉ ခုနှစ်မှာထွက်မယ်လို့သိရပါတယ်။ ဇာတ်ကားကိုတော့ မူလ ဒါရိုက်တာ Lee Unkrich ကပဲ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။

“ဇာတ်ကားက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် ဒီဇာတ်ကားမှာ ဟာသတွေ၊ စွန့်စားခန်းတွေနဲ့ ပြည့်
နှက်နေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ Bob Iger က ပြောကြားခဲ့ပါတယ်။

image

လာမယ့်ဒီဇင်ဘာလမှာ ရိုက်ကူးရေးစမယ့် Quentin Tarantion ရဲ့ ရုပ်ရှင်သစ်

မတ် ၂၁၊ ၂၀၂၅။

Pulp Fiction နဲ့ Kill Bill ဒါရိုက်တာ Quentin Tarantino ဟာ ၎င်းရဲ့ရုပ်ရှင်သစ်နဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်နေတတ်ပေမယ့်လည်း သတင်းသံတချို့ ထွက်ပေါ်လာပါတယ်။

The Movie Critics ရုပ်ရှင်ကို မရိုက်ကူးတော့ပဲ ဖျက်သိမ်းခဲ့တဲ့နောက်မှာ Quentin Tarantino ဟာ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားကို ဆက်လက်ပြင်ဆင်နေလျက်ရှိပြီး Quentin Tarantino ရဲ့ လူရင်းတွေဖြစ်ကြတဲ့ သရုပ်ဆောင် Brad Pitt, Uma Thurman နဲ့ Samuel L. Jackson တို့လည်း ပါဝင်သွားမှာဖြစ်ပါတယ်။ Production Weekly မဂ္ဂဇင်းရဲ့ သတင်းအချက်အလက်များအရ အဆိုပါရုပ်ရှင်ကို ၂၀၂၅ ဒီဇင်ဘာလမှာ စတင်ရိုက်ကူးကာ Sony က ဖြန့်ချိပြသမှာဖြစ်ကြောင်းသိရပါတယ်။ သို့ပေမယ့် အဆိုပါရုပ်ရှင်ရဲ့ နာမည်နဲ့ ကျန်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Quentin Tarantino ဟာ အပြာမဂ္ဂဇင်းစာရေးဆရာတစ်ဦးအကြောင်းရုပ်ရှင်ဖြစ်တဲ့ The Movie Critics ကို ဇာတ်လမ်းပိုင်းအရကျေနပ်မှုမရှိတဲ့အတွက် ဇာတ်ညွှန်းပြန်လည်ရေးသားပြီး ပြင်ဆင်ခဲ့ပေမယ့်လည်း ရိုက်ကူးရေးမစခင်မှာတင် The Movie Critics ကို ဖျက်သိမ်းခဲ့တာပါ။

သတင်းတချို့အရ Quentin Tarantino ဟာ ၎င်းရဲ့သားဖြစ်သူ အသက် ၆ နှစ်ပြည့်မှ အဆိုပါရုပ်ရှင်ကို ရိုက်ကူးရေးစတင်မယ်လို့လည်း သိထားပါသေးတယ်။

လက်ရှိ နာမည်ရသရုပ်ဆောင်တွေဖြစ်ကြတဲ့ Austin Butler, Mikey Madison, Margaret Qualley, Sydney Sweeny နဲ့ Maya Hawke တို့ဟာ Quentin Tarantino ရဲ့ ၂၀၁၉ ရုပ်ရှင် Once Upon A Time.. In Hollywood မှာ ပါဝင်ခဲ့ဖူးပါတယ်။

image

Universal ရဲ့ အလွန် Jason Bourne ကို ဘယ်သူတွေဆက်ပြီးတာဝန်ယူမလဲ

မတ် ၂၁၊ ၂၀၂၅။

စာရေးဆရာ Robert Ludlum ရဲ့ သည်းထိတ်ရင်ဖိုဝတ္ထုစာစဥ်တွဲဖြစ်တဲ့ Jason Bourne ဝတ္ထုတွေကို Universal Studios က သရုပ်ဆောင် Matt Damon နဲ့ ရုပ်ရှင်ငါးကားအထိ ဖန်တီးခဲ့ပေမယ့်လည်း ယခုအခါမှာတော့ Universal ဟာ Jason Bourne ဝတ္ထုတွေကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

Jason Bourne ကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့အတွက် မူပိုင်ခွင့်ကို Universal Studios ဆီကနေ နောက်ထပ်စတူဒီယိုတစ်ခုဆီကို ရောက်ရှိသွားမှာဖြစ်ပြီး နာမည်ကြီးဟောလိဝုဒ်ရုပ်ရှင်စတူဒီယိုတွေဖြစ်ကြတဲ့ Skydance, Apple နဲ့ Netflix တို့ဟာ စာရေးဆရာ Robert Lundlum နဲ့ တွေ့ဆုံပြီး ဝယ်ယူဖို့ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က Universal ဟာ သရုပ်ဆောင် Matt Damon နဲ့ ဆဋ္ဌမမြောက် Jason Bourne ရုပ်ရှင် The Bourne Dilemma ကို ဒါရိုက်တာ Edward Berger နဲ့ ရိုက်ကူးဖို့ပြင်ဆင်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ အဆိုပါ Jason Bourne ဟာ အဆုံးသတ်ခဲ့ပြီလို့ ယူဆရတော့မှာပါ။

သရုပ်ဆောင် Matt Damon ရဲ့ Jason Bourne ရုပ်ရှင်ငါးကားမှာ ‘The Bourne Identity,’ ‘The Bourne Supremacy’ နဲ့ ‘The Bourne Ultimatum’ တို့ကတော့ ပိုမိုလူကြိုက်များခဲ့ပြီး ‘The Bourne Legacy’ နဲ့ ‘Jason Bourne’ ကတော့ ရောထွေးတဲ့ရလဒ်တွေကိုရရှိခဲ့ပါတယ်။

ဟောလိဝုဒ်ဟာ အထင်ကရရုပ်ရှင်တွေကို reboot ချ၊ remake ရိုက်၊ sequel ထုတ်နဲ့ သံသရာလည်လျက်ရှိနေပြီး စီအိုင်အေအရာရှိဟောင်း Jason Bourne ဟာလည်း ဒီသံသရာထဲမှာ နစ်မြောခဲ့ပြီလို့ ပြောရတော့မှာပါ။

image

The only two people to ever defeat John Wick

image

'DAREDEVIL: BORN AGAIN’ Season 2 မှာတွေ့ရမယ့် Karen Page ရဲ့ ပုံစံအသစ်
Daredevil ထဲမှာ သူလေးကတော့ တော်တော်လှတာပါ။

image
33 w - Translate

A one-of-a-kind Paul Skenes baseball card has been sold for $1.11 million after a two-week auction.

https://abcnews.go.com/Sports/....wireStory/kind-paul-

image

Thomas Anderson’s ရုပ်ရှင်အသစ် ‘ONE BATTLE AFTER ANOTHER’ ထဲက first look photo တွေပါ။ သရုပ်ဆောင်တွေက Leonardo DiCaprio, Regina Hall, Sean Penn, Alana Haim, Teyana Taylor ဖြစ်ပြီ Sep 6 ရုံတင်မယ်။

image

Thomas Anderson’s ရုပ်ရှင်အသစ် ‘ONE BATTLE AFTER ANOTHER’ ထဲက first look photo တွေပါ။ သရုပ်ဆောင်တွေက Leonardo DiCaprio, Regina Hall, Sean Penn, Alana Haim, Teyana Taylor ဖြစ်ပြီ Sep 6 ရုံတင်မယ်။

image

Thomas Anderson’s ရုပ်ရှင်အသစ် ‘ONE BATTLE AFTER ANOTHER’ ထဲက first look photo တွေပါ။ သရုပ်ဆောင်တွေက Leonardo DiCaprio, Regina Hall, Sean Penn, Alana Haim, Teyana Taylor ဖြစ်ပြီ Sep 6 ရုံတင်မယ်။

image

Thomas Anderson’s ရုပ်ရှင်အသစ် ‘ONE BATTLE AFTER ANOTHER’ ထဲက first look photo တွေပါ။ သရုပ်ဆောင်တွေက Leonardo DiCaprio, Regina Hall, Sean Penn, Alana Haim, Teyana Taylor ဖြစ်ပြီ Sep 6 ရုံတင်မယ်။

image