ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘန်ကောက်မှာ ပရိသတ်ပေါင်းထောင်ချီနဲ့ ရှိုးပွဲကို အောင်မြင်စွာ ကျင်းပခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင် 🥰
မေလ ၁၇ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဘန်ကောက်ကပရိသတ်ပေါင်းများစွာကလည်း သူ့ရဲ့ ရှိုးပွဲကိုလာရောက်အားပေးခဲ့ကြတာပါ။ စိုင်းစိုင်းခမ်းလှိုင်ဟာ သူကျင်းပတဲ့ ရှိုးပွဲမှန်သမျှကို ပရိသတ်တွေနဲ့ စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ခဲ့ပါတယ်။ April လ ၁၀ ရက်နေ့ ကျင်းပမယ့် သူ့ရဲ့ Birthday ရှိုးဟာလည်း ငလျင်ကြောင့် ပျက်ပြယ်ခဲ့ပြီးနောက်မှာ ဘန်ကောက်ကပရိသတ်တွေအတွက် မေလထဲမှာ ကျင်းပခဲ့တာပါ။
ချစ်သူဟောင်း ချောစုစုအောင်နဲ့ ပြန်တွဲပြီး သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေကို စုံတွဲပြန်တက်ခဲ့တဲ့ မိုးယံဇွန် 🥰🥰🥰
သရုပ်ဆောင် မိုးယံဇွန်က ချစ်သူနဲ့အတူ ပြန်လည်တွဲခဲ့တဲ့အကြောင်း သူ့ရဲ့ပွဲတက်ပုံရိပ်တွေက အသိပေးသက်သေပြခဲ့တာပါ။ ချစ်သူကောင်မလေးဖြစ်တဲ့ ချောစုစုအောင်ရဲ့ ဆိုရှယ်မီဒီယာမှာလည်း မိုးယံဇွန်နဲ့ပြန်တွဲနေကြောင်း စုံတွဲပုံတွေနဲ့ဖော်ပြခဲ့ပါတယ်။ မိုးယံဇွန်နဲ့ ချောစုစုအောင်တို့ချစ်သူစုံတွဲဟာ မိုးယံဇွန်ရဲ့လက်ပါမှုကြောင့် အွန်လိုင်းမှာ Live လွှင့်ပြီး ပြဿနာတွေတက်ခဲ့ကြဖူးပါတယ်။ အဲနောက်ပိုင်းမှာတော့ ချောစုစုအောင်ဟာ ဇန်နဝါရီလထဲမှာပဲ မိုးယံဇွန်နဲ့ လွန်ခဲ့တဲ့ ၆ လတည်းက လုံးဝပတ်သက်ခြင်းမရှိတော့ဘဲ ထပ်တွဲမှာလည်း မဟုတ်တော့ဘူးလို့ အသိပေးဖြေရှင်းခဲ့ပါတယ်။ သို့သော် သူတို့စုံတွဲဟာ ဧပြီလထဲမှာပဲ ပြန်လည်တွဲခဲ့ပုံကို မိုးယံဇွန်ရဲ့ အင်စတာဂရမ်ပုံတွေမှာ တွေ့ရပါတယ်။ ဒီရက်ပိုင်းထဲကျင်းပတဲ့ အနုပညာရှင်တွေရဲ့ မင်္ဂလာပွဲတွေမှာတော့ သူတို့ကစုံတွဲလိုက် တက်ရောက်နေကြပါပြီ။