Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငါးကတ်တလိတ်(လက်)ကြော်
ငါးကို ပြုတ်ပြီး သုံးနိူင်သော်လည်း ကင်(grill)ထားသော ငါးက အချိုရည်တွေ မထွက်သွားတဲ့အတွက် ပိုချို၊ ပိုမွှေးစေပါတယ်။ ကျွန်မက oven ထဲထည့်ကာ high heat ဖြင့် grilled လုပ်ထားသော်လည်း မိမိအဆင်ပြေသလို ကင်ပေးနိူင်ပါတယ်။
ငါးကတ်တလိတ်(လက်)ကြော် အတွက် လိုအပ်တာလေးတွေ …
ဖဲ့ရွဲ့ထားသော ငါးကင် – 2 cups (500 ml)
နူးအောင်ပြုတ်ပြီးနောက် ဖိချေထားသော အာလူး – 1 cup (250 ml)
ပါးပါးလှီးထားသော နံနံပင် နှင့် ပူစီနံ – 1/2 cup (125 ml)
ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – ထမင်းစားဇွန်း ၃ ဇွန်း
ပါးပါးသေးသေးလှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
ကော်မှုန့် (potato starch (or) corn starch) – ထမင်းစားဇွန်း ၂ ဇွန်း
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန် တစ်ဝက်
ဇီယာစေ့မှုန့် (cumin powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
ကြက်ဥ – ၁ လုံး (အခြားပါဝင်ပစ္စည်းများဖြင့် ရောနယ်ရန်)
ကြက်ဥ – ၁ လုံး (ကတ်တလိတ် အပြင်မှ ကပ်ရန်)
အတော်လေးမှုန့်ညက်နေသော bread crumb – 2 cups ခန့် (မှုန့်ညက်မနေပါက ဖိကြိတ်ချေပြီးမှ သုံးပါ။)
ပါဝင်ပစ္စည်း ၁ မှ ၁၃ အထိကို နှံ့သွားအောင် နယ်ကာ ထမင်းစားဇွန်း ၂ ဇွန်း ပမာဏခန့်စီယူ၍ နှစ်သက်ရာပုံ လုပ်ထားပါ။
တစ်ခုချင်းစီကို ခလောက်ထားသော ကြက်ဥရည်တွင်ထည့်ပြီးနောက် bread crumb များဖြင့် နေရာလွတ်မကျန်အောင် ခပ်ဖွဖွဖိပြီး ကပ်ပေးပါ။
ကက်တလိတ် တစ်ဝက်ခန့်မြှုပ်အောင်ထည့်ထားသော ဆီ ပူလျှင် အိုးမကြပ်အောင် ထည့်ကာ medium heat နှင့် over medium heat ကြား လိုအပ်သလိုညှိ ကြော်ပေးပါ။
(bread crumb က တူးလွယ်သည့်အတွက် အပူရှိန်ပြင်းပြင်း (high heat)ဖြင့် မကြော်ရပါ။)
နှစ်ဖက်လုံး ရွှေဝါရင့်အရောင် ဖြစ်လာလျှင် ဆီစစ်ဆယ်ထုတ်ပြီး paper towel ပေါ်တင်ကာ ဆီဆက်စစ်ထားပါ။
ဆီစစ်ပြီးနောက် အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
Crd.chaw su
မီးလာလား မီးပျက်လားသိရအောင် phone application တောင် ထုတ်ရတဲ့ တိုင်းပြည်
မီးလာလား
https://mee-lar-larr.web.app/
Project Owner - Phone Min Myat