46 w - Translate

HR Officer - M/F (1)
Company Name - Elevate Education
🟪 Deadline : 24 May 2025
🟪 More Detail :https://www.joimyanmar.com/job/detail/23671
အလုပ်ကိုင်အခွင့် အရေးများကို သင့်ထံအရောက်ပို ပေး တော့မဲ့ Jobs4You Alert🚨🚨🚨 ကိုအခုပဲ အခမဲ့ရယူထားပါ...
➡️ https://bit.ly/J4U_Alert_Form
#jobs_for_you
#get_dream_jobs

image

ဆုလာဘ်-idiot/အလွမ်းဆုလာဘ်-ဝိုင်းစုခိုင်သိန်း

Stay with me · Bunny Phyo

နှလုံးသားရဲ့ကျမ်းစာ/ထူးအိမ်သင်

Alfred ဗမာကိုဘာလာလုပ်လဲဆိုတာတော့ The Dark Knight ကြည့်ဖူးတဲ့သူဆိုသိလောက်မှာပါ ။

image

image

weapons trailer
ညသန်းခေါင်ယံမှာ ကလေးတချို့ ထူးဆန်းစွာပျောက်ဆုံးမှုဖြစ်ပွား

Weapons ရဲ့ ပထမဆုံး Teaser ထဲမှာတော့ ညသန်းခေါင်ယံအချိန်တိုင်း ကလေးတချို့ ထူးဆန်းစွာ ပြေးလွှားနေတဲ့ပုံစံကိုတွေ့ရမှာဖြစ်ပါတယ်။

Teaser Video ထဲမှာ နံနက် ၂:၁၇ အချိန်ကို နှိုးစက်နာရီနဲ့ ပြထားပြီး အိပ်ခန်းအလွတ်ကနေ အိမ်ရှေ့တံခါးမှတစ်ဆင့် အပြင် ထွက်သွားတာကိုပြသထားပါတယ်။ အဆိုပါအချိန်မှာတော့ ကလေးတစ်ချို့ အိမ်မှ ထွက်သွားခဲ့ကြောင်း Trailer ထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်ကထွက်ခဲ့တဲ့ Barbarian ရုပ်ရှင်နဲ့ လူသိများတဲ့ ဒါရိုက်တာ Zach Cregger ကတော့ ဒီ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအားလုံးကို သူတစ်ယောက်ထဲထိန်းသိမ်းထားခဲ့ပါတယ်။

Trailer မထွက်ခင် နံနက် ၂:၁၇ နာရီမှာ ရပ်တန့်နေတဲ့ နှိုးစက်နာရီရဲ့ First Look ကို ထုတ်ပြခဲ့ပြီး၊ ကလေးတွေ ညအချိန်ကြီး ရပ်ကွက်ထဲမှာ ပြေးလွှားကာ ဆော့ကစားနေတဲ့ ထိတ်လန့်ဖွယ်ရာ ဗီဒီယိုအပိုင်းအစတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။

Weapons ရဲ့ ဒီအဖြစ်အပျက်တွေအကြောင်း သိချင်တယ်ဆိုရင် Maybrook Missing ဆိုတဲ့ Site တစ်ခုကို Trailer ထဲမှာ ညွန်ပြထားပြီး ဒီ Site ကလည်း လက်ရှိမှာ ကြည့်ရှုသူအများဆုံး Site တစ်ခုဖြစ်လာပါတယ်။

ဒီ Site ထဲမှာဆိုရင် ဒေသခံတိုင်းရဲ့ ပျောက်ဆုံးကလေး အမှုတွေကို ဖော်ပြထားပြီး၊ “ဒေသခံကလေး ၁၇ ဦးက နံနက် ၂:၁၇ အချိန်မှာ တပြိုင်နက်ထဲ အိမ်မှထွက်သွားပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အာဏာပိုင်တွေနဲ့ ဒေသခံတွေက ဒီပျောက်ဆုံးမှုကို ရှင်းမပြနိုင်ဘဲ အဖြေမထွက်နိုင်ဖြစ်နေတယ်”လို့ ရေးသားထားခဲ့ပါတယ်။

အခုအချိန်ထိတော့ ကလေးတွေက အပြင်မှာ တကယ်ပျောက်သွားတာလား၊ ရုပ်ရှင်အတွက် သီးသန့်ဖန်တီးထားတာလား၊ စဥ်းစားစရာအနေနဲ့ ဒါရိုက်တာက ပေးတာလားဆိုပြီး ပရိတ်သက်တွေကြားမှာ အငြင်းပွားမှုတွေရှိလာခဲ့ပါတယ်။

ဒါ့အပြင် ဒီ Site ထဲမှာ Barbarian ရုပ်ရှင်ရဲ့ အပိုင်းအစတွေကိုလည်းထည့်ထားပြီး ဒီရုပ်ရှင်နှစ်ခုက ဆက်စပ်နေနိုင်တယ်လို့ လည်း ခန့်မှန်းနေကြပါတယ်။

Weapons ရုပ်ရှင်ကိုတော့ ဩဂုတ် ၈ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

SHŌGUN Season 2 ကို ၂၀၂၆ ဇန်နဝါရီမှာ စတင်
ရိုက်ကူးမှာဖြစ်ပြီး Hiroyuki Sanada နဲ့ Cosmo Jarvis တို့ပြန်ပါလာမှာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ SHŌGUN Season 1 အပြီး ၁ဝ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားမှာဖြစ်ပြီး ဇာတ်လမ်း အသစ်တစ်ခုဖြစ်မယ်လို့သိရပါတယ်။

image

နောက်ဆုံးကျတော့လဲ ဘဝတစ်ခုလုံးက စွန့်လွှတ်ခြင်းအတတ်ပညာတစ်ခုသာဖြစ်သွားတာပါပဲလေ။

- Lost in Translation (2003) -

image

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Australia နိုင်ငံမှာ သုတေသီတွေဟာ အဆိပ်ရှိတဲ့ ပင့်ကူမျိုးစိတ်သစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။ ပြီးတော့ နာမည်ကို anti-hero spiderman villain ဖြစ်တဲ့ Venom နဲ့ ဗြိတိန်သရုပ်ဆောင် Tom Hardy တို့ရဲ့ နာမည်နှစ်ခုပေါင်းပြီး Venomious Tomhardyi ဆိုပြီးနာမည်ပေး
ခဲ့ပါတယ် ။
အခုလိုနာမည်ပေးရတဲ့ အကြောင်းရင်းကတော့ အဲ့ဒီပင့်ကူရဲ့ ဝမ်းဗိုက်အောက်မှာ ပါတဲ့ အမဲရောင် အစက်ပြောက်တွေဟာ Venom နဲ့တူလို့ပါတဲ့ ။ တွေးကြည့်ရင် အမဲရောင် တစ်ကိုယ်လုံးရှိတဲ့ ပင့်ကူကျ venom character လို့နာမည်မပေးဘဲ ခုကျမှ အမဲအစက်ပျောက်လေး တစ်ပျောက်နှစ်ပျောက်ပါမှ နာမည်လာပေးနေတာ သိပ်တော့ အဓိပ္ပါယ်မရှိလှပါဘူး ။ သေချာတာကတော့ နာမည်ပေးတဲ့ သုတေသီက marvel fan ပဲဖြစ်မှာပါ ။
ဘာပဲဖြစ်ဖြစ် သုတေသီတွေ တိရိစ္ဆာန် တွေကို အခုလို ရုပ်ရှင်ထဲက Character နာမည်တွေပေးတာ အခုမှလဲမဟုတ်ပါဘူး ။ ဟိုတစ်လောတုန်းကလဲ ပီရူးနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ မြွေမျိုးစိတ်သစ်ကို Indiana Jones ကို ဂုဏ်ပြုပြီး Tachymenoides harrisonfordi လို့နာမည်ပေးခဲ့ပါသေးတယ် ။

image