ခရမ်းချဉ်သီးငပိချက်/ငါးခြောက်ချက်

ခရမ်းချဉ်သီးနဲ့ကြက်သွန်နီပါးပါးလှီးထားပါ။ ငါးခြောက်တုံးကိုရေစိမ်ထားပေးပါ။ လှီးထားသောကြက်သွန်နီကိုဆီသပ်ပါ။ ငရုတ်စိမ်းမှုန့် နှင့် ငံပြာရည်အနည်းငယ်ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသပ်ပေးပါ။ ပြီးမှ ငါးခြောက်တုံးထည့်ပါ။ ခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းထည့်ပြီး အဖုံးအုပ် ခရမ်းချဉ်သီးနွမ်းကြေသည်အထိတည်ထားပေးပါ။ ပြီးမှ ဆား အရသာမှုန့် နှင့် သကြားအနည်းငယ်ထည့်ပြီး အရည်ခမ်းသည်အထိတည်ပေးပါ။ အရည်ကျဲလေးစားလိုရင် ရေခမ်းခြောက်နေအောင် တည်ထားဖို့မလိုပါဖူးနော်။

image