Part-2
*ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ကျွန်တော့်သူငယ်ချင်းဟောင်းများကိုသတိတရ
နောက်တော့ ပါမောက္ခ ဒေါက်တာကျော်သက် ဦးစီးတဲ့ သမိုင်းဌာန အမ ဆောင်ကို ကျွန်တော်တို့ ရွှေ ့လိုက်ရတယ်။ မြန်မာစာဌာနကို ၁၉၆၆-၆၇ ခုနှစ်မှာ ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်အဖြစ် စတင်ဖွဲ ့စည်းလို့ တောင်ငူဆောင်ကို ပြောင်းရွှေ့ နေရာချထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆုံရပ်ဟာလည်း အပန်းဖြေစင်တာ ကနေပြီး ဦးချစ်ဆိုင်ကို ပြောင်းခဲ့ရပါတယ်။ ၁၉၆၈ လောက်က ဦးချစ် ကဖေးမှာ ကိုသာနိုးကို ပထမဆုံးတွေ့ ခဲ့ရတယ်လို့ ထင်ပါတယ်။ သူ့ကို မန္တလေးက ကျောင်း သား တက်ကြွလှုပ်ရှားသူဟောင်းလို့ သိရပါတယ်။ ကဗျာဆရာ တင်မိုးကတော့ ဦးဝန်လက်အောက် ဘာသာပြန်ဌာနမှာ အလုပ်လုပ်နေပါပြီ။ ငြိမ်းကျော်ကတော့ ပထမနှစ် မြန်မာစာအဓိကကျောင်းသားဖြစ်ပေမဲ့ တက္ကသိုလ်ဆရာတွေနဲ့ ပေါင်း သင်းမိတ်ဆွေဖွဲ့တာ များပါတယ်။ ကျော်စွာ(ချစ်ဦးညို)က ဒုတိယနှစ် ဒဿနိက ကျောင်းသား ကိုယ်ပိုင်လှုပ်ရှားမှုတွေနဲ့ အလုပ်များနေခဲ့တယ်။ ကိုဆန်းလွင်က ကျွန်တော့်ရဲ့ အတန်းဖော်၊ ဒဿနိကဘာသာရပ် ဂုဏ်ထူးထွက်လို့ ၁၉၆၂ ခုနှစ် ဒဿနိကဗေဒဌာနမှာ ကျွန်တော့်လိုပဲ နည်းပြဆရာ ဖြစ်လာခဲ့ပါတယ်။
ကျွန်တော်တို ့ထဲကတချို့ နိုင်ငံခြားမှာ နိုင်ငံတော်ပညာသင်ဆုအတွက် လျာထားခံရပါတယ်။ ကျွန်တော်က အရှေ့တိုင်းသမိုင်းဘာသာ လေ့လာဖို့အတွက် ဂျပန်နိုင်ငံ၊ ဇော်မြင့်ကို ရုရှားအတွက် လျာထားပါတယ်။ ဆန်းလွင်က ဟန်ဂေရီ၊ ကိုထွန်းမြင့် (တက္ကသိုလ်မင်းမော်) လန်ဒန်တက္ကသိုလ်အတွက်၊ ဇော်မြင့်က ရုရှား ဘာသာသင်တန်းကို လအနည်းငယ် တက်ခဲ့ပါတယ်။
စိတ်မကောင်းစရာပါပဲ ကျွန်တော်နဲ့ ကိုထွန်းမြင့်သာ နိုင်ငံခြားပညာသင်ဆုကို အကောင်အထည်ဖော်နိုင်ပါတယ်။ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်က တစ်ရက်မှာ ကိုသာနိုးက ကိုတင်မိုးရုံးခန်းမှာ စာမူတည်းဖြတ်နေတာ တွေ့တယ်။ ကိုထွန်းမြင့် ရေးတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ပြင်ပေးနေရတယ်လို့ ကိုသာနိုးက ကျွန်တော့်ကို ပြောပြတယ်။ တင်ပြချက်က လေကြောရှည်လွန်းတယ်။ လန်ဒန်တက္ကသိုလ်ကို သတ်မှတ်ချက်အနေနဲ့ ပို့ပေးရမှာဖြစ်တယ်။
#ဆက်ရန်ရှိ

Part-1
*ရပိုင်ခွင့်ကို သုံးစွဲရာ၌
လူ့အဖွဲ့အစည်းအတွင်း လူတစ်ဦးက မိမိ၏ ရပိုင်ခွင့် တစ်စုံတစ်ရာကို လွတ်လပ်စွာ သုံးစွဲသည့်အခါ ယင်းသုံးစွဲမှုက တစ်ပါးသောသူအား ထိခိုက် နစ်နာစေတာမျိုးလည်း ကြုံရနိုင်သည်။
ဥပမာ၊ လူတစ်ယောက်က သူ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို သုံးစွဲကာ လူမျိုးရေး၊ ဘာသာရေးနှင့် စပ်လျဉ်းသည့် ပြင်းထန်သော အယူအဆများကို ပြောဆို ဖြန့်ချိမှုကြောင့် လူမျိုးရေး ဘာသာရေးဆိုင်ရာ မုန်းတီးမှုများနှင့် ပဋိပက္ခများ ပေါ်ပေါက်စေခြင်းမျိုး။
လူစုလူဝေးတစ်ခုက ပြည်သူ့ ရပိုင်ခွင့်တစ်ခုဖြစ်သည့် ဆန္ဒပြခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို လွတ်လွတ်ကျွတ်ကျွတ် ကျင့်သုံးခြင်းကြောင့် အခြားသူတို့၌ လွတ်လပ်စွာ သွားလာမှု၊ ရောင်းဝယ် ဖောက်ကားမှု စသည်များ ထိခိုက်ရခြင်းမျိုး စသဖြင့် ဖြစ်သည်။
သည်အခါမျိုးတွင် ထိခိုက်နစ်နာသူ၊ ရပိုင်ခွင့် ဆုံးရှုံးသူများ အကျိုးအလို့ငှာ သင့်တော်သော တားဆီးမှုများ ပြုလုပ်ရန် လိုအပ်တတ်သည်။
ထို့ပြင် နိုင်ငံ အစိုးရတို့အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုပေးရန်အတွက်လည်း အခြေခံဥပဒေကပင် တာဝန် ပေးအပ်ထားခြင်းမျိုးရှိရာ လုံခြုံရေးကို အကြောင်းပြု၍ အခြေခံ ရပိုင်ခွင့်များကို ကာလအပိုင်းအခြား တစ်ခုအထိ ရပ်ဆိုင်းထားရတာမျိုးလည်း ရှိတတ်သည်။

#ဆက်ရန်ရှိ

26 w - Translate

"Apocalypto (2006)" ရုပ်ရှင်အညွှန်း
IMDb Rating: 7.8/10 | Rotten Tomatoes: 65%
Mel Gibson ရဲ့ "Apocalypto" ဟာ မာယာလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို ပြန်လည်တင်ပြထားတဲ့ ရုပ်ရှင်တစ်ကားပါ။ မာယာလူမျိုးတွေဟာ ယဉ်ကျေးမှုကြီးစွာ ဖန်တီးနိုင်ခဲ့ပေမယ့် စစ်ပွဲနဲ့ အယူမှားတွေကြောင့် မျိုးသုဉ်းသွားရတဲ့ သမိုင်းတစ်ခုကို ဒီဇာတ်ကားက ဆွဲဆောင်မှုရှိစွာ ဖော်ပြထားပါတယ်။
ဇာတ်လမ်းရဲ့ အဓိကမှာ Jaguar Paw ဆိုတဲ့ လူငယ်တစ်ယောက် မိသားစုနဲ့ဘဝကို ကယ်တင်ဖို ကြိုးစားရင်း အခက်အခဲတွေကို ကျော်ဖြတ်သွားတာကို ရင်ခုန်စွာကြည့်ရှုရမယ်။ မာယာဘာသာစကားနဲ့ ရိုက်ထားတာကလည်း သဘာဝကျပြီး ယဉ်ကျေးမှုကို သေသေချာချာ ဖော်ပြနိုင်ပါတယ်။
R-rated ဖြစ်တာကြောင့် အ!သ!တ်အဖြ!တ်ဆန်မှုတွေ ပါဝင်ပြီး စိတ်ခွန်အားဖြစ်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။ သမိုင်းနဲ့ ယဉ်ကျေးမှုကို စူးစမ်းချင်သူတွေအတွက် မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
#movie

image

အချိုးမပြေခြင်းပေါင်းများစွာနဲ့ ဒိတ်ဒိတ်ကြဲ လူချမ်းသာ သူဌေးသားနဲ့ ဆင်းရဲတဲ့ ကျောင်းသူမလေးတို့ရဲ့ အချစ်ဇာတ်လမ်းတွဲလေး....

ချစ်သူများနေ့ရောက်တော့မယ်
ချစ်သူကနဲနဲပဲရှိသေးတယ်
ဘယ်လိုလုပ်ရပါမလဲ

image
26 w - Translate

ဂျပန်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံရဲ့ သစ်တောတွေမှာ ပုံမှန်အတိုင်း တွေ့နိုင်ပါတယ်။ ရေနှင့်ထိတဲ့အခါ ပန်းပွင့်တွေက
အလင်းပေါက်သလို ကြည်လင်လာပါတယ်။၎င်းပန်းကို အရိုးစုပန်း သို့မဟုတ် ဖန်ပန်းလို့ ခေါ်ကြပြီး သိပ္ပံအမည်က Diphylleia greyi ဖြစ်ပါတယ်။

image
26 w - Translate

Glow from Within with The Beauty Benefits of Orange Carrot Juice👇

image

ဪ....🤭

image
26 w - Translate

ယူနိုက်တက်မှ ထွက်ခွာပြီးနောက် ပထမဆုံးနည်းပြအလုပ်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့ အိုလီဂန်းနားဆိုးလ်ရှား
=======================
အိုလီဂန်းနားဆိုးလ်ရှားဟာ ယူနိုက်တက်မှ ထွက်ခွာပြီးနောက် ပထမဆုံးနည်းပြအလုပ်ကို ရယူရန် လက်ခံလိုက်ပြီ ဖြစ်ပြီး ယခုရာသီအတွင်းမှာ အသင်းဟောင်းယူနိုက်တက်နှင့် ပြန်လည်ရင်ဆိုင်လာရနိုင်ခြေ ရှိနေပါတယ်။
ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ဘောလုံးလောကနှင့်ဝေးကွာလာခဲ့တာပါ။
သူဟာ ၂၀၁၈-၁၉ ရာသီမှာ မော်ရင်ဟို ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ခန်အပ်ခြင်းခံခဲ့ရပါတယ်။သူဟာ ယူနိုက်တက်အား ၁၉ ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၁၄ ပွဲအထိ ရယူနိုင်ခဲ့ပြီးတဲ့နောက် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ သူဟာ ယူနိုက်တက်ကို ကိုင်တယ်စဉ်အတွင်း ရလဒ်ဆိုးရွားသထက် ဆိုးရွားလာမှုနှင့်အတူ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ကလပ်များစွာတို့ရဲ့ ဆက်သွယ်မှု ရခဲ့ပေမဲ့လည်း လက်မခံခဲ့ပါဘူး။ ယခုအခါမှာတော့ ဆိုးလ်ရှားဟာ တူရကီထိပ်သီးကလပ် ဘီဆစ်တပ်ကို ကိုင်တွယ်လာတော့မှာ ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ စနေနေ့မှာ ဆမ်ဆန်စပေါ်နှင့် ရင်ဆိုင်ကစားရတဲ့ ဘီဆစ်တပ်ရဲ့ပွဲကို ကိုယ်တိုင် လာရောက်ကြည့်ရှုသွားဖို့ ရှိနေပြီး ဇန်နဝါရီလ ၂၂ ရက်နေ့ ဘီလ်ဘာအိုနှင့် ယူရိုပါလိဂ်ပွဲစဉ်ကို စတင်ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။
တူရကီထိပ်သီးကလပ်ဟာ ယူရိုပါလိဂ် အဖွင့်ပွဲ ၆ ပွဲမှာ ၂ပွဲတည်းသာ အနိုင်ရထားပြီး အဆင့် ၂၈ မှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်မှာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်နိုင်မဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
ဘီဆစ်တပ်ဟာ နိုဝင်ဘာလတုန်းက ဂျီယိုဗန်နီဗန်ဘရွန်ခရော့စ်ကို ထုတ်ပယ်လိုက်ပြီးတဲ့နောက် အမြဲတမ်းနည်းပြခန့်အပ်ခြင်းမရှိဘဲ ယာယီနည်းပြဆာဒါတော့ရက်တီပီအား အသင်းအား ဦးဆောင်လာစေခဲ့တာပါ။
အသက် ၅၁ နှစ်ရှိ ဆိုးလ်ရှားဟာ မိုလ်ဒီ၊ ကာဒစ်ဖ်၊ ယူနိုက်တက်တို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဘီဆစ်တပ်က သူ့ရဲ့ စတုတ္ထမြောက်ကလပ် ဖြစ်လာပါမယ်။

image

ပြီးခဲ့တဲ့ညတုန်းက လီဗာပူးလ်အသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာဂိုးပေးခဲ့ရတဲ့အနေအထားနဲ့ပတ်သက်ပြီးရာနှုန်းပြည့်အမှားအယွင်းပြုလုပ်ခဲ့တဲ့ အာလ်နေးစလော့ဒ်လက်အောက်ကအဂ်လန်ပရီးမီးယားလိဂ်နာမည်ကြီးကလပ်လီဗာပူးလ်အသင်းရဲ့နောက်ခံကစားသမား ဗာဂျယ်လ်ဗန်ဒိုက်ကို ရီယိုဖာဒီနန်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ပွဲချိန် ၈ မိနစ်ကတည်းက ခရစ်၀ုဒ်ရဲ့ဦးဆောင်ဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ရလဒ်နဲ့ဦးဆောင်နိုင်ခဲ့ပြီး ၁-၁ ဆိုတဲ့ရလဒ်ဖြစ်အောင်ဒီယေဂိုဂျိုတာအနေနဲ့ ပွဲချိန် ၆၆ မိနစ်မှာခြေပဂိုးလိုက်သွင်းနိုင်ခဲ့တာဖြစ်တာကြောင့်လီဗာပူးလ်အသင်းအနေနဲ့ ၂ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပေမဲ့ အမှတ်ပေးဇယားထိပ်မှာအရင်အတိုင်းရပ်တည်နေနိုင်ဆဲ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ရီယိုဖာဒီနန်အနေနဲ့ အဆိုပါပွဲစဉ်ရဲ့ပထမဆုံးသွင်းဂိုးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဗာဂျယ်လ်ဗန်ဒိုက်အနေနဲ့ အမှားအယွင်းလုပ်ခဲ့ရာမှာပါဝင်ပတ်သက်မှုရှိခဲ့ပါတယ်။ခရစ်၀ုဒ်အနေနဲ့ ဗာဂျယ်လ်ဗန်ဒိုက်ကိုရှုပ်ထွေးမှုဖြစ်အောင်လုပ်ဆောင်ခဲ့ပြီး သူ့အနေနဲ့ တချို့အချိန်မှာပြိုင်ဘက်ကစားသမားတွေလှည့်လိုက်ကစားရာမှာအမှားအယွင်းရှိခဲ့ပါတယ်။

သူ့အနေနဲ့ ကြိုတင်ကြည့်ထားဖို့လိုပါတယ်။ခရစ်၀ုဒ်အနေနဲ့လည်း ကန်သွင်းယူဖို့ပိုကောင်းတဲ့အနေအထားရှိခဲ့ပြီး ဗန်ဒိုက်အနေနဲ့ မပိတ်ထားနိုင်ခဲ့ပါဘူး။ဒီဟာကပြိုင်ဘက်ကစားသမားကိုနေရာလွတ်ဖြစ်စေခဲ့ပါတယ်လို့ ဖာဒီနန်ကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image