၂၀၁၃ ခုနှစ်မှာ Saturn ဂြိုလ်နားမှာ လေ့လာရေးလုပ်နေတဲ့ Cassini ဂြိုလ်တုဟာ ထူးခြားတဲ့ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးခဲ့ပါတယ်။
Saturn ရဲ့ Ring တွေကို လေ့လာနေရင်းအမှတ်မထင်ရိုက်လိုက်တဲ့ ဒီဓာတ်ပုံမှာ အရမ်းလှတဲ့ အပြာရောင် ဂြိုလ်ငယ်လေးတစ်လုံးကို ပါ ပါအောင် ရိုက်မိခဲ့ပါတယ်။
ဟုတ်ပါတယ် အဲ့ဒီအပြာရောင် ဂြိုလ်ငယ်လေးက ကျွန်တော်တို့ ရှိနေတဲ့ ကမ္ဘာပါပဲ။
ဒီဓာတ်ပုံကလည်း NASA ရဲ့ ကမ္ဘာအပြင်ဘက် Outer Solarsytem ကနေပြီး ကမ္ဘာဘက်ကို လှည့်ရိုက်ထားဖူးသမျှ ပုံသုံးပုံထဲက တစ်ပုံဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက Voyager ယာဉ်တွေလွှတ်တင် တုန်းကလည်း Solarsystem ထဲက မထွက်ခင် နောက်ဆုံးအနေနဲ့ ဒီလိုမျိုး ကမ္ဘာ ဘက်ကို လှည့်ပြီးရိုက်ကူးသွားပြီး ပြန်ပို့ဖူးပါတယ်။ပုံမှာ ကမ္ဘာနဲ့မလှမ်းမကမ်းမှာ ရှိနေတဲ့ လလေးကိုလည်းမှုန်မှုန်လေးမြင်ရမှာဖြစ်ပါတယ်။
ဘာလို့လည်းဆိုတော့ Saturn ဂြိုလ်ဟာ ကမ္ဘာနဲ့ မိုင်သန်းပေါင်း 889သန်း အကွာမှာတည်ရှိနေတာမို့ အားကောင်းတဲ့ ကင်မရာတွေနဲ့တောင် အခုလို သေးငယ်တဲ့ ဂြိုလ်ပြာလေးအဖြစ်မြင်ရတာပါပဲ။
Cassini hyugen mission က Cassini satellite လေးဟာ အခုလိုမျိုး Saturn ရဲ့ အနီးကပ်ပုံများစွာရိုက်ယူခဲ့ကာ NASA ရဲ့ ဆယ်ငါးနှစ်ကြာတဲ့ mission ကို အောင်မြင်စွာထမ်းဆောင်ခဲ့နိုင်ပြီး Saturn ဂြိုလ်ထဲကို ပျက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်။စစတုန်းက လေးနှစ်ခန့်သာ အသုံးခံဖို့ရည်ရွယ်ထားပေမယ့် သက်တမ်းနှစ်ကြိမ်တောင်တိုးနိုင်ခဲ့ပြီး 2017 ခုနှစ်အထိ NASA အတွက်အကျိုးပြုပေးခဲ့ပါတယ်။
ဒီကရလာတဲ့ Data အချက်အလက်တွေကြောင့် 2030 မှာ Saturn ဂြိုလ်အနားကို ရောက်သွားမယ့် Dragonfly mission ကို ထပ်လွှတ်ပြီး လေ့လာဦးမှာဖြစ်ပါတယ်။အဲ့အခါ မှာလည်း ဘယ်လိုပိုကောင်းတဲ့ ဓာတ်ပုံတွေ ကမ္ဘာကိုပြန်ပို့နိုင်ဦးမလည်းဆိုတာ Astronomy အသိုင်းအဝိုင်းတစ်ခုလုံးက စိတ်ဝင်စားစွာနဲ့စောင့်ကြည့်နေကြပါကြောင်း။

image

စူးအက်နှင့် ပနားမားတူးမြောင်းများမှ အမေရိကန်သင်္ဘောများ အခမဲ့ဖြတ်သန်းခွင့်ရရန် ထရမ့်တောင်းဆို
********************************************
ပနားမားတူးမြောင်းနှင့် စူးအက်တူးမြောင်းတို့သည် အမေရိကန်ပြည်ထောင်စုသာ ပါဝင်ဆောင်ရွက်ခြင်း မရှိပါက ထိုတူးမြောင်းများရှိလာမည် မဟုတ်သည့်အတွက် အမေရိကန်ကုန်သွယ်ရေယာဉ်များနှင့် စစ်ရေယာဉ် များကို ယင်းတူးမြောင်းများမှ အခမဲ့ဖြတ်သန်းခွင့်ပေးရန် သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် လိုအပ်ပါက စီးပွားရေးနည်းလမ်း သို့မဟုတ် စစ်ရေးနည်းလမ်းကိုအသုံးပြု၍ ပနားမားတူးမြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောထားသူ ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ၂၀ ရာစုအစောပိုင်းတွင် ပနားမားတူးမြောင်းကို ဖောက်လုပ်ခဲ့သည်သာမက ကိုလံဘီယာနိုင်ငံလက်အောက်မှနေ၍ ပနားမားနိုင်ငံကို လွတ်လပ်ရေးရအောင်လည်း ကူညီပေးခဲ့သူ ဖြစ်သည်။

ထို့နောက် ၁၉၉၉ ခုနှစ်တွင် အမေရိကန် က ပနားမားနိုင်ငံသို့ အဆိုပါပနားမားတူးမြောင်းကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

image

ဆန်ရေ // ဘိုဖြူ

41 w - Translate

အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၅ ဦးကို ပြည်နှင်လွှပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသားသုံးဦးအား ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်
*****************
(ပြည်တွင်း) ၂၉
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသားစုံစမ်းဖော်ထုတ်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း သို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-မင်းလက်ပံ၊ မယ်ထော်သလေးနှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၅ ဦးကို ယမန်နေ့က မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသားသုံးဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်း စဉ်များတွင် လိုအပ်သည့် ကိုယ်ရေးအချက်အလက် အထောက်အထားများနှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်ကိုက်ညီမှုရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ ယူဂမ်ဒါသမ္မတနိုင်ငံသံရုံးမှ Ambassador H.E. Ms.Betty O. Bigombe နှင့်တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ ဇင်ဘာဘွေသမ္မတနိုင်ငံသံရုံးမှ Minister Counsellor Ms.Tsitsi Kangai-Kasirowori နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ First Secretary Ms.Nguyen Thi Kim Chung နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးမှ First Secretary Mr. Fahd Saleem နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ မြဝတီမြို့ မယ်ထော်သလေး (KK Park)နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့်အင်ဒိုနီးရှားနိုင်ငံသား သုံးဦးကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှဧပြီလ ၂၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၀၄၃ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၇၅၆၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၄၇၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။

နိုင်ငံတော်မှ ယနေ့အထိ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၉၀၄၃ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ယူဂမ်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ တူနီးရှား၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်း၊ ဥဇဘက်ကစ္စတန်၊ နိုင်ဂျီးရီးယား၊ ကာဂျစ္စတန်၊ နမီးဘီးယား၊ မာဒါဂတ်စကား၊ ရိုမေးနီးယား၊ လိုက်ဘေးရီးယား၊ ရုရှား၊ ဖိလစ်ပိုင်၊ ဇင်ဘာဘွေ၊ မာလဝီ၊ ဆီယာရာလီယွန်၊ဘူရွန်ဒီနှင့် တရုတ် (တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး ထပ်မံ၍ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများအား စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

image

လက်မောင်းအဆီကျအောင်ဒါတွေလုပ်

The perfect beginner workout guide

Full Body Beginner

You can do it

“ လိမ္မာတယ်ဆိုတာ
အင်မတန် ပျင်းစရာကောင်းတဲ့ အလုပ်ပဲ မောင် ။
လိမ္မာတယ်ဆိုတဲ့လူတွေကို ကြည့်ပြီး ခိုင် သနားမိတယ် ။ သူတို့ဟာ လောကကြီးကို လိမ်နေကြတယ် ။
လူလူချင်းလည်း လိမ်နေကြတယ် ။
အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို ကိုယ် ပြန်လိမ်နေကြတာပဲ ။ အဲဒီလိုလိမ်ရင်းက သူတို့ အသည်းနှလုံးဟာ မာလာကြတယ် ။ လိမ္မာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ဒါပဲ ထင်ပါရဲ့..."
“ ချစ်ပါတယ် ခိုင်ရယ်
ခိုင့်ကို မောင် သိပ်ချစ်ပါတယ် ။
ဒါပေမဲ့ ငိုရတဲ့အချစ်မျိုးနဲ့ ချစ်ပါတယ်လို့
မောင် မပြောပါရစေနဲ့တော့
မငိုရတဲ့ သူငယ်ချင်းအချစ်နဲ့ပဲ ချစ်ပါရစေ
သံသရာအဆက်ဆက် ပြန်ဆုံတွေ့တဲ့ရက်အထိ
ခိုင့်ကို မောင့်သူငယ်ချင်းအဖြစ်နဲ့ပဲ
ဆက်ချစ်ပါရစေ ခိုင် ”
#တက္ကသိုလ်ဘုန်းနိုင်
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်

image
41 w - Translate

The Boss Baby: Family Business (2021)
=============================
IMDb Rating – 5.8/10
2017 လောက်တုန်းက အားလုံးကို အမွှေစိန်လုပ်သွားတဲ့ boss baby လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်၊
သူအခု အရွယ်ရောက်သွားပြီဗျ အရွယ်ရောက်တဲ့အပြင် တူမ ၂ ယောက်တောင်ရပြီး အလုပ်ကြိုးစားတဲ့ အချစ်တော်
အန်ကယ်ဖြစ်နေပါပြီ။
သိုပေမယ့် ကျွန်တော်တိုရဲ့ ကလေးသူဌေးကြီး ဒီဇာတ်လမ်းမှာ သူငယ်ပြန်ရပါဦးမယ်
ဖြစ်စဉ်ကဒီလိုရယ်ပါ . သူကလေးဘ၀က လာခဲ့တဲ့ BabyCorp ဆိုတဲ့ အဖွဲအစည်းမှာ ပြဿနာတစ်ခု ပေါ်ပေါက်လာ
ပါတယ်၊ ပြဿနာကတော့ ဒေါက်တာတစ်ယောက်ဟာ ကလေးတွေရဲ့ ခေါင်းထဲကို အတွေးမှားတွေ ရိုက်ထည့်ပေးနေပြီး
ကလေးတွေက မိဘတွေအပေါ် သွေးအေးလာတာပါ။ ဒီ ပြဿနာကို ဖြေရှင်းဖိုရာ Boss Baby တို ညီအစ်ကို ၂ ယောက်
အသက်ငယ်ဆေး ဖော်မြူလာကို သောက်ပြီး ကလေးဘ၀ကို ပြန်ရောက်သွားချိန်မှာတော့ ………..
ဘာတွေဆက်ဖြစ်မလဲ အဖြေရှာရင်း ဘယ်ပြဿနာတွေ ထပ်တက်ဦးမလဲ မတည့်တဲ့ ညီအစ်ကို ၂ ယောက် ဒီတစ်ခါရော
ဘယ်လိုတွေ နောင်ချိန်ပလေးပြီး ပရိသတ်ကို ဖမ်းစားဦးမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါဦး ။

ဇာတ်ကားလင့်
https://t.me/c/2186686827/274

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image