မကောင်းဆိုးဝါးနယ်မြေ (၂၀၂၂)
IMDb - 5.7/10
Genre - Horror
စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ “သွားလေသူ” လို သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ အဲဒီမှာပဲ သွားလေသူဟာ သူ့ရဲ့ဇာတ်လမ်းတွေကို ပြောလာပါတော့တယ်။ တကယ်ပဲ ဒီမှုခင်းဟာ သမာရိုးကျအစွန်းရောက်လူသတ်သမားတစ်ယောက်ရဲ့ လုပ်ရပ်ပဲလား၊ ဒါမှမဟုတ် သွေးရိုးသားရိုးမဟုတ်တဲ့ ဂမ္ဘီရအတတ်၊ အောက်လမ်းနည်းတွေပါနေတဲ့ လူသတ်ကွင်းဆက်ကြီးများလားဆိုတာကို ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။
