ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Rubber (201
၂၀၁၀ ကထွက်ရှိထားတဲ့ Rubber ဟာ ရုပ်ရှင်ဆုငါးဆုဆွတ်ခူးထားပြီး
ဆန်ခါတင်သုံးဆုစာရင်းဝင်ထားပါတယ်။ Comedy, Fantasy, Horror
အမျိုးအစားဖြစ်ပြီး ပုံမှန်ကြည့်နေကျဇာတ်ကားများထက်
တမူထူးခြားပါတယ်။
ဇာတ်လမ်းအကျဉ်းက ကန္တာရမြို့လေးတစ်မြို့က စွန့်ပစ်ထားတဲ့
ကားတာယာအဟောင်းတစ်ကွင်းဟာ အသက်ဝင်လှုပ်ရှားလာပါတယ်။
ရွေ့လျားနိုင်ရုံသာမက စိတ်စွမ်းအင်နဲ့ သတ္တဝါငယ်လေးတွေကို
အသေသတ်နိုင်မှန်း သူ့ဘာသာသူသိလာပါတယ်။ ကားတာယာဟာ
လမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး သူမတည်းခိုရာ
မိုတယ်မှာလိုက်နေပါတော့တယ်။ စိတ်စွမ်းအင်နဲ့ အဖျက်လုပ်ငန်းလုပ်နိုင်တဲ့
ကားတာယာဟာ စိတ်မထင်ရင်မထင်သလို လူပါသတ်နိုင်လာပြီး
ကန္တာရမြို့ငယ်လေးအတွင်း သောင်းကျန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဟာ
လူသတ်ကားတာယာကိုဖမ်းဆီးနိုင်ဖို့ ခရီးသွားမိန်းကလေးရဲ့အကူအညီနဲ့
ကြိုးစားပြီး ထောင်ချောက်ဆင်ပါတော့တယ်။
ကားတာယာဟာဘယ်လိုလုပ်အသက်ဝင်လာတာလဲ…
စိတ်စွမ်းအင်နဲ့လူသတ်တယ်ဆိုတာဘယ်လိုမျိုးလဲ…
ကားတာယာဆိုပြီးတော့ မိန်းကလေးတွေကို ဘာလို့သဘောကျတာလဲ
ကားတာယာကအစစ်လား…
သောင်းကျန်းနေတဲ့ကားတာယာကို ဘယ်ပုံဘယ်နည်းနှိမ်းနင်းနိုင်မလဲဆိုတာ
Rubber ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်…
ဇာတ်ကားလင့်
https://t.me/c/2222390798/143
Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1
Scooby-Doo! and the Goblin King (2008)
ဒီတစ်ခေါက်မှာတော့ စကူဘီဒူးတို့အဖွဲ့က ကူဗေးလ်ဟော်လိုဝင်းပွဲတော်မှာ လာဆင်နွှဲကြပါတယ်။
မှော်ဆရာခရက်ဒ်စကီနဲ့ ပဋိပက္ခတွေဖြစ်မိရာကနေ အန္တရာယ်တွင်းထဲဆင်းကြရပြန်ပါဦးမယ်။
ဝိညာဉ်လောက မြေအောက်ကမ္ဘာကို စွန့်စားခရီးသွားကြမယ့် စကူဘီနဲ့ရှက်ဂီတို့ ဘာတွေကြုံတွေ့ကြရဦးမလဲ။
ဒါရိုက်တာ Joe Sichta ရဲ့ လက်ရာဆန်းတွေနဲ့အတူ musical ပိုင်းမှာလည်း အားဖြည့်ထားမြဲမို့ ကြည့်လို့ကောင်းနေမှာပါ။
ဇာတ်ကားလင့်
https://t.me/c/2186686827/135
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
ပျိုးဘောင်ကိုအကျယ်(၃)ပေ၊အမြင့်(၆)လက်မ၊အရှည်(၃၀)ပေဘောင်များပြုလုပ်ကာနွားချေး၊မြေဆွေးတို့ထည့်ကာဘောင်မျက်နှာပြင်ညီအောင်ညှိ၍မျိုးစေ့ကိုပြာ၊သဲတို့ဖြင့်ရောကာညီညာစွာခပ်ပါးပါးကြဲပေးခြင်း၊မျိုးစေ့များခိုင်မာစွာစွဲကပ်စေရန်လက်(သို့)ပျဉ်ပြားဖြင့်ဖိပေးခြင်း၊ကောက်ရိုးပါးပါးအုပ်၍ရေလောင်းခြင်းနည်းကိုသော်လည်းကောင်း၊မျိုးဘောင်ပေါ်တွင်ကန့်လန့်ဖြတ်(၃)လက်မခြားမြောင်းများဖော်၍အစေ့များကိုအတန်းလိုက်ချခြင်းနည်းဖြင့်သော်လည်းကောင်းပျိုးထောင်နိူင်သည်။ တစ်ဧကအတွက်မျိုးစေ့(၅၀-၇၀)ဂရမ်လိုအပ်ပါသည်။ (၇)ရက်မှ(၁၀)အတွင်းအပင်ပေါက်စုံပါက ကောက်ရိုးဖယ်၍ နံနက်တစ်ကြိမ် ၊ညနေတစ်ကြိမ် ရေလောင်းပေးရမည်။ မိုးများသောဒေသ(သို့) မိုးများသော အချိန်ပျိုးထောင်ပါက အရိပ်လုပ်ပေးရမည်။ ပျိုးပင်များ(၂၅-၃၅ )ရက်အတွင်း ရွေ့ပြောင်း စိုက်ပျိုးနိူင်သည်။
စိုက်ခင်းမြေပြုပြင်ခြင်း
မြေတစ်ဧကနွားချေးလှည်း(၂၀)စီးခန့်ထည့်သည်။ထယ်ရေး၊ထွန်ရေးကောင်းမွန်ရမည်။
ပင်ကြား(၁)ပေခွဲ၊ တန်းကြား(၃)ပေထား၍ စိုက်ပျိုးနိုင်သည်။
ရာသီဥတု
မိုးရေချိန်(၂၅ မှ ၅၀)လက်မရွာသောဒေသများတွင်စိုက်ပျိုးရန်ကောင်းမွန်သည်။ မိုးသိပ်များကအသီးပုပ်နိူင်သည်။ မိုးများသောဒေသများတွင် မိုးနည်းကာလ စိုက်လေ့ရှိသည်။ အပူပိုင်းနှင့်အပူသမပိုင်းသီနှံဖြစ်သည်။ နှင်းဒဏ်မခံနိူင်ပါ။ အပူချိန် ( ၅ ̊C မှ ၁၅ ̊C ) အတွင်း ကောင်းစွာ မဖြစ်ထွန်းနိုင်ပါ။ ငရုပ်ပွ စိုက်ပျိုးရန် အတွက် အကောင်းဆုံး အပူချိန်ကတော့ ၂၀̊C မှ ၂၅ ̊C အတွင်း ဖြစ်သည်။
ငရုပ်ပွ ပန်းပွင့်ချိန်မှာ အပူချိန် ၃၃ ̊C ကျော်ခဲ့ရင်တော့ အပွင့်ကန်းပီး အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။
အပင်ပြုစုစောင့်ရှောက်ခြင်း
ရွေ့ပြောင်းစိုက်ပျိုးပြီး(၃-၄)ရက်ကြာကအပင်စတင်လန်းလာပါမည်။(၁၀-၁၂)ရက်ကြာကပေါင်းနှိမ်ခြင်း၊ရေသွင်းခြင်းစတင်နိူင်ပါသည်။ ကြားပေါင်းလိုက်ခြင်း၊မြေတောင်မြှောက်ခြင်း၊မြေသြဇာကျွေးခြင်းကို(၂)ပတ်တစ်ကြိမ်ခန့်ပြုလုပ်ပေးနိူင်သည်။
မြေသြဇာ
ငရုပ် စိုက်ပျိုးရန် တစ်ဧကနွားချေးလှည်းအစီး (၁၀-၂၀)စီး ထည့်ပေး နိူင်သည်။ဓာတ်မြေသြဇာအဖြစ်ယူရီးယား(ပုလဲ)၁-အိတ်၊တီစူပါ(၁)အိတ၊်ပိုတတ်ရှ်(၁)အိတ်နူန်းကိုမြေပြုပြင်စဉ်တွင်ထည့်၍အပင်ကြီးထွားစဉ်အဆင့်တွင်ယူရီးယား(၂)အိတ်ကိုထပ်မံကျွေးရပါမည်။နှမ်းဖတ်ကိုတစ်ဧကလျှင်(ဝ.၅)တန်နူန်းကိုငရုတ်ပင်ပတ်လည်တွင်ထည့်ပေးနိူင်ပါသည်။ ကယ်ဆီယမ် ချို့တဲ့မှုကို မခံနိုင်ပါ။
ကယ်ဆီယမ်ချို့တဲ့သော မြေများတွင် ငရုပ်ပွ အသီးထိပ်ပိုင်းတွေမှာ အမည်းရောင် ချိုင့်ကွက် လက္ခဏာတွေကို တွေ့ရတက်သည်။ ထို့အပြင် အခြားသော ဇင့်၊ မန်းဂနိစ်၊ အိုင်းရွန်း၊ ဘိုရွန် စသော အနည်းလို အာဟာရဓါတ်များကို ချို့တဲ့လွယ်တာကြောင့် သီးပွင့်ဝင်ချိန်မှာ ရွက်ဖျန်းအားဆေး ဖျန်းပေးပါ။
ရိတ်သိမ်းခြင်း နှင့် အထွက်
ငရုပ်ပွများသည် မျိုးအပေါ် မူတည်၍ ရက် ၉၀ မှ ၁၀၀ အတွင်း ခူးဆွတ်နိုင်သည်။ မိမိ အသုံးပြု သည့် မျိုး၊ သွင်းအားစု အပေါ် မူတည်၍ တစ်ဧကလျှင် အသီးနှုန်း တစ်သောင်း ခန့် ( ၃၀၀ မှ ၄၀၀ ပိသာ) ရနိုင်သည်။
အင်္ဂလိပ်အမည် - Bell pepper, Sweet pepper
ရုက္ခဗေဒအမည်-Capsicum annum
မျိုးရင်းအမည် -Solanaceae
မူရင်းဒေသ
တောင်အမေရိကတိုက်၊အမေရိကအလယ်ပိုင်းနှင့်အပူပိုင်းဒေသများဟုယူဆရသည်။ဘရာဇီးနှင့်အနီးတဝိုက်ရှိကျွန်းများ၊အနောက်အိန္ဒိယကျွန်းစုတို့အားလည်းမူရင်းဒေသအဖြစ်အချို့ကယူဆသည်။
#greengarden