43 w - Translate

#ပြည်တွင်းသတင်း
◼ပြည်တွင်း၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ်ခြောက်ဦးတွေ့ရှိ
ပြည်တွင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်ခြောက်ဦး ထပ်မံတွေ့ရှိကြောင်း ယနေ့ (မေ ၂၇ ရက်)ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် နစက၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုမေလ ၁၈ ရက်မှ ၂၅ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၇၅၄ ခုအားစစ်ဆေးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ်ခြောက်ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်အထိ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀ ဒသမ ၂) ရာခိုင်နှုန်းဖြစ်ပြီး COVID-19 ရောဂါဖြင့် သေဆုံးလူနာမရှိသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်နှင့်စင်ကာပူနိုင်ငံတို့တွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လျက်ရှိကြောင်း သတင်းမီဒီယာများ၏ဖော်ပြချက်အရသိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသော်လည်း ရောဂါများဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် လက်ကိုရေနှင့်ဆပ်ပြာ (သို့မဟုတ်) ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer) ဖြင့် မကြာခဏစနစ်တကျဆေးကြောခြင်း၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်းချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာများရှိသူများအနေဖြင့် လူထူထပ်သောနေရာများသို့သွားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေသွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အား စနစ်တကျ ဝတ်ဆင်ခြင်းတို့ကို လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးပညာရှင်များကအသိပေးနှိုးဆော်ထားသည်။
သတင်း - အင်ကြင်း

image
43 w - Translate

#ပြည်တွင်းသတင်း
◼တိုင်းနှင့်ပြည်နယ်တချို့၌ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်
မိုးတိမ်တောင်များရွေ့လျားရာတစ်လျှောက်တိုင်းနှင့်ပြည်နယ်တချို့၌ ယနေ့(မေ ၂၇ ရက်) ညနေပိုင်း အထိ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းနေကြောင်း မိုးဇလကယနေ့နံနက်ပိုင်းကထုတ်ပြန်ထားသည်။
အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ် နိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
"ငလျင်ဒဏ်သင့်ဒေသတွေကသတိထားသင့်တယ်။ အဓိက မြေပျော့တာ။ မြေကျွံတာတွေဖြစ်တတ် တာကိုသတိထားရမယ်။ ကျွန်တော်တို့ ခြေထောက်အောက်မှာရှိနေတဲ့ မြေကြီးရဲ့လုံခြုံစိတ်ချရမှုက ငလျင်ဒဏ်ထိထားတဲ့ဒေသတွေမှာ မြေလွှာတွေဘယ်လောက်ပျက်တယ်ဆိုတာ အဲ့ဒါလေးသတိထားဖို့ လိုပါတယ်" ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်များအရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင်မိုးထစ်ချုန်းပြီး နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးဇလကခန့်မှန်းချက်ထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ

image

#နိုင်ငံတကာသတင်း
◼ အမေရိကန်၏ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေးစနစ် အလွန်အန္တရာယ်များကြောင်း မြောက်ကိုရီးယားပြော
အ‌မေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရွှေကွန်ချာဒုံးကျည်ကာကွယ်ရေး အစီ အစဉ်သည် အာကာသတွင် နျူကလီးယားစစ်ပွဲ ဖြစ်လာစေနိုင်သည့် အလွန်အန္တရာယ်များသော ခြိမ်းခြောက်မှုဖြစ်သည်ဟု မြောက်ကိုရီးယားက ရှုတ်ချပြောဆိုလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။
ယင်းဒုံးကျည် ကာကွယ်ရေးစနစ်သစ် နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက် အသစ်များနှင့် ကနဦးရန်ပုံငွေ အား ထရန့်က ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့ပြီး ယင်းအစီအစဉ်မှာ အောင်မြင်ဖို့အရေးကြီးသလို အမေရိကန်နိုင်ငံရှင်သန်ရေးအတွက်ပင် အရေးပါသည်ဟု ပြောကြားခဲ့သည်။
၎င်းအစီအစဉ်သည် နည်းပညာပိုင်းနှင့် နိုင်ငံ‌‌ရေးအရ ကြီးမားသောစိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားပြီး ကုန်ကျစရိတ်လည်း အလွန်များပြားနိုင်ကြောင်း သိရသည်။
ယင်းမှာ နျုကလီးယားလက်နက်ပိုင်နိုင်ငံများ၏ မဟာဗျူဟာမြောက်လုံခြုံရေးကို ခြိမ်းခြောက်နေသော အလွန်အန္တရာယ်များသည့် အစီအစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချပြောဆိုလိုက်ကြောင်း KCNA သတင်းထုတ်ပြန်ချက် က ဆိုသည်။
ကမ္ဘာ့ပြင်ပ အာကာသအား စစ်‌ရေးနယ်ပယ်ဖြစ်‌လာစေရန် အမေရိကန်က ပိုင်းဖြတ် လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားနိုင်ငံခြား‌‌ရေးဌာနကပြောသည်။
နျူကလီးယားလက်နက်ပိုင်နိုင်ငံများ၏ လုံခြုံ‌‌‌ရေးစိုးရိမ်မှုများကို နှိုးဆွပေးပြီး ပြင်ပအာကာသအား နျူကလီယားစစ်မြေပြင် အဖြစ် ပြောင်းလဲနိုင်ချေကြောင့် ဒုံးကျည်ကာကွယ်ရေးစနစ်သစ်တည်ဆောက်မည့် အမေရိကန်၏ အစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားနှင့် လက်နက်ပြိုင်ပွဲ၏ အခြေခံအကြောင်းရင်း ဖြစ်ကြောင်း ပြုံယမ်းထုတ်ပြန်ချက် က ဆက်လက်ပြောကြားသည်။
ဝါရှင်တန်၏ ရွှေကွန်ချာဒုံးကျည်ကာကွယ်‌ရေး စနစ်နှင့်ပတ်သက်၍ တရုတ်ကလည်း အလားတူပြင်းထန်သော စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကာ အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို အားနည်းအောင်လုပ်နေကြောင်း စွပ်စွဲပြောကြားသည်။
ပဲ့ထိန်းဒုံးကျည် နှင့် အသံထက်မြန်သောဒုံးကျည်နည်းပညာများတွင် ပေကျင်းက ဝါရှင်တန်နှင့် ကွာဟမှု ကျဉ်းမြောင်းအောင်လုပ်ဆောင်နေကြောင်း ၊ မော်စကိုက ၎င်းတို့၏ တိုက်ချင်းပစ် ဒုံးကျည်စနစ်များကို ပိုမို ခေတ်မီအောင်လုပ်ဆောင်နေကာ တိကျမှုမြင့်မားသော ဒုံးကျည်စနစ်များကိုလည်း တီထွင်နေကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်၏ ၂၀၂၂ ခုနှစ် သုံးသပ်မှုက ဖော်ပြခဲ့သည်။
ဒေါ်နယ်ထရန့်၏ အစီအစဉ်နှင့်ပတ်သက်၍ ရုရှားက ကနဦးတွင် ရှုတ်ချခဲ့သော်လည်း နောက်ပိုင်းတွင် လေသံလျှော့သွားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-AFP

image

#နိုင်ငံတကာသတင်း
◼ ပါကစ္စတန်နှင့်တင်းမာမှုများရှိနေစဉ် တိုက်လေယာဉ်အစီအစဉ်သစ်ကို အိန္ဒိယအတည်ပြု
နှစ်နိုင်ငံကြား စစ်‌ရေးပဋိပက္ခဖြစ်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ပါကစ္စတန်နှင့်လက်နက်ပြိုင်ဆိုင်မှု အသစ် ဖြစ်ပေါ်နေစဉ် ‌ရေဒါမမိဘဲ လျှို့ဝှက်ပျံသန်းနိုင်မည့် နိုင်ငံ၏ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်သစ် တည် ဆောက်ရေး စီမံကိန်းကို ကာကွယ်ရေးဝန်ကြီးက အတည်ပြုလိုက်ကြောင်းအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ယင်းတိုက်လေယာဉ် နမူနာပုံစံသစ် တည်ဆောက်ရေးအတွက် ကာကွယ်ရေးကုမ္ပဏီများထံမှ ကနဦးစိတ်ဝင်စားမှုကို တိုက်လေယာဉ်သစ်အစီအစဉ်ကို လုပ်ဆောင်နေသည့် နိုင်ငံပိုင် လေကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ က မကြာမီ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။
အင်ဂျင်နှစ်လုံးတပ် ပဥ္စမမြောက်မျိုးဆက် တိုက်လေယာဉ်စီမံကိန်းမှာ အိန္ဒိယလေတပ်အတွက် အလွန်အရေးပါပြီး လေတပ်တွင် ခွင့်ပြုထားသော တိုက်လေယာဉ်အုပ်စု ၄၁ စုမှ ၃၁ စု သို့ အင်အား လျော့ကျနေချိန်တွင် ဒေသတွင်းပြိုင်ဘက် တရုတ်က လေတပ်ကို အကြီးအကျယ်တိုးချဲ့နေပြီး ပါကစ္စတန်တွင်လည်း တရုတ်၏ အဆင့်အမြင့်ဆုံးတိုက်လေယာဉ် J-10 များ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
နျူကလီးယားလက်နက်များပိုင်ဆိုင်ထားသော အိန္ဒိယနှင့်ပါကစ္စတန်တို့က ယခုလအတွင်း လေးရက်ကြာ စစ်ဆင်နွှဲခဲ့ကြပြီး နှစ်ဖက်စလုံးက တိုက်လေယာဉ်များ ၊ ဒရုန်းများ ၊ ဒုံးကျည်များ ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြကာအမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အပစ်အခတ်ရပ်စဲမှု ကြေညာပြီးနောက်တွင်မှ ရပ်တန့်သွားခဲ့သည်။
တိုက်လေယာဉ်သစ်အစီအစဉ်အတွက် အိန္ဒိယက ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးတွဲလုပ်ကိုင်သွားမည်ဖြစ်ကာ ကုမ္ပဏီများအနေဖြင့် သီးခြားဖြစ်စေ ၊ပူးပေါင်း၍ဖြစ်စေ လုပ်ကိုင်ခွင့် လျောက်ထားနိုင်ပြီး ပုဂ္ဂလိက နှင့် အစိုးရလုပ်ငန်းများ အားလုံး ပါဝင်နိုင်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံက အသုံးပြုနေသော ပြည်တွင်းဖြစ်တိုက်လေယာဉ် အများစုကို ထုတ်လုပ်ပေးနေသည့် နိုင်ငံပိုင် Hindustan Aeronautics Ltd အပေါ် ဝန်မပိစေရန် ပုဂ္ဂလိကကဏ္ဍကိုပါ စစ်လေယာဉ်ထုတ်လုပ်မှုများတွင် ပါဝင်လာစေရေး အိန္ဒိယကာကွယ်ရေးကော်မတီ က မတ်လအတွင်း ထောက်ခံအကြံပေးခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
43 w - Translate

How does a cone crusher work?

အရမ်းပိန်လွန်းရင် ဒါတွေလုပ်ပါ။

Chest Day Workout

43 w - Translate

ကောက်ရိုးမြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်
https://greenwaymyanmar.com/po....sts/straw_fertilizer

ကောက်ရိုးမြေဆွေးသည် ကောက်ပဲသီးနှံများကို သဘာဝမြေသြဇာအဖြစ် စိုက်ပျိုးမြေတွင် ထည့်သွင်းပေးရန် ရည်ရွယ်၍ ဓာတ်မြေသြဇာများကို ထိရောက်စွာ အစားထိုးနိုင်ရန် ရည်ရွယ်ပါသည်။ ယင်းသည် အပင်များကို ကျန်းမာသန်စွမ်းစေပြီး ရောဂါပိုးမွှားများကို ကျရောက်ခြင်းမှ ရှောင်လွဲစေပါသည်။ မြေဆီသြဇာ၏ ရုပ်ဂုဏ်သတ္တိဖွဲ့စည်းပုံနှင့် မြေဆီမြေသြဇာ တိုးတက်ကောင်းမွန်စေရန်လည်း အထောက်အကူပြုစေပါသည်။ ကောက်ရိုးမြေဆွေး ပြုလုပ်နေစဉ်အတွင်း မြင့်မားသော အပူချိန်ကြောင့် မည်သည့် ပေါင်းပင်၊ မြက်ပင်များ၏ အစေ့အဆံနှင့် ရောဂါပိုးမွှားများ ပါဝင်လာနိုင်ခြင်းမရှိပါ။ ကောက်ရိုးမြေဆွေးကို အသုံးပြုပြီး စိုက်ပျိုးရေးအလေ့အထများ ပြောင်းလဲခြင်းမရှိပါက လယ်သမားများအနေဖြင့် စပါးအထွက်နှုန်း ၁၅ ရာခိုင်းနှုန်းအထိ တိုးတက်ထွက်ရှိပြီး စိုက်ပျိူးရေးပညာများ ပြောင်းလဲအသုံးပြုပါက အထွက်နှုန်း ၃၀ အထိ ပိုမိုထွက်ရှိစေပါသည်။

ကောက်ရိုးမြေဆွေးဆိုသည်မှာ

ကောက်ရိုးမြေဆွေးဆိုသည်မှာ ကောက်ရိုး (အကယ်၍ လယ်သမားများအနေဖြင့် အခြားမတူသော အမျိုးအစားများကို အသုံးပြုလိုပါက ဗေဒါရွက်၊ ငှက်ပျောရွက် စသည်တို့ကို အသုံးပြုပါသည်။) ကို စနစ်တကျ စောင့်ကြည့်ထိန်းချူပ်၍ သဘာသဘာဝပြောင်းလဲစေခြင်း ဖြစ်ပါသည်။ သဘောသဘာဝပြောင်းလဲစေရာတွင် ပူပြင်းစိုထိုင်း၊ လေသလပ်ခံခြင်းဟူသော အဏုဇိဝရုပ်ဓာတ် ပြောင်းလဲခြင်းဖြစ်ပါသည်။ ကောင်းမွန်သော မြေဆွေးဆိုသည်မှာ တသတ်မတ်တည်း ပြောင်းလဲမှုနှင့် အနံ့အသက်မရှိဘဲ အရောင်အားဖြင့် အညိုရောင်ဖြစ်ပါသည်။ လယ်သမားများအနေဖြင့် ကောက်ရိုးမှ သဘာဝမြေသြဇာသို့ မြေဆွေးအဖြစ် ပြောင်းလဲခြင်းအခြေအနေများကို စနစ်တကျ စောင့်ကြည့်ခြင်းအားဖြင့် ကောင်းမွန်သော မြေဆွေးများကို ပြုလုပ်နိုင်ပါသည်။

ကောက်ရိုးမြေဆွေး၏ အာသာချက်များ

- မြစ်ဝကျွန်းပေါ်တွင် ကောက်ရိုးများအား သဘာဝအလျောက် အလွယ်တကူ အလုံးအရင်းနှင့် ရရှိခြင်း။

- အသုံးစရိတ် အချိန်တိုအတွင်း (သို့) ကာလအပိုင်းအခြားတစ်ခုအတွင်း မြေသြဇာများ တိုးတက်ကောင်းမွန်လာစေခြင်း။

- မိုးကြီးစဉ်ကာလတွင် သီးနှံများအတွက် မြေဆီလွှာ ရုပ်၊ ဂုဏ်သတ္တိများ ကာကွယ်ပေးခြင်း။

- အရည်အသွေးကောင်းမွန်သော သဘာဝမြေသြဇာအဖြစ် ထုတ်လုပ်ပေးခြင်း။

- ကုန်ကျစရိတ်သက်သာစွာဖြင့် ထုတ်လုပ်နိုင်ခြင်း။

- ဓာတုဓာတ်မြေသြဇာများ အသုံးပြုမှုကို လျော့ချထိန်းချုပ်နိုင်ခြင်း။

- စားသုံးသူများအတွက် ပိုမို အရည်အသွေးကောင်းမွန်သော လယ်ယာထွက်ကုန်များ ရရှိနိုင်စေခြင်း။

- ပြုလုပ်သုံးစွဲသူ လယ်သမားများ၏ ကျန်းမာရေးကို မထိခိုက်ခြင်း၊ မြေဆီသြဇာ ရုပ်၊ ဂုဏ်သတ္တိကို တိုးတက်စေခြင်း၊

- အပင်၏အမြစ်များကို မြေသားအတွင်း ဖွံ့ဖြိုးတိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူဖြစ်စေခြင်း၊

- ကောက်ပဲသီးနှံများ ရောဂါပိုမွှားဒဏ် ခံနိုင်ရည်ရှိစေခြင်း။

ကောက်ရိုးမြေဆွေး၏ အားနည်းချက်များ

- ကောက်ရိုးမြေဆွေးပုံများ ပြုလုပ်ရာတွင် အချိန်ပေးရခြင်း။

- ရာသီစိုက်ပျိုးချိန်အမီ အဆင်သင့်ဖြစ်စေရန်အတွက် မြေဆွေးပုံများအတွက် အဆောက်အအုံများ ကြိုတင် မျှော်မှန်းပြင်ဆင်ထားရခြင်း။

- ကောင်းမွန်သော ကောက်ရိုးမြေဆွေး၊ ပြုလုပ်ပုံအဆင့်ဆင့်တို့ကို ကောင်းစွာနားလည်သဘောပေါက်ထားရန် လိုအပ်ခြင်း။

အသုံးပြုနည်း

စိုက်ပျိုးရန်အတွက် လယ်ယာမြေပြင်ဆင်နေစဉ်အတွင်း တစ်ဧကလျှင် ကီလို ၂၀၀၀ မှ ၅၀၀၀ = တစ်ဧကလျှင် အိတ် ၅၀ မှ ၁၂၅ ထိ

ကောက်ရိုးမြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်

- ကောက်ရိုးများကို လယ်ကွင်းပြင်များမှ စုဆောင်းပါ။ စက်နှင့်ရိတ်သိမ်းပြီး တစ်ဧက = ၆ ပေ ၄ ပေ ၃ ပေ ရှိသည့် မြေသြဇာပုံအတွက်

- ကောက်ရိုးမြေဆွေး ပြုလုပ်မည့်နေရာအား သတ်မှတ်ပါ။ ( ရေလွမ်းမိုးမှု မရှိသော နေရာဖြစ်ရမည်။)

- ပထမအလွှာကို ကောက်ရိုးများဖြင့် ပြုလုပ်ပါ။

- ကောက်ရိုးများ အလွန်ခြောက်သွေ့နေပါက ရေလောင်းပြီး ဖိသိပ်ပါ။

- အီးအမ်ဖျော်ရည်ကို နှံ့စပ်စွာပက်ဖျန်းပါ။ သို့သော် အလွန်အမင်း မများစေရပါ။

- ထို့နောက် ဒုတိယအလွှာကို ကောက်ရိုး (သို့) ဖြစ်နိုင်လျှင် အခြားအပင်များဖြင့် ပြုလုပ်ပါ။ ဥပမာ - ဗေဒါပင်

- ၎င်းနည်းအားဖြင့် စုစုပေါင်း ခြောက်လွှာပြုလုပ်ပါ။

- အီးအမ်ဖျော်ရည်နှင့် ရေကို နှံ့စပ်စွာ ထပ်မံပက်ဖျန်းပါ။

- နောက်ဆုံးအဆင့်အနေဖြင့် ကောက်ရိုးမြေဆွေးပုံကို ပလတ်စတစ်ဖြင့် ဖုံးအုပ်ပါ။

- သဘာဝမြေသြဇာပုံကို မကြာခဏ စစ်ပေးပါ။ အကယ်၍ ခြောက်သွေ့နေလျှင် ရေဖျန်းပေးပါ။

- တစ်လခွဲကြာလျှင် သဘာဝမြေသြဇာပုံကို ဘေးဘယ်ညာ အထက်အောက်ပြောင်းပေးပါ။

- ၃ လမှ ၅ လကြာလျှင် အသုံးပြုရန် အဆင်သင့်ဖြစ်နေပြပြီ။

ကောက်ရိုးမြေဆွေး တစ်ဧက = သဘာဝမြေသြဇာ တစ်တန်ခွဲ

Source _ Delta Technical Sheet

image
43 w - Translate

၁၈ရက်အတွင်း ဆွေးမြေ့သော မြေဆွေးပြုလုပ်နည်း
https://greenwaymyanmar.com/posts/humus

အိမ်ခြံဝန်း အတွင်းရှိအမှိုက်များ၊ မီးဖိုချောင် စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး ရက်တိုအတွင်း ဆွေးမြေ့ စေသောနည်းဖြစ်သည်။

မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့်
(အလျား ၅ပေ၊အနံ ၃ပေအမြင့်၃ပေကျော်ခန့်ရှိ မြေဆွေးပုံအတွက်)

၁။ မြေဆွေးပုံအောက်ခြေအဖြစ် သစ်ကိုင်းခြောက်များကို ဖြန့်ခင်းပါ။(သစ်ကိုင်းခြောက်များ ဖြန့်ခင်းခြင်းမှာ မြေဆွေးပုံအောက်ခြေနှင့် အတွင်းပိုင်းတွင် လေဝင်လေထွက် ရှိစေရန် ဖြစ်သည်)

၂။ သစ်ကိုင်းခြောက်များအပေါ်မှ သစ်ရွက်ခြောက်များ၊ သစ်ကိုင်းအသေးများ ဖြန့်ခင်းပြီး သိပ်သည်းအောင် ခြေထောက်ဖြင့်နင်းခြေပါ။ သစ်ရွက်ခြောက်များကို ၆လက်မထု အထိ ရောက်အောင်ခင်းနိုင်သည်။

၃။ သစ်ရွက်ခြောက်များပေါ်မှ နွားချေး၊ ကြက်ချေးတစ်ခုခုကို ခြင်းတောင်း(၃)တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၄။ ပြီးလျှင် အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၈ပုံးခန့် လောင်းပါ။

၅။ သစ်ရွက်စိမ်းများ၊ မီးဖိုးချောင်စွန့်ပစ် ဟင်းသီးဟင်းရွက်အပိုင်းအစများကို ၆လက်မထု အထိ ရောက်အောင်ခင်းပါ။

၆။ နွားချေး၊ ကြက်ချေးတစ်ခုခုကို တာခြင်းတောင်း(၂)တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၇။ အစိုဓာတ်ကောင်းစွာရအောင် ရေ၆-၁၀ပုံးခန့် လောင်းပါ။

၈။ သစ်ရွက်ခြောက်များနှင့် သစ်ရွက်စိမ်းများကို တလှည့်စီပုံသွားရန်ဖြစ်သည်။

၉။ ဆွေးမြေ့မှုမြန်ဆန်စေရန်အတွက် အလယ်အလွှာတစ်လွှာတွင် (မြေဆွေးပုံ၏ အလယ်တည့်တည့်တွင်) အသားဓာတ် (နိုက်ထရိုဂျင် ဓာတ်) ပါဝင်နှုန်းမြင့်မားသည့် သားငါးအပိုင်းအစများ၊ ငါးအကြေးခွံများ၊ တိရစ္ဆာန်အသေကောင် များ ထည့်ပေးရမည်။ သို့မဟုတ် ကျင်ငယ်ရည် လောင်းထည့်ပေးနိုင်ပါသည်။

၁၀။ အပေါ်ဆုံးအလွှာတွင် မြေသား တာခြင်းတောင်း(၃-၅)တောင်းခန့် နှံ့အောင်ဖြူးပေးရမည်။

၁၁။ မြေဆွေးပုံကို ပလပ်စတစ်စ(သို့မဟုတ်) မိုးကာစဖြင့် လုံအောင်အုပ်ပါ။

၁၂။ မြေဆွေးပုံပြီး (၄)ရက်ခန့် ကြာလျှင် ထည့်ထားသည့် သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်များ ဆွေးမြေ့လာပြီဖြစ်သည်။ ထိုအချိန်တွင် မြေဆွေးပုံအား အတွင်းအပြင်လှန်ပေးခြင်း၊ ကြက်ချေးများထပ်ထည့်ပေးခြင်း ပြုလုပ်ရမည်။

၁၃။ မြေဆွေးလက်တစ်ဆုပ်စာခန့် လက်ထဲတွင်ထည့်ပြီး လက်သီးဆုပ်ကြည့်ပါက ရေတစ်စက် ခန့်သာ ထွက်လာလျှင် လုံလောက်သော အစိုဓာတ်ရှိသည်ဟု ယူဆနိင်ပါသည်။

၁၄။ မြေဆွေးပုံအား တစ်ရက်ခြားလျှင် တစ်ကြိမ်အတွင်းအပြင်နှံစပ်အောင် လှန်ပေးခြင်း၊ အစိုဓာတ် လိုအပ်ပါက ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။

၁၅။ ကောက်ရိုးများကိုဓားနှင့်စင်းပြီး မူလထည့်ထားသည့် သစ်ရွက်များနှင့်ရောပေးခြင်းဖြင့် မြေဆွေးပမာဏပိုများနိုင်သည်။

image

ဝက်သားတုတ်ထိုး လုပ်နည်း
ဝက်အူစုံ နဲ့ အသား ၁ပိသာခန့်ကို ပြုလုပ်မှာဖြစ်ပါတယ်။ အသားများကိုဆေးကြောသန့်စင်ပြီး ဆား.. သကြားတို့ဖြင့်ရောနယ်ထားပါမယ်
အူများကိုပထမ ပဲမှူန့်နဲနယ်ဆေးပါ။ ဒုတိယအနေနဲ့ ရှာလကာရှည်ဖြင့်ပွတ်ဆေးပြီးရေသန့်နဲ ့၃ကြိမ်ခန့်ဆေးကြောပြီးပြောင်းပြန်လုပ်ကာ တူဖြင့်အူချောင်များကို ထိုးသွင့်၍ ၃ချောင်းခန့််ထပ်ပါ။ပြုတ်တဲ့ခါ. ၂အိုးခွဲပြုတ်ရမှာဖြစ်ပါတယ်. အနီရောင်ရှိတဲ့ အသဲ၊ အဆုပ်၊နားရွက်၊ကျောက်ကပ်နဲ့ အသားတို့ကို သီးသန့်တစ်အိုးပြုတ်ပြီး.. အူသတ်သတ် တစ်အိုးပြုတ်ပါ။ရောပြုတ်လိုက်ရင် အရောင်မလှတတ်လို့ပါ။
-အူပြုတ်နည်း😋
အိုးကိုပူအောင်တည်ပြီသကြားထမင်းစါးတစ်ဇွန်းခန့်ထည့်လှော်ပါ။ငြုပ်ကောင်းမှူန့်အနည်းငယ်နဲ့လေးညှင်း၂ပွင့် နာနတ်၁ပွင့်တို့ ပဲငံပြာပြာရည်..လက်ဖက်ဇွန်း၂ဇွန်းခန့်ထည့်ပါအရောင်အတွက်ထည့်တာဖြစ်ပါတယ်။ရေခန်းအောင်းလုံးထားပြီးမှရေအမြုပ်ထည့်ပြီးပြုတ်ပါနံနံပင်အမျှစ်၃ပင်ခန့်ဓားပြားရိုက်ထည့်ကာ.နူးပြီးရေခန်းသည်ထိမီးဖြည်းဖြည်းဖြင့်ပြုတ်ပါ။
အသဲ၊အဆုပ်၊ကျောက်ကပ်၊သာ၊နားရွက်ပြုတ်နည်းများ
ရေနွေးဆူအောင်တည်ပြီးဆား...သကြားထမင်းစားဇွန်းဝက်..နာနတ်၁ပွင့့်..ပဲငံပြာရည်..ငြုပ်ကောင်းမှူန့်တို့ထည့်ပြီးအသားထည့်ကာမီးဖြည်းဖြည်းနဲ့နူးသည်ထိပြုတ်ပြီးဗန်းထဲဆည်ထည့်ကာအအေးခံပြီးအချဉ်ရည်ဖြင့်တွဲဖက်စားနိုင်ပါပြီးရှင့်။ကြက်ဥပြုတ်ကြိုက်ပါက ၅လုံးခန့်ပြုတ်ပြီ..ထည့်ပြုတ်နိုင်ပါတယ်နော်။
အချဉ်ရည်ပြုလုပ်နည်း😋
မန်ကျည်းသီး လက်တဆုပ်ခန့်နဲ့ထန်းလျှက်ခဲ၃ခဲခန့်ကိုရည်နဲ့အနှစ်ရအောင်ပြုတ်ပါ။အနှစ်ရအောင်ဇကာနဲ့တိုက်ထားပါ။ကြက်သွန်ဖြူ.ငရုပ်သီးစိမ်းရောထောင်းပြီးကြိုထားတဲ့မန်ကျည်းအနှစ်နဲ့ရောပြီးယိုးဒယားပဲငံပြာရည်နဲ့သကြားအနည်းငယ်ထည့်ဖျော်ပြီးသုံးဆောင်နိုင်ပါပြီးနောျ။

image