52 w - Translate

ကြက်မောက်စိုက်ပျိူးနည်း
===============
ကြက်မောက်လူတိုင်းလိုလို ကြိုက်နှစ်သက်ပြီးသိကြပါတယ်
ဈေးကွက်လဲအလွန်ကောင်းမွန်ပါတယ်
စီးပွားဖြစ်စိုက်ပျိုးပါက ဈေးကွက်ဝင်တဲ့မျိုးကိုရွေးစိုက်ဖို့လိုအပ်ပါတယ်
ကြက်မောက်သုံးမျိုးရှိပါတယ် တောကြက်မောက်တော့မပြောတော့ပါဘူး
ပန်းရောင်ကြက်မောက်
ရွှေဝါရောင်ကြက်မောက်
အနီရောင်ကြက်မောက်
အရောင်နဲ့ဘဲခွဲပြောပေးပါမယ်
ကြက်မောက်ပူအိုက်စိုစွတ်တဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်
မြန်မာနိုင်ငံ နေရာတော်တော်များများဖြစ်ထွန်းပါတယ်
အပူချိန် ၂၅°C ကနေ ၃၅°Cအတွင်းကောင်းစွာဖြစ်ထွန်းပါတယ်
မြေအစို ဓာတ် 70 ကနေ 80အတွင်းကို ကြိုက်နှစ်သက်တဲ့အပင်မျိုးဖြစ်ပါတယ်
အပွင့်ပွင့်ချိန် တစ်ခိုင်မှာ ပြိုင်တူတစ်ညီထဲမပွင့်တာကြောင့်
အသီးမှည့်ချိန်လဲ နည်းနည်းဟနေပါလိမ့်မယ် မှည့်တာကိုအရင်ကြည့်ပြီးခူးစွတ်ရပါမယ်
မြေဆီးကို ပထမပိုင်း npkညီမျှတူးကြွေးပေးပါ သဘာဝမြေသြဇာလဲကျွေးနိုင်ပါတယ် ရေကိုတပါတ်၂ကြိမ်သို့မဟုတ်၃ကြိမ်ပေးသင့်ပါတယ်
၁၁လပိုင်း၁၂လပိုင်းလောက်မှာအပွင့်ထွက်ပါတယ်
Zawgyi
ကြက်မောက်စိုက်ပျိုးနည်း
===============
ကြက်မောက်လူတိုင်းလိုလို ကြိုက်နှစ်သက်ပြီးသိကြပါတယ်
စျေးကွက်လဲအလွန်ကောင်းမွန်ပါတယ်
စီးပွားဖြစ်စိုက်ပျိုးပါက စျေးကွက်ဝင်တဲ့မျိုးကိုရွေးစိုက်ဖို့လိုအပ်ပါတယ်
ကြက်မောက်သုံးမျိုးရှိပါတယ် တောကြက်မောက်တော့မပြောတော့ပါဘူး
ပန်းရောင်ကြက်မောက်
ရွှေဝါရောင်ကြက်မောက်
အနီရောင်ကြက်မောက်
အရောင်နဲ့ဘဲခွဲပြောပေးပါမယ်
ကြက်မောက်ပူအိုက်စိုစွတ်တဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်
မြန်မာနိုင်ငံ နေရာတော်တော်များများဖြစ်ထွန်းပါတယ်
အပူချိန် ၂၅°C ကနေ ၃၅°Cအတွင်းကောင်းစွာဖြစ်ထွန်းပါတယ်
မြေအစို ဓာတ် 70 ကနေ 80အတွင်းကို ကြိုက်နှစ်သက်တဲ့အပင်မျိုးဖြစ်ပါတယ်
အပွင့်ပွင့်ချိန် တစ်ခိုင်မှာ ပြိုင်တူတစ်ညီထဲမပွင့်တာကြောင့်
အသီးမှည့်ချိန်လဲ နည်းနည်းဟနေပါလိမ့်မယ် မှည့်တာကိုအရင်ကြည့်ပြီးခူးစွတ်ရပါမယ်
မြေဆီးကို ပထမပိုင်း npkညီမျှတူးကြွေးပေးပါ သဘာဝမြေသြဇာလဲကျွေးနိုင်ပါတယ် ရေကိုတပါတ်၂ကြိမ်သို့မဟုတ်၃ကြိမ်ပေးသင့်ပါတယ်
၁၁လပိုင်း၁၂လပိုင်းလောက်မှာအပွင့်ထွက်ပါတယ် crd

image
52 w - Translate

22h ·
👉 သင်္ဘောအဖိုပင်မှ အမပင်ပြောင်းနည်း 👈😱
- သင်္ဘောပင် အဖိုပင်ကနေ အမပင်ဖြစ်အောင် ပြုလုပ်နည်း အဆင့်ဆင့်ကို ဝေမျှပေးလိုက်ပါတယ်။ ☺
၁။ သင်္ဘောအဖိုပင်ကို အပင်ရင်းမှ တစ်တောင်ခန့်ချန်ပြီး ဖြတ်ထားပေးပါ။
၂။ အမကိုင်း ထည့်ဆက်မှာဖြစ်တဲ့အတွက် ၂လက္မခန့် အကွဲကြောင်း လှီးဖြတ်ပေးထားပါ။
၃။ အမကိုင်းကို တစ်ထွာကျော်ခန့် အပေါ်ပိုင်း လှီးဖြတ်ယူပေးပါ။ အမအပင်ပေါက်ကို ထည့်ဆက်နိုင်သလို အမပင်ကြီးတွေမှ ကိုင်းတက်တွေကို ဖြတ်ယူပြီး ထည့်ဆက်လို့လဲရပါတယ်။
၄။ အရင်းပိုင်းကို အင်္ဂလိပ်အက္ခရာ "V"ပုံစံ နှစ်ဖက်အပြားချွန်ပေးပါ။
၅။ အောက်ခံအဖိုပင် အကွဲကြောင်းထဲ ထည့်ဆက်ပေးပြီး တိပ်နဲ့ကြပ်စည်းပေးထားပါ။
၆။ နေရောင်တိုက်ရိုက်မထိတွေ့ဖို့နဲ့ ရေမဝင်စေဖို့ ပလတ်စတစ်အိတ်နဲ့ ဖုံးအုပ်ထားပေးပါ။
၇။ ၁၅ရက်ကျော်လောက်ဆို အညွန့်တက်တွေထွက်လာရင် ကိုင်းဆက်တာ အောင်မြင်ပါတယ်။
ဒါဆိုရင်တော့ အဖိုပင်ကနေ အမပင်ပြောင်းလဲသွားပြီး ပုပုလေးနဲ့ သီးစေမှာပဲ ဖြစ်ပါတယ်။

image

ခရမ်းချဥ်သီး ပန်ထွေဖျော်နည်း.....။ 🍅😋
ပါဝင်ပစ္စည်းများ........
- ခရမ်းချဥ်သီး
- ငရုတ်သီးစိမ်းအညှာခြွေ
- ကြက်သွန်ဖြူ တို့ကို ရေဆေးပြီး မီးကင်
- စိမ်းစားငပိအနည်းငယ် မီးကင်
ပါဝင်ပစ္စည်းများအားလုံး မီးကင်ပြီးရင်
ခရမ်းချဥ်သီး ကို အခွံနွှာ
ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတွေကို
ကြိတ်စက်ထဲ ဆားထည့်ပြီး ကြိတ်
(ကြိတ်စက်မရှိလဲ ခရမ်းချည်သီးလေးတွေကို ဇွန်းလေးနဲ့ခြေပီးဖျော်လည်းရတယ်။ ​ငရုတ်သီး၊ ကြက်သွန်ဖြူလေးတွေကို ငရုပ်ဆုံလေးနဲ့ထောင်းပြီးမှဖျော်ထားတဲ့ခရမ်းချည်သီးထဲကိုထည့်ပီးမွှေ)
နံနံပင် ပါးပါးလှီးထည့်ပြီး ကိုယ်ကြိုက်တဲ့
အသီးနှံတွေနဲ့ တွဲစားလို့ရပါပြီး ခင်ဗျာ.....။ 😋
ဦးနိုင်ကတော့အရမ်းကြိုက်......😋
ငါးရံ့ခြောက်ဖုတ်/အမဲကြော်တို့နဲ့ ထမင်းပူပူလေးနဲ့ဆို
အာဂပါးစပ်လူဖြစ်ရကြိုးနပ်ပေါ့ ဗျာ.....။ 😋
Credit..... ဦးနိုင်

image

ပုဇွန် သခွားသီး ရခိုင်သုပ်စပ်စပ်လေး သုပ်နည်း.....😋
သခွားသီးသုပ်အရည်ရွှဲရွှဲလေးကို ထမင်းဖြူလေးနဲ့စား အရမ်းကိုစားကောင်းပါတယ်။
သခွားသီးကိုရေဆေး နှစ်ခြမ်းခွဲ အလယ်ကအစေ့လေးတွေထုပ်ပြီးခြစ်ထားပါ။ နုနုလေးဆို အစေ့တွေ ထုပ်စရာတောင်မလိုပါဘူး။
ကြက်သွန်နီ နှစ်လုံးလောက်ကို ပါးပါလေးလှီးပြီး ရေဆေးထားပါ။
ပုဇွန်လှော်ပြီး အခွံခွာထားပါ။
စိမ်းစားငပိ မီးဖုတ်ထားပါ။
ငရုပ်သီးစိမ်း ကိုယ်အစပ်စားနိုင်သလောက် လှော်ထားပါ။
ပြီးရင် စိမ်းစားငပိနဲ့ ငရုပ်သီးစိမ်းလေးကို ရောထောင်းပါ။
အရသာအတွက် လိုအပ်တဲ့ ဆား၊ အချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်ကို တခါတည်းထည့်ထောင်းပါတယ်။
လှော်ထားတဲ့ ပုဇွန်တဝက်လောက်ကိုလည်း ရောထောင်းလိုက်ပါတယ်။
ကျန်တဲ့တဝက်က အကောင်လိုက်ထည့်ပါမယ်။
ပြီးရင် ခြစ်ထားတဲ့သခွားသီးထဲကို ထောင်းထားတာတွေထည့်၊ ကြက်သွန်နီပါးပါလှီးထားတာနဲ့ ပုဇွန်တွေထည့်ပြီးရင် သုပ်ပါ။
အချဥ်ကြိုက်ရင် သံပုရာသီးလေးညှစ်ထည့်ပါ။
နောက်ဆုံးအရသာလေးမြည်းကြည့်ပြီး ကိုယ်လိုသလောက်ရပြီးဆို ပင်စိမ်းလေးညှပ်ထည့်ပြီးရင် စားကောင်းတဲ့ သခွာသီးရခိုင်သုပ်စပ်စပ်လေး ရပါပြီးရှင့်......။ 😋

image

ချဥ်ဖတ်အစုံ ပြုလုပ်နည်း........။
မုန်လာချဉ်ဖတ် လုပ်နည်း....
မုန်လာဥ ၅ လုံးကို လှီးဖြတ်ထားပါ။
ရှာလကာရည် အကြမ်းပန်းကန် ၁ လုံး
ရေ အကြမ်းပန်းကန် ၃ လုံး
ဆား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
သကြား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
အားလုံးရောဖျော်ပီး မုန်လာဥမြုပ်အောင် ထည့်ထားပါ။
၁ ညသိပ်ပီးရင် စားလို့ရပါပြီး။
ပိုးတီကြိုက်ရင်တော့ ပိုးတီလှီးပီးမှ စိမ်စားလို့ရပါတယ်။
ပဲတီချဉ်ဖတ် လုပ်နည်း......
ရေတစ်လီတာ
ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း
ဆား ထမင်းစားဇွန်း ၁ ဇွန်း
သကြား ထမင်းစားဇွန်း တစ်ဝက်
အားလုံး ရောမွှေထားတဲ့ အချဉ်ရည်ထဲကို
ပဲပင်ပေါက်ကို ရေဆေးပီး ထည့်စိမ်လိုက်ပါ။
(ပဲပင်ပေါက်ကို အချဉ်ရည်ထဲ မြုပ်အောင်စိမ်ပီး
အဖုံးအုပ်ထားပေးပါ) တစ်ညသိပ်ပီးရင် စားလို့ရပါပြီး....။
ကြောင်လျှာသီးချဉ်ဖတ် လုပ်နည်း.........
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပါ။
ကြောင်လျှာသီးကို မထူမပါးလှီးပီး ပုလင်းထဲထည့်ပါ။
ဆားထည့်ပီး ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပါ
ရေပေါ် ပေါလောပေါ်မနေအောင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ပါ
ပုလင်းအဖုံးကို ပိတ်ထားပေးပါ
သုံး လေးရက်ကြာရင် ချဉ်ဖတ်ရပါပီ
ဘာချဉ်ဖတ်ပဲလုပ်လုပ်
ရေပေါ် ပေါလော ပေါ်မနေစေပဲ
ရေထဲမြုပ်နေအာင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ထားပေးပါ
ဟင်္ဂလာချဉ်ဖတ် လုပ်နည်း........
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ။
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ။
ဟင်္ဂလာချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်ဝါချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ။
မဝါချင်ရင်တော့ ထည့်ဖို့ မလိုပါဘူး။
(နောက်တစ်နည်း)
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး (သို့) ဇလုံထဲတွင် သိပ်ထားရင် ဟင်္ဂလာချဉ်ရပါပြီး။
တမာချဉ်ဖတ်လုပ်နည်း တမာချဉ် လုပ်နည်း.......
တမာချဉ်ဖတ်နဲ့ တမာချဉ်ဆိုပီး ၂ မျိုးရှိပါတယ်။
အခါးကြောက်တတ်သူများအတွက်
တမာချဉ်ဖတ်လုပ်နည်းကို အရင်ပြောပြပါမယ်နော်.....
တမာချဉ်ဖပ် လုပ်နည်း.......
ဆန်ဆေးရည်ငှဲ့ပီး ၁ ည သိပ်ကာ အချဉ်ခံထားပေးပါ။
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ။
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ။
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
ချဉ်ဖတ်တည်မယ့်အိုးထဲ ရေစစ်ထားတဲ့ တမာရွက်များ ထည့်ပါ။
အချဉ်ခံထားတဲ ဆန်ဆေးရည် လောင်းထည့်ပါ။
ဆား သင့်ရုံသာ ထည့်ပီး မွှေလိုက်ပါ
တမာရွက်ပြုတ်များ ဆန်ဆေးရည်ထဲ မြုပ်နေပါစေ
ပီးရင် အဖုံးအုပ်ထားလိုက်ပါ။
၂ ညသိပ်ပီးရင် တမာချဉ် မွှေးမွှေးလေး ရပါပြီး....။
(ခါးပေါ့ ချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ တမာချဉ်ဖတ်ပါ)
(နောက်တစ်နည်း)
တမာရွက်နုများကို ဇီးသီးနဲ့ ပြုတ်ပီး ရေစစ်ထားပါ။
အိုးထဲထည့်ပီး ဆားအနည်းငယ်ထည့်ပီး အဖုံးအုပ်ထားပါ။
၂ ရက် ၃ ရက်ခန့် အချဉ်တည်ပီးရင် တမာချဉ် ရပါပြီး.....။
တမာချဉ် လုပ်နည်း.........
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ။
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ။
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ။
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
မကျည်းရည်ထဲ ၁ နာရီခန့် ထည့်စိမ်ထားလိုက်ပါ။
တမာချဉ် ရပါပြီး.....။
ကတက်ချဉ်ဖတ် လုပ်နည်း.......
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ။
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ။
ကတက်ချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်လှချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ။
(နောက်တစ်နည်း)
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး( သို့ ) ဇလုံထဲတွင် သိပ်ထားရင် ကတက်ချဉ်ရပါပြီး။
ကန်စွန်း ချဉ်ဖတ် ပြုလုပ်နည်း......
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပီးနောက်
အပေါ်ယံ အရည်ကြည်များ သွန်ချပီး ဆားထည့်မွှေပေးပါ။
ကန်စွန်းရိုးနဲ့ အရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထို ဆန်ဆေးချဉ်ရည် ထဲမှာ ထည့်စိမ်ထားပါ။
၂ ရက်ကြာရင် ကန်စွန်းချဉ်ဖတ် ဖြစ်လာပါလိမ့်မယ်။

image
52 w - Translate

Gemini ♊️, Cancer ♋️, Sagittarius ♐️, Leo ♌️, Aries ♈️, Scorpio ♏️, Pisces ♓️
ဒီ sign တွေရဲ့ girl zodiac တွေက ဘလိုပုံစံလဲဆို ဆတ်ဆတ်ထိမခံဘူး ။နတ်ကိုးကွယ်သလိုပဲ စကားမှားတာနဲ့တွယ်ပြီပဲ စကားအမှားမခံ သေးသေးတင် မခံ အကြောမခံဘူး။စကားလေးတလုံးလာမတင်နဲ့ ပြန်ချေရမှ နေသာထိုင်သာရှိတာ မချေရရင်တသက်မကြေဘူး။
ဘယ်သူမှားမှား မကြေပေးဘူး သူ့တို့စမှားရင် သူများနဲ့ဆို မသိချင်ယောင်ဆောင်လိုက်တယ် ရည်းစားနဲ့ဆို ကိုကိုကလဲကွာပေါ့🥲

image
52 w - Translate

စိတ်ဒုက္ခအပြုံလိုက်ပေးပါတယ်ချင့်🥹
ကောင်းပြနေရင်တကယ်မချစ်ဘူး အာ့တာဟန်ဆောင်တာ🥲

image
52 w - Translate

ဒီလ ၁၀ရက်နေ့မှ တချို့ sign တွေ pluto retrograde ကနေလွတ်ကြမှာ🥲
Pluto တောင်မပြီးသေး Saturn ကဖင်ဝင်ချ အဲလေ ဝင်လာတာဆိုတော့🥹
နှစ်ခုစုံတဲ့ကာလမှာ သတိပိုထားပါ မတော်တဆလေးတွေ၊စိတ်မကြည်တာ၊ဒေါသထွက်လွယ်တာတွေဖြစ်တတ်တယ်🤒
မကောင်းတဲ့ retrograde တွေပဲအမြဲမတင်ချင်လို့ pluto ပြီးခါနီးမှလာပြောပြတာ😑

ဟာ ကျွမ်းထာ ဝုရယ်

Me : ထပ်မ “ချစ်” တော့ဘူး နှ လုံ: သာ: တံခါးလေး ပိ- တ်ထားတယ်
Reality :

image