Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆိတ်သားပြုတ်ကြော်
********************
ဆိတ်သားကို နနွင်း, ဆား, ဟင်းချိုမှုန့်နဲ့နယ်ပြီး
အိုးထဲထည့်လှော်လိုက်ပါ
ရေခန်းရင် ရေနွေးထည့်ပါ
မီးအားသင့်ရုံနဲ့
နူးအိနေအောင်ပြုတ်ထားပါ
အိုးထဲ ဆီများများထည့်
ဆီဆူလာရင် နနွင့်ထည်ပါ
ဆိတ်သားထည့်ပြီး မီးအားပြင်းပြင်းနဲ့
အပေါ်ယံလေး နီလာအောင်ကြော်၍
ဆယ်ယူပြီး ပန်းကန်ထဲထည့်ပါ
ဆီထဲကို ဂျင်း, ကြက်သွန်ဖြူထည့်ကြော်ပြီး
ဆိတ်သားကြော်ပေါ်လောင်းထည့်ပြီးရင်
ဆိတ်သားပြုတ်ကြော် ရပါပြီ။
ပုဇွန်ဆိတ်အစပ်ငံပြာရည်ကြော်
ပုဇွန်ဆိတ်လေးတွေ(ဆယ့်ငါးကျပ်သားလောက်ရှိ)ရေဆေးသန့်စင်ပြီ နှုပ်ခမ်းမွေးလေးတွေပါညှပ်ထား မညှပ်လည်းရပါတယ် 😁
ညှပ်လည်းပြီးအကြောတွေတတ်လို့😅
ကြက်သွန်နီ လေးလုံးလောက်ပါးပါးလှီး
ကြက်သွန်ဖြူဆယ်မွှာလောက်လည်းပါးပါးလှီးထားပါ
ပြီးရင်အိုးထဲဆီထည့်နနွင်းမုန့်လေးထည့် လှီးထားတဲ့ကြက်သွန်တွေထည့်ပြီးနွမ်းအောင်ကြော်ပေးပါ
ကြက်သွန်လေးတွေနွမ်းပြီးအရောင်ပြောင်းလာရင်အရောင်တင်မုန့်ထမင်းစားဇွန်းတဇွန်းစာလောက်ထည့်ပါ.ပြီးရင်ငရုပ်သီးအကြမ်းဖတ်ကိုယ်အစပ်စားနိုင်သလောက်ထည့်ကြော်ပါ ပြီးရင်ပုဇွန်တွေထည့်
အရသာအတွက်အချိုမုန့်လေးနည်းနည်းနဲ့ငံပြာရည်ကိုထည့်ကြော်ပါ
ခြောက်ခြောက်လေးဖြစ်အောင်ကြော်ပြီးရင် ပုဇွန်ဆိတ်အစပ် ငံပြာရည်ကြော်လေးရပါပြီရှင်
Kay Khaing Oo
Credit : Kay Khaing Oo
ဘဲဥအချိုချက်
ဘဲဥကို ဆားထည့်ပြီး ပြုတ်ပါ
ရရင်အအေးခံ အခွံခွာ ၂ခြမ်း ခြမ်းထားပါ ။
ကြက်သွန်နီကို လေးစိတ်လှီးပြီး ဆီသတ်
ပဲငံပြာရည် ခရုဆီ သကြား ဆား ကြက်သားမှုန့်
ထည့်မွှေ ။ နောက်မှ ဘဲဥ နဲ့ ရေနည်းနည်း ထည့်ပြီး
ရေခမ်းတဲ့ထိ ချက်ပါတယ် ။
*ဘဲဥအနှစ်မထွက်အောင် ချက်တဲ့အခါ အကာကိုအပေါ်ဘက်
အနှစ်ကို အိုးနဲ့ထိပြီးတော့ ချက်ပါတယ် အဲ့လိုချက်ရင် အနှစ်လုံးဝမထွက်ပါ ။
Credit Htun Thiri
ပုစွန်ငရုတ်သီးအစပ်ချက်
************************
ပုစွန် ၃၀ ကျပ်သား အတွက်
ဆီ ၅ ကျပ်သား
ကြက်သွန်နီအနေတော် ၄လုံး
ကြက်သွန်ဖြူ ၁၀ မွှာ
ငရုတ်သီးစိမ်းအစပ် ကြိုက်သလောက်
ချယ်ရီခရမ်းချဥ်သီး ၁၀ လုံး
စိမ်းစားငါးပိအရည်ဖျော်ထမင်းစားဇွန်း ၃ဇွန်း
ရေနွေး ၁ဖန်ခွက် တို့လိုအပ်ပါတယ်ရှင်
သ
ဆီအိုးတည်ပြီး ဆီပူလာရင်ကြက်သွန်ဖြူနီ ထောင်းထားတာထည့်ပါ နနွင်းအနည်းငယ် ထည့်ပါ
ပုစွန်အခွံတဝက်ခွာထားတာထည့်ပါ
ခရမ်းချဉ်သီးခြမ်းထားတာထည့်ပါ
ပြီးရင် ငရုတ်သီးစိမ်း မညက်တညက်ထောင်းထားတာထည့်ပါ
ရေနွေးတဖန်ခွက် ထည့်ပီး အပေါ့အငန်စိတ်ကြိုက်ထည့်ပါ
၂မိနစ်လောက်နေရင်တော့ ပုစွန်ငရုတ်သီးအစပ်ချက်
ပူစပ်ပူစပ်လေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ
ဒညင်းသီးငပိချက် .. ချက်နည်းလေး
ဒညင်းသီးကိုအဆိပ်အတောက် လျော့အောင် ဆန် နဲနဲထည့်ပြီး ပြုတ်ပေးပါ ရေ သုံးရေခမ်းအောင်ပြုတ်ပေးရင်ရပါပြီ
ခရမ်းချဉ်သီးကို ညှပ်/ကြိတ်ပါ
ကြက်သွန်နီ/ကြက်သွန်ဖြူ/ငရုတ်သီးခွဲခြမ်းကို ရောကြိတ်ပါ (သို့) ထောင်းပါ
ဒညင်းသီးပြုတ်ထားတာကို တစ်ခြမ်းစီ ငရုတ်ဂျပွေ့နဲ့ ပြားအောင် ထောင်းပါ
ဆီပူပူထဲကို နနွင်းထည့်ပါ ငပိထည့်ပြီး ကြေနေအောင်မွှေပါ ထောင်းထားတဲ့ ကြက်သွန်ငရုတ်နှစ်ထည့်ပြီး အနည်းငယ်ကြာကြာ ဆီသတ်ပါ
မွှေးလာပြီဆိုရင် ခရမ်းသီးထည့်ပါ.... ဆား ဟင်းချိုမှုန့်ထည့်ပြီး ရေမကျန်အောင် ပစ်ပစ်လေး လှိမ့်နေအောင်ချက်ပါ
ပြီးရင် ဒညင်းသီးထုထားတာတွေထည့်ပါ အကုန်မွှေပြီး ရေနဲနဲထည့်ပြီး အုပ်ထားပါ ငရုတ်သီးစိမ်း ထည့်ပါ ရေခမ်းအောင်ချက် အရသာမြည်းပြီး
အရသာရှိတဲ့ ဒညင်းသီးငပိချက်ကို သုံးဆောင်နိုင်ပါပြီ