27 ပတ် - ဘာသာပြန်ပါ။

#နိုင်ငံတကာသတင်း
◼ထရန့်၏အခွန်စည်းကြပ်မှုအစီအစဉ်များကြောင့်အမေရိကန်စတော့ဈေးကွက်အတွင်းလေးထရီလီယံ ဆုံးရှုံး
သမ္မတဒေါ်နယ်ထရန့်၏ အခွန်စည်းကြပ်မှုများက ရင်းနှီးမြုပ်နှံသူများအား ကြောက်ရွံ့ တွန့်ဆုတ်သွားစေခဲ့ကာ စီးပွားရေးကျဆင်းတော့မည်ဆိုသည့် စိုးရိမ်မှုများနှင့်အတူ စတော့ရှယ်ယာဈေးကွက်တွင် ရောင်းချမှုများ ဖြစ်ပေါ်စေခဲ့ရာ စံ ဈေးကွက်တစ်ခုဖြစ်သည့် S&P 500 ဈေးကွက်တွင် ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ လေးထရီလီယံ ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထရန့်၏ မူဝါဒသစ်များက စီးပွားရေးလုပ်ငန်းများ ၊ စားသုံးသူများနှင့် ရင်းနှီးမြုပ်နှံသူများကြား မရေရာမှုများ ဖြစ်ပေါ်စေခဲ့ပြီး အထူးသဖြင့် အဓိက ကုန် သွယ်ဖက်နိုင်ငံများဖြစ်သော ကနေဒါ၊ မက္ကဆီကို နှင့် တရုတ် တို့အပေါ် အခွန်ချမှတ်လိုက်၊ ပယ်ဖျက်လိုက် လုပ်ခဲ့ခြင်းကြောင့်ပိုဆိုးခဲ့သည်။
“ ကြီးမားတဲ့ ခံစားချက် အပြောင်းအလဲတွေကို မြင်တွေ့နေရတယ်။ ခါတိုင်းအလုပ်ဖြစ်ခဲ့တာတွေက အ ခု အလုပ်မဖြစ်ဘူး။” ဟု Wealth Enhancement ကုမ္မဏီမှ ရင်းနှီးမြုပ်နှံမှုမဟာဗျူဟာရေးဆွဲသူ အာယာကို ယိုရှီအိုကာ က ပြောကြားသည်။
ရှယ်ယာဈေးကွက်ရောင်းချမှုမှာယမန်နေ့တွင် ပိုမိုမြင့်တက်ခဲ့ပြီး အခြေခံစံနှုန်း ဈေးကွက်တစ်ခုဖြစ်သော S&P 500 သည် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခုနှစ်အတွင်း တစ်ရက်တည်းအများဆုံး ဖြစ်သည်။ Nasdaq Composite ဈေးကွက်က ၄ ရာခိုင်နှုန်း ကျဆင်းပြီး စက်တင်ဘာ ၂၀၂၂ ခုနှစ်နောက်ပိုင်း အဆိုးဆုံးတစ်ရက်တာ ကျဆင်းမှုဖြစ်သည်။
S&P 500 ဈေးကွက် ၏ တနင်္လာနေ့ ဆုံးရှုံးမှုသည် ဖေဖော်ဝါရီ ၁၉ ရက် က စံချိန်တင် အမြင့်ဆုံးတန်ဖိုးနှင့် နှိုင်းယှဥ်ပါက ဈေးကွက်တန်ဖိုး ၈ ဒသမ ၆ ရာ ခိုင်နှုန်းဆုံးရှုံးခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်‌‌‌ဒေါ်လာ ၄ ထရီလီယံ ရှိသည်။
နည်းပညာလုပ်ငန်းများ လွှမ်းမိုးထားသော Nasdaq ဈေးကွက်သည်လည်း ပြီးခဲ့ သည့်ဒီဇင်ဘာတွင်ရှိခဲ့သော အမြင့်ဆုံးအခြေအနေမှ ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
၎င်း၏ကုန်သွယ်ရေးမူဝါဒများ ရိုက်ခတ်မှုအပေါ် ရင်းနှီးမြုပ်နှံသူများက စိုးရိမ်နေချိန်တွင် အမေရိကန် က စီးပွားရေးပျက်ကပ်နှင့်ရင်ဆိုင်ရနိုင်သလားဆိုသည့်မေးမြန်းမှုအား မှတ်ချက်ပေးရန် ‌ဒေါ်နယ်ထရန့်က ငြင်းဆန်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
27 ပတ် - ဘာသာပြန်ပါ။

#နိုင်ငံတကာသတင်း
◼မော်စကို အား ယူကရိန်း၏ အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုတွင်လူတစ်ဦးသေဆုံး၊
လေကြောင်းနှင့် ရထားခရီးစဉ်များ ပြတ်တောက်
မော်စကိုအားပစ်မှတ်ထား၍ ၎င်းတို့၏အကြီးမားဆုံးဖြစ်ဖွယ်ရှိသည့် ဒရုန်းတိုက်ခိုက်မှုကို ယူကရိန်းကယနေ့နံနက်အစောပိုင်းတွင်ဖော်ဆောင်ခဲ့ရာအနည်းဆုံးလူတစ်ဦးသေဆုံးခဲ့ပြီး မီးလောင်မှုများလည်းဖြစ်ပေါ်ခဲ့ကာလေကြောင်းနှင့်ရထားသယ်ယူပိုဆောင်ရေးလုပ်ငန်းများကို ဆိုင်းငံ့ခဲ့ရကြောင်း ရုရှားတာဝန်ရှိသူများက ပြောကြားကြသည်။
ယနေ့ နံနက် ၄ နာရီတွင် မော်စကိုမြို့နှင့် မော်စကိုဒေသကို ဒရုန်းဖြင့်တိုက်ခိုက်မှုများ စတင်ဖြစ်ပေါ်ခဲ့ကြောင်းနှင့် လက်ရှိအချိန်အထိ လူတစ်ဦးသေဆုံးကာ သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရကြောင်း မော်စကို‌ဒေသအုပ်ချုပ်ရေးမှူး အန်ဒ‌ရေး ဘိုရိုဗရော့ က ပြောကြားသည်။
တစ်ကြိမ်ပြီးတစ်ကြိမ် ရောက်ရှိလာသော ဒရုန်းများအနက် အနည်းဆုံး ဒရုန်း ၆၉ စင်းကို ပစ်ချခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေးဆိုဗျာနင် က ပြောကြားသည်။
မော်စကိုမြို့နှင့်အနီးဒေသတွင် အနည်းဆုံး လူပေါင်း ၂၁ သန်း မှီတင်းနေထိုင်ပြီး အစ္စဘူလ်မြို့နှင့်အတူ ဥ‌ရောပတွင် အကျယ်ပြန်ဆုံးမြို့ပြဧရိယာများတွင် ပါဝင်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးနောက် လေကြောင်းလုံခြုံမှုရှိရေးသေချာစေရန် မော်စကိုမြို့ရှိ လေဆိပ်လေးခုစလုံးတွင် လေယာဉ်ခရီးစဉ်များကို ဆိုင်းငံ့ထားခဲ့ကြောင်း ရုရှား ‌လေ ကြောင်းပျံ သန်းမှုထိန်းချုပ်ရေးအဖွဲ့ က ပြောကြားသည်။ မော်စကိုမြို့အရှေ့ဘက်တွင် ရှိသော အခြား လေဆိပ်နှစ်ခုကိုလည်း ပိတ်ထားခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုတွင်အနည်းဆုံး တိုက်ခန်းတွဲ ခုနှစ်ခု ပျက်စီးခဲ့ကြောင်း နှင့် ကရင်မလင်မှ ကီလိုမီတာ ၅၀ ကွာဝေးသော မော်စကိုအရှေ့တောင်ဘက် ရာမင်စကိုယီ ခရိုင်တွင် အထပ်မြင့်အဆောက်အအုံတစ်ခုတွင် နေထိုင်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း မော်စကိုဒေသအုပ်ချုပ်ရေးမှူး ဘိုရိုဗရော့က က ပြောကြားသည်။
မော်စကို တောင်ဘက် ၃၅ ကီလိုမီတာဝေးသော ဒိုမိုဒီဒိုဗို ခရိုင်တွင် ဒရုန်းအပိုင်းအစများ ကျရောက်မှုကြောင့် ရထားလမ်းအခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ရုရှား RIAသတင်းဌာနက ဖော်ပြသည်။
မော်စကိုဒေသအရှေ့တောင်ဘက် ရာဇန်ဒေသ နှင့် ယူကရိန်းနှင့်ကပ်လျက် ဘယ်လ်ဂိုရော့ဒေသ များတွင်လည်း ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဒေသအုပ်ချုပ်ရေးမှူးများက ပြောကြားကြသည်။
သုံးနှစ်ကြာ စစ်ပွဲအားအဆုံးသတ်ရန် အမေရိကန်နိုင်ငံက တွန်းအားပေးနေစဉ် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Reuters

image
27 ပတ် - ဘာသာပြန်ပါ။

"ကိုနေတိုးကအနုပညာအရမ်းတော်ပြီး ပညာဘုန်းတန်ခိုးကြီးတယ်။ သူ့လိုဖြစ်ချင်ရင် အများကြီးကြိုးစားရမှာ။ ကိုနေတိုးနဲ့ကားကတော့ လူကြီးတွေဘယ်လိုစီစဉ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ တကယ်သာဆုံခွင့်ရရင် တစ်ကားလုံး နားရွက်တွေနီနေမယ်လို့ ခံစားရတယ်" အိအိအောင်ထွန်း@မီးမီး...

image
27 ပတ် - ဘာသာပြန်ပါ။

BRICS 2025 Global Agriculture Exhibition and Forum မှာ ပါဝင်တက်ရောက်ပြသရန် ဖိတ်ခေါ်
********************
(ပြည်တွင်း) မတ်လ ၁၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှာ မေလအတွင်း ကျင်းပပြုလုပ်မယ့် နိုင်ငံတကာစိုက်ပျိုးရေးပြပွဲနှင့် ဖိုရမ် (BRICS 2025 Global Agriculture Exhibition and Forum) သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ အဆိုပါ ဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှာ မေလ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာကျင်းပ သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရှိစိုက်ပျိုးရေးကဏ္ဍနှင့် စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍတို့မှ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်ပြသရန် ဖိတ်ခေါ်ထားပါတယ်။

၎င်းစိုက်ပျိုးရေးပြပွဲနှင့် ဖိုရမ်ကို “စားနပ်ရိက္ခာဖူလုံမှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်နဲ့ ကျင်းပမှာဖြစ်ပြီး တက်ရောက်သူများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာများ ရေးဆွဲ နိုင်စေရန်နှင့် ဟန်ချက်ညီ၍ နှစ်ရှည်အကျိုးဖြစ်ထွန်းစေမည့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်စေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားစီးပွားရေးကုမ္ပဏီ ၅ဝဝ ကျော်နှင့် နိုင်ငံတကာမှ ကုမ္ပဏီများပါဝင်ပြသကြမှာဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထိပ်တန်းအရာရှိများနှင့် ပြပွဲလေ့လာသူ ၁၅,၀၀၀ ကျော် လာရောက်ကြမှာ ဖြစ်ပါတယ်။

ပြပွဲမှာ အပင်ပိုးမွှားကာကွယ်တဲ့ ပိုးသတ်ဆေးနှင့် ထုတ်ကုန်များ၊ ဓာတ်မြေဩဇာများ၊ လုပ်ငန်းသုံးစက်ပစ္စည်း ကိရိယာများ၊ ရေဆိုးသန့်စင်စက်ရုံနှင့် လေဝင်လေထွက် စနစ်များ၊ သီးနှံထုတ်လုပ်ခြင်းနှင့် သိမ်းဆည်းခြင်းနည်းစနစ်များ၊ စွန့်ပစ်အမှိုက်များကို ဇီဝလောင်စာနှင့် အော်ဂဲနစ်မြေဩဇာပြောင်းလဲခြင်း နည်းစနစ်များ၊ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ တိရစ္ဆာန်အစားအစာ၊ အစေ့အဆန်များနှင့် ဖြည့်စွက်ပစ္စည်များ ပေါင်းစပ်ထုတ်လုပ်ထားသော အစားအစာထုတ်ကုန်များကို ပြသသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာစိုက်ပျိုးရေးပြပွဲနှင့် ဖိုရမ်သို့ ပါဝင်တက်ရောက်ပြသလိုတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း – ၀၆၇၄ဝ၈၆၂၂ နှင့် E-mail event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းတယ်လို့ သိရပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

အကြွေးဆိုတာ ဘဝမှာ မရှိခဲ့ဘူးဆိုတဲ့ အဆိုတော်လှယမင်းအိမ်ရဲ့ ရည်းစားဟောင်း အဆိုတော်နေလင်းကျော် ကို အတွင်းကျကျ ဒဲ့ပြောချလိုက်တဲ့ ဆယ်လီ သမီးဆိုး။ အိုင်ပီတို့အတွက် အမှုကတော့ ထွက်လာပြီ။

image
27 ပတ် - ဘာသာပြန်ပါ။

အကြွေးဆိုတာ ဘဝမှာ မရှိခဲ့ဘူးဆိုတဲ့ အဆိုတော်လှယမင်းအိမ်ရဲ့ ရည်းစားဟောင်း အဆိုတော်နေလင်းကျော် ကို အတွင်းကျကျ ဒဲ့ပြောချလိုက်တဲ့ ဆယ်လီ သမီးဆိုး။ အိုင်ပီတို့အတွက် အမှုကတော့ ထွက်လာပြီ။

image
27 ပတ် - ဘာသာပြန်ပါ။

အကြွေးဆိုတာ ဘဝမှာ မရှိခဲ့ဘူးဆိုတဲ့ အဆိုတော်လှယမင်းအိမ်ရဲ့ ရည်းစားဟောင်း အဆိုတော်နေလင်းကျော် ကို အတွင်းကျကျ ဒဲ့ပြောချလိုက်တဲ့ ဆယ်လီ သမီးဆိုး။ အိုင်ပီတို့အတွက် အမှုကတော့ ထွက်လာပြီ။

image
27 ပတ် - ဘာသာပြန်ပါ။

အကြွေးဆိုတာ ဘဝမှာ မရှိခဲ့ဘူးဆိုတဲ့ အဆိုတော်လှယမင်းအိမ်ရဲ့ ရည်းစားဟောင်း အဆိုတော်နေလင်းကျော် ကို အတွင်းကျကျ ဒဲ့ပြောချလိုက်တဲ့ ဆယ်လီ သမီးဆိုး။ အိုင်ပီတို့အတွက် အမှုကတော့ ထွက်လာပြီ။

image
27 ပတ် - ဘာသာပြန်ပါ။

အကြွေးဆိုတာ ဘဝမှာ မရှိခဲ့ဘူးဆိုတဲ့ အဆိုတော်လှယမင်းအိမ်ရဲ့ ရည်းစားဟောင်း အဆိုတော်နေလင်းကျော် ကို အတွင်းကျကျ ဒဲ့ပြောချလိုက်တဲ့ ဆယ်လီ သမီးဆိုး။ အိုင်ပီတို့အတွက် အမှုကတော့ ထွက်လာပြီ။

image
image
image
image
27 ပတ် - ဘာသာပြန်ပါ။

တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီးမပျက်ရေး အလေးထားဆောင်ရွက်ပေးမည်
********************
(ပြည်တွင်း) မတ်လ ၁၁
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရန် ဆောင်ရွက်သွား မှာဖြစ်တဲ့အပြင် ကျောင်းသူ/ကျောင်းသားများ သွားလာရေး လွယ်ကူ‌ချောမွေ့စေရန် YBS ယာဉ်များထပ်တိုး ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီး မပြတ်တောက်ရေး အလေးထားဆောင်ရွက်ကြရန် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကနေ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်/ကောလိပ်စာမေးပွဲများ တပြိုင်တည်းကျင်းပမှာဖြစ်တဲ့အတွက် စာမေးပွဲဖြေဆိုချိန် ကာလနှင့် သင်ခန်းစာများ လေ့လာကျက်မှတ်ချိန် ကာလများအတွင်း လျှပ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အထူးအလေးထားဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အ‌ပြင် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်နေရသော ကျောင်းသား/ကျောင်းသူများ အတွက်ရည်ရွယ်ကာ ဆေးရုံစာဖြေဌာန ၄ ခုကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကု နှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့မှာ ဖွင့်လှစ်မယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

image