28 w - Translate

ဒီ Monkey King Reborn ဆိုတဲ့ ဇာတ်ကား‌လေးကို ကျွန်တော်တိုငယ်ငယ်က အရမ်းသဘောကျခဲ့ရတဲ့ Journey to The Westဆိုတဲ့ ဝူခုန်းဇာတ်ကားလေးကိုကြည့်ဖူးရင် ရင်းနှီးကြမယ်လိုမျှော်လင့်ပါတယ်
ဒီဇာတ်ကားမှာလည်း ခေါင်းစဉ်နာမည် monkey kingဆိုတဲ့အတိုင်း ဝူခုန်းတိုအဖွဲ မြတ်စွာဘုရားဟောခဲ့တဲ့ ကျမ်းစာတွေလိုက်စုဆောင်းမဲ့ ခရီးစဉ်ထဲက အပိုင်းလေးတစ်ပိုဒ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်
ဒီဇာတ်ကားကတော့ ဝူခုန်းတို ဆရာတပည့်တွေ ခရီးလမ်းတစ်ဝက်မှာ ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်နားခိုပြီး အသီးစားသုံးရာကနေ စတင်ဖြစ်ပွားတဲ့အကြောင်းလေးဖြစ်ပါတယ်
ဝူခုန်းတို ညီအကို ၃ယောက် ဘုရားကျောင်းကအသီးကိုခိုးစားရာမှ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေရဲ့ ခေါင်းဆောင်ဖြစ်သူ နှစ်ပေါင်းထောင်ချီအောင် ထိန်းချုပ်ပြီးအိပ်စက်နေတဲ့ ယွမ်တိနတ်ဆိုးကြီးကို မထင်မှတ်ပဲ ကျိန်စာတွေကြားမှလွတ်မြောက်ပေးခဲ့မိပါတယ်
ယွမ်တနတ်ဆိုးက နတ်ဆိုးနာမည်အတိုင်း လောဘစိတ်တွေနဲ့ လူ နတ် ငရဲဆိုတဲ့ ဘုံ၃ဘုံလုံးကို သူပဲခေါင်းဆောင်လုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်သွားဖိုကြံစည်ရာကနေ
ဝူခုန်းတိုရဲ့ ဆရာဖြစ်သူကိုဖမ်းသွားပါတယ်
၃ရက်အတွင်းမကယ်နိုင်ရင် ယွမ်တိနတ်ဆိုးရဲ့ လွမ်းမိုးမှူအောက်မှာပဲနေရတော့မှာဖြစ်ပါတယ်
ဆရာဖြစ်သူကို ၃ရက်အတွင်း ကယ်ဖိုစီစဉ်နေချိန်မှာပဲ ဝူခုန်းတို ညီအကို ၃ယောက်က မထင်မှတ်ပဲ သူငယ်ချင်းလေးတစ်ယောက်ရသွားပါတယ်
အဲ့သူငယ်ချင်းက ဘယ်သူဖြစ်မလဲ?
‌နောက်ဆုံးမှာ ဆရာတော်ကိုကယ်နိုင်ပြီး ယွမ်တိနတ်ဆိုးကို သေနိုင်ခဲ့မှာလား? ကျိန်စာပြန်ပေး၍ နောက်တစ်ကြိမ်အိပ်စက်စေမှာလား?
သတ်မှတ်ထားတဲ့အချိန် ၃ရက်အတွင်းမှာ နတ်ဆိုးကြီးကို နိမ့်နင်းနိုင်ခဲ့လားဆိုတာကို သိချင်ရင်တော့ နောက်ဆုံးအခန်းအထိ တစ်ရှူးဆောင်ထားပြီး ကြည့်ရှုလိုက်ရအောင်ဗျာ

The Monkey King: Reborn (2021)

ဇာတ်ကားလင့်
https://t.me/c/2186686827/387

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
28 w - Translate

The Woman in Black  (2012)
••••••••••••••••••


ဟယ်ရီပေါ်တာမင်သား Daniel Radcliffe ရဲ့ Horror movies တွေကိုကြိုက်တဲ့သူတွေအတွက်အကြိုက်တွေ့စေမယ့် ကားဟောင်းလေးတစ်ကားဖြစ်တဲ့ The Woman in Black ကားလေးကို Goldchannel ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

ဒီကားထဲမှာပါတဲ့ Ghost ရဲ့ထူးခြားချက်ကတော့ ကလေးတွေကိုမှ ရွေးချယ်ပြီးသေစေတာပါ။ ဒာဆိုရင် ဒီလိုမျိုးဖြစ်စေခဲ့တဲ့အကြောင်းအရင်းက ဘာကြောင့်များဖြစ်မလဲဆိုတာကလည်း စိတ်ဝင်စားဖိုကောင်းပါတယ်။ အဲ့ဒီ့အပြင် ဒီသရဲကိုမြင်ပြီဆိုတာနဲ့ အန္တရာယ်တွေ မကောင်းမှုတွေကျရောက်တော့မယ်လိုယူဆထားကြတဲ့ ရွာသားတွေ။ သူတိုကရော ဘယ်လိုဆုံးရှုးမှုမျိုးတွေနဲ့ ကြုံခဲ့ရလို အန္တရာယ်ရှိတယ်ဆိုပြီးတော့ တထစ်ချယုံကြည်နေကြတာလဲ။ ဒီ ghost ရဲ့အညှိးအာဃာတတွေကရော ပြေပျောက်သွားနိုင်ပါ့မလား။ ဒီသရဲအိမ်ထဲကနေ ဘယ်လိုမျိုးဆိုးရွားတဲ့အဖြစ်အပျက်တွေက ထပ်ပြီးဖြစ်လာဦးမလဲဆိုတာသိချင်ရင်တော့ ဒီကားလေးကိုဒေါင်းဖို မမေ့ပါနဲ့နော်။

image
28 w - Translate

The Inhabitant (2022)
တာရာက ဆယ်ကျော်သက်အများစုလိုပဲ စိတ်အနိမ့်အမြင့်အတက်အကျ ကျောင်းနေဘက်တွေကြားကပြိုင်ဆိုင်မှုတွေ မိဘနဲ့ သဘောချင်းမညီတာ၊ချစ်သူချင်းအဆင်မပြေတာစတဲ့ပြဿနာလေးတွေရှိပါတယ်။ ဒီထက်ပိုတာကတော့ သူတိုမိသားစုအပေါ်သင့်နေတယ်ဆိုတဲ့ကျိန်စာကြောင့်ပါပဲ။
သူ့အမေဖြစ်သူရဲ့အစ်မ သူ့အဒေါ်ဟာ အသက် ၁၆ နှစ်အရွယ်မှာသူ့ကလေးကိုရေနှစ်သတ်ခဲ့တဲ့အတွက် စိတ္တဇဆေးရုံမှာတစ်သက်လုံးကုသမှုခံယူနေခဲ့ရပါတယ်။ အဲ့ဒီလိုအဖြစ်အပျက်တွေမစခင်မှာ သူ့အဒေါ်ဟာ ပုဆိန်ကိုင်ထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဝိဉာဉ်ကိုမြင်ရသူ့စကားတွေကိုကြားနေခဲ့ရတယ်လိုဆိုပါတယ်။ ဒါကြောင့် သူ့အမေဟာ တာရာ့ကိုသေချာဂရုစိုက်သလို နောက်ကွယ်ကလဲအမြဲစောင့်ရှောက်စိုးရိမ်နေခဲ့ရပါတယ်။ ဒါပေမယ့် ပုဆိန်ကိုင်ထားတဲ့ အမျိုးသမီးဟာ အဲ့ဒီအချိန်ကတည်းက တာရာ့ကိုအိမ်မက်ထဲမှာလာတွေ့ လူသတ်ဖိုတိုက်တွန်းနေခဲ့ပြီဆိုတာ သူ့အမေ မသိရသေးပါဘူး။ ဒီလိုပဲတာရာ့အပေါ်အညိုးရှိသူတွေ တစ်စုံတစ်ခုပြဿနာဖြစ်ခဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးစပြုလာတဲ့အခါမှာတော့..။
တကယ်ပဲ သူတိုမိသားစုအပေါ်ကျိန်စာရှိခဲ့တာလား? ဒီအမျိုးသမီးရဲ့ဝိဉာဉ်ဟာ သူတိုနဲ့ဘယ်လိုပတ်သက်နေလဲ၊ အစရှိတာတွေကိုရှုစားရမယ့် Horror/ Thriller ဇာတ်ကားကောင်းတစ်ကား

28 w - Translate

ကလင်ဂါရွာ ၏ ထူးဆန်းသောဖြစ်ရပ်များ (၂၀၂၄)

IMDb - 6/10
Genre - Horror

မကောင်းတဲ့စွမ်းအင်တွေနဲ့ ဝန်းရံနေတဲ့ ရွာလေးတစ်ရွာ။ ညဘက်တွေ ရွာပြင်ထွက်ရင် အပမှီတာလိုလို သရဲပဲပူးတာလိုလိုနဲ့ ကိုယ့်အသားကိုယ်ပြန်လှီးစားကြတာတွေ ကြုံတွေ့နေကြရပါတယ်။ လူသေရင် အဝတ်ပတ်ပြီး ရွာပြင်မှာပဲ ယဇ်ပူဇော်တာလိုမျိုး ပစ်ထားခဲ့ကြတာ ရွာရဲ့ထုံးတမ်းအစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ဒီလို မကောင်းတဲ့စွမ်းအင်တွေ ပေါများလှတဲ့ ရွာလေးထဲမှာမှ အမြတ်ကြီးစားငွေတိုးချေးတဲ့အပြင် အကြွေးပြန်ဆပ်ပြီး အပေါင်ပစ္စည်းပြန်တောင်းတဲ့ခါ လူကိုသတ်ပြီး ရွာပြင်သွားပစ်တတ်တဲ့ လူ့တိရစ္ဆာန်တွေကလည်း ရှိနေပြန်ပါရော။ ပေါ့ပေါ့ပါးပါးပဲ နေတတ်ပေမဲ့ မဟုတ်မခံ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ လင်ဂါ တစ်ယောက် ဒီလိုပြဿနာတောကြီးထဲမှာ ရှိနေတဲ့အခါမှာတော့ ဖြစ်ရပ်တွေက တကယ်ကို ထိတ်လန့်ဖွယ် ဖြစ်လာပါတယ်။

image
28 w - Translate

Berlin has formally presented its bid to rehost the Olympics in the same stadium where Jesse Owens starred during the 1936 Games under the Nazis.

https://abcnews.go.com/Sports/....wireStory/berlin-pre

image

ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ပါလက်စတိုင်း ၅၀ ကျော်သေဆုံး

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၅၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူအများစုဟာ အိုးမဲ့အိမ်မဲ့ မိသားစုတွေခိုလှုံနေတဲ့ ဖာမီအယ်လ်ဂျာဂါဝီ စာသင်ကျောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပြီး ၃၅ ယောက်ထက်မနည်း သေတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေအပါအဝင် ရုပ်အလောင်းအများအပြားကို ရရှိထားပြီး အများစုက မီးလောင်နေတယ်လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဟားမတ်စ်တွေ ကွပ်ကဲမှုဌာနအဖြစ် အသုံးပြုတဲ့နေရာကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။ ဟားမတ်စ်တို့ဟာ ဂါဇာပြည်သူတွေကို လူသာဒိုင်းအဖြစ် အသုံးပြုနေတယ်လို့လည်း အစ္စရေးက စွပ်စွဲထားပါတယ်။
ဂါဇာမြောက်ပိုင်း ဂျာဘာလီယာရှိ နေအိမ်တလုံးကို အစ္စရေးရဲ့ သီးခြားတိုက်ခိုက်မှုမှာတော့ လူ ၁၉ ယောက်သေဆုံးခဲ့တယ်လို့ အယ်အာလီဆေးရုံညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးကတော့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ဒီတိုက်ခို်ကမှုနှစ်ခုဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဂါဇာမြောက်ပိုင်းမှာ ပိုမိုကျယ်ပြန့်လာတဲ့ အစ္စရေးရဲ့ ထိုးစစ်တစိတ်တပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ဂါဇာတဝန်းရှိ ပစ်မှတ် ၂၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဒီအတောအတွင်း ဟားမတ်စ်အဖွဲ့ဟာ အမေရိကန်နောက်ဆုံး အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကို လက်ခံလိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစ္စရေးဟာ ဟားမတ်စ်တို့ကို ဖိအားပေးတဲ့အနေနဲ့ စစ်ဆင်ရေးတွေ တိုးချဲ့နေပြီး မတ်လကတည်းက ဂါဇာအတွက် အကူအညီပိတ်ပင်မှုတွေကိုတော့ အကန့်အသတ်နဲ့ ပြန်လည်ဝင်ရောက်ခွင့်ပြုနေပါတယ်။

image
28 w - Translate

Rescue workers are searching for six people still missing after an explosion at a chemical plant in eastern China shook nearby buildings, killing at least five people and injuring 19.
https://abcnews.go.com/Interna....tional/wireStory/sea

image
28 w - Translate

Hundreds of Ukrainian drones crossed into Russia overnight into Wednesday morning, dozens of which targeted Moscow and again caused disruption to flights in and out of the capital, according to officials there.
Read more: https://abcnews.visitlink.me/vSVUeX

image

ဒေါ်နယ်ထရန့်ရဲ့ ရွှေကွန်ချာ ဒုံးကျည်အစီအစဉ် အာကာသမှာ နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ရွှေ့ကွန်ချာ ဒုံးကျည်အစီအစဉ်ဟာ အာကာသအတွင်း နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတခုဖြစ်ကြောင်း မြောက်ကိုရီးယားက မေ ၂၇ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။
ဒါဟာ နျူကလီးယားပိုင်ဆို်ငတဲ့နိုင်ငံတွေရဲ့ မဟာဗျူဟာမြောက်လုံခြုံရေးကို ထိခိုက်လာနိုင်တဲ့ အလွန်အန္တရာယ်များတဲ့ လုပ်ရပ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီလိုနိုင်ငံတွေရဲ့ စိုးရိမ်မှုနဲ့ အာကာသမှာ အလားအလာရှိတဲ့နျူကလီးယားစစ်မြေပြင်ဖြစ်လာရေး နှိုးဆွမယ့် ဒီအစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားနဲ့ အာကာသလက်နက် အားပြိုင်ပွဲဖြစ်ပွားလာစေတဲ့ ရေသောက်မြစ်ဖြစ်လာမယ်လို့ ပြောပါတယ်။
ရွှေကွန်ချာ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် အသေးစိတ်အချက်အလက်တွေနဲ့ ကနဦးရန်ပုံငွေကို ဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ အောင်မြင်မှုနဲ့ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးတယ်လို့ ပြောပါတယ်။
ဒီစနစ်အတွက် ကနဦးရန်ပုံငွေ ဒေါ်လာ ၂၅ ဘီလီယံရှိပြီး စုစုပေါင်းကုန်ကျစရိတ် ဒေါ်လာ ၁၇၅ ဘီလီယံထိရှိလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အကဲခတ်တွေကတော့ ဒီထက် သုံးဆ ကုန်နိုင်တယ်လို့ သုံးသပ်ပါတယ်။
စနစ်ဟာ မြေပြင်၊ ရေပြင်နဲ့ အာကာသတို့ကို ချိတ်ဆက်နိုင်တဲ့ မျိုးဆက်သစ်ကွန်ရက်စနစ်တွေ ပါဝင်ပြီး နည်းပညာနဲ့ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။

image
28 w - Translate

တစ်ပတ်အတွင်း ကိုဗစ်လူနာသစ် ၆ ဦး ထပ်မံတွေ့ရှိ
*********************
(ကျန်းမာရေး) မေလ ၂၈
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေလ ၂၇ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့မေလ ၁၈ ရက်ကနေ ၂၅ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၆ ယောက် ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

တစ်ပတ်အတွင်း ဓာတ်ခွဲနမူနာ ၂,၇၅၄ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းက ၀ ဒသမ ၂၂ ရာခိုင်နှုန်းနဲ့ သေဆုံးသူမရှိဘူးလို့ သိရပါတယ်။

အခုတွေ့ရှိတဲ့ ကိုဗစ်လူနာသစ် ၆ ယောက်စလုံးမှာ ရန်ကုန်တိုင်း ဒေသကြီးမှဖြစ်ပြီး ဒဂုံမြို့နယ်က ၂ ယောက်၊ အင်းစိန်မြို့နယ်က ၁ ယောက်၊ သာကေတမြို့နယ်က ၁ ယောက်၊ ကော့မှူးမြို့နယ်က ၁ ယောက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က ၁ ယောက်ဖြစ်တယ်လို့ သိရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာသလို မြန်မာနိုင်ငံမှာလည်း အခုမေလကစလို့ ကိုဗစ် အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိ လာရပါတယ်။

လက်ရှိအချိန်မှာဒေသတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာပေမဲ့ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲတွေဟာ XBB နဲ့ JN.1တို့က မျိုးဗီဇပြောင်းလာတဲ့ ရောဂါပိုးတွေဖြစ်ပြီး ရောဂါပိုမိုပြင်းထန်မှုနဲ့ ပိုမိုသေဆုံးမှုမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က မေလ ၂၃ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားထားပါတယ်။

လက်ရှိထိုးနှံပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနဲ့ သေဆုံးနိုင် ခြေကို ထိရောက်စွာ လျှော့ချနိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

image