အခွေဆိုင်မှာ အခွေရွေးခဲ့ကြတဲ့ အချိန်များ
အခုခေတ်ကလေးတွေမသိတော့တဲ့ အရာတွေထဲမှာ အခွေရွေးဝယ်ရတာလဲ အမှတ်တရတစ်ခုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။
အခွေရွေးဝယ်ကြတဲ့ ခေတ် အားကောင်းခဲ့တာက အခုထိလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ တလောက India မှာ လူတစ်ယောက်ဆို တစ်ဆိုင်လုံးကို အခွေတွေနဲ့ အလှဆင်ထားတာမျိုးတစ်ခုတော့ တွေ့လိုက်တယ်။ အခွေတွေကတော့ Original တွေရော ခိုးကူးတွေရောကြိုက်တဲ့ ဇာတ်ကားမေးအကုန်ရှိတာဆိုမျိုးတွေက ရုပ်ရှင်ရူးတဲ့သူတွေအတွက်ကတော့ ရွှေဆိုင်လို့မြင်မှာအမှန်ပါပဲ။ မြန်မာမှာကတော့ အခွေဆိုင်တွေရှိတော့ရှိပါတယ်။ ဒါပေမယ့် Online Platform တွေပေါ်လာတော့ DVD စက်နဲ့ TV တွေလည်း ဖုန်တက်နေရောပေါ့။
ကျွန်တော်ကတော့ အခွေနဲ့ကြည့်ရတာ အခုထိကြိုက်တုန်းလားဆို ကြိုက်တုန်းပဲလို့ဖြေရမယ်။ ဖုန်းတို့ Laptop တို့နဲ့ကြည့်ရင်တောင် စိတ်က မထင်ရင် မထင်သလို Social ပေါ်ရောက်ရောက်သွားတက်တော့ ဇာတ်ကားတစ်ကားရဲ့ ရသတွေ တစ်ခါတစ်လေ မခံစားတက်ရတာတွေရှိလာပါတယ်။ ဒါပေမယ့် TV နဲ့ကြည့်ပြန်တော့ Social သုံးဖို့ မေ့နေတာမျိုးတွေရှိပြန်ပါတယ်။ TV နဲ့ရုပ်ရှင်ကြည့်နေရင် TV ကကြီးတော့ ဇာတ်လမ်းလည်း ပိုမှတ်မိလွယ်သလို တစ်ခုခုနဲ့တွဲပြီး မှတ်ထားလို့ရတော့ တစ်ခါတစ်လေဆို TVနဲ့ရုပ်ရှင်ကြည့်လိုက်တာပိုများပါတယ်။ ဥပမာ မိုးရွာနေတုန်းဆိုရင် Disney ကာတွန်းလေးတွေ ကြည့်ဖြစ်တာမျိုးတို့၊ နွေရာသီပူပူမျိုးဆိုရင် Action ကားမျိုးတွေ စသဖြင့် တွဲပြီးမှတ်ထားလို့ရတဲ့ ရသတစ်မျိူးတော့ TV နဲ့ကြည့်ရင်တော့ ကျွန်တော့ခံစားရတယ်ဗျ။ ဒါကလည်း ကျွန်တော့် တစ်ဦးတည်းအမြင်ပါ။
ပြန်ဆက်ရရင် အခွေဆိုင်နဲ့ ရင်းနှီးသွားခဲ့တာက Power Rangers ကားတွေကနေစတာပဲ။ ငယ်ငယ်တုန်းက Power Rangers ကားတွေကတော့ အသေရူးခဲ့ဖူးတဲ့ အချိန်ပေါ့။ ဇာတ်ကားတွေကြည့်ပြီး ကျောင်းသွားရင် သူငယ်ချင်းတွေကြားထဲမှာ လေဖုတ်စရာ အကြောင်းအရာတစ်ခုရတာပေါ့ဗျာ။ တစ်ခါတစ်လေကျရင်လည်း တစ်တန်းလုံးကလူတွေ အကုန်လုံး အနီကောင်လုပ်ချင်တာမျိုးတွေ၊ Superman က ဘယ်လောက်ကြမ်းတာမျိူးတွေ စတာတွေပြောရင်းနဲ့ ပျော်ခဲ့ရွှင်ခဲ့ကြတာပေါ့ဗျာ။
နောက်ပြီး အခွေတွေပေါ်က နာမည်တွေက အဲ့ခေတ်အနေနဲ့ ပြန်တွေးကြည့်ရင် ရယ်ချင်စရာကြီးဗျ။ ဥပမာ- မိန်းမထောင်ကားစုစည်းမှုတို့ သမန်းဝံပုလွေညီနောင်တို့ လေဆန်တိုးမယ့် မညိုးပန်းတို့ အချစ်စံအိမ်တို့ F4 ချစ်သူတို့ ကော်ဖီချစ်သူ၊ ရာဇဝင်ထဲက ဂျူမုံ ၊ မြို့ပြမုဆိုး နောက်ပြီး Supernatural ပေါ်တုန်းက နာမည်မခေါ်တက်လို့ ဝိဇ္ဇာညီအကို စသဖြင့် အများကြီးခေါ်ခဲ့ကြတယ်ပေါ့ဗျာ။ ပြီးတော့ ရွာဘက်တွေမှာ အလှူတွေရှိရင်လည်း Sound Box လာငှားရင်းနဲ့ အခွေတွေပါ တွဲဝယ်ကြတာဆိုတော့ ပြန်တွေးကြည့်ရင် လွမ်းစရာတွေကြီးပါပဲ။
မိတ်ဆွေတို့ရော ဘယ်လို နာမည်တွေနဲ့ အခွေမျိုးတွေ ဝယ်ခဲ့ဖူးလည်း ကျွန်တော်ကတော့ အိမ်က ကိုရီးယားကြိုက်လို့ ခဏခဏသွားဝယ်ရဖူးပါတယ်။

image

ဒီနေ့မှာ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်တစ်ချို့နဲ့ ကြည့်ပြီးရင်လည်း တစ်ယောက်နဲ့ တစ်ယောက် မခေါ်နိုင် မပြောနိုင်လောက်တဲ့ အထိ ဖြစ်စေမယ့် ရုပ်ရှင်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အတွဲမရှိတဲ့သူတွေကတော့ 500 Days of Summer, Past Live တို့လို ကားမျိုးတွေကို အထူး Recommend ပေးပါတယ်။

imageimage
+5

redator: Badlands ရဲ့ ဇာတ်လမ်းက ဘာဇာတ်လမ်းဖြစ်မလဲ !
Predator: Badlands ရုပ်ရှင်ကတော့ Predator ရုပ်ရှင်ဇာတ်လမ်းတွဲတွေရဲ့ ၈ ကားမြောက် ရုပ်ရှင်ဖြစ်ပါတယ်။ နောက်ပြီး ဒီဇာတ်ကားက ဒါရိုက်တာ Dan Trachtenberg ရိုက်တဲ့ တတိယမြောက် Predator ရုပ်ရှင်ဖြစ်ပြီး သူက ၂၀၂၂ မှာ Prey ကို ရိုက်ခဲ့သလို၊ မကြာခင်ထွက်မယ့် Killer of Killers ဆိုတဲ့ Animated ရုပ်ရှင်ကိုလည်း ရိုက်ထားပါတယ်။ ဒီ Badlands မှာ အဓိကဇာတ်ကောင်တွေအနေနဲ့ Elle Fanning သရုပ်ဆောင်တဲ့ Thia နဲ့ Dimitrius Schuster-Koloamatangi ကတော့ Predator နေရာက သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်လမ်းမှာ သူတို့နှစ်ယောက်က မထင်မှတ်ဘဲပေါင်းမိပြီး သူတို့ထက် အားကြီးတဲ့ ရန်သူကို ရင်ဆိုင်ရမယ့် စွန့်စားခန်းတစ်ခုအကြောင်းကိုရိုက်ပြမှာဖြစ်ပါတယ်။
Trailer ထဲမှာတော့ Elle Fanning ရဲ့ ဇာတ်ကောင် Thia က Weyland-Yutani ရဲ့ (Android) စက်ရုပ်လူသားပုံစံပြသွားပါတယ်။ ဒါကို Trailer ထဲမှာ သူ့မျက်လုံးတွေအဖြူပုံစံပြောင်းတော့ စက်ရုပ်လိုမျိုး ဖြစ်သွားတာမျိုးလို့ ယူဆလို့ရပါတယ်။ ဒါက Predator နဲ့ Alien ရုပ်ရှင်တွဲတွေရဲ့ ဆက်နွယ်မှုလို့ ထင်မိပါတယ်။ ဒီဆက်နွယ်မှုက ၂၀၀၄ မှာ Alien vs. Predator နဲ့ ၂၀၀၇ မှာ Aliens vs. Predator: Requiem ကားတွေနဲ့ စတင်ခဲ့တာပါ။ ဒါပေမယ့် ဒီရုပ်ရှင်မှာ Alien နဲ့ Predator တို့ ဘယ်လို ဆက်နွယ်မှုရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။
နောက်ပြီး ဇာတ်လမ်းရဲ့ အဓိက နေရာက ဘယ်မှာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ Predator တွေရဲ့ မွေးရပ်ဂြိုဟ်မှာ ဖြစ်နိုင်တယ်လို့ ထင်ရပါတယ်။ ဒီဂြိုဟ်ကို အရင် Predator ရုပ်ရှင်တွေမှာလည်း အသေးစိတ် သိပ်မပြဖူးပါဘူး။
[
အခုအချိန်အထိတော့ Predator: Badlands အကြောင်းအသေးစိတ်မသိရသေးပါဘူး။ ဒါပေမယ့် နောက်ထပ် Trailer ထွက်လာမယ်ဆိုရင်တော့ ပိုစိတ်ဝင်စားဖို့ကောင်းလာဦးမှာ အသေအချာပါပဲ။ နောက်ပြီး Predator နဲ့ နောက်ထက် Universe အကြီးကြီးလုပ်လာနိုင်မယ့် ပုံစံတွေလည်း ပြသွားခဲ့ပါတယ်။
ဇာတ်လမ်းထဲမှာ လူနည်းနည်းပဲပါပေမယ့် ကြီးမားတဲ့ပုံစံတွေချပြသွားမယ်လို့တော့မျှော်လင့်မိပါတယ်။

image