27 w - Translate

Cast Away (200
မင်းသားက ပစ္စည်းတွေပိုတဲ့ ကုမ္ပဏီတစ်ခုမှာလုပ်တယ်။
လေယဉ်နဲ့ ပစ္စည်းသွားပိုတဲ့အခါ လေယဉ်ပျက်ပြီး လူမရှိတဲ့
ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားခဲ့တယ်။
သူလွတ်မြောက်ဖို အမျိုးမျိုး ကြိုးစားပေမဲ့ လုံးဝမရဘူး။
၈ လလောက်ထိကြာ လာတယ်ပေါ့။
အဲဒီမှာ ဘယ်လောက်ထိ ကာရိုက်တာကိုလုပ်ပစ်လိုက်လဲဆို ခန္ဓာကိုယ်ကအစ အကုန်လုံး ပိန်ခြောက်သွားတဲ့အထိ လုပ်ချပစ်လိုက်တယ်။ နောက်ဆုံး သွေးပေသွားတဲ့ ဘောလုံးလေးကို လက်နဲ့ မျက်နှာပုံစံလေးဆွဲပြီး စကားပြောရတာ။ အရမ်းအထီးကျန်နေရတဲ့ ဘဝကိုပြလာတာ။
နောက်ဆုံး ဒီကနေမဖြစ်ဖြစ် အောင်ထွက်မယ်ဆိုပြီး လှေတစ်စင်းနဲ့ ဇွဲမလျှော့ဘဲ ထွက်လာတဲ့ခါ ....

image
27 w - Translate

အသားတကယ်ဖြူတယ် ဒါပေမဲ့ လူတိုင်းမသုံးသင့်ဘူး📌
Google မှာ အကောင်းဆုံးအသားဖြူဆပ်ပြာဆိုပြီး ရိုက်ရှာကြည့်ရင် ထွက်လာမယ့်ထဲ Kojie San skin lightening soap ပါတယ်။ သူက Philippine ကနေ ထုတ်တာဖြစ်ပြီး Global ထိကို ပေါက်ရောက်တယ်ပေါ့နော် အရမ်းလဲနာမည်ကြီးတယ်။ Nyi သူ့ကို စမ်းသုံးကြည့်နေတာ အချိန်တော်တော်လေးကြာပြီ။ ကြားထဲမှာ ဆောင်းရာသီကြောင့် အသားပိုခြောက်လာလို့ ခဏရပ်ထားဖြစ်တယ်။ ခုရာသီဥတုကလဲ ပူလာပြီဆိုတော့ Nyi ပြန်ထုတ်သုံးနေရင်း အရမ်းသဘောကျလာလို့ ရေးဖြစ်တာပါ။
အမှန်အတိုင်း ဝန်ခံရရင် Nyi က နဂိုထဲက အသားညိုတဲ့ထဲ မပါပါဘူး Whitening soap က မသုံးလဲဖြစ်တဲ့ သူမျိုးပေါ့။ ဒါပေမဲ့လဲ အရင်ကတော့ ရောင်းတဲ့သူသိပ်မရှိလို့ သုံးဖို့ကိုသတိမရပေမယ့် ခုက ကိုယ် follow လုပ်ထားတဲ့ online shop တွေကနေ ရောင်းနေတာတွေ့ရတော့ ဘယ်လောက်ကောင်းလို့ ဒီလောက်နာမည်ကြီးရလဲ သိချင်တဲ့အတွက် try ဖြစ်သွားတယ်။ Kojie San soap က အသားခြောက်တယ်လို့ နာမည်ကြီးတဲ့အတွက် Nyi က တရက်ကိုတကြိမ်ပဲ သုံးဖြစ်တယ်။ Skin ကို exfoliate လုပ်တဲ့ effect လဲ ပါဝင်လို့ ညဘက်ပဲ ရွေးသုံးဖြစ်ပါတယ်။ ဘယ်သူမဆို ဒီလိုပဲသုံးရမှာပါနော်။
ပါဝင်ပစ္စည်းတွေကတော့ Kojie San ဆိုတဲ့ နာမည်အတိုင်း Kojic acid အဓိကပါတယ်။ Kojic acid က မှိုကနေရတဲ့ acid တမျိုးဖြစ်ပြီး ဆန်ကိုအချဉ်ဖောက်တာကနေလဲ Kojic acid ရပါတယ်။ သူက အသားအရေရဲ့ Melanin production ကို လျော့ကျစေတယ်၊ skin ကို lighten ဖြစ်စေတယ်၊ Hyperpigmentation တွေကို ထိထိရောက်ရောက် လျှော့ချပေးတယ်။ Anti-acne, Anti-fungal အာနိသင်တွေလဲ ရှိပါသေးတယ်။ Exfoliating effect လဲ ရှိတာမလို့ သူ့ကိုသုံးတဲ့အခါ အသားအနည်းငယ်ခြောက်နိုင်ပါတယ်။ တခြားပါဝင်ပစ္စည်းတွေကတော့ moisture ထိန်းဖို့အတွက် Coconut oil (1st ingredient), Glycerin, Mineral oil, BHA တို့ ပါဝင်တယ်။ Tea tree ပါလို့ body acne ထွက်တဲ့သူတွေအတွက် benefits ရှိပါတယ်။ Body soap မလို့ Fragrance, Colorants ပါပါတယ်နော်။
Nyi အမြင်ကို ပြောရရင်တော့ ကြော်ငြာတွေမှာကိုက အသားခြောက်တယ်ပြောကြတော့ သုံးတဲ့အခါ အသားသိပ်ခြောက်သွားမလားလို့ စိုးရိမ်စိတ်ရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်တွေဗမာပြည်က ငယ်ငယ်ထဲက ကာဗော်လစ်ခဲနဲ့ ဖက်ပြီးကြီးပြင်းလာလို့လားမသိ၊ အရမ်းကြီးထူးထွေပြီး ခြောက်သလို မခံစားရဘူး (just my experience) တရက်တကြိမ် ညပိုင်းပဲသုံးတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ Lotion လိမ်းပေမယ့် အပျင်းတစ်တာနဲ့ ညတိုင်းတော့ နပ်မမှန်ပါဘူး (ကိုယ်လိုတော့မလုပ်ပါနဲ့)။ အသားဖြူလားလို့မေးရင် အဲ့လောက်လဲမဟုတ်ပါဘူးကွာဆိုပြီး လက်မခံချင်ပေမယ့် တကယ်ဖြူတယ်နော်။ တရက်တကြိမ်ပုံမှန်သုံးတာ တပတ်လောက်နဲ့ အရမ်းသိသာလာတယ်။ ကျန်တဲ့ skincare steps တွေ ဘာမှပြောင်းလဲခြင်းလဲမရှိဘူး။
အမြုပ်ထွက်အား အရမ်းကောင်းတယ် လိမ္မော်နံ့သင်းသင်းလေး ရတယ်။ အားနည်းချက်က ဆပ်ပြာအခဲက ပျော့ပြဲလွယ်လို့ တွေ့ကရာပစ်ထားလို့မရဘဲ ခွက်နဲ့သေချာသိမ်းဖို့လိုတယ်၊ အခဲနဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ပွတ်တာမျိုးမလုပ်ဘဲ လက်ထဲမှာ အမြုပ်ထွက်အောင် အရင်ပွတ်ပြီး အမြုပ်ကိုသာ body ပေါ်တင်သင့်တယ်။ Body scrub, peeling များနဲ့ လုံးဝတွဲမသုံးရပါ။ လက်ထဲမှာ body sunscreen, moisturizing lotion အနည်းဆုံး 2ဗူးရှိမှ သုံးဖို့သင့်တော်ပါတယ်။ ဒါကတော့ ဆောင်ရန်ရှောင်ရန်လေးတွေပေါ့နော်။ အသားဖြူချင်ဇောနဲ့ လွန်ရောကြွံရော သုံးရင်လဲ ပိုမဲနိုင်ပါတယ်။
အသားဖြူတယ်ဆိုတဲ့နေရာမှာလဲ Nyi ရဲ့ personal experience ကိုသာ ပြောတာဖြစ်လို့ 100% အပြည့်တော့ မမျှော်လင့်ထားပါနဲ့ဗျ။
Kojie San soap ကို မသုံးသင့်တဲ့သူတွေက
- အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုကိုယ် အချိန်နဲ့အချိန် lotion လိမ်း, sunscreen လိမ်းဖို့ထိ ဂရုမစိုက်နိုင်တဲ့သူတွေ
- အလုပ်အကိုင် စားဝတ်နေရေးအရ နေပူထဲမှာ အလုပ်လုပ်ရတယ် အပြင်အမြဲသွားလာနေရတယ် ဆိုတဲ့သူတွေ
- ကိုယ့်ဘာသာကိုယ် သုံးချင်သလို သုံးမယ်၊ scrub နဲ့လဲ တွဲသုံးမှာပဲ မနက်ခင်းလဲ ဆပ်ပြာတိုက်မှာပဲ ဆိုတဲ့သူတွေ
တန်ဆေးလွန်ဘေးရှိသလို ဆောင်ရန်ရှောင်ရန် မလိုက်နာနိုင်ရင် ပိုဆိုးတတ်တာမလို့ Nyi ကတော့ Kojie San soap နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာကို ရေးပေးလိုက်ရပါတယ်။
Nyi ကတော့ တွေးမိတာက အသားဖြူဖို့ Gluta သောက်ရင် တလတလမနည်းမနောကုန်ကျအုံးမှာ၊ ကျောက်ကပ် အသည်းကျန်းမာရေးလဲ ထိခိုက်အုံးမှာ။ ဒီဆပ်ပြာနဲ့က တလအလွန်ဆုံးကုန်မှ 3သောင်းပေါ့၊ moisturizing lotion, soap, body sunscreen ဒီ 3မျိုးရှိရုံနဲ့ ကြိုးစားနိုင်ပြီလေနော်။ အရေးကြီးဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် ချစ်တတ် ဂရုစိုက်တတ်တဲ့ စိတ်လေးတော့ မွေးမြူရမှာပေါ့။ Beauty Is Pain လို့ ပြောကြတဲ့အတိုင်း အလကားနေရင်းနဲ့တော့ လှလာမှာမဟုတ်ဘူးလေ ကြိုးစားအားထုတ်မှုလေးတော့ အနည်းငယ်လိုအပ်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါရစေ။
Kojie San soap က အတုအရမ်းထွက်လို့ စိတ်ချရတဲ့ဆီက မှာပါနော်။
Disclaimer : Not sponsored.
#kojiesan #kojiesanskinlighteningsoap
#reviewbynyi #nyipick #nyipickbodycare
#crd

image
27 w - Translate

IBE International Education Fair 2025 ကျင်းပသွားမည်”
********************
(ပြည်တွင်း) မတ်လ ၁၁
ပြည်တွင်း/ပြည်ပ နိုင်ငံတကာပညာရေး အခွင့်အလမ်းများအတွက် IBE Education Fair Intel-Bridge Education ကနေ ပြည်တွင်းမှာ ကျောင်းတက်ချင် သူများနဲ့ ပြည်ပကို ပညာတော်သင်သွားချင်တဲ့သူများအတွက်ပါ အဆင်ပြေအကျိုးရှိစေမယ့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာပညာရေးပြပွဲကြီး “IBE International Education Fair 2025” ကို မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ Sedona Hotel (Grand Ballroom) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါပြပွဲမှာ ဥရောပနိုင်ငံများမှ ကျောင်းများနှင့် အရှေ့တောင်အာရှနိုင်ငံတွေ China, Korea, Malaysia, Singapore နဲ့ Thailand တို့မှ ကျောင်းများပါ ပါဝင်သွားမှာဖြစ်ပြီး နိုင်ငံအသီသီးက ကျောင်းတွေရဲ့ Representative တွေ လေ့လာနိုင်မှာ ဖြစ်တဲ့အပြင် သိလိုတာများကို တိုက်ရိုက်မေးမြန်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်ပြည်တွင်းနာမည်ကြီး နိုင်ငံတကာကျောင်းတွေရဲ့ Representative တွေကိုလည်း သိရှိနိုင်မှာဖြစ်တဲ့အတွက် ပြည်တွင်းမှာပဲ ကျောင်းတက်ဖို့ စဉ်းစားထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ရွေးချယ်စရာ နိုင်ငံတကာ ပညာရေးလမ်းကြောင်းတွေ၊ ပညာရေးအခွင့်အလမ်းတွေကို တိုက်ရိုက်ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

image
27 w - Translate

Rent A Girlfriend ဖန်တီးရှင်ရဲ့ အခြား manga တစ်ခုဖြစ်တဲ့ "The Shiunji Family Children" ရဲ့ Anime နောက်လ 8 ရက်နေ့မှာထွက်ရှိမည်။

image
27 w - Translate

၅ နှစ်ကြာပြီးတဲ့နောက်မှ မွေးရပ်မြေနေအိမ်လေးဆီသို့ ပြန်ရောက်ခဲ့တဲ့ အဆိုတော်ယောကီး 👍
Myanmar Idol ရဲ့အဆိုရှင်တွေထဲက တေးသံရှင် ယောကီးဟာ အမှတ်တရပေါင်းများစွာရှိခဲ့တဲ့ သူ့ရဲ့ အိမ်လေးသို့ ပြန်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ မိသားစုစုံစုံလင်လင် နေခဲ့တဲ့ အိမ်လေးမှာ အမှတ်တရပေါင်းများစွာကို တွေးရင်းနဲ့ပဲ တိတ်တိတ်လေးငိုကြွေးခဲ့ရတယ်လို့ဆိုပါတယ်။ ယောကီးက ၂၀၂၁ နောက်ပိုင်း ပြည်သူတွေနဲ့တစ်သားတည်း တက်ကြွစွာရပ်တည်ပါဝင်နေဆဲဖြစ်တဲ့ ချင်းတိုင်းရင်းသား အဆိုတော်ပါ။ Myanmar Idol Season-4 မှာလည်း Top 5 အထိတက်လှမ်းနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

image
27 w - Translate

#tattooideas

image
27 w - Translate

#tattooideas

image
27 w - Translate

#tattooideas

image
27 w - Translate

#tattooideas

image
27 w - Translate

#tattooideas

image