27 w - Translate

ခရမ်းသီးစိုက်ပျိုးနည်း

နိဒါန်း

မြန်မာနိုင်ငံတွင် အလွန်အေးသော တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြန်မာနိုင်ငံတွင်ဆင်စွယ်ခရမ်းရှည်မျိုး (ခရမ်းရောင်၊ အစိမ်းရောင်) အလုံးမျိုး (ခရမ်း၊ အစိမ်း၊ အဖြူရောင်) လုံးရှည်မျိုး (ခရမ်းရောင်)ကိုစိုက်ပျိုးလေ့ရှိပါသည်။

ပျိုးထောင်ခြင်း

ကောင်းစွာဆွေးမြေ့သော နွားချေး၊ သစ်ရွက်ဆွေးများ အသုံးပြု၍ မျိုးစေ့များကို တစ်တန်းနှင့် တစ်တန်း လေးလက်မခန့်ခြားပြီး သုံးပေအကျယ်၊ ပေ ၃၀ အရှည်ဘောင်များ ပြုလုပ်ပျိုးထောင်နိုင်ပါသည်။ အပင်များ ကြပ်မနေစေရန် မလိုသောပျိုးပင်များကို နုတ်ပစ်ရမည်။ ညနေခင်းတွင် ရေပန်းခရားစိပ်ဖြင့် ရေဖျန်းပါ။

မျိုးစေ့နှုန်း

ခေါင်းကြီး၊ ထောပတ်၊ ညိုရှည်စသည်ဖြင့် ဒေသအလိုက် သင့်တော်သော မျိုးများကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။ တစ်ဧကမျိုးစေ့ ၃၀၀ ဂရမ်နှုန်း လိုအပ်သည်။

မြေပြုပြင်ခြင်း

မြေဆီသြဇာထက်သန်သော သဲနုန်းမြေတွင် ထယ်သုံးစပ်မှ လေးစပ်ထိုး၍ ထယ်ရေးညက်သည်အထိ ထွန်ပေးရပါမည်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၅ မှ ၆ ဒသမ ၅ အတွင်း ပိုမိုဖြစ်ထွန်းနိုင်ပြီး နုန်းမြေသည် အသင့်တော်ဆုံးဖြစ်သည်။

စိုက်ပျိုးခြင်း

ပျိုးပင်များ အရွက်ငါးရွက်ရရှိလျှင် စိုက်ခင်းသို့ ညနေခင်းတွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ စိုက်ချိန်တွင် အစိုဓာတ်လုံ လောက်ရပါမည်။ ခြောက်သွေ့ပူပြင်းသော ရာသီတွင် နေပူဒဏ်မှ ကာကွယ်ရန် အရိပ်ပြုလုပ်ရမည်။ အပင်များကောင်းစွာ အမြစ်စွဲလျှင် အရိပ်များ ဖယ်ပေးနိုင်သည်။ ရွှေ့ပြောင်းစိုက်ရာတွင် ခရမ်းမျိုးအလိုက် တန်းကြား သုံးပေမှ လေးပေ၊ ပင်ကြား နှစ်ပေမှ သုံးပေထားပြီး စိုက်ပါ။

အပင်ပြုစုခြင်း

ခရမ်းပင်အိုများ အသီးအထွက် နည်းသွားသောအခါ အပင်များကို ထက်ဝက်ခန့်ထိ အကိုင်းများချိုင်ပေးပြီး သဘာဝမြေ ဆွေးထည့်ပေးခြင်းဖြင့် အပင်များ ပြန်လည်သီးပွင့်လာမည်။ ခရမ်းတွင် ကျရောက်တတ်သော ပိုးမွှားများမှာ ခေါင်ညွန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုးများဖြစ်ပြီး ပင်လုံးပျံ့ပိုးသတ်ဆေးဖျန်းပြီး ကာကွယ်ပါ။

ဆွတ်ခူးခြင်း

အသီးဆွတ်ခူးရန်အချိန်သည် အသီး၏ ပုံသဏ္ဌာန်ပေါ် မူတည်ပါသည်။ လုံးဝိုင်းပုံနှင့် ဘဲဥပုံအသီးများကို ပန်းပွင့်ပြီး ၂၅ ရက်မှ ၃၀ ရက်ကြာလျှင် ဆွတ်ခူးနိုင်ပါသည်။ လုံးရှည်ပုံတွင် ပန်းပွင့်ပြီး ၃၀ ရက်ကြာလျှင် ခူးဆွတ်နိုင်ပြီး အသီးရှည်နှင့် အလွန်ရှည်သော အသီးပုံများတွင် ပန်းပွင့်ပြီး ၃၅ ရက်မှ ၄၀ ရက်ကြာလျှင် ခူးနိုင်ပါသည်။ အသီးရောင် တောက်ပနေသောအချိန်သည် စားသုံးရန်အနေတော်ဖြစ်ပြီး အရောင်မှိုင်းသွားပါက အသီးရင့်ပြီး စားသုံးရန် မကောင်းတော့ပါ။ အသီးများ ပုံမှန်ခူးပေးခြင်းဖြင့် အသီးထွက်နှုန်းကို မြင့်မားစေ နိုင်သည်။ တစ်ဧကပိဿာချိန် ၆,၀၀၀ မှ ၈,၀၀၀ အထိ ထွက်ရှိနိုင်ပါသည်။

- ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)
#crd

image
27 w - Translate

Nayola (2022)

ဒီရုပ်ရှင်မှာ အာဖရိက တောင်အလယ်ပိုင်းက အန်ဂိုလာလို့ခေါ်တဲ့ နိုင်ငံလေးက မျိုးဆက်သုံးဆက်သော အမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတယ်။ အန်ဂိုလာက ၁၆ရာစုကနေ ၁၉၇၅အထိ ပေါ်တူဂီကိုလိုနီ နိုင်ငံဖြစ်ခဲ့ဖူးသလို လွတ်လပ်ရေးရပြီး ၁၉၇၅ကနေ ၂၀၀၂အထိ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ ပြည်တွင်းစစ်က ပြီးသွားပေမဲ့ အဲဒီ၂၀၀၂နောက်ပိုင်း ငြိမ်းသွားကြသလားဆိုတော့ မငြိမ်းဘူး။ သူ့ပြည်နယ်တစ်ခုဖြစ်တဲ့ ကဗင်ဒါမှာ ခွဲထွက်ရေးလုပ်ဖို့လုပ်နေတဲ့ တော်လှန်သူတွေရှိနေတုန်းပဲ။
၂၀၀၆မှာတော့ ကဗင်ဒါပြည်လွတ်မြောက်ရေးတပ်ဦးနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့လည်း ကဗင်ဒါခွဲထွက်ရေးပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ဒီနေ့ထက်ထိ တော်လှန်နေဆဲပဲ။ ဆိုတော့ အစဉ်မငြိမ်းချမ်းခဲ့တဲ့ နိုင်ငံက မျိုးဆက်သုံးဆက်သောအမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတဲ့ ဒီရုပ်ရှင်မှာ ဒီစစ်အဆက်ဆက်ရဲ့ ဒဏ်ကို တိုင်းသူပြည်သားတွေကို ခံစားခဲ့ရပုံကို ပြထားတယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင်တွေက အမျိုးသမီးတွေဆိုတော့ အမျိုးသမီးတွေဘက်ကို ပိုအလေးကဲတယ်။
လွတ်လပ်ရေးတိုက်ပွဲမှာ လင်သေသွားတဲ့ အဘွားကြီးရယ်… ပြည်တွင်းစစ်မှာ ယောက်ျားပျောက်သွားခဲ့တဲ့သူ့သမီးရယ်… အမေရောအဖေရောပျောက်သွားတဲ့ သူ့မြေးရယ်ရဲ့ ဇာတ်လမ်းတွေကို အပြိုင်တင်ပြထားတယ်။ ဒါပေမဲ့ အရမ်းရိုးရိုးရှင်းရှင်းကြီးတော့မဟုတ်ဘူး… ယောက်ျားပျောက်သွားလို့ လိုက်ရှာတဲ့သူ့သမီးက အခရာလို့ပြောလို့ရတယ်။ သူ့ဇာတ်မှာ နိမိတ်ပုံဆန်ဆန် ပုံဖော်မှုတွေတော်တော်များသလို သူဟာ အဲဒီတော်လှန်ရေးမသေသေးတဲ့ ပြယုဂ်တစ်ခုအဖြစ်လည်း ထင်ကျန်နေတယ်။ မြေးမလေးကတော့ Rap သီချင်းတွေနဲ့ တိုင်းပြည်ကို တော်လှန်နေတဲ့သူလို့ပြောရမယ်။ သူ့အဖေအမေနဲ့ တော်လှန်ပုံတော်လှန်နည်းတော့ မတူခဲ့ဘူးပေါ့။
ဒီဇာတ်လမ်းမှာ စစ်ကြီးပြီးတာကြာပြီလို့ ပြောကြတဲ့သူတွေလည်းရှိပေမဲ့ အိမ်ပြန်လာစေချင်ကြသူတွေလည်းရှိပေမဲ့ သမီးဇာတ်ကောင်ပြောသွားတဲ့ “စစ်ပွဲကနေ ဘယ်သူမှပြန်မလာနိုင်ကြဘူး အမေ” ဆိုတဲ့ စကားအတိုင်းပဲ မပြီးဆုံးသူတွေအတွက်တော့ မပြီးဆုံးခဲ့ဘူး။ လွယ်လွယ်လေးပြောရရင် ဒီဇာတ်လမ်းဟာ ပြီးဆုံးတယ်ဆိုတာ တကယ်တမ်း စကားလုံးပဲရှိတဲ့အရာ ဆိုတဲ့အကြောင်းပေါ့။

ဇာတ်ကားလင့်
https://t.me/c/2186686827/152

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
27 w - Translate

I S_a-w T_h-e D_e-v_i-l. ( 2010 )

အညွှန်း* 🔽🔽🔽

ကိုရီးယား အက်ရှင်ဇာတ်ကားကောင်းတစ်ကားပါပဲ။ဒီကားအနေနဲ့ကတော့ ဆိုးဟွန်းဆိုတဲ့ အဓိကဇာတ်ကောင်က သူ့ကောင်မလေး ဂျူယွန် မတရားအသ!တ်ခံရမှုနဲ့လက်စားချေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။သူ့အနေနဲ့က အရမ်းချစ်ခဲ့ရတဲ့ မိန်းမတစ်ယောက်ဖြစ်လို့လက်စားချေတာလဲဖြစ်တယ်။
လူသ!တ်သမားဖြစ်တဲ့  ကျောင်ချဲ အနေနဲ့ကလဲ စိတ္တဇပုံစံနဲ့့ကောင်မလေးတွေကို လိုက်ဖမ်းပြီး ဖျက်စီးသ!တ်ဖြတ်တဲ့ပုံကို ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။အရမ်းကြီးကြောက်ဖို့ မကောင်းပေမယ့် နည်းနည်းလန့်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

#credit

image
27 w - Translate

Cast Away (200
မင်းသားက ပစ္စည်းတွေပိုတဲ့ ကုမ္ပဏီတစ်ခုမှာလုပ်တယ်။
လေယဉ်နဲ့ ပစ္စည်းသွားပိုတဲ့အခါ လေယဉ်ပျက်ပြီး လူမရှိတဲ့
ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားခဲ့တယ်။
သူလွတ်မြောက်ဖို အမျိုးမျိုး ကြိုးစားပေမဲ့ လုံးဝမရဘူး။
၈ လလောက်ထိကြာ လာတယ်ပေါ့။
အဲဒီမှာ ဘယ်လောက်ထိ ကာရိုက်တာကိုလုပ်ပစ်လိုက်လဲဆို ခန္ဓာကိုယ်ကအစ အကုန်လုံး ပိန်ခြောက်သွားတဲ့အထိ လုပ်ချပစ်လိုက်တယ်။ နောက်ဆုံး သွေးပေသွားတဲ့ ဘောလုံးလေးကို လက်နဲ့ မျက်နှာပုံစံလေးဆွဲပြီး စကားပြောရတာ။ အရမ်းအထီးကျန်နေရတဲ့ ဘဝကိုပြလာတာ။
နောက်ဆုံး ဒီကနေမဖြစ်ဖြစ် အောင်ထွက်မယ်ဆိုပြီး လှေတစ်စင်းနဲ့ ဇွဲမလျှော့ဘဲ ထွက်လာတဲ့ခါ ....

image
27 w - Translate

အသားတကယ်ဖြူတယ် ဒါပေမဲ့ လူတိုင်းမသုံးသင့်ဘူး📌
Google မှာ အကောင်းဆုံးအသားဖြူဆပ်ပြာဆိုပြီး ရိုက်ရှာကြည့်ရင် ထွက်လာမယ့်ထဲ Kojie San skin lightening soap ပါတယ်။ သူက Philippine ကနေ ထုတ်တာဖြစ်ပြီး Global ထိကို ပေါက်ရောက်တယ်ပေါ့နော် အရမ်းလဲနာမည်ကြီးတယ်။ Nyi သူ့ကို စမ်းသုံးကြည့်နေတာ အချိန်တော်တော်လေးကြာပြီ။ ကြားထဲမှာ ဆောင်းရာသီကြောင့် အသားပိုခြောက်လာလို့ ခဏရပ်ထားဖြစ်တယ်။ ခုရာသီဥတုကလဲ ပူလာပြီဆိုတော့ Nyi ပြန်ထုတ်သုံးနေရင်း အရမ်းသဘောကျလာလို့ ရေးဖြစ်တာပါ။
အမှန်အတိုင်း ဝန်ခံရရင် Nyi က နဂိုထဲက အသားညိုတဲ့ထဲ မပါပါဘူး Whitening soap က မသုံးလဲဖြစ်တဲ့ သူမျိုးပေါ့။ ဒါပေမဲ့လဲ အရင်ကတော့ ရောင်းတဲ့သူသိပ်မရှိလို့ သုံးဖို့ကိုသတိမရပေမယ့် ခုက ကိုယ် follow လုပ်ထားတဲ့ online shop တွေကနေ ရောင်းနေတာတွေ့ရတော့ ဘယ်လောက်ကောင်းလို့ ဒီလောက်နာမည်ကြီးရလဲ သိချင်တဲ့အတွက် try ဖြစ်သွားတယ်။ Kojie San soap က အသားခြောက်တယ်လို့ နာမည်ကြီးတဲ့အတွက် Nyi က တရက်ကိုတကြိမ်ပဲ သုံးဖြစ်တယ်။ Skin ကို exfoliate လုပ်တဲ့ effect လဲ ပါဝင်လို့ ညဘက်ပဲ ရွေးသုံးဖြစ်ပါတယ်။ ဘယ်သူမဆို ဒီလိုပဲသုံးရမှာပါနော်။
ပါဝင်ပစ္စည်းတွေကတော့ Kojie San ဆိုတဲ့ နာမည်အတိုင်း Kojic acid အဓိကပါတယ်။ Kojic acid က မှိုကနေရတဲ့ acid တမျိုးဖြစ်ပြီး ဆန်ကိုအချဉ်ဖောက်တာကနေလဲ Kojic acid ရပါတယ်။ သူက အသားအရေရဲ့ Melanin production ကို လျော့ကျစေတယ်၊ skin ကို lighten ဖြစ်စေတယ်၊ Hyperpigmentation တွေကို ထိထိရောက်ရောက် လျှော့ချပေးတယ်။ Anti-acne, Anti-fungal အာနိသင်တွေလဲ ရှိပါသေးတယ်။ Exfoliating effect လဲ ရှိတာမလို့ သူ့ကိုသုံးတဲ့အခါ အသားအနည်းငယ်ခြောက်နိုင်ပါတယ်။ တခြားပါဝင်ပစ္စည်းတွေကတော့ moisture ထိန်းဖို့အတွက် Coconut oil (1st ingredient), Glycerin, Mineral oil, BHA တို့ ပါဝင်တယ်။ Tea tree ပါလို့ body acne ထွက်တဲ့သူတွေအတွက် benefits ရှိပါတယ်။ Body soap မလို့ Fragrance, Colorants ပါပါတယ်နော်။
Nyi အမြင်ကို ပြောရရင်တော့ ကြော်ငြာတွေမှာကိုက အသားခြောက်တယ်ပြောကြတော့ သုံးတဲ့အခါ အသားသိပ်ခြောက်သွားမလားလို့ စိုးရိမ်စိတ်ရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်တွေဗမာပြည်က ငယ်ငယ်ထဲက ကာဗော်လစ်ခဲနဲ့ ဖက်ပြီးကြီးပြင်းလာလို့လားမသိ၊ အရမ်းကြီးထူးထွေပြီး ခြောက်သလို မခံစားရဘူး (just my experience) တရက်တကြိမ် ညပိုင်းပဲသုံးတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ Lotion လိမ်းပေမယ့် အပျင်းတစ်တာနဲ့ ညတိုင်းတော့ နပ်မမှန်ပါဘူး (ကိုယ်လိုတော့မလုပ်ပါနဲ့)။ အသားဖြူလားလို့မေးရင် အဲ့လောက်လဲမဟုတ်ပါဘူးကွာဆိုပြီး လက်မခံချင်ပေမယ့် တကယ်ဖြူတယ်နော်။ တရက်တကြိမ်ပုံမှန်သုံးတာ တပတ်လောက်နဲ့ အရမ်းသိသာလာတယ်။ ကျန်တဲ့ skincare steps တွေ ဘာမှပြောင်းလဲခြင်းလဲမရှိဘူး။
အမြုပ်ထွက်အား အရမ်းကောင်းတယ် လိမ္မော်နံ့သင်းသင်းလေး ရတယ်။ အားနည်းချက်က ဆပ်ပြာအခဲက ပျော့ပြဲလွယ်လို့ တွေ့ကရာပစ်ထားလို့မရဘဲ ခွက်နဲ့သေချာသိမ်းဖို့လိုတယ်၊ အခဲနဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ပွတ်တာမျိုးမလုပ်ဘဲ လက်ထဲမှာ အမြုပ်ထွက်အောင် အရင်ပွတ်ပြီး အမြုပ်ကိုသာ body ပေါ်တင်သင့်တယ်။ Body scrub, peeling များနဲ့ လုံးဝတွဲမသုံးရပါ။ လက်ထဲမှာ body sunscreen, moisturizing lotion အနည်းဆုံး 2ဗူးရှိမှ သုံးဖို့သင့်တော်ပါတယ်။ ဒါကတော့ ဆောင်ရန်ရှောင်ရန်လေးတွေပေါ့နော်။ အသားဖြူချင်ဇောနဲ့ လွန်ရောကြွံရော သုံးရင်လဲ ပိုမဲနိုင်ပါတယ်။
အသားဖြူတယ်ဆိုတဲ့နေရာမှာလဲ Nyi ရဲ့ personal experience ကိုသာ ပြောတာဖြစ်လို့ 100% အပြည့်တော့ မမျှော်လင့်ထားပါနဲ့ဗျ။
Kojie San soap ကို မသုံးသင့်တဲ့သူတွေက
- အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုကိုယ် အချိန်နဲ့အချိန် lotion လိမ်း, sunscreen လိမ်းဖို့ထိ ဂရုမစိုက်နိုင်တဲ့သူတွေ
- အလုပ်အကိုင် စားဝတ်နေရေးအရ နေပူထဲမှာ အလုပ်လုပ်ရတယ် အပြင်အမြဲသွားလာနေရတယ် ဆိုတဲ့သူတွေ
- ကိုယ့်ဘာသာကိုယ် သုံးချင်သလို သုံးမယ်၊ scrub နဲ့လဲ တွဲသုံးမှာပဲ မနက်ခင်းလဲ ဆပ်ပြာတိုက်မှာပဲ ဆိုတဲ့သူတွေ
တန်ဆေးလွန်ဘေးရှိသလို ဆောင်ရန်ရှောင်ရန် မလိုက်နာနိုင်ရင် ပိုဆိုးတတ်တာမလို့ Nyi ကတော့ Kojie San soap နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာကို ရေးပေးလိုက်ရပါတယ်။
Nyi ကတော့ တွေးမိတာက အသားဖြူဖို့ Gluta သောက်ရင် တလတလမနည်းမနောကုန်ကျအုံးမှာ၊ ကျောက်ကပ် အသည်းကျန်းမာရေးလဲ ထိခိုက်အုံးမှာ။ ဒီဆပ်ပြာနဲ့က တလအလွန်ဆုံးကုန်မှ 3သောင်းပေါ့၊ moisturizing lotion, soap, body sunscreen ဒီ 3မျိုးရှိရုံနဲ့ ကြိုးစားနိုင်ပြီလေနော်။ အရေးကြီးဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် ချစ်တတ် ဂရုစိုက်တတ်တဲ့ စိတ်လေးတော့ မွေးမြူရမှာပေါ့။ Beauty Is Pain လို့ ပြောကြတဲ့အတိုင်း အလကားနေရင်းနဲ့တော့ လှလာမှာမဟုတ်ဘူးလေ ကြိုးစားအားထုတ်မှုလေးတော့ အနည်းငယ်လိုအပ်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါရစေ။
Kojie San soap က အတုအရမ်းထွက်လို့ စိတ်ချရတဲ့ဆီက မှာပါနော်။
Disclaimer : Not sponsored.
#kojiesan #kojiesanskinlighteningsoap
#reviewbynyi #nyipick #nyipickbodycare
#crd

image
27 w - Translate

IBE International Education Fair 2025 ကျင်းပသွားမည်”
********************
(ပြည်တွင်း) မတ်လ ၁၁
ပြည်တွင်း/ပြည်ပ နိုင်ငံတကာပညာရေး အခွင့်အလမ်းများအတွက် IBE Education Fair Intel-Bridge Education ကနေ ပြည်တွင်းမှာ ကျောင်းတက်ချင် သူများနဲ့ ပြည်ပကို ပညာတော်သင်သွားချင်တဲ့သူများအတွက်ပါ အဆင်ပြေအကျိုးရှိစေမယ့် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာပညာရေးပြပွဲကြီး “IBE International Education Fair 2025” ကို မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ Sedona Hotel (Grand Ballroom) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါပြပွဲမှာ ဥရောပနိုင်ငံများမှ ကျောင်းများနှင့် အရှေ့တောင်အာရှနိုင်ငံတွေ China, Korea, Malaysia, Singapore နဲ့ Thailand တို့မှ ကျောင်းများပါ ပါဝင်သွားမှာဖြစ်ပြီး နိုင်ငံအသီသီးက ကျောင်းတွေရဲ့ Representative တွေ လေ့လာနိုင်မှာ ဖြစ်တဲ့အပြင် သိလိုတာများကို တိုက်ရိုက်မေးမြန်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်ပြည်တွင်းနာမည်ကြီး နိုင်ငံတကာကျောင်းတွေရဲ့ Representative တွေကိုလည်း သိရှိနိုင်မှာဖြစ်တဲ့အတွက် ပြည်တွင်းမှာပဲ ကျောင်းတက်ဖို့ စဉ်းစားထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ရွေးချယ်စရာ နိုင်ငံတကာ ပညာရေးလမ်းကြောင်းတွေ၊ ပညာရေးအခွင့်အလမ်းတွေကို တိုက်ရိုက်ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

image
27 w - Translate

Rent A Girlfriend ဖန်တီးရှင်ရဲ့ အခြား manga တစ်ခုဖြစ်တဲ့ "The Shiunji Family Children" ရဲ့ Anime နောက်လ 8 ရက်နေ့မှာထွက်ရှိမည်။

image
27 w - Translate

၅ နှစ်ကြာပြီးတဲ့နောက်မှ မွေးရပ်မြေနေအိမ်လေးဆီသို့ ပြန်ရောက်ခဲ့တဲ့ အဆိုတော်ယောကီး 👍
Myanmar Idol ရဲ့အဆိုရှင်တွေထဲက တေးသံရှင် ယောကီးဟာ အမှတ်တရပေါင်းများစွာရှိခဲ့တဲ့ သူ့ရဲ့ အိမ်လေးသို့ ပြန်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ မိသားစုစုံစုံလင်လင် နေခဲ့တဲ့ အိမ်လေးမှာ အမှတ်တရပေါင်းများစွာကို တွေးရင်းနဲ့ပဲ တိတ်တိတ်လေးငိုကြွေးခဲ့ရတယ်လို့ဆိုပါတယ်။ ယောကီးက ၂၀၂၁ နောက်ပိုင်း ပြည်သူတွေနဲ့တစ်သားတည်း တက်ကြွစွာရပ်တည်ပါဝင်နေဆဲဖြစ်တဲ့ ချင်းတိုင်းရင်းသား အဆိုတော်ပါ။ Myanmar Idol Season-4 မှာလည်း Top 5 အထိတက်လှမ်းနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

image
27 w - Translate

#tattooideas

image
27 w - Translate

#tattooideas

image