တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ  
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်... 
 
တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ 
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ... 
 
တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ  
ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော... 
 
တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင် 
သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး... 
 
အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို 
ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး... 
 
အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို 
ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး... 
 
ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ... 
 
အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ 
သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း  
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်...  
 
#crd_to_owner_with_respect
 
         
 
		  
		 
		 
		 
                