#သုံးထပ်သားပြုတ်ကြော် အိအိလေးချက်စားရအောင်
===================================
ကိုယ့်လက်ရာ
တအိမ်လုံးအကြိုက်မို့ခနခနလုပ်ကျွေးဖြစ်တဲ့
သုံးထပ်သားပြုပ်ကြော်အိအိလေး
ချဉ်ငံစပ်လေးနဲ့တို့စားရအောင်နော့

သုံးထပ်သားအရွယ်တော်ဖြတ်ပြီးရေဆေးစစ်ထားပါ
အသင့်တည်ထားတဲ့ရေနွေးထဲကို
ရှမ်းနံနံကိုအမြစ်ရောပါရေဆေးပြီးဓားပြားရိုက်ထဲ့
ဂျင်းနဲနဲနဲ့ကြက်သွန်ဖြူ၅မွှာလဲရိုက်ပြားထဲ့ပါ
အရသာထည့်ပြီးဆေးထားတဲ့အသားပါရောထဲ့ပါ
အသားနူးရင်တော့ဆယ်ပြီးပြုပ်ရေသီးသန့်ယူထားပါ
မကပ်အိုးထဲကိုဆယ်ထားတဲ့အသားနဲ့ပြုပ်ရေနဲနဲလေးထဲ့
ငြုပ်ကောင်းနဲ့ခြောက်ကောနဲနဲစီထဲ့
abc ကြာညို့လေးထည့်ပြီးအရောင်ညီအကျက်ညီအောင်လှည့်ပေးပါ
ကိုယ်ကတော့ခရုဆီလေးလဲနဲနဲထဲ့လိုက်သေးတယ်နော်
ရေခမ်းသွားပြီးစိတ်ကြိုက်အရောင်လဲရပြီဆိုရင်တော့ဆယ်ထားပြီး
လိုသလိုပုံစံဖြတ်စိတ်ကြိုက်သုံးဆောင်နိုင်ဘီပေါ့
ပိုပြီးစိုစိုလေးဖြစ်အောင်
ခုနကသီးသန့်ဖယ်ထားတဲ့ပြုပ်ရေလေးကိုယူပွက်အောင်တည်
ကော်မုန့်နဲနဲရေဖျော်ထဲ့အရောင်လေးရအောင်မြင်းပျံကြာညို့လေးနဲနဲထည့်ပြီး
ကြိုလိုက်တော့ကော်ရည်မပျစ်မကျဲလေးရဘီပေါ့သူကအရသာထဲ့ပြီးသားမို့
ထပ်ထဲ့စရာမလိုဘူးနော်
ပြီးရင်ကိုယ်ဖြတ်ထားတဲ့အသားတွေပေါ်လောင်းလိုက်ရုံပါ
ချဉ်ငံစပ်ကတော့ကြက်သွန်ဖြူညက်ညက်ထောင်းထဲရေနွေးပွက်ဆူအရင်ထဲ့မွှေထားငံပြာရေဟင်းခပ်မှုန့်ထဲ့သံပုရာသီးညစ်ထဲ့
အရသာစိတ်ကြိုက်ရရင်တော့
နံနံပင်ဖြတ်ငြုပ်သီးဖြတ်ထားတာတွေရောထဲ့လိုက်ရင်ပြည့်စုံဘီလေ...နော့
ချက်ဟင်းမစားချင်တဲ့နေ့ဆိုအဲ့လိုလေးလဲအဆင်ပြေပါတယ်လို့

image

#မဆလာဝက်အာလူး

***... မဆလာ ဝက်အာလူး ချက်ရန် လိုအပ်တာလေးတွေ

1. သုံးထပ်သား (သို့) အဆီ အသား မျှသော ဝက် ၁ ကီလို (၆၅ ကျပ်သား) ခန့်
2. ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
3. chicken powder လက်ဖက်ရည်ဇွန်း ၂ ဇွန်း
4. ဆီ 3/4 cup (180 ml)
5. ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ 3 cups (750 ml) ခန့်
6. ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသာ ကြက်သွန်ဖြူ ထမင်းစားဇွန်း ၁ ဇွန်းခန့်
7. ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသော ဂျင်း ထမင်းစားဇွန်း တစ်ဝက်ခန့်
8. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
9. အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
10. ရေဆေး အခွံခွါပြီးနောက် အသားနူးချိန် အရမ်းမပျော်သွားစေရန် အတုံး ကြီးကြီးလှီးထားသော အာလူး 2 cups (500 ml) ခန့်
11. မဆလာ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
12. ရေနွေး 3 cups (750 ml) ခန့်
13. ပျဉ်းတော်သိမ်ရွက် (curry leave) ၁၅ ရွက်ခန့်

ဝက်သားကို ဆား၊ chicken powder တို့ဖြင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။

ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းကို high heat ဖြင့် ဆီသတ် (မွှေကြော်) ပေးပါ။

ကြက်သွန်များ ရွှေဝါညိုနုရောင်ပြောင်းလျှင် medium heat သို့လျှော့ပြီး နနွင်းမှုန့် နှင့် အရောင်တင်မှုန့်ထည့်ကာ ၃-၄ ချက်မွှေကြော်ပေးပါ။

ပြီးနောက် အားလူးထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

နှပ်ထားသော ဝက်သားနှင့် မဆလာထည့်ကာ အသားထဲမှ အရည်များကုန်အောင် မွှေကြော်ပေးပါ။

ရေနွေး ၃ ပုံ ၂ ပုံခန့် ထည့်ကာ အိုးအဖုံး ဖုံး၍ medium heat ဖြင့် ၂၅ မိနစ်ခန့် တည်ပါ။ (ထိုအချိန်အတောအတွင်း အိုးမကပ်စေရန် အပေါ်အောက်လှန်ပြီးမွှေပေးပါ။)

အသား နှင့် အာလူး မနူးသေးပါက ကျန်သည့် ရေနွေး ထပ်ထည့်၍ ဆက်ပြီးတည်ထားပါ။

အသား နှင့် အရည်အနေအထား မိမိစိတ်ကြိုက်ဖြစ်လျှင် ပျဉ်းတော်သိမ်ရွက်ထည့်ကာ ၃-၄ ချက်ခန့်မွှေပြီးနောက် မွှေးကြိုင် နူးအိစားကောင်းလှသော မဆလာ ဝက်အာလူးလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

image

#ဝက်သားပဲငပိချက်

***... ဝက်သား ပဲငပိချက် အတွက် လိုအပ်တာလေးတွေ

1. ဝက်သုံးထပ်သား ၁ ကီလို (၆၅ ကျပ်သား)
2. အတုံးကြီးကြီးလှီးထားသော ကြက်သွန်နီ 1 cup (250 ml) ခန့်
3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး ၁၀ တက်
4. Brown sugar ထမင်းစားဇွန်း ၁ ဇွန်း (1 tbsp)
5. ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( 1 tsp)
6. Chicken powder လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( 1 tsp)
7. ပဲငံပြာရည်အပျစ် (dark soy sauce) 1/4 cup (60 ml)
8. ဆီ 1/4 cup (60 ml)
9. Broad beans paste(ပဲငပိ) ထမင်းစားဇွန်း ၅ ဇွန်း (5 tbsp)

ပဲငပိမှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို နယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားပါ။ (ပဲငပိတွင် အရသာပါပြီးသားဖြစ်၍ ဆား နှင့် chicken powder ကို လိုအပ်မှ ပိုထည့်ပေးပါ။)

ပြီးလျှင် ကြက်သွန်များနွမ်းပြီး၊ အသားထဲမှ အရည်များခြောက်သွားအောင် High Heat ဖြင့် မွှေကြော် (လုံး) ပေးပါ။

အရည်များခြောက်သွားလျှင် ရေနွေး 750 ml ခန့် ထည့်ကာ အဖုံး ဖုံးပြီး medium heat ဖြင့် တည်ထားပါ။

အရည်အတော်လေးခမ်းကာ အသားနူးခါနီးလျှင် ပဲငပိ ကို ထည့်၍ အဖုံး ထပ်ဖုံးပြီး low heat ဖြင့် တည်ထားပါ။

အသားများနူးအိကာ ဆီပြန်လာလျှင် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

image

ဝက်သားကိုမှ မအီအောင်ချက်ချင်တယ်ဆို
မျှစ်ချဉ်သာရောလိုက်..
#ဝက်မျှစ်ချဉ်ချဉ်စပ် ok !! ကြက်သား ပုစွန်လည်း
အစားသုံးလို့ရတယ်နော်..

ပါဝင်ပစ္စည်းများ
--------------------
ဝက်သားသုံးထပ်သား
ဝါးပိုးမျှစ်ချဉ်နုနု
ဆနွင်း
ဆီ
ငရုတ်သီးစိမ်း
သကြား
အစိမ်းမှုန့် သို့အရောင်တင်မှုန့်
အသားမှုန့်
ငံပြာရည်
ဆား
ကြက်သွန်နီ

-ပထမဆုံး ဝက်သားကိုရေဆေးပြီး ဆား နနွင်း အရောင်တင်မှုန် အသားမှုန့် သကြား နဲ့ နှပ်ထားမယ်
-မျှစ်ချဉ်ကိုရေတစ်ထပ်ဆေး နောက်တစ်ရေကျရင်အချဉ်ရေကိုသွန်မပစ်နဲ့ သိမ်းထားခန 😁 မျှစ်ချဉ်ဖတ်ကိုရေစစ်ထားပါ
,-ဆီပူပူမှာ ဝက်သားနဲ့ငရုတ်သီးစိမ်းရယ်ကြက်သွန်နီရယ်ထောင်းပီးသားကို ရောပြီးဆီသတ်မယ် ok
-ရေစစ်ထားတဲ့မျှစ်ချဥိကို ထည့်လုံးမယ်
-မွှေးနံ့ရရင် အရသာထည့်မယ် ခုနကဖယ်ခါးတဲ့မျှစ်ချဉ်ရေပြန်ထည့်မယ်..
-ပွက်ပွက်ဆူလာရင် အညာငရုတ်သီးထောင်းနဲ့သာပေါင်းလွေးလိုက် 😁
အရသာပြည့်စုံတဲ့ထမင်းဝိုင်းဖြစိပြီပေါ့ 😋😋

image

Donald Trump ကိုဆန္ဒပြကြတဲ့အထဲမှာ Hollywood သရုပ်ဆောင်အချို့လည်း ပါဝင်တယ်။ ပုံထဲမှာ Mark Ruffalo တို့လို စတားတွေကိုမြင်ရမှာပါ။ Hulk ကြီးပါလာပြီဆိုတော့။ 😁

image

Donald Trump ကိုဆန္ဒပြကြတဲ့အထဲမှာ Hollywood သရုပ်ဆောင်အချို့လည်း ပါဝင်တယ်။ ပုံထဲမှာ Mark Ruffalo တို့လို စတားတွေကိုမြင်ရမှာပါ။ Hulk ကြီးပါလာပြီဆိုတော့။ 😁

image

Donald Trump ကိုဆန္ဒပြကြတဲ့အထဲမှာ Hollywood သရုပ်ဆောင်အချို့လည်း ပါဝင်တယ်။ ပုံထဲမှာ Mark Ruffalo တို့လို စတားတွေကိုမြင်ရမှာပါ။ Hulk ကြီးပါလာပြီဆိုတော့။ 😁

imageimage

ပိတ်ရက်မှာ ချစ်ရတဲ့ သူတွေနဲ့အတူတူ စားဖို့ #ငါးသံပုရာပေါင်း လုပ်နည်းလေးပါ Save😋😋

ငါးသံပုရာပေါင်း ကို အမျိုးမျိုးလုပ်စားတဲ့နည်းထဲကမှ ဒါကနည်းတမျိုးပါ ။

လုပ်နည်းကတော့ လွယ်ကူပါတယ် လုပ်စားကြည့်နော် ။

အခြားနည်းတွေနဲ့လဲ အရမ်းတော့ သိပ်မကွာပါဘူးည။ ဒါပေမယ့် ပိုလွယ်လို့.. လုပ်စားကြည့်နော်။

ပါ၀င်သောပစ္စည်းများ

၁။ ကကတစ်ငါး (သို့) စလားဗီးယားငါး ၁ ကောင်

၂။ ကြက်သွန်ဖြူ ၃ မွှာ

၃။ ငရုတ်သီးစိမ်း ၃ တောင့်

၄။ ကြက်သွန်မြိတ် ၂ ပင်

၅။ နံနံပင် ၅ ပင်

၆။ ဂျင်း လက်တဆစ်

၇။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ

၈။ သကြား (သို့) အချိုမှုန့်-
လက်ဖက်ရည်ဇွန်း တ ၀ကျ

၉။ ကြက်သားမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း

၁၀။ သံပုရာသီး ၁ ခြမ်း

၁၁။ ရေ ၁ ခွက်

( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် = ထမင်းစားဇွန်း16ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ငါးကို သန့်စင်ထားပါ ။ ဂျင်းကို ထောင်းထားပါ ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ

ငရုတ်သီးကို အသေးလေးတွေလှီးထားပါ

ကြက်သွန်မြိတ်နှင့် နံနံပင်ကို နှုတ်နှုတ်ဆင်းထားပါ ။

၂။ သန့်စင်ထားသော ငါးပေါ်ကို ထောင်းထားသော ဂျင်းမှအ၇ည်များညှစ်ချပါ ။ ပြီးလျှင် မိနစ် ၂၀ ခန့်ပေါင်းပါ ။

ပေါင်းပြီး ငါးမှထွက်လာသော အ၇ည်များကို သွန်ပစ်ပါ ။
(အညှီနံ့များပါသွားပါလိမ့်မည်။)

၃။ ပေါင်းထားသော ငါးပေါ်ကို ကြက်သွန်မြိတ်နှင့် နံနံပင်များ အုပ်ထားပါ ။

၄။ ဒယ်အိုးတစ်ခုထဲတွင် ရေထည့် ၊ သကြား(သို့) အချိုမှုန့် ပဲငံပြာရည် တို့ကို ထည့်၍ ဆူလာအောင်တည်ပါ။

ဆူလာလျှင် ကြက်သွန်ဖြူ နှင့် ငရုတ်သီးကို ထည့်ပြီ ငရုတ်သီး အနံ့မွှေးလာသည်အထိတည်ပါ ။

ငရုတ်သီး အနံ့မွှေးလာလျှင် မီးဖိုကို ပိတ်ရ်ျ သံပုရာရည်ကို ညှစ်ထည့်ပါ ။ (ချဉ်မချဉ်ကြည့်ပြီး သံပုရာရည်လိုသလောက်ထပ်ထည့်ပါ။)

၅။ ပြုလုပ်ထားသော အ၇ည်ကို ပေါင်းထားသော ငါးပေါ်ကို ဆမ်းပါ ။

၆။ အရသာရှိရှိ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီ ။

image

My Liberation Notes မှ ကြိုက်မိတဲ့အခိုက်အတန့်များ

My Liberation Notes မှာ အဆုံးသတ်ပိုင်းကို သဘောမတွေ့မိတာကလွဲရင် နှစ်ခြိုက်မိတာ တော်တော်များတယ်။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး သဘောအကျဆုံးလို့ ပြောရမယ့် အရာနှစ်ခုရှိသေးတယ်။

ဒီသဘောအကျဆုံး အရာနှစ်ခုမှာ ပထမတစ်ခုက ဒီရုပ်ရှင်မှာ သုံးသွားတဲ့ အရောင်တွေနဲ့ ဒုတိယ တစ်ခုက ဇာတ်ရှိန်အမြင့်ဆုံး အလှည့်အပြောင်းတွေများတဲ့ Episode 13 ပါ။

အက်ရှင်ကားဆိုရင် ဝါကျင့်ကျင့်အရောင်၊ မှုခင်းကားဆို ခပ်မှိုင်းမှိုင်း အနေအထားနဲ့ ပြီးတော့ Horror/Thriller ဆို မည်းမှောင်မှုကို ယူထားတဲ့ အရောင်တွေ (DC ကလွဲပြီး) စသည်ဖြင့် ရုပ်ရှင်ကားတစ်ကားမှာဆို အလင်းအမှောင်နဲ့ အရောင်အသုံးပြုတာတွေက အရေးအပါဆုံး အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

My Liberation Notes မှာဆိုရင် တစ်ခန်းဆိုတစ်ခန်း ကြည့်ရတာ လေးနက်မှုအပြည့်ပါတယ်။ ဇာတ်ကောင်တွေ ပြောတဲ့စကားတွေတင်သာမကပဲ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အတက်အကျ၊ ပြီးတော့ သူတို့ရဲ့ အထီးကျန်မှု၊ စိတ်ကျဥ်းကျပ်ရမှု၊ ပြီးတော့ ဘာကိုရှာလို့ရှာနေမိမှန်း မသိတဲ့အခိုက်အတန့်တွေမှာဆိုရင် သုံးသွားတဲ့ နောက်ခံအနေအထား၊ လင်းတစ်ခါ မှောင်တစ်လှည့်၊ အနီ၊ အဝါ၊ အစိမ်း စတဲ့ အရောင်သုံးစွဲမှုတွေ၊ ပြီးတော့ နီယွန်မီးတွေအောက်မှာ ပင်ပန်းမှုတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်စီလွယ်ပြီး သွားလာလှုပ်ရှားနေရတဲ့ သူတွေကို ပညာသားပါပါ ရိုက်ကူးနိုင်မှုက ဒီဇာတ်ကားကို ကြည့်နေတဲ့သူတွေကို သူတို့ထဲကတစ်ယောက် ဖြစ်ပါတယ်လို့ ပြောနေသလိုပါပဲ။

ပြီးတော့ လူအများစုက 13 ဂဏန်းက နိမိတ်မကောင်းဘူးလို့ ယူဆကြတဲ့ အကြောင်းကို သိကြမှာပါ။ My Liberation Notes မှာဆိုရင်လည်း ​ဒီ Series ရဲ့ စိတ်အထိခိုက်ရဆုံး အကြောင်းအရာတွေကို 13 ပိုင်းမြောက်မှာ ထည့်သွင်းခဲ့တဲ့အပြင် နိမိတ်တွေ၊ အရောင်ရွေးချယ်မှုတွေနဲ့ ပညာသားအပါဆုံး အပိုင်းတစ်ပိုင်းဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်လို့ ချီးကျူးရမှာပါ။

Episode 13 မှာဆို အဒေါ်ကြီးက အကြီးဆုံးသမီးရဲ့ ရည်းစား တစ်နည်းအားဖြင့် သမက်လောင်းကို မသိမသာ သွားကြည့်တယ်။ သမက်လောင်းက သူ့သမီးကို ဂရုစိုက်၊ ကြင်နာမှုတွေပြတော့ ဝမ်းသာအားရ ဖြစ်သွားရှာတယ်။ ဒီဇာတ်ဝင်ခန်းမှာဆို အဒေါ်ကြီးရဲ့ ပီတိဖြစ်မှု၊ ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့အနေနဲ့ နေရောင်ခြည်နုနုနဲ့ အလင်းရောင်ကို ထင်းနေအောင် သုံးပြီးတော့ ဖော်ပြသွားတယ်။

ဒီနောက် အဒေါ်ကြီး သူ့အသိတွေဆီသွားတဲ့အချိန်မှာ အငယ်ဆုံးသမီးရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို မထင်မှတ်ပဲသိလိုက်ရတယ်။ ဒီအချိန်မှာ ဒါရိုက်တာက စောနက အလင်းတွေကို ချက်ချင်းဆိုသလို မှိန်ချလိုက်ပြီး လောကကြီးမှာ ဒီအဒေါ်ကြီးတစ်ယောက်ပဲ ရှိနေတယ်ဆိုတဲ့ သဘောတရားတွေ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ စိတ်အားငယ်မှုတွေအပြင် အလင်းမှိန်မှိန် အမှောင်များများ၊ စတာတွေကို တစ်ဆက်တည်း ချပြသွားတယ်။

နဂိုကတည်းက သားသမီးတွေနဲ့ ပတ်သက်ရင် စိတ်မချမ်းသာရတဲ့ မိခင်ဟာ ဒီတစ်ခါမှာတော့ ရှင်သန်ချင်စိတ်ပါ ပျောက်ဆုံးသွားတယ်ထင်ပါရဲ့။ ချစ်ရသူတွေကို ကျောခိုင်းပြီး ထွက်ခွာသွားတယ်။

ဒီဇာတ်ဝင်ခန်းနှစ်ခန်းက အလင်းအမှောင် သဘောသဘာဝကို တစ်ဆက်တည်း ချပြနိုင်တဲ့အပြင်၊ ပရိသတ်တွေကို ဇာတ်ရှိန်အမြင့်ဆုံး အခန်းကိုမှ နှစ်ပိုင်းခွဲပြီး ကြည်နူးမှုနဲ့ ဝမ်းနည်းရမှုကို တစ်ခါတည်း ဖော်ပြသွားခဲ့ပါတယ်။

ရုပ်ရှင်တစ်ကားမှာ ဇာတ်ကောင်တွေက ကြည့်နေတဲ့သူရဲ့ စိတ်အာရုံကို စွဲဆောင်တယ်၊ ဒီရုပ်ရှင်မှာသုံးထားတဲ့ အရောင်တွေ၊ နောက်ခံမြင်ကွင်းတွေက ကြည့်နေတဲ့သူရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားတယ်။

My Liberation Notes ရဲ့ ဒါရိုက်တာက Kim Seok Yoon ဖြစ်ပြီး Screenwriter က Park Hae Young ပါ။

image

9နှစ်ကြာမှ ဘယ်ကနေ ဘယ်လို ဘယ်သူမှမတောင်းဆိုပါဘဲနဲ့ ဝုန်းခနဲထွက်ကြလာတဲ့ ဒီThe Accountant 2 စာရင်းကိုင်ကားကတော့ အချိန်အကြာကြီးယူပြီး ကားကောင်းလေးတကား ထုတ်လိုက်တာမျိုးပဲဗျ
စာရင်းကိုင် တစ်မှာ စာရင်းအင်းတွေတွက်နေတဲ့ ညဏ်ကောင်းတဲ့အော်တဇင်ဘဲ ၊ ကမ္ဘာတဝန်းက အန္တရယ်များတဲ့သူဌေးတွေအတွက်စာရင်းကိုင် ၊ သင်ချာလဲတွက်တတ်သလို လက်နက်နဲ့ သိုင်းလဲတတ်တယ့်ဘဲရဲ့ အကြောင်းကို ကြည့်ရပြီး Financial Crime ဇာတ်လမ်းကို thriller ဆန်ဆန်ကြည့်ခဲ့ရတာမျိုး
အခု ၂မှာက Crime Action ဘက်ကို ပိုရောက်လာပြီး သင်ချာတွေ စာရင်းတွေမတွက်တော့ဘဲ စုံထောက်ဇာတ်လမ်းသွားကြီးဖြစ်သွားပြီး မိသားစု အက်ရှင် ညီကိုအထာ ဖမ်းထားတာ ကြည့်လို့တော့ကောင်းတယ်ဗျ
ညီကိုစိတ်ဓာတ် ၊ အတိတ်ကနာကျင်စရာတွေနဲ့ မိသားစုမူခင်းဇာတ်လမ်းလေး တစ်ခုပဲဗျ
Actingမှာလဲ Ben Affleck ရဲ့ leadကို ညီလေးအဖြစ်ပါလာတဲ့ Jon Bernthalက ကောင်းကောင်းကြီးလိုက်နိုင်တာပဲဗျ
သူ့တို့နှစ်ယောက် အထာတမျိုးစီနဲ့ မိမိုက်နေကြတာ
Chris Hemsworthရဲ့Extraction ကို Jake Gyllenhaalရဲ့ Prisoners နဲ့ ပေါင်းပြီးကြည့်ရသလို vibe
John Wick style action ပုံစံနဲ့လဲတွေ့ရပြီး emotional weightလဲပါနေတာတွေ့ရတယ်
2025တွက် actionကားကောင်းလို့ ယူဆမိပါတယ်

image