35 w - Translate

#ပြည်တွင်းသတင်း
◼သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့သူများအား ထုတ်ပြန်ကြေညာ၊ ထိုအထဲတွင် အသက်(၆) နှစ်အရွယ် ကလေးတစ်ဦးလည်းပါဝင်
သံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူဟုဆိုသူနှင့် Golden Valley Warrior အဖွဲ့ဝင်များအပါအဝင် ဆက်စပ်သူများအားဖမ်းဆီးရမိကြောင်း နစကက ယနေ့(ဇွန် ၆ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်း ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါထုတ်ပြန်ချက်ထဲတွင် အသက်(၆) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်မေလ ၂၂ ရက်တွင် ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ရွှေနှင်းဆီလမ်းနှင့် ဝိဇ္ဇာလမ်းထောင့်နေ ဦးချိုထွန်းအောင်သည် နေအိမ်ရှေ့တွင်မြေးဖြစ်သူနှင့်အတူလမ်းလျှောက်နေစဉ် အမျိုးသားနှစ်ဦးမှသေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ဦးချိုထွန်းအောင်သေဆုံးခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများအားစုံစမ်းဖော်ထုတ်ခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် အသုံးပြုခဲ့သည့် စက်ဘီးကိုသုံးဘီးယာဉ်တစ်စီးပေါ်တွင် တင်ဆောင်သွားသည်ကိုတွေ့ရှိခဲ့ကြောင်း၊ မေလ ၂၃ ရက်တွင် သုံးဘီးယာဉ်မောင်းနှင်သူစန်းထက်အောင်(ခ) ပဲခူးသားအား မြောက်ဥက္ကလာပမြို့နယ်ရှိနေအိမ်တွင် စက်ဘီးနှင့်အတူဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့သည့် ဝင်းသူ(ခ)ကုလားလေးအား မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ဦးချိုထွန်းအောင်အား လုပ်ကြံသတ်ဖြတ်၍ တိမ်းရှောင် နေသည့် အသက်(၂၈) နှစ်အရွယ်ရှိ မျိုးကိုကို(ခ)စိုင်းကိုကို(ခ) ဇင်မင်းထက်(ခ) လင်းလက်ဇော်၊ ၎င်း၏ ဇနီးဖြစ်သူအသက်(၂၄) နှစ်အရွယ်ရှိ ပြုံးပြုံး၊ သမီးဖြစ်သူအသက်(၆) နှစ်အရွယ်ရှိ လင်းလက်ရွှေတို့အား ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းတွင်လည်းကောင်း၊ ၎င်းတို့အား လိုက်ပါပို့ဆောင်ခဲ့သည့် ယာဉ်မောင်းအောင်ဆန်းဟိန်းနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသူညီညီလှိုင်တို့အား မွန်ပြည်နယ်၊ မုဒုံမြို့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း နစက ကထုတ်ပြန်သည်။
မျိုးကိုကို(ခ)စိုင်းကိုကိုသည် ဦးချိုထွန်းအောင်အား လုပ်ကြံသတ်ဖြတ်စဉ် သေနတ်ကျည်ပေါက်ထွက်၍ ဘယ်ဘက်ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာကို သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ မြင်တော်သာလမ်း၊ အမှတ်(၅၂၄)ရှိ "လင်း" အထူးကုဆေးရုံ၌လျှို့ဝှက်စွာဆေးကုသခဲ့သောကြောင့် ဆေးကုသပေးခဲ့သူ DCS ဆရာဝန်ဇော်ကိုကိုနှင့် DCS ဆရာဝန်များဖြင့် စုစည်းဖွင့်လှစ်ထားသည့် "လင်း"အထူးကုဆေးရုံပိုင်ရှင် ဒေါက်တာရဲလင်းစိုးတို့ကို ဆက်လက်ဖမ်းဆီးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသား ၁၃ ဦး၊ အမျိုးသမီးသုံးဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့်သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့သည်ဟုဆိုကာ ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လတွင် Golden Valley Warrior အဖွဲ့အား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ NUG မှ ဦးရည်မွန်၏ စီစဉ်ထောက်ပံ့ပေးမှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိထားသူများကို ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Golden Valley Warrior ဟုအမည်ရသည်အဖွဲ့က ဗိုလ်ချုပ်ချိုထွန်းအောင်ကိုလုပ်ကြံသတ်ဖြတ်ခဲ့သည့် မေလ ၂၂ ရက်ညပိုင်းတွင် ရဲဘော်များလုံခြုံပြီဟု ဆိုသည့်ထုတ်ပြန်ချက်ကို ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင်ကြေညာခဲ့သေးသည်။
သတင်း - အင်ကြင်း

image

ဆရာကြီးပဲ

ဝုမှန်တယ်။

ငါးငပိချက် ချက်နည်း
ငါးကြင်း(ကိုယ်အဆင်ပြေတဲ့ငါးသုံးလို့ရပါတယ်)
အလယ်သားလက်တဝါးစာလောက်ကို
စပလင်ငံပြာရည်လေးနဲ့ပြုတ်ပြီးအရိုးနွင်ထားပါ
ငရုပ်သီးစိမ်းကိုယ်အစပ်စားနိုင်သလောက်ထောင်းပါကြက်သွန်ဖြူနီတဥစီလောက်ထည့်ထောင်းပါ
ငပိရည်ကျိုပြီးအရိုးတွေစစ်ထုပ်ထားပါ
ဒယ်အိုးထဲဆီအနည်းငယ်ထည့်ပြီးနနွင်းလေးထည့်ပါပြီးရင်ထောင်းထားတဲ့ငရုပ်သီးကြက်သွန်တွေထည့်ဆီသတ်ပါ
ဆီသတ်တာစိမ်းနံပျောက်ပြီးမွှေးလာရင်အရိုးနွင်ထားတဲ့ငါးအသားလေးတွေထည့်လုံးပါ
ငါးအနံ့လေးမွှေးလာရင်ငပိဇွန်းကြီးနဲ့တဇွန်းစာလောက်ထည့်ပါကိုယ်လိုချင်တဲ့ရေအပျစ်အကျဲကိုကြည့်ပြီးရေကိုလည်းထည့်ပါ
ငပိများများနဲ့စားချင်ရင်ရေကိုလျော့ထည့်ပြီးငပိရည်များများထည့်ပါ
ပြီးရင်အရသာမုန့်လေးထည့်ပြီးအရသာအပေါ့အငန်ကိုယ်စိတ်ကြိုက်မြည်းပြီးနံနံပင်လေးအုပ်ပြီးငါးငပိချက်လေးရပါပြီ

image

ဝက်ပင်စိမ်း ဝက်ကဖောင်းချက်နည်း
လွယ်လွယ်နဲ့မြန်မြန်ချက်နည်းလေးပါ
ဝက်သား300g(နှစ်ဆယ်သားနီးပါး)
ငရုပ်သီအနီ ရှစ်တောင့်(ကိုယ်အစပ်စားနိုင်သလောက်)
ကြက်သွန်ဖြူတလုံး
ကြက်သားမုန့်လက်ဖက်ရည်ဇွန်းတဇွန်းမရှိတရှိ
ခရုဆီထမင်းစားဇွန်းနှစ်ဇွန်း
ပဲငံပြာရည်အကြည်နှစ်ဇွန်း
ပဲငံပြာရည်အနောက်ဇွန်းတဝက်
ပင်စိမ်းသို့မဟုတ်ကဖောင်းရွက်တို့လိုအပ်ပါတယ်
ဒယ်အိုးထဲမှာဆီပူအောင်တည်ပြီးကြက်သွန်ဖြူ
ငရုပ်သီးထောင်းထာတာကိုဆီသတ်ပါမယ်
ဆီသတ်နံလေးမွှေးလာရင်ဝက်သားတောက်တောက်စင်းထားတာကိုထည့်ပါ
ကြက်သားမုန့် ပဲငံပြာရည်ခရုဆီတို့ကိုထည့်ပါ ရေထမင်းစားဇွန်းနဲ့နှစ်ဇွန်းလောက်ထည့်ပါ
ရေခမ်းပြီးဆီပြန်လာရင်ပင်စိမ်းရွက်သို့မဟုတ်ကဖောင်းရွက်ကိုထည့်မွေပြီးတာနဲ့ ဝက်သားကဖောင်း
လေးရပါပြီရှင်
ဝက်သားနေရာမှာကြက်သား ပုဇွန် ရေဘဝဲအကုန်သုံးလို့ရပါတယ်ရှင်
Kay Khaing Oo

image

နောက်ဆုံးတစ်ယောက်က အသက်

#အာပူလျှာပူရခိုင်မုန့်တီသုပ်အနှစ် အလွယ်လုပ်နည်း
ချက်ရတာလည်းလွယ်ပြီးအရမ်းကြိုက်လို့ထမင်းမစားချင်တဲ့နေ့ဆိုခဏခဏလုပ်စားဖြစ်တယ်။
လုပ်နည်းကတော့.......
ကိုယ်ကြိုက်တဲ့ငါး လက်တဝါးစာလောက်တပိုင်းကို ရေဆေးသန့်စင်ပြီး နနွင်းမှုန့်၊ ငံပြာရည်အသင့်သင့်၊ စပလင်နဲ့ ရေနည်းနည်းလေးထည့်ပြီး ဆယ်မိနစ်လောက်ပြုတ်ပြီး အသားနွင်ထားပါ။
ငရုပ်သီးစိမ်းကို ကိုယ်အစပ်စားနိုင်သလောက်နဲ့ ကြက်သွန်ဖြူ၊ ငရုပ်ကောင်းတို့ကို ထောင်းထားပါ။
ပြီးရင် စောစောကငါးပြုတ်လို့ကျန်နေ့တဲ့အရည်ထဲကို ရေကိုကိုယ်လိုချင်သလောက်အပျစ်အကျဲ ကြည့်ပြီး ချိန်ထည့်ပါ။
ကိုယ့်ရဲ့ငါးအပေါ်မူတည်ပြီးထည့်ပါ။
ငါးပြုတ်ရည်ထဲကို နွင်ထားတဲ့ငါးအသားတွေထည့် ထောင်းထားတာတွေနဲ့ စိမ်းစားငပိထည့်ပါ။
အရသာအတွက် ဆား၊ ကြက်သားမှုန့် ကိုယ်အဆင်ပြေတာထည့်ပြီးတည်ပါ။
ငရုပ်သီးလည်းကျက် ကိုယ်လိုချင်တဲ့
ရေအပျစ်အကျဲရရင်
အရသာအပေါ့အငန် ကိုယ်လိုချင်သလောက် စိတ်ကြိုက်မြည်းပြီးရင် ရပါပြီရှင့်။
ပြီးရင်မန်ကျည်းမှည့်ရည်လေးဖျော်
ကြက်သွန်နီနဲ့ နံနံပင်လေး ပါးပါလှီး
ဆီချက်လေးချက်ပြီး စားလို့ရပါပြီးရှင့်
ငါးဖယ်ကြော်လေးပါထည့်သုပ်ရင်တော့ အလွန်ကိုစားကောင်းတဲ့ ရခိုင်မုန့်တီသုပ်လေးပါရှင့်.....။ 😋
Credit - Kay Khaing Oo

image

Funny fall videos

စိတ်ဓာတ်ကျလို မဖြစ်ဘူး

စိတ်ဓာတ်ကျရင် ရည်းစားရတတ်လွန်းလို

စိတ်ညစ်နေချိန် လာဖေးမရင် တကယ်ချစ်တယ်

ကြင်နာတယ် ထင်ပြီး ရည်းစားရသွားတတ်တဲ့

type ဆိုတာ ကိုယ့်ဘာကိုယ် သိလို

စိတ်ဓာတ်ကို ပေးကို မကျရဲဘူး ... 🥹

image

အပင်မြင့်လေ လေတိုက်လေ*
သူတိုအပင် :

image