Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
◾️National Sales Manager - Yangon
Company: Delous
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24162
◾️Cashier - Yangon
Company: Seafood City Hot Pot
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/24161
◾️လက်ထောက်စာရင်းကိုင်/ စာရင်းအကူ - Mandalay
Company: Shwe Tatar Gold & Jewellery Group
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24160
◾️Senior Marketing Staff - Yangon
Company: Rain Flower Myanmar
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24159
◾️Salesforce Platform Developer Training Program - Yangon
Company: Coding Studio Myanmar
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24158
◾️Dress Room Staff - Yangon
Company: Love Diary Wedding Professional
Salary Range: MMK 200,000 - 300,000
https://joimyanmar.com/job/detail/24062
◾️Junior Service & Technician - Yangon
Company: Win Motor Myanmar (Car Showroom)
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24157
◾️GP/ Geography Teacher - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24156
◾️Crew - Yangon (Ahlon)
Love Diary Wedding Professional
https://www.joimyanmar.com/job/detail/24060
◾️Dress Room Staff - Yangon (Ahlon)
Love Diary Wedding Professional
https://www.joimyanmar.com/job/detail/24062
◾️Page Admin - Yangon (New Dagon North)
Nutrihana Diet Food
https://www.joimyanmar.com/job/detail/24089
◾️ELT Assistant Instructor - Yangon (Hlaing)
GETC English Language School
https://www.joimyanmar.com/job/detail/24078
◾️Sales Staff - Yangon (Pabedan)
EYE CARE CENTRE
https://www.joimyanmar.com/job/detail/23555
◾️Cash Collector - Yangon (Tamwe)
San Lwin Trading Co.,Ltd
https://www.joimyanmar.com/job/detail/23977
◾️Sales Representative - Yangon (Tamwe)
San Lwin Trading Co
https://www.joimyanmar.com/job/detail/23976
◾️Social Media Talent - Yangon (Ahlon)
Love Diary Wedding Professional
https://www.joimyanmar.com/job/detail/24061
#စက်သုံးဆီဈေးနှုန်း
ဒီတပတ် စက်သုံးဆီ ဈေးကွက်အတွင်းမှာတော့ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရေနံစိမ်းကလည်း တစည်ကို ၆၇ ဒသမ ၈၂ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
“အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေးက အီရန်ကို တိုက်ခိုက်လိုက်တဲ့အတွက် တကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားလာနေတယ်။ ဒီရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့ရွှေနဲ့ ရေနံစျေးတွေ အတက်ဘက်ကို ဦးတည်နေတာ။ အစ္စရေး - အီရန် ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းက ရေနံတင်ပို့မှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဇွန် ၁၃ ရက် (သောကြာနေ့) မှာ ရေနံစိမ်းဈေးက ၇ ရာခိုင်နှုန်းကျော် ခုန်တက်ပြီး ဈေးပိတ်သွားတယ်။ ဒါကြောင့် ပြည်တွင်းက စက်သုံးဆီ ဈေးနှုန်းတွေလည်း အတက်ဘက်ကို ပြန်ရောက်လာတာ။ နောက်တပတ်မှာလည်း အတက်ဘက်ကို ဆက်သွားနိုင်ခြေ ရှိနေတယ်” လို့ ဈေးကွက်ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဒီတပတ်အတွက် ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၂၈၅၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၉၁၅ ကျပ်၊ ဒီဇယ် တလီတာ ၂၄၁၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၉၀ ကျပ်ဆိုပြီး ဇွန် ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၈၄၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၃၇၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၅၀ ကျပ်ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၅ ကျပ်၊ ၉၅ တလီတာ ၂၀ ကျပ်၊ ဒီဇယ် တလီတာ ၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၄၀ ကျပ်နဲ့ အသီးသီး ဈေးပြန်တက်လာပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။
#နိုင်ငံခြားငွေလဲဈေးနှုန်း
လက်ရှိ နိုင်ငံခြား ငွေလဲဈေးကွက် အတွင်းမှာတော့ အမေရိကန်ဒေါ်လာအပြင် တခြားသော ငွေလဲ ဈေးနှုန်းတွေလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ လတွေက ၄၄၃၀၊ ၄၄၄၀ ဝန်းကျင်မှာ အတက်အကျ ရှိနေခဲ့တဲ့ ကန်ဒေါ်လာဈေးဟာ ဇွန် ၁၁ ရက်နေ့ကစလို့ ၄၄၅၀ ဝန်းကျင်နဲ့ အတက်ဘက်ကို စတင် ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဇွန် ၁၂ ရက်နေ့ မနက်ပိုင်းမှာ ကန်ဒေါ်လာဈေးဟာ ၄၄၇၀ ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီး အဲဒီနေ့ ညနေပိုင်းမှာတော့ ၄၅၁၀ ဝန်းကျင်ကို ထပ်မံ မြင့်တက်လာတာ တွေ့ရပါတယ်။ အဲဒီနောက်ပိုင်း တောက်လျှောက် မြင့်တက်လာတာမှာ လက်ရှိမှာတော့ တဒေါ်လာ ရောင်းဈေး ၄၅၆၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။
အခုလို ကန်ဒေါ်လာဈေးတွေ မြင့်တက်လာမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇွန် ၁၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အဲဒီ ကြေညာချက်မှာ ဗဟိုဘဏ်မှ ထုတ်ပေးထားတဲ့ တရားဝင် လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးတွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်လျက်ရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ဖို့ အရှိန်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။
လက်ရှိ ငွေကြေးဈေးကွက် အတွင်း တခြားသော ငွေလဲဈေးတချို့လည်း ဈေးနှုန်း မြင့်တက်လျက်ရှိတာမှာ စင်္ကာပူဒေါ်လာ ၃၄၃၅ ဝန်းကျင်၊ တရုတ်ယွမ် ၆၂၆ ဝန်းကျင်၊ ထိုင်းဘတ် ၁၃၉ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၂ ဝန်းကျင်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ လက်ရှိမှာ နိုင်ငံခြား ငွေကြေးဈေးကွက် (FX Trading Platform) ကနေ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းပေးလျက်ရှိတာမှာ ငွေလဲနှုန်း ၅၄၈ ဒသမ ၂၄ ကျပ်နဲ့ တရုတ်ယွမ် လေးသိန်းကို ဇွန် ၉ ရက်နေ့မှာ ထုတ်ရောင်းပေးခဲ့တယ်လို့ ကြေညာထားပါတယ်။
ဒါအပြင် စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာတွေ ထပ်မံ ရောင်းချပေးမယ်လို့ ဇွန် ၁၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။ ကန်ဒေါ်လာ ၃၂ သန်းကို ရောင်းချပေးမှာဖြစ်ပြီး ရည်ညွှန်း ငွေလဲနှုန်းကိုတော့ သီးခြား ဖော်ပြထားတာမျိုး မရှိပါဘူး။
ဆက်လက်ပြီး လက်ခစားစနစ် (CMP) ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉၆ သန်းကိုလည်း ဗဟိုဘဏ်က ဇွန် ၁၁ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အဲဒီ ဇွန် ၁၁ ရက်နေ့မှာပဲ ငွေလဲနှုန်း ၅၄၈ ဒသမ ၂၄ ကျပ်နဲ့ တရုတ်ယွမ် နှစ်သိန်းကိုးသောင်းကျော်၊ ငွေလဲနှုန်း ၁၃၂ ဒသမ ၇၅ ကျပ်နဲ့ ထိုင်းဘတ် တသန်းကိုလည်း ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး ဗဟိုဘဏ်အနေနဲ့ ဇွန် ၁၃ ရက်နေ့မှာလည်း CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၀ သန်းကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် ငွေလဲနှုန်း ၁၃၂ ဒသမ ၇၅ ကျပ်နှုန်းနဲ့ ထိုင်းဘတ် ၁ ဒသမ ၇၅၀ သန်းကိုလည်း ရောင်းချပေးခဲ့တယ်လို့ ကြေညာချက်တွေအရ သိရပါတယ်။
#ပြည်တွင်းရွှေဈေးနှုန်း
ဒီတပတ် ရွှေဈေးကွက်ထဲမှာတော့ ပြည်တွင်းရွှေဈေးတွေ ထပ်မံ မြင့်တက်လာပြန်ပါတယ်။ ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ရွှေရည်ညွှန်း ဈေးနှုန်းတွေလည်း အတက်ဘက်ကို ရောက်လာတာ တွေ့ရပါတယ်။
YGEA အနေနဲ့ ရွှေရည်ညွှန်းဈေးတွေ ထုတ်ပြန်လျက်ရှိတာမှာ ဇွန် ၁၅ ရက်နေ့အတွက် သတ်မှတ်ဈေးကို ကျပ် ၅၉ သိန်းအဖြစ် ထုတ်ပြန်ထားပါတယ်။ ရက်ပိုင်းအတွင်း ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
ရွှေရည်ညွှန်းဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျပ် ငါးဆယ့်ရှစ်သိန်း နှစ်သောင်းဈေး သတ်မှတ်ထားတာပါ။ ဇွန် ၁၃ ရက်နေ့မှာတော့ ကျပ် ၅၈ သိန်းခွဲကို ရောက်ရှိလာပြီး ဇွန် ၁၄ ရက်နေ့မှာတော့ ကျပ် ငါးသောင်း ထပ်မံ မြင့်တက်လာကာ ၅၉ သိန်းကျပ်အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။
“ရွှေဈေးနှုန်းကတော့ တဖြည်းဖြည်းနဲ့တော့ ကွာတားရဲ့ဈေးနဲ့ ညီသွားမယ့်သဘောမှာ ရှိပါတယ်။ အခုကတော့ လေပက်ကား အရောင်းအဝယ် ဈေးတွေကြောင့် ပြင်ပဈေးတွေ မြင့်တက်လာတာပါ။ ဒါနဲ့ပတ်သက်လို့ တိုင်ကြားတာတွေလည်း ရှိလာတဲ့အတွက် တော်တော်များများ ခေါ်ယူစစ်ဆေးနေတာတွေ ရှိပါတယ်။ အဓိက ကတော့ လေပက်ကားကြောင့် ရွှေလောက က ပျက်နေတာပါ။ ဒါကြောင့် ခေါ်ယူစစ်ဆေးတာတွေကို သုံးကြိမ်လောက်အထိ ပြုလုပ်ပြီးပါပြီ။ လက်ရှိမှာလည်း ခေါ်ယူစစ်ဆေးခံနေရတာတွေ ရှိပါတယ်” လို့ ရန်ကုန်တိုင်းရွှေအသင်း တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် ကျန်ရှိနေတဲ့သူတွေကိုလည်း ဒီနှစ်ထဲမှာ စာရင်းရှိတဲ့သူတွေကို စောင့်ကြည့်နေတဲ့ အခြေအနေတွေရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေကိုလည်း တရားရုံး ရောက်တဲ့အခါ သက်သေ ခိုင်ခိုင်လုံလုံနဲ့ ရရှိအောင် ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။
“အဲဒါကြောင့် အဓိက ကတော့ မိမိဆိုင်မှာပဲ မိမိ လက်ငင်း အရောင်း၊ အဝယ်လုပ်ဖို့ ပန်ကြားချင်ပါတယ်။ ရောင်းတဲ့ပစ္စည်းကို ဟိုလမ်းကြား၊ ဒီလမ်းကြား ခေါ်ရောင်းတာ၊ ကားတွေပေါ်မှာ အရောင်းအဝယ် လုပ်တာတွေ၊ ဒါတွေအများကြီးလည်း ကျွန်တော်တို့ စာရင်း ရထားပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ပြင်ပဈေးကွက်မှာ အခေါက်ရွှေ ဈေးနှုန်းတွေဟာ တကျပ်သား ခုနစ်ဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်မှာ ရောက်ရှိနေပြီး သိန်း ၈၀ နီးပါးအထိ မြင့်တက်နေတာဖြစ်ပါတယ်။ အခုလို ရွှေဈေးနှုန်းတွေ တက်လာတာနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင် ၁၀ ယောက်ထက်မနည်း ခေါ်ယူစစ်ဆေး မေးမြန်းခံနေရတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးတွေလည်း မြင့်တက်နေပြီး ဇွန် ၁၄ ရက် (စနေနေ့) မှာ ကမ္ဘာ့ရွှေ တအောင်စ ၃၄၃၃ ဝန်းကျင်နဲ့ ဈေးပိတ်ခဲ့တာ တွေ့ရပါတယ်။ ဇွန် ၉ ရက် (တနင်္လာနေ့) မှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၃၃၀၈ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာဖြစ်ပြီး တပတ်အတွင်း တအောင်စ ၁၂၅ ဒေါ်လာ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။