1 နှစ် - ဘာသာပြန်ပါ။

မရှိဘူး...မရှိဘူး.....
Skin1004 Suncream ကို မကြိုက်တဲ့သူမရှိဘူး
မရှိရတဲ့ အကြောင်းအရင်း::က😊
Sun serum ဆိုတဲ့အတိုင်း အရည်ကျဲကျဲလေး လိမ်းရလွယ်တယ်
Texture ကိုက ပိုးသားလေးလို အိအိလေး
Hybrid formula နဲ့ ထုတ်ထားတဲ့ suncream
EWG Green Rating ရထားတာမို့ sensitive skinက ကအစ all skin type သုံးလို့ရပါတယ်ရှင်
Gingko နဲ့ herbal extract ကြောင့် အမဲစက် တင်းတိပ်သက်သာစေတယ်
Cica /centella ကြောင့် ၀က်ခြံ အဆီဖု သမားတွေ ရွေးပါ
Hyaluronic acid ကြောင် အသားခြောက်တဲ့ သူတွေအတွက်လဲ ရေဓာတ်ဖြည့်ရင်း နေလဲကာပေးပါတယ်နော်
white cast လုံး၀မကျန်ပါနော်🙅
IGမှာကော အတော်လေး viral ဖြစ်တဲ့ဟာလေး
Skincare review မှာ ကြည့်ရင် suncream ဆို သူလေးက ထိပ်ဆုံးပဲ
50ml-42000k
% Authentic
Import From Korea
အတုအပ လုံးဝမရောင်း
ဝယ်ပြီး ပစ္စည်း ပြန်မလဲပေးပါ

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

Tom Cat JB Gold

mention

1 နှစ် - ဘာသာပြန်ပါ။

Senate begins debate on Trump's 'big, beautiful bill'https://abcnews.go.com/US/live....-updates/trump-admin

image
1 နှစ် - ဘာသာပြန်ပါ။

Test With Dream House Myanmar

1 နှစ် - ဘာသာပြန်ပါ။

2 killed in Idaho after firefighters ambushed by gunfire, suspected gunman found dead: Sheriff
https://abcnews.go.com/US/fire....fighters-ambushed-gu

image
1 နှစ် - ဘာသာပြန်ပါ။

GOP Sen. Tillis won't run for reelection after Trump primary threat
https://abcnews.go.com/Politic....s/gop-sen-tillis-run

image
1 နှစ် - ဘာသာပြန်ပါ။

ပိုကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်
၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးတို့ကို သက်ဆိုင် ရာအစိုးရ၊ ပုဂ္ဂလိက အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုပါတယ်။

ပြီးခဲ့သည့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၇ ဘီလီယံ၊ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂၇ ဘီလီယံဖိုး ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ကုန်သွယ်မှုကို အဟန့်အတားဖြစ်နေတဲ့ တရားမဝင်ကုန်သွယ်မှု တို-က်ဖျ-က် ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည့်အတွက် ပုဂ္ဂလိကလုပ်ငန်း ရှင်များက တရားမဝင် ကုန်သွယ်မှု မရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားပါတယ်။

လာမည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက် အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍမှဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

အသက်ကန့်သတ်လိုက်တာကြောင့် အလုပ်မရသေးသည့် သင်္ဘောသားလူသစ် ၁၇,၀၀၀ ကျော်ရှိ
********************
လက်ရှိတွင် ရေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံကုန်သည်သင်္ဘော အက်ဥပဒေ ပုဒ်မ ၄၃ နဲ့ ၄၃(က) အရ မြန်မာသင်္ဘောသားတွေကို သင်္ဘောသားမှတ်ပုံတင်နဲ့ လုပ်သက်မှတ်တမ်း စာအုပ် (SIR များကို ယာယီအနေနဲ့ အသက်ကန့်သတ်ပြီး ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ထားတာပါတယ်။

ဒါကြောင့် အခုအချိန်အထိ အလုပ်မရသေးဘဲ သင်္ဘောတက်ရန် စောင့်ဆိုင်းနေရတဲ့ သင်္ဘောသားလူသစ် ၁၇,၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

စာအုပ်သက်တမ်းရှိ သင်္ဘောသားဦးရေ ၈၆,၀၀၀ ကျော်ရှိပြီး ထိုအထဲမှ သင်္ဘော တက်ရောက်ပြီးသူ ၆၉,၁၀၀ ရှိကာ အလုပ်မရသေးတဲ့ သင်္ဘောသား ၁၇,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် သင်္ဘောသားမှတ်ပုံတင်လူသစ်လျှောက်ထားတဲ့အရေအတွက်ကလည်း ပိုမိုများလာတယ်လို့ သိရပါတယ်။

ယခုလို အသက်ကန့်သတ်ရခြင်းမှာ သင်္ဘောပိုင်ရှင် Stakeholder များ က သင်္ဘောသားအဖြစ် တာဝန် ထမ်းဆောင်ရန် အသက်ကန့်သတ်ချက်ထားပေးဖို့ တောင်းဆိုခြင်း ကြောင့်ဖြစ်ပြီး လုပ်ငန်းသဘောအရငယ်ရွယ် ကာ ကျန်းမာရေးကောင်းမွန်သော သင်္ဘောသားများကို ပိုမိုလိုအပ်တာကြောင့် လတ်တလောမှာ အသက် အကန့် အသတ်ဖြင့် သင်္ဘောသားမှတ်ပုံတင်နဲ့လုပ်သက်မှတ်တမ်းကို ထုတ်ပေးနေခြင်း ဖြစ်ပါတယ်။

အချို့မှာ မြန်မာ သင်္ဘောသားများသည် ပြည်ပသို့ရောက်ရှိချိန်တွင် သင်္ဘောပေါ်ပြန်မတက်ဘဲ (Jump Ship) များပြား လာတာ ကြောင့် သင်္ဘောကုမ္ပဏီများအနေနဲ့ မြန်မာသင်္ဘောသားများအပေါ် ယုံကြည်မှုနည်းပါးလာခြင်း ဖြစ်ကြောင်း သင်္ဘောသားအလုပ် လုပ်ကိုင်သူများထံမှ သိရပါတယ်။

နိုင်ငံတကာ သင်္ဘောသားဈေးကွက်တွင် လူငယ်များနှင့် အင်္ဂလိပ်စာ ကျွမ်းကျင်သူများကိုသာ ပိုမိုရွေးချယ်လာကြကြောင်း သိရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
*******************
(မှုခင်း) ဇွန်လ ၃၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတံတား(မန္တလေး)၊ စစ်ဆေးရေးဂိတ်၌ ဇွန်လ ၂၇ ရက်က ရွှေဘိုမြို့ မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှတရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၂၅၁၄၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၀၂၅၁၄၄ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ညောင်ခါးရှည် X-Ray စက်၊ စစ်ဆေးရေးဂိတ်အနီး၌ ဘားအံမြို့ မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၁၁၂၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၁၁၁၂၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ ရွာမလမ်းအမှတ် (၃)ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ ဇွန် ၂၈ ရက်က တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၉၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ရှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၃၁ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင် ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၉၀၃၆၃၄၄) ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေး ကဏ္ဍအပေါ် များစွာဆိုးကျိုးသက် ရောက်ခြင်းများကြောင့် တရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြောက်ကိုရီးယားပြဿနာကိုလည်း ဖြေရှင်းမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် ပြောကြား
မိမိအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်ရှိနေသည့် ပြဿနာများကိုလည်း ဖြေရှင်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇွန် ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံသို့ စာတစ်စောင် ရေးသားပေးပို့ခဲ့ခြင်း ရှိ၊ မရှိသတင်းထောက်များ၏မေးခွန်းကို တုံ့ပြန်သည့် အနေဖြင့် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ဆက်ဆံရေးမှာ ကောင်းမွန်မှုရှိကြောင်း၊ သို့ဖြစ်ရာ မည်သည့်အရာများ ဆက်ဖြစ်လာမည်ကို စောင့်ကြည့်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က သတင်းထောက်များ၏မေးခွန်းကို တုံ့ပြန်ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံကို စောင့်ကြည့်နေသော သတင်းဝက်ဘ်ဆိုက်တစ်ခု၏ အဆိုအရနယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် သမ္မတဒေါ်နယ်ထရန့် ထံမှ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံ လိပ်မူထားသော ပေးစာတစ်စောင်ကိုလက်ခံရယူရန်ငြင်းပယ်ခဲ့ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ်နှင့် ၂ဝ၂၁ ခုနှစ်အကြားကာလအတွင်း အမေရိကန်သမ္မတရာထူးကို ပထမဆုံးအကြိမ်ရယူခဲ့စဉ်က သမ္မတဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ထိပ်သီးဆွေးနွေးပွဲသုံးကြိမ်ကျင်းပခဲ့ဖူးသည်။
သမ္မတရာထူးကို ဒုတိယအကြိမ်ရယူပြီးချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားလက်နက် ပိုင်ရှင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည်။
ရိုက်တာ

image