Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Latte and the Magic Waterstone (202
ဖြူကောင်လေးတွေကို တွေ့ဖူးကြလားဗျ
ဖြူကောင်လေးတွေက အထီးကျန်တဲ့ကောင်လေးတွေတဲ့
တခြားအကောင်လေးတွေလို အုပ်စုဖွဲနေလေ့မရှိဘဲ သီးခြားနေတတ်တဲ့သူတွေပေါ့
အဲ့ဒါကြောင့် အထီးကျန်တဲ့သူတွေကိုဆို ဖြူကောင်လေးတွေနဲ့ တင်စားလေ့ရှိကြတယ်
Latte ဆိုတဲ့ ဖြူမလေးကလည်း အဲ့လိုအထီးကျန်နေတဲ့သူပေါ့
မွေးကတည်းက တစ်ကောင်တည်းပဲရှိတာမို ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ သူ့အဖေကို တမ်းတရင်း တစ်ကောင်တည်းနေနေရတဲ့သူ…
မိဘမရှိတဲ့ကလေးမလေးဆိုတော့ တောထဲမှာ တစ်ခုခုဖြစ်တိုင်း သူ့ကို အပြစ်တင်တတ်လွန်းလို သူ့ကိုယ်သူ Princess Latte ဆိုပြီး အားတင်းနေရတဲ့သူပါ
Latte တိုတောထဲမှာ နှစ်တိုင်းကြုံနေရတဲ့ ရေခမ်းခြောက်မှုကို ဖြေရှင်းဖိုတိရစ္ဆာန်လေးတွေဟာ ရေစုဆောင်းထားလေ့ရှိတယ်
တစ်ရက်မှာတော့ ဖြူကောင်မလေး Latte နဲ့ ရှဉ့်လေး Tjum ကြောင့် ရေတွေဖိတ်စင်သွားရတဲ့အခါ အားလုံးအကျပ်ရိုက်ပါလေရော…
Princess Latte လေးက ပုံပြင်ဆန်တဲ့ WaterStone ဇာတ်လမ်းကို ယုံကြည်ပြီး အားလုံးရဲ့ ပြဿနာကိုဖြေရှင်းပေးဖို ဝက်ဝံဘုရင်ကြီးဆီ ခရီးထွက်ခဲ့ပါတယ်
ဒီလိုကနေ သူငယ်ချင်းကိုစိတ်မချလို လိုက်လာတဲ့ Tjum နဲ့ နှစ်ယောက်သား လမ်းခရီးတစ်လျှောက် ဘယ်လိုပြဿနာတွေကြုံကြမလဲဆိုတာ ကြည့်ရှူရမှာပါ
ချစ်စရာကောင်းတဲ့ ဖြူကောင်လေးနဲ့ ရှဉ့်ပိစိလေး ၂ ကောင်ရဲ့ ဝက်ဝံဘုရင်ကြီးလက်ထဲက Magic WaterStone ပြန်လည်ရယူမယ့် တောတွင်းခရီးစဉ်လေးကို ကြည့်ရှုလိုက်ကြပါဦး ။
ဇာတ်ကားလင့်
https://t.me/c/2186686827/409
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
ဉာဏ်အလွန်ထက်တဲ့၁၁နှစ်သားမိဘမဲ့ကလေး ရော်ဘင်ဆင်ဟာ ပစ္စည်းအသစ်တွေတီထွင်လိုစိတ်ရှိသူတစ်ယောက်ပါ …
မိဘမဲ့ကျောင်းမှာနေထိုင်ရင်း သူ့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်နေပေမယ့်ကံမကောင်းချင်တော့မွေးစားချင်သူမပေါ်လာခဲ့ပါဘူး…
ဒါကြောင့်ရော်ဘင်ဆင်လေးဟာ လောကမှာသူ့ကိုလိုချင်တာသူ့အမေတစ်ယောက်ပဲရှိလိမ့်မယ်လိုတစ်ထစ်ချမှတ်ယူပြီး(ကလေးဆိုတော့လည်း????)ငယ်ငယ်ကသူ့ကိုမိဘမဲ့ကျောင်းမှာစွန့်ပစ်ခဲ့တဲ့ မိခင်ကိုပြန်ရှာဖိုအတွက်မိခင်ရဲ့ရုပ်ပုံလွှာကိုပြန်ဖော်နိုင်မယ့်မှတ်ဉာဏ်ဖော်စက်ကိုတီထွင်ခဲ့ပါတယ်..
တီထွင်မှုတွေမှာကျရှုးနေကျဖြစ်တဲ့အတွက် သိပ္ပံပြပွဲမှာသူ့ရဲ့စက်အလုပ်မဖြစ်ခဲ့တဲ့အပေါ်ကိုယ့်ကိုယ်ကိုသာဒေါသထွက်နေမိတာပေါ့..တကယ်တမ်းတော့ သူ့စက်ဟာအောင်မြင်ခဲ့ပြီး မသမာသူတစ်ဦးကြောင့် ပျက်ခဲ့ရတယ်ဆိုတာမရိပ်မိခဲ့ပါဘူး…စက်ကိုလာရောက်ခိုးယူခဲ့တဲ့မသမာသူက နှယ်နှယ်ရတော့မဟုတ်ဘူး…အနာဂတ်ကလာတာ????
ကဲ ဘာလိုအနာဂတ်ကတောင်လာပြီး ကလေးရဲ့စက်ကိုခိုးရတာလဲ …ဒီကလေးကအနာဂတ်မှာဘာများဖြစ်နေလိုပါလိမ့်ပေါ့နော်…သိချင်ရင် ဒေါင်းသာကြည့်လိုက်ကြပါလို.....
Meet the Robinsons (2007)
ဇာတ်ကားလင့်
https://t.me/c/2186686827/410
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Planes : Fire And Rescue (2014)
========================================
Poster ကိုမြင်လိုက်တာနဲ့ အားလုံးနဲ့ ရင်းနှီးနေသလိုခံစားရလိမ့်မယ်
ဆိုတာတော့ အသေအချာပဲလိုထင်ပါတယ်
ဒီဇာတ်ကားထဲမှာဆိုရင်လဲ ကျွန်တော်တိုပုံမှန်မြင်တွေ့နေကျ
ယာဉ်တွေကို သက်ရှိအဖြစ်ဇာတ်ကောင်နေရာထားရိုက်ကူးထားတာမို
ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေဖိုရာ
ကြည့်ရှုဖို သင့်တဲ့ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ်
ဇာတ်ကားလင့်
https://t.me/c/2186686827/411
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
မေလ ၃၀ ရက်နေ့ ညနေပိုင်းမှာ နေမှ စွမ်းအားပြင်းထန်တဲ့ Coronal Mass Ejection (CME) ခေါ် နေရောင်ခြည်ဒြပ်ထု လွင့်ထွက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီ CME ဖြစ်စဉ် ဟာ ကမ္ဘာ့ဘက်ကို ဦးတည်လာပြီး ဒီနေ့ ဇွန်လ ၁ ရက်နေ့ ညနေပိုင်းလောက်မှာ ကမ္ဘာကို ရောက်ရှိလာခဲ့ပါတယ်။
နေမှ လွင့်ထွက်လာသော ပလာစမာထု (Coronal Mass Ejection - CME) ကြီးသည် ကမ္ဘာသို့ ရောက်ရှိလာပြီး ကမ္ဘာ့သံလိုက်စက်ကွင်းကို ပြင်းထန်စွာ တိုက်ခတ်ခဲ့ပါတယ်။
အဆိုပါ solar wind ရဲ့ အလျင်သည် တစ်စက္ကန့်လျှင် ကီလိုမီတာ ၁,၀၀၀ (တစ်နာရီလျှင် မိုင်ပေါင်း ၂ သန်းကျော်) ကျော်အထိ မြင့်တက်ခဲ့ပြီး ကျွန်တော်တို့ ကမ္ဘာ့သံလိုက်စက်ကွင်းကို ပြင်းထန်တဲ့ အရှိန်နဲ့ဝင်ဆောင့်ခဲ့တာကြောင့် G4 အဆင့်ရှိတဲ့ သံလိုက်မုန်တိုင်းဖြစ်စဉ်တစ်ခုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလိုပုံမှန်မဟုတ်တဲ့သံလိုက်မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့တာကြောင့် ပုံမှန် လတ္တီကျူ နိမ့်တဲ့ဒေသများက မမြင်နိုင်တဲ့ ဥတ္တရအလင်းတန်းဖြစ်စဉ်များကို မြင်တွေ့နိုင်ခဲ့ရပါတယ်။
ဒါ့အပြင် Higher frequency radio တစ်ချို့နဲ့ GPS system တစ်ချို့လည်း အဆက်အသွယ်အနည်းငယ်ပြတ်တောက်ခဲ့ရပါတယ်။
နေမှ အခုလို Solar flare များနဲ့ CME လွှင့်ထုတ်မှုများဟာ သဘာဝအတိုင်းဖြစ်ပေါ်နေပြီး ၁၁ နှစ်ကိုတစ်ခါ အခုလို ပိုမို လှုပ်ရှားတတ်ပါတယ်။
ဒါပေမယ့် ဒီလိုဖြစ်ရပ်များဟာ ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းနဲ့ ဆက်စပ်နေခြင်းမရှိပါဘူး။
Solar Flare တွေကို သူတို့ရဲ့ ပြင်းအားပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားပါတယ်။ အနည်းဆုံးက A, B, C, M တို့ဖြစ်ပြီး၊ အပြင်းဆုံးကတော့ X-class ဖြစ်ပါတယ်။ ဒီ X-class ကိုမှ ဂဏန်းတွေနဲ့ ထပ်မံခွဲခြားပြီးတော့ ပြင်းထန်မှု အဆင့်ကို ဖော်ပြပါတယ်။
ဥပမာ - X2 က X1 ထက် နှစ်ဆ ပိုပြင်းထန်ပါတယ်။ မေလ ၃၀ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ နေမီးလျှံဟာ M8.1 Flare အဖြစ် သတ်မှတ်ခဲ့တာကြောင့် ဒါဟာ အရမ်းမပြင်းတဲ့ အဆင့်ထဲက တစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။မေလ ၂၄ ရက်နေ့က လွှတ်ခဲ့တဲ့ solar flare ကတော့ X 1.1 အဆင့်ထိရှိပါတယ်။
အထူးသဖြင့် ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်ကြားဟာ နေရောင်ခြည်လှုပ်ရှားမှု သံသရာ (Solar Cycle 25) ရဲ့ အမြင့်ဆုံးအချိန်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ နေရောင်ခြည်မုန်တိုင်းတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။
ပုံကတော့ ဒီလို Geomagnetic storm ဖြစ်စဉ်ကြောင့် နယူးဇီလန်ဒေသတစ်ချို့မှာ ဥတ္တရအလင်းတန်းများကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ နေကနေထွက်လာတဲ့ Coronal Mass Ejection (CME) ရိုက်ခတ်မှုကြောင့် ကမ္ဘာပေါ်မှာ G-4 အဆင့်ရှိတဲ့ ထူးကဲသံလိုက်စက်ကွင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလိုဖြစ်ပေါ်ခဲ့တာကြောင့် ပုံမှန်ဆိုရင် ဥတ္တရအလင်းတန်းကို မမြင်နိုင်တဲ့ အမေရိကန်နိုင်ငံ၊ Wyoming ဝိုင်အိုမင်မြို့နဲ့ အခြားဒေသများ ကနေ ကံအားလျော်စွာ Aurora light မြင်ကွင်းကို တွေ့မြင်ခွင့်ရခဲ့ပါတယ်။
ဥတ္တရအလင်းတန်းဘာကြောင့်ဖြစ်ရတာလဲ ?
ဥတ္တရအလင်းတန်း Northern Lights လို့ခေါ်တဲ့ Aurora Borealis ဖြစ်ပေါ်ရခြင်းက နေကနေ ထွက်လာတဲ့ အားပြင်းထန်တဲ့ အမှုန်တွေ charged particles များက ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာလို့ပဲ ဖြစ်ပါတယ်။
ဒီအမှုန်တွေဟာ solar flares ဒါမှမဟုတ် Coronal Mass Ejections (CMEs) လိုမျိုး နေရဲ့လှုပ်ရှားမှုတွေကနေ ထွက်ပေါ်လာတာပါ။
ဒီလို အားပြင်းထန်တဲ့ အမှုန်တွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်း (Earth's magnetic field) နဲ့ တွေ့တဲ့အခါ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေ ဆီကို ဆွဲငင်ခြင်းခံရပါတယ်။
အဲ့ဒီမှာ ဒီအမှုန်တွေဟာ ကမ္ဘာ့လေထုအပေါ်ပိုင်းမှာရှိတဲ့ ဓာတ်ငွေ့အမှုန်တွေ၊ အထူးသဖြင့် အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင် အမှုန်တွေနဲ့ တိုက်မိပါတယ်။ သူတို့တွေ တိုက်မိတဲ့အခါ အလင်းတန်းအသွင်အဖြစ် ပေါ်လာတာဖြစ်လို့ ဥတ္တရအလင်းတန်းကို ဖြစ်ပေါ်စေတာပါ။
အလင်းတန်းရဲ့အရောင်တွေကတော့ electrical charge ပြင်းထန်တဲ့ အမှုန်တွေ တိုက်မိတဲ့ ဓာတ်ငွေ့မော်လီကျူးလေးတွေ အမျိုးအစားနဲ့ ဘယ်လောက်အမြင့်မှာ တိုက်မိလဲဆိုတာပေါ် မူတည်ပြီး ကွဲပြားပါတယ်။
အစိမ်းရောင် ကတော့ အောက်ဆီဂျင်အမှုန်တွေနဲ့ ထိတွေ့မှုကြောင့် အဖြစ်များဆုံး အရောင်တစ်ခုပါ။
အနီရောင် ကတော့ အောက်ဆီဂျင်အမှုန်တွေနဲ့ ပိုမြင့်တဲ့အမြင့်မှာ ထိတွေ့မှုကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။
အပြာရောင် အဝါရောင် ခရမ်းရောင် တွေကတော့ နိုက်ထရိုဂျင်အမှုန်တွေနဲ့ ထိတွေ့မှုကြောင့် ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့်မို့လို့ ဒီလို CME ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ G-4 အဆင့် ကမ္ဘာ့သံလိုက်စက်ကွင်းမုန်တိုင်း ဖြစ်စဉ်ကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲခြင်းဖြစ်စဉ်တွေအပေါ်မှာတော့ သက်ရောက်မှု မရှိနိုင်ပါဘူး။
Estran-ged (2015)
ဒီဇာတ်ကားလေးကတော့ Thriller ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်အိမ်လေးကတော့ အိမ်ကြီးတစ်အိမ်က မိသားစုတစ်ခုရဲ့ အကြောင်းကို ရေးထားတာဖြစ်ပါတယ်။ January ဆိုတဲ့ ကောင်မလေးဟာ ဆိုင်ကယ် မတော်တဆမှု ဖြစ်ပြီးတဲ့နောက်မှာ အတိတ်မေ့တဲ့ ရောဂါကို ခံစားခဲ့ရပါတယ်။ ထိုကြောင့် သူ့ချစ်သူကောင်လေးက သူ့ကို သူရဲ့အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ ထူးခြားတာကတော့ သူဟာ လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက သူ့အိမ်ကနေ ထွက်လာခဲ့ပြီး တခါမှ အလည်အပတ်မသွားတဲ့အပြင် ဘာကြောင့်ထွက်လာရတယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပါဘူး။ ထိုအိမ်ကို ပြန်သွားတဲ့အခါမှာ ဘာတွေဖြစ်ပျက်မလဲ၊ သူ ဘယ်သူ့ကိုမှ မပြောပြခဲ့တဲ့ အတိတ်ရဲ့နောက်ကွယ်ကရော ဘာအကြောင်းရင်းတွေရှိမလဲ ဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။