1 y - Translate

🌼သံယောဇဥ် ဆိုတာ နှစ်ခုရှိတယ်။

အချစ်သံယောဇဥ်နဲ့ အမုန်းသံယောဇဥ်။

လူတွေက ချစ်တာပဲ သံယောဇဥ် ထင်နေတာ။

မုန်းတာလည်း သံယောဇဥ်ပဲ။

ကိုယ့်ကိုယ်ကို စဥ်းစားကြည့်။မုန်းတဲ့သူ ခဏခဏ သတိမရဘူးလား။
ရတယ်။

မုန်းစိတ်နဲ့ သတိရတာလေ။
အဲ့တာ အမုန်းသံယောဇဥ်ခေါ်တယ်။

မနာလိုတာလည်း သံယောဇဥ်ပဲလေ။
မနာလိုတဲ့ သူကိုလည်း ခဏခဏ သတိရတယ်။
အဲ့တာ သံယောဇဥ် ရှိလို့သတိရတာပေါ့။

အဲ့တော့ သံယောဇဥ်ဆိုတာ အမျိုးမျိုးရှိတယ်။

ချစ်လို့လည်း သံယောဇဥ် ဖြစ်တယ်။

မုန်းလို့လည်း သံယောဇဥ် ဖြစ်တယ်။

မနာလို လို့လည်း သံယောဇဥ် ဖြစ်တယ်။

အာရုံထဲမှာ စွဲလန်းနေတာ တွေ မှန်သမျှ
သံယောဇဥ် လို့ခေါ်တာ။

🔆ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ🔆

မဟာသမယနေ့၌ ဟောကြားအပ်သည့် မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များ တရားတော်မှ

#ပါချုပ်ဆရာတော် #တရားမှတ်စု

image
1 y - Translate

🕯️စိတ်ကိုပြင်လေ အထက်တန်းရောက်လေ...

စိတ်ကိုပြင်လေ အသိဉာဏ်တွေကြွယ်ဝလာလေ...

စိတ်ကိုပြင်လေ မိမိဘဝ တန်ဖိုးရှိလာလေ...

စိတ်ကိုပြင်လေ စိုးရိမ်မှုတွေနည်းလာလေ...

စိတ်ကိုပြင်လေ စဉ်းစားတတ်လေလေ...

ဆင်ခြင်တတ်လေလေ၊သိမ်မွေ့လာလေလေ...

ဒီလိုဖြစ်လာတာ...

ဒါကြောင့်မို့ စိတ်ကိုလွှတ်မထားပဲ ပြုပြင်ကြပါ🕯️

🪷ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ🪷

image
1 y - Translate

🌼စိတ်ကောင်းရှိဖို့ ပထမတဲ့..🌼

ဘဝမှာ ကောင်းတာတွေ ဖြစ်ဖို့ စိတ်ကောင်းရှိဖို့က အင်မတန် အရေးကြီး တယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘုရား တရားတော်နဲ့ အညီပဲ။ဒီစကားလုံးလေးက အလွန်ထိရောက်တဲ့ စကားလုံးပဲ။အိမ်တိုင်း အိမ်တိုင်းမှာ ရေးထားဖို့ ကောင်းတယ်။

မိသားစုတွေ"စိတ်ကောင်းရှိဖို့ ပထမ"၊ ဒို့အိမ်မှာထမင်းစားရဖို့က ပထမ မဟုတ်ဘူး။

စိတ်ကောင်းရှိဖို့က ပထမ ဒီလိုရေးမှ ဖြစ်မှာ။

စိတ်ကောင်းရှိမှ ကျန်တာတွေ အခြေအနေ ကောင်းလိမ့်မယ်။

စိတ်ကောင်းမရှိဘူးဆိုရင် ကျန်တာတွေ အခြေ အနေ ကောင်းဖို့ သိပ်မရှိဘူး။

စိတ်ကောင်းလို့ ဆိုသည်မှာကောင်းတဲ့ အရာတွေနဲ့တွဲဖက်မှ စိတ်ကောင်း၊မကောင်းတာတွေနဲ့ တွဲ ဖက် ရင် စိတ်ယုတ်မာ။

စိတ်ကောင်းဆိုတာ ဘယ်ကျမှ စိတ်ကောင်း အစစ် ဖြစ်သလဲဆိုလို့ရှိရင် ကိလေသာတွေလုံးဝ ကုန်သွားပြီး ဝိသုဒ္ဓ စိတ္တ လုံးဝ ဖြူစင်တဲ့စိတ်။

ဝိမုတ္တ စိတ္တ လုံးဝ ကိလေသာတွေကလွတ်သွားပြီ ဆိုတဲ့စိတ်မျိုးကျတော့မှ တကယ့်စိတ် ကောင်း လို့ ခေါ်ရမှာဖြစ်တယ်။

အဲဒီလို စိတ်ကောင်းရှိဖို့ တို့တတွေ ကြိုးစား အားထုတ်ကြရမှာ ဖြစ်တယ်။

ဒါကြောင့်မို့ ဘဝမှာ ကောင်းတာတွေ ဖြစ်ဖို့ စိတ်ကောင်းရှိဖို့က အင်မတန် အရေးကြီး တယ်။

စိတ်ကောင်းရှိမှ ပြောတာ ကောင်းနိုင်မယ်။

စိတ်ကောင်း မရှိဘူးဆိုရင် အပြောနဲ့ အလုပ်ဟာလည်း လွဲမှားနိုင်တယ်လို့ မှတ်ယူကြရမှာ ဖြစ်တယ်။

🪷ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ🪷

image

"စိတ်ငြိမ်းချမ်းအောင် နေနည်း"
လူတွေက စိတ်ချမ်းသာမယ်ထင်ပြီးတော့
ငွေနောက်ကို လိုက်တယ် ။
ငွေတော့ ရတယ် ။
စိတ်ချမ်းသာမှုတော့ မရဘူး ။
ရာထူးနောက်ကို လိုက်တယ် ။
ရာထူးတွေ ရတယ် ။
စိတ်ချမ်းသာမှုတော့
ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး ။
ကျော်ကြားမှုနောက်ကို လိုက်တယ် ။
ကျော်ကြားလာတယ် ။
စိတ်အေးချမ်းမှုကတော့
ကြာလေ ဝေးလေ ဖြစ်သွားတယ် ။
ကိုယ့်ရဲ့အချိန်နဲ့ အင်အားဟာ
အကန့်အသတ် ရှိပါတယ် ။
တခြားကိစ္စတွေကို ဦးစားပေးတာ များလွန်းသွားရင်
စိတ်ချမ်းသာမှုအတွက် အချိန်နဲ့အင်အား မကျန်တော့ဘူး။
အသက်တွေကြီးသွားမှ,
ကျန်းမာရေးမကောင်းတော့မှ,
ငါစိတ်ချမ်းသာအောင်
မနေရသေးပါလားလို့ သိရင်
အသိနောက်ကျသွားမယ် ။
ဥာဏ်နည်းတဲ့သူဟာ ရုပ်ပိုင်းဆိုင်ရာ
ရာထူး အာဏာ ပစ္စည်းဥစ္စာတွေကို
ဦးစားပေးတယ် ။
ဥာဏ်ပညာ ရင့်ကျက်တဲ့သူကတော့
စိတ်ပိုင်းကို ဦးစားပေးတယ် ။
တရားအားထုတ်တယ်ဆိုတာ
ဒုက္ခတွေများလှတဲ့ လောကကြီးထဲမှာ
စိတ်ချမ်းသာအောင်,စိတ်ငြိမ်းချမ်းအောင်, နေနည်းကို လေ့ကျင့်တာပါ ။
ဆရာတော် ဦးဇောတိက
(မဟာမြိုင်တောရ)

image

'' အချစ်ဆိုတာ အပြန်အလှန်ရှိရမယ်မှရယ်လည်း
မဟုတ်ပါဘူး တစ်စုံတစ်ယောက်ကို ချစ်တဲ့စိတ်ကလေးနဲ့
ကိုယ့်ဘဝကို ကိုယ်လှလှပပလေး တည်ဆောက်သွားလို့
ရတယ်။ ယုတ်စွအဆုံး ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်ကလေး
ရှိရင်တောင် ကိုယ့်ဘဝက ဖြောင့်မတ်နိုင်ပြီလေ... "
အတိတ်ဆိုတာ ပြန်သွားလို့မရပေမယ့်
အတိတ်တိုင်းဟာ
ထာဝရ ပြီးဆုံးသွားတာမျိုးတော့ မဟုတ်ဘူး ။
အတိတ်တွေမှာ မမြင်နိုင်တဲ့
လွှမ်းမိုးမှုတွေ ရှိတယ် ။
မကြားရပေမယ့် ရိုက်ခတ်နေတဲ့ အသံတွေ ရှိတယ် ။
ခန္ဓာကိုယ်က ငြိမ်နေပေမယ့်
လှုပ်ရှားနေတဲ့ နှလုံးသားတွေ ရှိသလိုမျိုးပဲ
ငြိမ်သက်နေကြပေမယ့် အသက်ဝင်နေတဲ့ ခံစားချက်တွေ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေ အများကြီး ရှိတယ်
အသံဆိုတာ နံရံတွေကို ရိုက်ခတ်ပြီး
ပဲ့တင်သံ ထွက်လာတတ်သလိုမျိုး
အနာဂတ်မှာဖြစ်မယ့် ကိစ္စတွေဟာ
အတိတ်ကို ရိုက်ခတ်ပြီးမှ ပဲ့တင်သံ ထွက်လာရတာ…
#ပုညခင် #အနောက်တောင်အရပ်မှလာခဲ့သူ

image

ရွှေစာရံဘုရားပွဲ
´´အသက်မကြီးသေးပါ မောင်ရယ်
ထန်းရွက်ပုတီးလေးကိုဆွဲလို့
ရွှေစာရံကို အတူသွားကြမယ်´´
#မန္တလေး

#မြန်မာ့အလှ

image

ရွှေစာရံဘုရားပွဲ
´´အသက်မကြီးသေးပါ မောင်ရယ်
ထန်းရွက်ပုတီးလေးကိုဆွဲလို့
ရွှေစာရံကို အတူသွားကြမယ်´´
#မန္တလေး

#မြန်မာ့အလှ

image

ရွှေစာရံဘုရားပွဲ
´´အသက်မကြီးသေးပါ မောင်ရယ်
ထန်းရွက်ပုတီးလေးကိုဆွဲလို့
ရွှေစာရံကို အတူသွားကြမယ်´´
#မန္တလေး

#မြန်မာ့အလှ

image

ရွှေစာရံဘုရားပွဲ
´´အသက်မကြီးသေးပါ မောင်ရယ်
ထန်းရွက်ပုတီးလေးကိုဆွဲလို့
ရွှေစာရံကို အတူသွားကြမယ်´´
#မန္တလေး

#မြန်မာ့အလှ

image

ရွှေစာရံဘုရားပွဲ
´´အသက်မကြီးသေးပါ မောင်ရယ်
ထန်းရွက်ပုတီးလေးကိုဆွဲလို့
ရွှေစာရံကို အတူသွားကြမယ်´´
#မန္တလေး

#မြန်မာ့အလှ

image