Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အရေးကြီးတာ စေတနာမှန်ဖို့ပဲ
•••••••••••••••••••••••••••••••
ဘုရား ရဟန္တာကလွဲလို့
အကုန်အမှားမကင်းနိုင်ဘူး။
အရေးကြီးတာ စေတနာမှန်ဖို့ပဲ။
ကိုယ်လုပ်မယ့် ပြောမယ့် ကိစ္စကို
ဘုရား အဆုံးအမနဲ့ ညီ မညီ
စိစစ်ကြည့်ပါ။
သူတို့ဝေဖန်တာ မှားနေရင်
ကိုယ့်လုပ်ရပ် ကိုယ့်စေတနာ
သူတို့မသိလို့ဘဲ ဆိုပြီး
ပြုံးပြုံးလေးနဲ့ ခံလိုက်ပါ။
သူပြောတာ မှန်နေရင်တော့
ကိုယ်က သူပြောတဲ့အတိုင်း
လုပ်မိတာပဲ ဆိုပြီး
ခံသာခံပေတော့။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
မင်္ဂလာရှိသောနံနက်ခင်းပါ
🌿🙏🏼🌿🙏🏼🌿🙏🏼🌿🙏🏼🌿🙏🏼🌿
🌿သာသနာတော်နှစ်၂၅၆၉ ခုနှစ်
🌿ကောဇာသက္ကရာဇ်၁၃၈၇ ခုနှစ် နယုန်လဆန်း ၁၄ ရက် တနင်္လါနေ့
🌿ခရစ်နှစ် 9-6-2025 Monday
#နယုန်လအရုဏ်တက်ချိန်
#၄နာရီ၄၀မိနစ်
{ဘယံ} ဘေးအပေါင်းမှန်သမျှတွေကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
{သန္တာသံ} ပူလောင်မှုမှန်သမျှတွေကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
{ဒုက္ခံ} ဆင်းရဲမှုအပေါင်းမှန်သမျှတွေကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
{ဒုဂ္ဂတိံ} ဒုဂ္ဂတိဘဝကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
{ပရိကိလေသံ} စိတ်၏ညစ်နွမ်းခြင်း ကိုယ်၏ညစ်နွမ်းခြင်းမှန်သမျှတွေကို သရတိဟိံသတိဝိနာသေတိ ပယ်ဖြောက်တတ်၏
🙏🏼ဗုဒဓှံသရဏံဂစဆှာမိ ဓမမှံသရဏံဂစဆှာမိ သံဃံသရဏံဂစဆှာမိပါဘုရား
🙏🏼🙏🏼🙏🏼ဗုဒ္ဓံမြတ်စွာဘုရားကို သရဏံကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ စီးကပ်ပါ၏
🙏🏼🙏🏼🙏🏼ဓမ္မံတရားတော်မြတ်ကို သရဏံကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ စီးကပ်ပါ၏
🙏🏼🙏🏼🙏🏼သံဃံသံဃာတော်အရှင်သူမြတ်ကို သရဏံကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ စီးကပ်ပါ၏ ဘုရား ။
🌿လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။ ။
#ပြည်တွင်းသတင်း
◼မြောင်းမြမြို့မှ အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ်ရောင်းစားရန် စီစဉ်သူများအား အလုပ်နှင့်ထောင်ဒဏ်ချမှတ်
ဧရာဝတီတိုင်း၊မြောင်းမြမြို့မှ အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ်ရောင်းစားရန် စီစဉ်သူများအား အလုပ်နှင့်ထောင်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
မြောင်းမြမြို့၊ကံ့ကော်မြိုင်(၄)လမ်း နေထိုင်သူ ကိုကိုနိုင်မှ အဆိုပါ မြို့တွင်နေထိုင်သူ အသက် ၂၀ အရွယ် အမျိုးသမီးအား စီးပွားရေးအဆင်မပြေလျှင် တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ငွေကျပ် သိန်း ၅၀ ရရှိမည်ဖြစ်ပြီး တစ်နှစ်ပေါင်းသင်းရမည်ဟု ပြောဆိုစည်းရုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်ငွေကျပ် ၆ သိန်းပေးခဲ့ပြီး မြောင်းမြ-ရန်ကုန်-မူဆယ်သို့ ခရီးသည်တင်ယာဉ်ဖြင့် အဆင့်ဆင့်ခေါ်ဆောင်သွားခဲ့ပြီးနောက် ပွဲစားတစ်ဦးနှင့် ချိတ်ဆက်ကာ တရုတ်နိုင်ငံ၊ရွှေလီမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်အမျိုးသား ချန်ရှောက်ထောင်ထံ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက်အဆိုပါအမှုအား မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) မြို့မရဲစခန်းမှ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေ ပုဒ်မ-၃၅/၄၄ ဖြင့် တရားစွဲတင်ခဲ့ပြီး မဟာအောင်မြေ ခရိုင်တရားရုံးမှ (ဇွန်လ ၄ ရက်)တွင် တရားခံဖြစ်သည့် တရုတ်နိုင်ငံသား ချန်ရှောက်ထောင်(CHEN XIAO YAO) အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် တိမ်းရှောင်တရားခံဖြစ်သည့် ကိုကိုနိုင်အား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သတင်း-အင်ကြင်း
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားပေါ် လိုက်ပါလာသော မြန်မာ ၄၀ ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဇွန် ၇ ရက် နံနက်ပိုင်းက အလုံပိတ်ကားပေါ်တရားမဝင်လိုက်ပါလာသော မြန်မာနိုင်ငံသား ၄ဝ ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများ ကားဖြင့်တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက ထိုးဖားဖမ်းဒေသတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးနေစဉ် မသင်္ကာစရာ အလုံပိတ်ကားတစ်စီးရောက်လာသဖြင့် တားဆီးစစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား ၄ဝ နှင့်အတူ ထိုင်းယာဉ်မောင်းတစ်ဦးကို တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသားများကို စစ်ဆေးစဉ်တရားဝင်ခရီးသွားခွင့် စာရွက်စာတမ်းများမတွေ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကို နယ်စပ်မှတစ်ဆင့် အမြန်လမ်းမကြီးအတိုင်း ခေါ်ဆောင်လာခြင်းဖြစ်ပြီး ကန်ချနဘူရီမြို့ထဲ ပို့ဆောင်ပေးရမည်ဖြစ်ကာ ပို့ဆောင်ခဘတ် ၄ဝဝဝ ရရှိခဲ့ကြောင်း ယာဉ်မောင်း၏ ထွက်ဆိုချက်ကိုဖော်ပြထားသည်။
လက်ရှိတွင်မြန်မာနိုင်ငံသားများနှင့်အတူ ယာဉ်မောင်းကို ဖမ်းဆီးခဲ့ပြီး ဥပဒေအရအရေးယူနိုင်ရေး ထိုးဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
#နိုင်ငံတကာသတင်း
◼ အီလွန်မာ့စ် နှင့် ဆက်ဆံရေး အဆုံးသတ်သွားပြီဖြစ်ကြောင်းထရန့် ပြော၊ ဒီမိုကရက်များအား ထောက်ပံ့လျှင် အကျိုးဆက်ကြီးမားမည်ဟုသတိပေး
၎င်းနှင့်ဘီလျံနာအလှူရှင် အီလွန်မာ့စ်တို့ကြားက ဆက်ဆံရေး အဆုံးသတ်သွားပြီဖြစ်ကြောင်းအမေရိကန် သမ္မတဒေါ်နယ်ထရန့်ကယမန်နေ့တွင်ပြောကြား လိုက်သည်။
ထို့ပြင်သမ္မတ၏အခွန်နှင့်အသုံးစရိတ်ဥပဒေကြမ်းကို ရီပတ်ဘလီကန်များက မဲပေးရန်ပြင်ဆင်နေစဉ်အတွင်း အကယ်၍မာ့စ် က ဒီမိုကရက်များကို ငွေကြေးထောက်ပံ့ပေးခဲ့ပါက နောက်ဆက်တွဲအကျိုးဆက်များ ပြင်းထန်မည် ဖြစ်ကြောင်းလည်းထရန့်က သတိပေးပြောကြားလိုက်သည်။
NBC သတင်းဌာနနှင့်ပြုလုပ်ခဲ့သောဖုန်းအင်တာဗျူးတွင် မည်သို့သော နောက် ဆက်တွဲအကျိုးဆက်များ ဖြစ်နိုင်သည်ကို ထရန့် ကပြောကြားခြင်း မပြုခဲ့သည့်နည်းတူ အီလွန်မာ့စ် အား စုံစမ်းစစ်ဆေးမှုလုပ်ရန်အတွက်လည်း ဆွေးနွေးခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
လျှပ်စစ်ကားကုမ္ပဏီ Tesla နှင့် အာကာသလုပ်ငန်း SpaceX တို့၏ စီအီအို မာ့စ်နှင့် ၎င်းတို့ကြားက ဆက်ဆံရေး အဆုံးသတ်သွားပြီဟု ပြောနိုင်သလားဟု မေးမြန်းခံရချိန်တွင်လည်း “ ကျွန်တော်အဲဒီလိုပဲ ယူဆပါတယ်။ ပြောရရင်ဟုတ်ပါတယ်။” ဟု ထရန့် က ပြောသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နှင့်ဆက်ဆံရေးအား ပြန်လည်ပြုပြင်ရန် ဆန္ဒရှိပါသလားဟု မေးမြန်းရာတွင်လည်း ‘နိုး၊ ကျွန်တော် သူနဲ့ စကားပြောဖို့ အစီအစဉ်မရှိပါဘူး။” ဟု ထရန့်က ပြောကြားသည်။
သို့ရာတွင် အီလွန်မာ့စ် ၏ StarLink ဂြိုဟ်တုအင်တာနက်လုပ်ငန်း ၊ SpaceX ၏ ဒုံးပျံလွှတ်တင်ရေး ကုမ္ပဏီနှင့် အမေရိကန်အစိုးရကြားက ကန်ထရိုက်စာချုပ်များကို အဆုံးသတ်ရန်ကို စဉ်းစားထားခြင်း မရှိကြောင်း ဒေါ်နယ်ထရန့်က ပြောသည်။
ဒေါ်နယ်ထရန့်၏ အခွန်နှင့်အသုံးစရိတ်ဥပဒေကြမ်းမှာ စိတ်ပျက်အော့နှလုံးနာစရာ ဖြစ်ကြောင်း မာ့စ်က ရှုတ်ချခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း တစ်ဖက်နှင့် တစ်ဖက် အပုပ်ချ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းဥပဒေကြမ်းသည် အောက်လွှတ်တော်မဲခွဲမှုူကို ပွတ်ကာသီကာ ကျော်ဖြတ်ခဲ့ပြီးနောက် ယခုအခါ အထက်လွှတ်တော်သို့ ရောက်ရှိနေပြီဖြစ်ကာ ထရန့်၏ ရီပတ်ဘလီကန်များက အချက်အချို့ကို အပြောင်းအလဲလုပ်ရန်စဉ်းစားနေကြသည်။
ပါတီစွဲ မထားသော လေ့လာဆန်းစစ်သူများ၏ တွက်ချက်မှုများအရ ထရန့်၏ အခွန်နှင့်အသုံးစရိတ်ဥပဒေကြောင့် လာမည့် ဆယ်နှစ်အတွင်း အမေရိကန်၏ လက်ရှိကြွေးမြီ ၃၆ ဒသမ ၂ ထရီလီယံ ထဲသို့ နောက်ထပ်ကြွေးမြီ ၂ ဒသမ ၄ ထရီလီယံ ပိုများလာစေလိမ့်မည်ဖြစ်ကြောင်း သိရပြီး ယင်းကို ရီပတ်ဘလီကန် အမတ်တချို့ကလည်း စိုးရိမ်နေကြသည်။
အမေရိကန်နိုင်ငံတွင် လူလတ်တန်းစား ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုရန် နိုင်ငံရေးပါတီသစ် တစ်ခု ထူထောင်ရမည့်အချိန်ကျပြီဖြစ်ကြောင်းလည်း အီလွန်မာ့စ် က ကြွေးကြော်ခဲ့သည်။
ဒေါ်နယ်ထရန့်ကမူ ၎င်း၏ အသုံးစရိတ်ဥပဒကြမ်း ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့ မတိုင်မီ အတည်ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ယမန်နေ့တွင် ပြောကြားသည်။
ဒေါ်နယ်ထရန့်၏ ရွေးချယ်မှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ရီပတ်ဘလီကန် အမတ်တချို့က သတင်းမီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့ကြသော်လည်း လက်တွေ့တွင် ထရန့်၏ မူဝါဒ( သို့မဟုတ်) အမည်စာရင်းတင်သွင်းမှုများကို ပယ်ချသေးခြင်း မရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters