22 w - Translate

Tattoo Ideas Daily 🔥🔥
🖤🖤🖤

image
image
image
image
image
22 w - Translate

မကြာခင်လာဖို့ရှိတဲ့ Neobeast Event ရဲ့ပုံကြမ်း 💥
Ling, Pharsa, Brody 3 ကောင် ပါပါမယ် ❤

image
22 w - Translate

OSHI NO KO Anime ကတော့ သူ့ရဲ့ Season 3 ကို 2026 ထဲမှာထုတ်လွှင့်ပြသမယ်ဆိုပြီး ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။

image

OFFICIAL!

Marcus Rashford သည် Aston Villa အသင်းထံသို့ ရာသီကုန်ချိန်အထိအငှားသွားရောက်ကစားမည်ဖြစ်သည်။ စွမ်းဆောင်ရည်အပေါ်မူတည်၍ ၄င်း၏လစာ(၇၅)ရာခိုင်နှုန်းမှ (၉၀)ရာခိုင်နှုန်းအထိကို Villa ဘက်မှပေးချေသွားမည်ဖြစ်သည်။ အငှားစာချုပ်တွင် မဖြစ်မနေသဘောမျိုးမဟုတ်သည့် သန်း(၄၀)တန်အပြီးသတ်ခေါ်ယူခွင့်လည်းပါဝင်နေသည်။

Best of luck, Rashy!

image
22 w - Translate

ဒုတိယမြောက် သမီးငယ်လေး ထရီလီယံကို ကျန်းမာစွာနဲ့အောင်မြင်စွာမွေးဖွားခဲ့တဲ့ ဘေဘီမောင်"

ဖေဖော်ဝါရီ ၃

အဆိုတော် သားဂန်းနဲ့သရုပ်ဆောင် ဘေဘီမောင်တို့ရဲ့ ဒုတိယမြောက်သမီးငယ် ထရီလီယံကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့က ဆေးရုံတစ်ခုမှာ ကျန်းမာစွာနဲ့ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။

"ညီအမတွေ တစ်ရုပ်တည်းပဲ။ Billion ညီမ Trillion လေးပါရှင့်။ မေမေရော သမီးလေးရော ကျန်းမာပါတယ်"လို့ သရုပ်ဆောင် သံစဉ်မောင်က ပြောပါတယ်။

ဘေဘီမောင်က ဒုတိယသမီးလေးကို မီလီယံလို့ နာမည်ပေးမယ်ဆိုပြီးတော့ ယခင်ပထမက ပြောခဲ့ဖူးပေမယ့် အခုလိုမွေးခါနီးရက်ပိုင်းအလိုမှာတော့ သမီးလေးကို ထရီလီယံလို့ နာမည်ပေးမယ်ဆိုတဲ့အကြောင်း ထပ်ပြောခဲ့တာလည်းဖြစ်ပါတယ်။

"ငါ့ညီမလေး သမီးနှစ်ယောက်မေမေ။Congratulations ပါ..။ ကိုဘင်းက သူ့မွေးနေ့ မမွေးလို့တဲ့။ ကလေးရော မေမေပါ ကျန်းမာပါတယ်တဲ့ရှင်" လို့ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်က ‌ပရိသတ်သိအောင်ပြောလာပါတယ်။

ပထမဆုံးသမီးဦးလေး ယွန်းဘီလီယံမောင်ကတော့ ၂ နှစ်ကျော်အရွယ်လေး တစ်ခုကို ရောက်နေပြီးလည်းဖြစ်ပါတယ်။

#celecele

image
image
image
image
22 w - Translate

ကမ္ဘာပေါ်က အမြင့်ဆုံး အရပ်ဘက်လေဆိပ် (ဒေါင်ဂျန်ယာဒင်လေဆိပ်)
ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၁၁ မီတာ (၁၄၄၇၂ ပေ) အမြင့်မှာရှိတဲ့ ဒေါင်ချန်ယာဒင် (Daocheng Yading) လေဆိပ်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးအရပ်ဘက် လေဆိပ်ဖြစ်ပါတယ်။
တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှာ တည်ရှိပါတယ်။
ယခင်ကစံချိန်တင်ခဲ့တဲ့ ၄၃၃၄ မီတာ အမြင့်ရှိ တိဗက်ဒေသက ဘန်ဒါ လေဆိပ်ကို ကျော်ဖြတ်စံချိန်တင်ပြီး ရပ်တည်နိုင်ခဲ့တာပါ။
ဒီလေဆိပ်ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှာ ဖွင့်လှစ်ခဲ့ပြီး ပွဲဦးထွက် လေကြောင်းခရီးစဉ်ကတော့ Air China လေကြောင်းလိုင်းရဲ့ ခရီးစဉ် တစ်ခုဖြစ်ကာ ပြည်နယ်မြို့တော် ချန်ဒူးကနေ ထွက်ခွာခဲ့တာပါ။
ဒီ လေဆိပ်တည်ဆောက်ခဲ့တာကြောင့် ဒေါ့ချန်နဲ့ ချန်ဒူးအကြား ခရီးသွားလာချိန်ကို တစ်နာရီအထိ ဖြတ်တောက်လျှော့ချနိုင်ခဲ့ပါတယ်။
အရင်က ဘတ်စကားနဲ့ ၂ ရက်တာသွား လာရတဲ့ခရီးစဉ် ဖြစ်ပါတယ်။

image

စ.စ.စ က အလုပ်ခေါ်စာ

#govjob

image

အင်းစိန်တွင် လူနေအိမ် ၇ လုံးမီးလောင်၍ လူ ၂၇ဦး မီးဘေးသင့်မှု ဖယောင်းတိုင်မီးထွန်းထားစဥ် အဝတ်ပုံပေါ်လဲကျရာမှ မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိ

ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ကန်ပတ်လမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က ဖယောင်းတိုင်မီးထွန်းထားရာ အဝတ်ပုံပေါ်လဲကျရာမှ လူနေအိမ် ၇ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၇ ဦး မီးဘေးသင့်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၁၆ ပေ၊ အနံ ၁၂ ပေ ရှိသော သွပ်မိုး၊ သွပ်ကာ ပျဥ်ခင်းနေအိမ်မှ စတင်လောင်ကျွမ်းခဲ့​ခြင်းဖြစ်ပြီး မိနစ် ၄၀ ကြာ မီးလောင်ကျွမ်းခဲ့မှုကြောင့် ၁၀ ပေ ပတ်လည် သွပ်မိုးသွပ်ကာ၊ ပျဥ်ခင်းနေအိမ် ၄ လုံး၊ ၁၀ ပေ ပတ်လည် သွပ်မိုး၊ သွပ်ကာ၊ ဝါးခင်း ၁ လုံး၊ အလျား ၁၆ ပေ၊ အနံ ၁၂ ပေ ရှိသော သွပ်မိုး၊ သွပ်ကာ ပျဥ်ခင်းနေအိမ် ၁ လုံးနှင့် အလျား ၁၆ ပေ၊ အနံ ၁၂ ပေ ရှိသော သွပ်မိုးသွပ်ကာ ပျဥ်ခင်း နေအိမ် ၁ လုံး စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

“အိမ်တွေကလည်း နီးကပ်နေတော့ ၇ လုံးပါသွားတယ်၊လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၁၁ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရရှာသော အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၇ ဦးကို ရွာမအနောက်ရပ်ကွက်၊ ဖွဲနုဆီစက်လမ်းရှိ အောင်သိဒ္ဓိ လေးမျက်နှာဘုန်းကြီးကျောင်းတွင်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထား​ကြောင်း သိရသည်။

နေအိမ် ၇ လုံး မီးလောင်မှုကြောင့် အသက် ၂၉ နှစ်အရွယ် ဦးလှအောင်ကို ​ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#centralnewznayptitaw

image
image
image
image
image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၃

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၇၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၅၀ ကျပ်
ဝယ်ဈေး - ၄၄၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၀ ကျပ်
ဝယ်ဈေး - ၃၂၄၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၇၅ ကျပ်
ဝယ်ဈေး - ၄၅၅၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၆ ကျပ်
ဝယ်ဈေး - ၉၉၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၀ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၆ ကျပ်
ဝယ်ဈေး - ၂၈.၅၉ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၆၂ ကျပ်
ဝယ်ဈေး - ၅၁.၂၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၀၅ ကျပ်
ဝယ်ဈေး - ၅၄၆၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၈၅ ကျပ်
ဝယ်ဈေး - ၂၇၁၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၉၅ ကျပ်
ဝယ်ဈေး - ၃၀၁၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၆ ကျပ်
ဝယ်ဈေး - ၅၇၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၅ ကျပ်
ဝယ်ဈေး - ၁၂၁၂ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
22 w - Translate

China Version မှာ Free ပေးထားတဲ့ Fatcat Skin Event 💥
Task 1 လ လုပ်ရုံနဲ့ Fatcat Skin 3 ခုလုံး free ရမှာပဲဖြစ်ပါတယ် 🔥
ကျေးဇူးတွေတင်နေပါပြီလို့ Global server တော့မပါပါဘူးနော်

image